1961 BLR ( H C ) 119, 1963 BLR ( C C ) 672, 1994 BLR 88

 ဆရာကြီးဦးမြသင်ကြားပို့ချချက်များ


1994 BLR 88(ဦးဘရှင်စီရင်ထုံး)သည်


တရားရုံးချုပ်တရားသူကြီးတဦးရုံးထိုင်ဆုံးဖြတ်ချက်ဖြစ်သည်။

————————————-


1961 BLR ( H C ) 119(ဦးပုစီရင်ထုံး)နှင့်


1963 BLR ( C C ) 672(ကိုကြည်ရှိန်စီရင်ထုံး)တို့သည်


တရားလွှတ်တော်ခုံရုံးနှင့်တရားရုံးချုပ်ခုံရုံးတို့၏ဆုံးဖြတ်ချက်အသီးသီးဖြစ်သည်။

—————————————————-


မမြကိစ္စ နှင့် မသိန်း၊ရန်ကုန်၊အတွဲ၄၊စာမျက်နှာ၃၁၃စီရင်ထုံးသည်၊ဟိုက်ကုတ်လွှတ်တော်တရားဝန်ကြီးချုပ်နှင့်တရားဝန်ကြီး၈ဦးပါဝင်သည့်စုံညီခုံရုံးကအဆုံးအဖြတ်ပေးသောအမှုဖြစ်သည်။


ထိုအမှုတွင်ဟိုက်ကုတ်လွှတ်တော်ခုံရုံး၏အဆုံးအဖြတ်ကို၊တဦးထိုင်တရားသူကြီးကလိုက်နာရမည်ဖြစ်ကြောင်းအောက်ပါအတိုင်းထုံးဖွဲ့သည်-


“the decisions of Benches of this Court on all single judges of this Court”


ဆန့်ကျင်ဘက်စီရင်ထုံးဟူ၍မရှိသေး။

——————————————————-


ခုံရုံး၏စီရင်ချက်များဖြစ်ကြသော၊ 1961 BLR ( H C ) 119(ဦးပုစီရင်ထုံး)၊ 1963 BLR ( C C ) 672(ကိုကြည်ရှိန်စီရင်ထုံး)များကိုလိုက်နာရန်တာဝန်ရှိသော၊ 1994 BLR 88(ဦးဘရှင်အမှု)ကိုဆုံးဖြတ်သည့်တရားရုံးချုပ်ရုံးထိုင်တရားသူကြီးတဦး၏အဆုံးအဖြတ်မှာ၊1961နှင့်1963စီရင်ထုံးများနှင့်မညီညွတ်။

————————————————————


ကာလစည်းကမ်းသတ်အက်ဥပဒေပုဒ်မ၂၈တွင်အောက်ပါအတိုင်းပြဌာန်းထားသည်-


“28. At the determination of the period hereby limited to any person for instituting a suit for possession of any property, his right to such property shall be extinguished.”


ကာလစည်းကမ်းသတ်အက်ဥပဒေပုဒ်မ၂၈သည်၊ကာလစည်းကမ်းသတ်အက်ဥပဒေအပိုင်း၄ပါပုဒ်မ(၃)ရပ်အနက်နောက်ဆုံးပုဒ်မဖြစ်သည်။


ထိုပုဒ်မ(၃)ရပ်၏အနှစ်ချုပ်ကို၊”Acquisition of Ownership by Possession”(လက်ရှိဖြစ်ခြင်းကြောင့်ပိုင်ရှင်မြောက်ခြင်း)ဟုဖော်ပြ၊ပြဌာန်းခြင်းကိုဆင်ခြင်မိပါလျှင်၊ပုဒ်မ၂၈တွင်ပြဌာန်းထားသည့်အတိုင်း၊ကာလစည်းကမ်းသတ်ကုန်ဆုံးသောအခါပစ္စည်းလက်ရှိဖြစ်သူသည်လက်ရှိထားသောပစ္စည်းတွင်ပိုင်ဆိုင်ခွင့်ရရှိသည်ကိုမုချသိရှိမည်ဖြစ်သည်။


——————————————-


1961 BLR ( H C ) 119 


U PU AND ONE, (APPELLANTS) 


                         V.


