1958 BLR ( S C ) 22, 1961 BLR ( H C ) 298, 8 LBR 227 ( F B )စီရင်ထုံးများအကြောင်း

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ


1958 BLR ( S C ) 22 


MAUNG AYE PE AND ONE (APPLICANTS)

                          V.

SECRETARY, NATIONAL HOUSING BOARD AND ONE (RESPONDENTS).*


Present: U MINT THEIN, Chief Justice, U Chan Htoon, J. and U Bo Gyi, J.


အမှုတွင်၊တဦးတယောက်သောသူသည်-


အိမ်ရှင်နှင့် privity of contract(ပဋိညာဉ်ဆိုင်ရာဆက်ဆံမှု)ဖြစ်စေ၊ privity of estate(ပစ္စည်းခန်းဆိုင်ရာဆက်ဆံမှု)ဖြစ်စေရှိမှသာလျှင်ငှါးရမ်းခပေးနိုင်သည်ဟုထုံးဖွဲ့ထားသည်။


အိမ်ရှင်အိမ်ငှါးပဋိညာဉ်ဆိုင်ရာဆက်ဆံမှုရှိပါက၊ငှါးရမ်းခပေးရန်တာဝန်ရှိမည်ဖြစ်သည်။


သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ၁၂အရစွဲဆိုသောအမှုမှာ( privity of contract )အရတရားစွဲဆိုသောအမှုမျိုးဖြစ်သည်။


အိမ်ငှါးအဖြစ်မှရပ်စဲပြီးနောက်၊အိမ်ငှါးနှင့်အိမ်ရှင်အချင်းချင်းတွင်ငှါးရမ်းခြင်းပဋိညာဉ်မရှိ၍( privity of contract )မရှိဟုဆိုစေနိုင်ဦး၊ဥပစာအတွက်ငှါးရမ်းခများကိုအိမ်ရှင်ကလက်ခံခြင်းသည်( privity of estate )ကိုဖြစ်ပေါ်စေပါ၍၊ငှါးရမ်းမှုပေါ်ပေါက်ခြင်းဖြစ်သည်။


အထက်ဖော်ပြပါအချက်များမှာ၊”privity of contract”နှင့်”privity of estate”တို့၏၊ဥပဒေသဘောတရားများဖြစ်သည်။


အမှုတွင်၊တရားလွှတ်တော်ချုပ်တရားဝန်ကြီးချုပ်ဦးမြင့်သိန်း၊တရားဝန်ကြီးဦးချန်ထွန်းနှင့်တရားဝန်ကြီးဦးဘိုကြီးတို့ပါဝင်သောခုံရုံးကအောက်ပါအတိုင်းဆုံးဖြတ်သည်-


“Held also : A landlord is not bound to accept payment of rent except where it is made by the lessee or his agent or his successors in tille, including sub-lessees and mortgagees. 


The rent can be paid by a person onhy where there is privity of contract or privity of estate between him and  the landlord.


Smith v. Cox, (1940) 2 K.B. 558, referred to.”


ခုံရုံးကစီရင်ထုံးစာမျက်နှာ၂၄တွင်အောက်ပါအတိုင်းသုံးသပ်သည်-


“Vide Smith v. Cox (1).(1940; 2 K.B. 558. In other words, the rent can be paid by a person only where there is privity of contract or privity of estate between him and the landlord.


In the present case the applicants being total strangers to the tenancy, the landlord is under no obligation to accept any rent from them or recognise them as persons having any right, title or interest in the property.”


စီရင်ထုံးစာမျက်နှာ၂၅တွင်ခုံရုံးကအောက်ပါအတိုင်းမြွက်ဆိုသည်-


“On the other hand, the applicants as persons in possession can hold it against all the world except the true owner.”


အထက်ပါအတိုင်းယခင်တရားလွှတ်တော်ချုပ်ကမြွက်ဆိုခြင်းသည်လက်ရှိထားပိုင်ခွင့်ဆိုင်ရာဥပဒေကိုအတည်ပြုဆုံးဖြတ်ခြင်းပင်ဖြစ်သည်။


1961 BLR ( H C ) 298 စီရင်ထုံးတွင်လည်းအလားတူပြဆိုသည်။

————————


1961 BLR ( H C ) 298 


L. AH THAIK (APPLICANT)


                    V.


I. B. W. ROBEIRO


2. Mr. J. CHAN HTOON (RESPONDENTS).*


Before U Yan Aung, C.J.


