1948 BLR ( H C ) 411 နှင့် 1990 BLR 28 စီရင်ထုံးနှစ်ရပ်အကြောင်း
ဆရာကြီးဦးမြသင်ကြားပို့ချချက်များ
မရွှေ့မပြောင်းနိုင်သောပစ္စည်းလက်ရောက်ရလိုမှုသည်အဓိကအားဖြင့်ကာလစည်းကမ်းသတ်အက်ဥပဒေပထမဇယားအမှတ်စဉ်၁၄၂နှင့်၁၄၄ပါပြဌာန်းချက်များအသီးသီးနှင့်သက်ဆိုင်ပြီးတရားစွဲဆိုရန်အကြောင်းများကွဲပြားသည်။
အမှတ်စဉ်၁၄၂သည်လက်ရှိပိုင်ဆိုင်ခွင့်အပေါ်အခြေခံသောအမှုနှင့်သက်ဆိုင်သည်။
——————————————
1990 BLR 28
ဒေါ်တင်ကြည်ပါ၆ နှင့် ဦးစိုးဝင်း
တရားရုံးချုပ်တရားသူကြီးဦးကျော်တင့်ရှေ့တွင်၊စီရင်ထုံးသည်-
1948 BLR ( H C ) 411
KUPPARAKUTTI ADAMMEERA (APPELLANT)
V.
ESOOF (a) S. M. MOHAMED ESOOF AND ONE (RESPONDENTS).*
Before U Thein Maung, Chief Justice, and U San Maung, J.
အမှုတွင်၊တရားလွှတ်တော်ခုံရုံးကအင်္ဂလိပ်ဘာသာဖြင့်မြွက်ဆိုချက်ကိုမြန်မာဘာသာဖြင့်ထုံးပြုသောအမှုဖြစ်သည်။
———————————————-
1948 BLR ( H C ) 411 စီရင်ထုံးစာမျက်နှာ၄၁၂၌အမှုဖြစ်စဉ်ကိုအောက်ပါအတိုင်းဖော်ပြထားသည်-
“U. Thein Maung, C.J.-The plaintiff-appellant sued the defendants-respondents for possession of room No. 1 in 225, Fraser Street, Rangoon.
His case is that he rented the said room from one G. M. D. Dinath, agent of the 2nd defendant-respondent, who is the owner thereof at a rent of Rs. 3-4 per day in May 1942, that during his temporary absence between the 7th May 1945 and the 4th June 1945, the 1st defendant-respondent trespassed into and took possession of the premises, that Ist defendant-respondent in collusion with the 2nd defendant-respondent obtained a permit under section 12 of the Urban Rent Control Act, 1946, from the Controller of Rents, Rangoon, on the 10th May 1947, and that on his application for review the said Controller passed an order cancelling the permit on the 4th June 1947.
Both the defendants-respondents deny that there was any collusion between them and state that the 1st defendant-respondent has entered into a written tenancy agreement with the 2nd defendant-respondent on the 23rd May 1947, i.e. after the date of the said permit and that the Controller has no jurisdiction to review his own order granting the permit.
The 1st defendant-respondent further contends that the suit is barred under Order II, Rule 2, of the Code of Civil Procedure inasmuch as the plaintiff-appellant's rights to the mesne profits in three previous suits, viz. Civil Regular No. 819 of 1946, Civil Regular No. 262 of 1947 and Civil Regular No. 1865 of 1947 of the City Civil Court of Rangoon rested on the same foundation of facts and law as the right that he claims in the present suit.”