RAM KISHAN AND ANOTHER (RESPONDENTS).*


Before U San Maung and U Mya Thein, JJ.


အမှုတွင်၊၁၂နှစ်ကျော်ဆန့်ကျင်လက်ရှိထားသောတရားလိုတို့သည်၊ဆန့်ကျင်လက်ရှိထားသောအိမ်၏ပိုင်ရှင်များဖြစ်သွားကြောင်း၊တရားလွှတ်တော်ခုံရုံးကအောက်ပါအတိုင်းထုံးဖွဲ့ထားသည်-


“In our opinion, there is no doubt whatsoever that the plaintiffs have become owners of the house in suit in view of article 144 of the Limitation Act read with section 28 thereof, for section 28 reads: " At the determination of the period hereby limited to any person for instituting. a suit for possession of any property, his right to such property shall be extinguished."


ခုံရုံးက”there is no doubt whatsoever”(မည်သည့်သံသယမျှမရှိ)ဟုအစချီကာ၊ဆိုင်ရာပြဌာန်းချက်များကိုရည်ညွှန်းပြီး”တရားလိုများသည်ဆန့်ကျင်လက်ရှိထားခြင်းကိုအကြောင်းပြုပြီးအိမ်ပိုင်ရှင်ဖြစ်သွားသည်”ဟူသောအဆိုအမိန့်ကိုပြတ်ပြတ်သားသားမြွက်ဆိုခြင်းဖြစ်သည်။


စီရင်ထုံးတွင်တရားလွှတ်တော်မူလဘက်ဌာန၏အဆုံးအဖြတ်ကိုအတည်ပြုရာ၌ခုံရုံးက၊၁၂နှစ်ကဆန့်ကျင်လက်ရှိထားသောတရားလိုများသည်ကာလစည်းကမ်းသတ်အက်ဥပဒေပထမဇယားအမှတ်စဉ်၁၄၄နှင့်ပုဒ်မ၂၈တို့အရအချင်းဖြစ်အိမ်၏ပိုင်ရှင်များဖြစ်သွားကြောင်းစီရင်ထုံးစာမျက်နှာ၁၂၆တွင်အောက်ပါအတိုင်းပြဆိုထားသည်-


“In our opinion, there is no doubt whatsoever that the plaintiffs have become owners of the house in suit in view of article 144 of the Limitation Act read with section 28 thereof, for section 28 reads: " At the determination of the period hereby limited to any person for instituting. a suit for possession of any property, his right to such property shall be extinguished."


The matter is, however, not so simple, regarding the lease-hold land in respect of which the plaintiffs have claimed that they had become owners by prescription, and in respect of which the learned trial Judge had merely declared that they were lessees in substitution of the original lessees.”


တရားဝန်ကြီးဦးစံမောင်ပါဝင်သောခုံရုံးက၊တရားလိုတို့သည်အချင်းဖြစ်အိမ်၏ပိုင်ရှင်များဖြစ်ကြောင်းမြွက်ဟကြေညာသည့်ဒီကရီကိုစီရင်ထုံးစာမျက်နှာ၁၃၀၌အောက်ပါအတိုင်းချမှတ်သည်-


“In the result, the appeal succeeds in part. Instead of the decree granted to the plaintiff's in the trial Court there will be a decree:


(i) declaring that the plaintiffs are the owners of the jonestoreyed building known as No. 4 in 12rd Street, Rangoon;


(il) declaring that they are not liable to be dispossessed of the site on which this building stands by the original lessees Bhagwandin Lohar and Bhulai Lohar or their successors-in-title, because of Article 28 of the Limitation Act by which their right to possession had been extinguished.”

———————————————————————————


1963 BLR ( C C ) 672 


KO KYI SHEIN (APPELLANT)


                       V.


KO SOE SAN AND ONE (RESPONDENTS).*


Before U Bo Gyi, C.J., and U San Maung, J.