အမှုတွင်မြေလက်ရောက်ရရန်လူမွဲအဖြစ်တရားစွဲဆိုခွင့်ပြုရန်အမိန့်၃၃အရလျှောက်ထားရာတရားစွဲလိုသောလျှောက်ထားသူသည်တချိန်ကမြေလက်ရှိထားပိုင်ခွင့်ရရှိဖူးခြင်းအပေါ်အခြေခံကာအကြောင်းကြောင်းကြောင့်မြေပိုင်ရှင်ထံပြန်ရောက်သွားသောအချင်းဖြစ်မြေကိုတရားစွဲဆိုရန်အကြောင်းပေါ်ပေါက်ကြောင်းအဆိုလွှာကသိသာထင်ရှားစေခြင်းမရှိဟုအကြောင်းပြကာလျှောက်လွှာကိုအမိန့်၃၃၊နည်း၃(ခ)အရပယ်ကြောင်းအောက်ပါအတိုင်းဆုံးဖြတ်သည်-


“In the present case the and respondent is admittedly the owner and it is he, who, it is alleged, has taken possession of the suit properties. It is therefore clear that the1st respondent's claim for possession of the suit properties is without a subsisting cause of action. Under clause (b) of Order XXXIII, Rule 3, the Court is bound to reject the petition where the plaint does not disclose a cause of action.”


စီရင်ထုံးစာမျက်နှာ၃၀၄နှင့်၃၀၅တွင်၊တရားမကျင့်ထုံးဥပဒေပုဒ်မ၁၁၅နှင့်ပတ်သက်၍တရားဝန်ကြီးဦးဘိုကြီး၏ဆုံးဖြတ်ချက်တရပ်အားရည်ညွှန်း၍တရားဝန်ကြီးဦးရန်အောင်ကအောက်ပါအတိုင်းဆုံးဖြတ်သည်-


“There is one further contention made by the learned Advocate for the 2nd respondent. 


It is that the Order now sought to be revised is not one that is open to revision under section 115 of the Civil Procedure Code. 


He cites the case of Ma Than Yin v. Tan Keat Khang (a) Tan Keit Sein (1). (1951) B.L.R. (H.C.) p. 161.


That is a case in which a Full Bench of the High Court gives its decision on a reference as to whether a revision under section 115 of the Civil Procedure Code will lie against an order made by a Civil Court subordinate to the High Court concerning the question of what is the proper Courts fees chargeable in a particular suit. 


I do not think that the said case supports the contention of the learned Advocate for the 1st  respondent. 


I think on the contrary the said case supports the applicant.


In this connection I may refer to a portion of the judgment in that case of U Bo Gyi, J.; at page 184.


" Now, merely because an erroneous decision has been arrived at is no ground for holding that the Court, in coming to the decision it did, exercised its jurisdiction illegally or with material irregularity.


However sad the mistake, 'a Court has jurisdiction to decide wrong as well as right'-Malkariun Bin Shidramapa Pasare v. Narhari Bin Shivappa(1):27 I.A. 216 at p. 225. and decisions regarding matters of law or fact, where no question of jurisdiction is involved, do not fall within the terms of section 115 of the Code of Civil Procedure Balakishna Udayar v. Vasudeva Aiyar (2) (1917) I.A. 261 at p. 267.”


It will be noticed that U Bo Gyi, J., has made an exception where question of turisdiction is involved.


In the present case as pointed out above the order sought to be revised is one which certainly affects the jurisdiction of the Court.


Therefore consistently with the view expressed by U Bo Gyi, J., quoted above the order in question is in my opinion open to revision.


In the result the application succeeds.


The order dated 2nd July 1959 against which the present revision 


application is fled is set aside.”

———————————-


အထက်ပါစီရင်ထုံးများကတရားလိုသည်ပိုင်ရှင်အသွင်ဆောင်သူဖြစ်ရမည်ဟုမဆိုပါ။


တရားလိုသည်တရားမစွဲဆိုမီ၁၂နှစ်အတွင်းအချင်းဖြစ်ဥပစာကိုဥပဒေနှင့်အညီ”လက်ရှိထားခဲ့သူ”ဖြစ်ရန်သာလိုသည်။


8 LBR 227 ( F B )အမှုတွင်ပြဆိုသော၊ယခင့်ယခင်ကလက်ရှိထားခဲ့ခြင်းသက်သက်( mere previous possession )ဟူသောပြဆိုချက်နှင့်မယိုးမစွဲဖြစ်သည်။


အနှစ်သာရအားဖြင့်တူသည်ကိုအတိုင်းသားမြင်နိုင်သည်။

———————————-


၁၉၁၅ခုနှစ်၊ဇူလ်ုင်လ(၉)ရက်နေ့၌စီရင်သော-


8 LBR 227 


IN RE MAUNG NAW v. 1. MA SHWE HMUT, 


                                       2. MAUNG PEIN.


Before Sir Charles Fox, Chief Judge, Mr. Justice Ormond and Mr. Justice Twomey.