အမှုဖြစ်စဉ်အရ၊တရားလိုသည်ငှါးရမ်းထားသောတိုက်ခန်းတွင်”ခေတ္တမရှိခိုက်”အမှတ်(၁)တရားပြိုင်ကကျူးကျော်ဝင်ရောက်ခဲ့သဖြင့်တိုက်ခန်းလက်ရောက်ရလိုမှုစွဲဆိုရာအမှု၌တရားလိုသည်အမှုနိုင်ရန်အောက်ပါအကြောင်းခြင်းရာများကိုတင်ပြရန်လိုသည်ဟုတရားလွှတ်တော်ခုံရုံးကအယူခံတွင်ပြဆိုသည်-
(၁)တရားလိုသည်တရားမစွဲဆိုမီ၁၂နှစ်အတွင်းလက်ရှိဖြစ်ခြင်း။
(၂)တရားပြိုင်သည်အခွင့်အရေးတစုံတရာမရှိဘဲနေထိုင်လျက်ရှိခြင်း။
အထက်ပါအကြောင်းခြင်းရာများသည်မရွှေ့မပြောင်းနိုင်သောပစ္စည်းလက်ရောက်ရလိုကြောင်းလက်ရှိထားပိုင်ခွင့်အပေါ်အခြေပြုကာစွဲဆိုသည့်အမှုတွင်၊ 2015 BLR 174 ( F B )စီရင်ထုံး၌မြွက်ဆိုသည့်၊တရားစွဲဆိုရန်အကြောင်းကိုဖြစ်မြောက်စေသောအကြောင်းခြင်းရာစုဖြစ်သည်မှာယုံမှားဖွယ်မရှိ။
တရားလိုသည်တိုက်ခန်း၏အိမ်ငှါးအဖြစ်လက်ရှိထားပိုင်ခွင့်ရှိသူဖြစ်သည်။
တရားလိုလက်ရှိတိုက်ခန်းအတွင်းသို့အမှတ်(၁)တရားပြိုင်ကကျူးကျော်ဝင်ရောက်သဖြင့်၊တရားလိုသည်ကာလစည်းကမ်းသတ်အက်ဥပဒေပထမဇယားအမှတ်စဉ်၁၄၂၏အဓိပ္ပာယ်အရ၊တိုက်ခန်းလက်လွတ်သွားခြင်းဖြစ်ပေရာစွဲဆိုသောအမှုမှာအမှတ်စဉ်၁၄၂နှင့်သက်ဆိုင်သည်။
တရားလိုသည်တရားမစွဲဆိုမီ၁၂နှစ်အတွင်းလက်ရှိဖြစ်ကြောင်းပြရန်တာဝန်ရှိကြောင်း၊ 1948 BLR ( H C ) 411 အမှုတွင်မြွက်ဆိုခြင်းက၊”တိုက်ခန်းလက်ရှိဖြစ်ခြင်း(ဝါ)တိုက်ခန်းလက်ရှိထားပိုင်ခွင့်ရှိခြင်းကိုလွှမ်းခြုံပြဆိုသောစီရင်ထုံးဖြစ်သည်”ကိုသတိချပ်ရန်လိုသည်။
——————————————-
1948 BLR ( H C ) 411
KUPPARAKUTTI ADAMMEERA (APPELLANT)
V.
ESOOF (a) S. M. MOHAMED ESOOF AND ONE (RESPONDENTS).*
Before U Thein Maung, Chief Justice, and U San Maung, J.
အမှုကိုတရားလွှတ်တော်တရားဝန်ကြီးချုပ်ဦးသိမ်းမောင်နှင့်၁၉၄၈ခုနှစ်၊နှစ်ဆန်းမှစ၍မြန်မာနိုင်ငံလွတ်လပ်ရေးရသည့်နေ့ကဖွဲ့စည်းတည်ထောင်သောအသစ်စက်စက်တရားလွှတ်တော်တွင်တရားဝန်ကြီးအဖြစ်တာဝန်ထမ်းဆောင်လာသောသမ္ဘာရင့်တရားဝန်ကြီးဦးစံမောင်တို့ပါဝင်သောခုံရုံးကဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
အမှုတွင်တရားလိုသည်မိမိငှါးရမ်းနေထိုင်လျက်ရှိသောတိုက်ခန်း၌၊ခေတ္တမရှိခိုက်(၁)တရားပြိုင်ကကျူးကျော်ဝင်ရောက်နေထိုင်သဖြင့်တိုက်ခန်းလက်ရောက်ရလိုမှုစွဲဆိုသည်။
“တရားလိုသည်ပိုင်ရှင်အသွင်ဆောင်သူမဟုတ်။”
“ပိုင်ရှင်တဦး၏သာမန်အခွင့်အရေးကိုသုံးစွဲသူလည်းမဟုတ်။”
“ငှါးရမ်းခပေး၍ဥပဒေနှင့်အညီနေထိုင်သူမျှသာဖြစ်ပေရာ၊ PJLB 484 အမှုတွင်ပြဆိုထားသကဲ့သို့( lawfully in possession )ဟူသောမြွက်ဆိုချက်တွင်အကျုံးဝင်သည်။”
တရားလွှတ်တော်ခုံရုံးကအောက်ပါအတိုင်းဆုံးဖြတ်သည်-
“In a suit for possession the plaintiff-appellant need only to prove possession within 12 years and defendants' occupation without right.”
စီရင်ထုံးစာမျက်နှာ၄၂၁တွင်၊တရားလွှတ်တော်တရားဝန်ကြီးချုပ်ဦးသိမ်းမောင်ကအိန္ဒိယစီရင်ထုံးတရပ်ကိုကိုးကား၍အောက်ပါအတိုင်းသုံးသပ်သည်-
“whereas the cause of action for recovery of possession of the property arises as soon as the plaintiff is dispossessed.