အမှုကိုတရားရုံးချုပ်တရားသူကြီးချုပ်ဦးဘိုကြီးနှင့်၁၉၄၈ခုနှစ်၊နှစ်ဆန်းမှစ၍မြန်မာနိုင်ငံလွတ်လပ်ရေးရသည့်နေ့ကဖွဲ့စည်းတည်ထောင်သောအသစ်စက်စက်တရားလွှတ်တော်တွင်တရားဝန်ကြီးအဖြစ်တာဝန်ထမ်းဆောင်လာသောသမ္ဘာရင့်တရားဝန်ကြီးဦးစံမောင်တို့ပါဝင်သောခုံရုံးကဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။


အမှုတွင်ကိုကြည်ရှိန်ကအချင်းဖြစ်မြေကိုဝယ်ယူထားသည်ဟုဆိုကာမြေလက်ရှိဖြစ်သူကိုစိုးစံတို့အပေါ်မြေလက်ရောက်ရလိုမှုစွဲဆိုခြင်းဖြစ်သည်။


ကိုကြည်ရှိန်ကသက်သေခံ(က)အဖြစ်တင်ပြသောမှတ်ပုံတင်စာချုပ်ကိုအယောင်ဆောင်သူကချုပ်ဆိုကြောင်း၊စီရင်ထုံးစာမျက်နှာ၆၇၈၌-


“Now, regarding the deed of sale, Exhibit " က " in favour of the plaintiff Ko Kyi Shein we have very little doubt that it was executed by an imposter.”


စသည်ဖြင့်သက်သေခံချက်တို့ကိုစိစစ်ပြသည်။


တရားလွှတ်တော်ခုံရုံးကကိုကြည်ရှိန်သည်မြေပိုင်ရှင်မဟုတ်ဟုဆုံးဖြတ်ပြီး၎င်း၏အမှုကိုပလပ်သည်။


တဖက်တွင်တရားပြိုင်ကိုစိုးစံတို့ကအချင်းဖြစ်မြေကိုမိမိတို့ဝယ်ယူပြီးလက်ရှိဖြစ်သည်ဟုဆိုကာ၎င်းတို့ပိုင်ဖြစ်ကြောင်းမြွက်ဟကြေညာပေးရန်တန်ပြန်တရားစွဲဆိုသည်။


အချင်းဖြစ်မြေကိုရောင်းချသောချစ်တီးယားဖမ်းကထိုမြေကိုကွယ်လွန်သူပိုင်ရှင်၏သားများထံမှဝယ်ယူလက်ရှိထားခဲ့ရာမှ၊၁၂နှစ်ကြာပြီးနောက်ကိုစိုးစံတို့အားမှတ်ပုံတင်စာချုပ်ချုပ်ဆိုရောင်းချကြောင်းဖြင့်၊ကိုစိုးစံတို့ဘက်မှအထောက်အထားများတင်ပြသည်။


ကိုကြည်ရှိန်ဘက်မှတရားရုံးချုပ်ခုံရုံးတွင်မူလပိုင်ရှင်အမျိုးသမီး၏အမွေကိုဟိန္ဒူဥပဒေအရသားများအမွေဆက်ခံခွင့်မရှိ၊သမီးကသာလျှင်အမွေဆက်ခံခွင့်ရှိသည်ဖြစ်၍ပိုင်ရှင်၏သားများထံမှမြေဝယ်ယူပြီးကိုစိုးစံတို့အားချစ်တီးယားဖမ်းကရောင်းချခွင့်မရှိကြောင်းဖြင့်ကိုစိုးစံတို့မြေပိုင်ရှင်မဖြစ်နိုင်ပုံကိုလျှောက်လဲတင်ပြရာ၊တရားရုံးချုပ်ခုံရုံးက”ချစ်တီးယားဖမ်းအနေဖြင့်သားများထံမှမြေကိုဝယ်ယူသည်ဖြစ်၍အစ၌၎င်း၏ဆိုင်ရေးဆိုင်ခွင့်ချွတ်ယွင်းသည်ဟုယူဆနိုင်စေဦး၊ချစ်တီးယားဖမ်းက၁၉၄၁ခုနှစ်မှစ၍မြေကိုလက်ရှိထားခဲ့သည်ဖြစ်ရာလက်ရှိထားပိုင်ခွင့်ရရှိသည်ဖြစ်၍အချိန်တန်သော်(ဆိုလိုသည်မှာ၁၂နှစ်ကျော်သော်)ထိုလက်ရှိထားပိုင်ခွင့်သည်”prescriptive title”(ကာလစည်းကမ်းသတ်အရရရှိသောဆိုင်ရေးဆိုင်ခွင့်)အဖြစ်ရောက်ရှိသွားသည်”ဟုစီရင်ထုံးအမြောက်အမြားကိုကိုးကားပြီးအောက်ပါအတိုင်းထုံးဖွဲ့သည်-


“Assuming that the sons only of " D.M." and not her daughters having Conveyed the suit land to the Chettyar firm the title of that form was defective at its inception; that firm had been in possession since 1941. 