စီရင်ထုံးတွင်အမှုဖြစ်စဉ်ကိုစာမျက်နှာ၂၂၇၌အောက်ပါအတိုင်းအကျဉ်းဖော်ပြသည်-


“A sued B to recover possession of land in respect of which there was no grantee, lessee or person having the status of landholder, basing his claim on the fact that he had been in possession and paid revenue to Government and had been dispossessed by B.”


အချင်းဖြစ်မြေမှာအစိုးရပိုင်မြေဖြစ်ပြီး၊တရားလိုသည်ဂရန်ရမြေငှါးသို့မဟုတ်အောက်မြန်မာပြည်မြို့နှင့်ကျေးရွာများအက်ဥပဒေပုဒ်မ၄(၁၀)တွင်အဓိပ္ပာယ်ဖွင့်ဆိုထားသော”မြေလက်ရှိထားပိုင်ခွင့်ရှိသူ”တည်းဟူသောဆိုင်ရေးဆိုင်ခွင့်(အက်ဥပဒေအရအစိုးရမြေတွင်ရရှိနိုင်သောဆိုင်ရေးဆိုင်ခွင့်များ)တစုံတရာမရှိ။


(အညတရ)လက်ရှိဖြစ်သူမျှသာဖြစ်ကြောင်းမီးမောင်းထိုးပြထားသည်ကိုသတိပြုပါ။


စုံညီခုံရုံးကစီရင်ထုံးစာမျက်နှာ၂၃၂တွင်စီရင်ထုံးသုံးရပ်ကိုကိုးကားပြီးနောက်အောက်ပါအတိုင်းထုံးဖွဲ့သည်-


“Mere previous possession is sufficient to support a claim for possession against one who has dispossessed the plaintiff when the defendant has no title himself.”


စီရင်ထုံးပါ”mere previous possession”ဟူသောစကားရပ်သည်-


”လက်ရှိထားပိုင်ခွင့်”ဟူသည့်ဝေါဟာရကဲ့သို့”ဥပဒေမဆန်”။


အရပ်သူအရပ်သားနားလည်သောရိုးစင်းသည့်အဆိုအမိန့်ဖြစ်သည်။


စီရင်ထုံးစာမျက်နှာ၂၂၇နှင့်၂၂၈တို့တွင်အမှုဖြစ်စဉ်ကိုအောက်ပါအတိုင်းဖော်ပြထားသည်-


“The plaintiffs sued for a declaration that a strip of land belonged to them, for possession of the same; and for Rs. 400 damages against the defendant for cutting dhanee trees belonging to the plaintiffs on that strip of land. Both the Lower Courts have found that the plaintiffs were in possession of the strip land; that they had planted the dhanee trees which the defendant destroyed, and that the defendant had encroached on the plaintiff’s land.”


အမှုဖြစ်စဉ်က၊တရားလိုများသည်မိမိတို့ဓနိပင်များစိုက်ပျိုးထားသောမြေလက်ရှိဖြစ်မှုကိုညွှန်ပြသည်။


မြေမှာနိုင်ငံတော်ပိုင်ဖြစ်သည်။


“တရားလိုတို့သည်မြေလက်ရှိဖြစ်ခြင်းမှတပါးမည်သည့်ဆိုင်ရေးဆိုင်ခွင့်(title)မျှရှိသည်မဟုတ်။”


စီရင်ထုံးခေါင်းစီးပါ”the defendant has no title himself “လာ-


”himself “ကို”ကိုယ်၌”ဟု၊မြန်မာစာအဖွဲ့ကပြုစုသောအင်္ဂလိပ်-မြန်မာအဘိဓာန်တွင်ဘာသာပြန်သည်။


“တရားပြိုင်ကိုယ်၌ဆိုင်ရေးဆိုင်ခွင့်တစုံတရာမရှိ။”


“ဆိုင်ရေးဆိုင်ခွင့်မရှိသည့်အရေးအရာတွင်တရားလိုနှင့်တရားပြိုင်တို့သူမသာကိုယ်မသာဖြစ်သည်။”


သို့သော်တရားလိုများမှာမြေလက်ရှိဖြစ်ခဲ့ပြီး၊တရားပြိုင်များသည်ကျူးကျော်ဝင်ရောက်နေထိုင်သူများသာဖြစ်ချေသည်။

Comments

Popular posts from this blog

လင်မယားအဖြစ်ပြတ်စဲနိုင်သည့်နည်းအမျိုးမျိုး

ဇာရီမှုကိုဆိုင်းငံ့ရန်ငြင်းပယ်သောအမိန့်သည်ပုဒ်မ၄၇တွင်အကျုံးမဝင်။ 1938 Rangoon Law Reports 580

ဇာရီမှုတွင်ချမှတ်သောအမိန့်များ