The causes of action do not arise at the same time and the periods of limitation for suits on the Causes of action are not the same.
(See Articles 142 and 144 of the Limitation Act as regards suits for recovery of possession of immovable property and Article 109 thereof as regards suits for mesne profits.)
These rulings are also consistent with the definition of "Cause of Action” as a bundle of essential facts which it is necessary for the plaintiff to prove before he can succeed in his suit or as the media upon which the plaintiff asks the Court to arrive at a conclusion in his favour.
As has been pointed out in R. K. Singh and others v. N. C. Ahir (1) (1931) I.L.2. 53 All. 95 at pp. 956-7. in a suit for possession the plaintiff need only prove his possession within twelve years and the defendant's occupation of the property without right.”
စီရင်ထုံးစာမျက်နှာ၄၂၄တွင်၊တရားလွှတ်တော်ခုံရုံးကအောက်ပါအတိုင်းဆုံးဖြတ်သည်-
“We are in entire agreement with the learned Judge on the Original Side that the plaintiff-appellant cannot remove the 1st defendant-respondent from the present possession of the premises.
We accordingly dismiss the appeal with costs.
U SAN MAUNG, J. - I agree.”
——————————————————-
1990 BLR 28
ဒေါ်တင်ကြည်ပါ၆ နှင့် ဦးစိုးဝင်း
တရားရုံးချုပ်တရားသူကြီးဦးကျော်တင့်ရှေ့တွင်
အမှုတွင်တရားရုံးချုပ်ကအောက်ပါအတိုင်းသုံးသပ်သည်-
“ထို့ကြောင့်ဦးစိုးဝင်းစွဲဆိုသောအမှုသည်အချင်းဖြစ်ဥပစာကိုမှတ်ပုံတင်စာချုပ်ဖြင့်ဝယ်ယူပိုင်ဆိုင်ကြောင်း၊တရားပြိုင်များကျူးကျော်နေထိုင်ကြောင်းပိုင်ဆိုင်မှုကိုအခြေခံပြီးလက်ရောက်ရလိုမှုစွဲဆိုခြင်းဖြစ်ကြောင်းတရားလို၏အဆိုလွှာအရထင်ရှားသည်။ဤသို့ပိုင်ဆိုင်ခွင့်ကိုအခြေခံစွဲဆိုသောအမှုမှာသီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ၈အရစွဲဆိုခြင်းဖြစ်ကြောင်းနှင့်ပုဒ်မ၉အရစွဲဆိုခြင်းမဟုတ်ကြောင်းအငြင်းပွါးစရာမရှိချေ။ပုဒ်မ၉အရစွဲဆိုခြင်းဖြစ်သည်ဟုလျှောက်ထားသူတို့၏ရှေ့နေတင်ပြသည့်အချက်မှာလက်ခံရန်မဖြစ်နိုင်ပေ။
တရားမကျင့်ထုံးဥပဒေအမိိန့်၇၊နည်း၁အရအဆိုလွှာတွင်စွဲဆိုသောအမှုနှင့်စပ်လျဉ်း၍ဥပဒေပုဒ်မဖော်ပြရမည်ဟုပြဌာန်းထားခြင်းမရှိချေ။
အမှုဖြစ်ကြောင်းခြင်းရာသာဖော်ပြရန်အဓိကလိုအပ်သည်။
တရားလို၏အဆိုပါဖော်ပြသည့်စွဲဆိုသည့်အမှုဖြစ်ကြောင်းခြင်းရာနှင့်စပ်လျဉ်းပြီးဥပဒေကြောင်းဆိုင်ရာအကျိုးသက်ရောက်မှုကိုတရားရုံးအနေဖြင့်စပ်ဟပ်ဆုံးဖြတ်ရန်ဖြစ်သည်။
ဤသဘောတရားကို၊ကော်နတ်တီကတ်မီးအာမခံကုမ္ပဏီ နှင့် ကဗာနာ(၁၈၉၂၊အေစီ ၄၇၃၊စာ၄၃၀)အမှုနှင့်ဘစ်ရှ်ဝါနတ်(သ်)ရေ နှင့် ကာရှိနတ်သ်ရေ(၁၉၄၈ခုနှစ်၊မြန်မာနိုင်ငံတရားစီရင်ထုံးများ၊စာ-၄၄၉)အမှုတို့ကိုကိုးကား၍၊ဒေါ်ကျော့ နှင့် ဒေါ်မြခင်(ဗဟိုတရားရုံး၁၉၈၆ခုနှစ်တရားမဒုတိယအယူခံမှုအမှတ်၁၇၉)အမှုတွင်ပြဆို
ထားသည်။”
Comments
Post a Comment