It therefore had possessory title which in course of time ripened into prescriptive title.


Narayana Row v. Dharmachar, I.L.R. 26 Mad. 5I5; Ma Saw v. Maung Shwe Gan and Ma Bar, XI L. B.R. 415; Ma Pwa Zon and two v. Ma Pan I and one, I.L.R. 5 Ran. 154; and Mg Mya Than and anothey v. U. Thor Tia, Civil Second Appeal No. 44 of 1962 of the Chief Court, referred to.


Accordingly, the defendants clearly have a better title to the suit land.”


စီရင်ထုံးစာမျက်နှာ၆၈၁တွင်တရားလွှတ်တော်ခုံရုံးက”အယောင်ဆောင်တဦးထံမှအချင်းဖြစ်မြေကိုလက်ရောက်ရခဲ့သောတရားလိုကိုကြည်ရှိန်နှင့်ချစ်တီးယားဖမ်းထံမှအချင်းဖြစ်မြေကိုဝယ်ယူသောကိုစိုးစံတို့အချင်းချင်းတွင်၊ကိုစိုးစံတို့ကအချင်းဖြစ်မြေ၌သာလွန်သောဆိုင်ရေးဆိုင်ခွင့်ရှိသည်”ဟုအောက်ပါအတိုင်းသုံးသပ်ဆုံးဖြတ်သည်-


“Assuming that the sons only of D. Masaramma and not her daughter having conveyed the suit land to R.M.PL.S.Chettyar firm for the debt due by their mother, the title of that firm to the suit land was defective at its inception the Chettyar firm had since 1941 till the date of the transfer of the suit land to the defendants on the 14th of December 1954, been clearly in possession of it through their tenants who were paying regularly rent and ground rent to the firm.


The Chettyar firm therefore had possessory title which in course of time ripened into prescriptive title.


In this connection, it is only necessary to refer to Narayana Row v.Dharmachar (3),  I.L. R. 26 Mad. 515. Ma Saw v. Maung Shwe Gan and Ma Ban (4) XI L.B.R. 415., Ma Pwa Zon and two v. Ma Pan I and one (5) I.L.R. 5 Ran. 154. and to the latest decision of this Court in Maung Mya Than and another v. U Tun Tin (6). Civil Second APpeal No.44 of 1962 of the Chief Court.


Accordingly as between the plaintiff who had obtained possession of the suit land since the 16th of January 1958 from an impositer who called herself D. Masaramma, and the defendants who had purchased the suit land from a Chettyar firm which had been in possession since the year 1941 pursuant to the registered deed of sale dated the 22nd of May 1941 (Exhibit 7), impugned as invalid, the defendants clearly have a better title to the suit land.”


အထက်ပါထုံးဖွဲ့ချက်က၁၂နှစ်ကျော်ဆန့်ကျင်လက်ရှိထားခြင်းကြောင့်ချစ်တီးယားဖမ်းသည်ဆန့်ကျင်လက်ရှိထားသည့်မြေတွင်”prescriptive title”ရရှိပြီး၊ပိုင်ရှင်အနေဖြင့်မြေကိုကိုစိုးစံတို့အားရောင်းချခွင့်ရှိသည်ဖြစ်၍၊ကိုစိုးစံတို့သည်ကိုကြည်ရှိန်ထက်သာလွန်သောဆိုင်ရေးဆိုင်ခွင့်ရှိသည်ဟုဆုံးဖြတ်ခြင်းဖြစ်သည်။


သို့ဖြစ်ရာ1963 BLR ( C C ) 672 (ကိုကြည်ရှိန်စီရင်ထုံး)သည်၊ဆန့်ကျင်လက်ရှိထားခြင်းကြောင့်၁၂နှစ်ကျော်သောအခါ”prescriptive title”တည်းဟူသောအကြွင်းမဲ့ပိုင်ရေးပိုင်ခွင့်တမျိုးအဖြစ်သို့ရောက်ရှိသွားကြောင်းပြဆိုသည့်ထုံးသာဓကဖြစ်သည်။

———————————————————


1994 BLR 88 


ဦးဘရှင် နှင့် ဦးမောင်စိန်


တရားရုံးချုပ်တရားသူကြီးဦးအောင်မြင်ရှေ့တွင်


အမှုတွင်၊တရားရုံးချုပ်ကစီရင်ထုံးစာမျက်နှာ၈၉နှင့်၉၀တွင်အောက်ပါအတိုင်းသုံးသပ်သည်-


“ဤအမှုတွင်အဓိကဆုံးဖြတ်ရန်မှာ၊ကာလစည်းကမ်းသတ်အက်ဥပဒေပုဒ်မ၂၈အရအယူခံတရားပြိုင်အနေဖြင့်အချင်းဖြစ်မြေ၏ပိုင်ဆိုင်ခွင့်မှာကုန်ဆုံးပြတ်စဲသွားပြီဖြစ်၍ယင်းပစ္စည်းကိုလက်ရှိနေထိုင်သူအယူခံတရားလိုကသူပိုင်ပစ္စည်းအဖြစ်ကြေညာပြဌာန်းပေးရန်စွဲဆိုခွင့်ရှိမရှိဟူ၍ဖြစ်သည်။


ကာလစည်းကမ်းသတ်အက်ဥပဒေပုဒ်မ၂၈ပြဌာန်းချက်မှာပစ္စည်းလက်ရောက်ရလိုမှုအတွက်တရားစွဲဆိုရန်သတ်မှတ်ထားသောကာလစည်းကမ်းသတ်ကျော်လွန်လျှင်၊တရားစွဲဆိုမည့်သူအနေဖြင့်ထိုပစ္စည်းတွင်ရှိသောအခွင့်အရေးများကုန်ဆုံးပြတ်စဲသွားပြီဖြစ်ကြောင်းပြဌာန်းထားခြင်းဖြစ်သည်။


ယင်းပြဌာန်းချက်ကြောင့်ပစ္စည်းလက်ရှိဖြစ်နေသူသည်ထိုပစ္စည်းကိုပိုင်ဆိုင်သွားပြီဟုမှတ်ယူရန်မဟုတ်ပေ။ဒေါ်ငန်လွယ်ပါ၈ နှင့် ဒေါ်တွဲလျန်ပါ၃(၁၉၈၃ခုနှစ်၊မြန်မာနိုင်ငံတရားစီရင်ထုံးများ၊စာ-၉၂)အမှုတွင်လည်းထိုသဘောအတိုင်းထုံးပြုဆုံးဖြတ်ဆုံးဖြတ်ထားခြင်းဖြစ်သည်။”


စီရင်ထုံးစာမျက်နှာ၉၀နှင့်၉၁တွင်၊တရားရုံးချုပ်ကအောက်ပါအတိုင်းဆက်လက်သုံးသပ်သည်-


“အယူခံတရားလို၏အကျိုးဆောင်ကြီးက၊ဦးစိန်ဟုတ်ပါ၅ နှင့် ဒေါ်သိန်းမြ၊အပြန်အလှန်အမှု(၁၉၈၄ခုနှစ်၊မြန်မာနိုင်ငံတရားစီရင်ထုံးများ၊စာ-၁၀)တွင်ဆန့်ကျင်လက်ရှိထားခြင်းနှင့်စပ်လျဉ်း၍အရေးဆိုသူသည်အချင်းဖြစ်ပစ္စည်းကိုအမှန်တကယ်လက်ရှိဖြစ်ရန်လိုသည်ဟုလမ်းညွှန်သုံးသပ်ထားရာဆန့်ကျင်လက်ရှိနေသူများ၏ဥပဒေပါအခွင့်အရေးကိုငြင်းဆိုလာသည့်ကိစ္စတွင်လက်ရှိနေသူများအနေဖြင့်တရားစွဲဆိုရန်အခွင့်အရေးရှိကြောင်း၊သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ၄၂အရတရားဥပဒေနှင့်အညီရရှိသောအခွင့်အရေးကိုတစုံတယောက်ကငြင်းဆိုလာလျှင်ထိုအခွင့်အရေးရှိကြောင်းကြေညာပြဌာန်းပေးနိုင်သည့်အလျောက်မူလတရားရုံးကအမှုစွဲဆိုပုံမှားယွင်းသည်ဆိုကာအမှုပလပ်ခဲ့ခြင်းမှာမှားယွင်းကြောင်းလျှောက်လဲသည်။


ထို့ပြင်ဦးစိန်ဟုတ်ပါ၅ နှင့် ဒေါ်သိန်းမြအမှုစီရင်ထုံးတွင်ဆန့်ကျင်လက်ရှိထားသူအားအခွင့်အရေးပေးထားပါလျက်၊ဒေါ်ငန်လွယ်ပါ၈ နှင့် ဒေါ်တွဲလျန်ပါ၃အမှုစီရင်ထုံးကဆန့်ကျင်လက်ရှိထားသူ၏အခွင့်အရေးကိုပိတ်ပင်ထားခြင်းမှာစီရင်ထုံးနှစ်ခုကွဲလွဲနေပါကြောင်းလည်းလျှောက်လဲသည်။


ဦးစိန်ဟုတ်ပါ၅ နှင့် ဒေါ်သိန်းမြအပြန်အလှန်အမှုတွင်၊တရားလိုသည်အချင်းဖြစ်ပစ္စည်းတွင်သုံးပုံနှစ်ပုံပိုင်ဆိုင်ကြောင်းမြွက်ဟကြေညာ၍ပစ္စည်းခွဲဝေပေးရန်စွဲဆိုခြင်းဖြစ်သည်။တရားပြိုင်ဘက်ကထိုပစ္စည်းကိုဆန့်ကျင်လက်ရှိထားခဲ့သည့်အခွင့်အရေးဖြင့်ခုခံသည်။သို့သော်တရားပြိုင်မှာအချင်းဖြစ်ပစ္စည်းတွင်အိမ်ငှါးများထားသဖြင့်၊”ဆန့်ကျင်လက်ရှိထားခြင်းနှင့်စပ်လျဉ်း၍အရေးဆိုသူသည်အချင်းဖြစ်ပစ္စည်းကိုအမှန်တကယ်လက်ရှိဖြစ်ရန်လိုပေသည်။အငှါးချထားသူများလက်ရှိဖြစ်ရုံမျှဖြင့်ဦးခင်မောင်(တရားပြိုင်)တို့အမှန်လက်ရှိဖြစ်သည်ဟုမဆိုနိုင်ပေ။ထို့ကြောင့်မူလရုံးကဦးခင်မောင်တို့သည်အချင်းဖြစ်ပစ္စည်းများကို၁၂နှစ်ကျော်လက်ရှိထားခဲ့သည်ဟုကောက်ယူဆုံးဖြတ်ခြင်းမှာမှားယွင်းပေသည်”ဟူ၍ဆုံးဖြတ်ခြင်းဖြစ်သည်။


ယင်းအမှုတွင်ဆန့်ကျင်လက်ရှိအခွင့်အရေးတောင်းဆိုသူသည်တရားပြိုင်ဖြစ်သည်။


ဤအမှုတွင်ဆန့်ကျင်လက်ရှိအခွင့်အရေးတောင်းဆိုသူမှာတရားလိုဖြစ်သည်။


ဒေါ်ငန်လွယ်ပါ၈ နှင့် ဒေါ်တွဲလျန်ပါ၃အမှုတွင်လည်း၊ဆန့်ကျင်လက်ရှိအခွင့်အရေးတောင်းဆိုသူမှာတရားလိုများဖြစ်သည်။


ထို့ကြောင့်အယူခံတရားလို၏အကျိုးဆောင်ကြီးလျှောက်လဲသကဲ့သို့စီရင်ထုံးနှစ်ခုကွဲလွဲနေသည်ဆိုသည်ကိုလက်ခံရန်မဖြစ်နိုင်ပေ။


ဤအမှုတွင်အချင်းဖြစ်ပစ္စည်းအားလက်ရှိဖြစ်သူဦးဘရှင်သည်ကာလစည်းကမ်းသတ်အက်ဥပဒေပုဒ်မ၂၈ပြဌာန်းချက်ကိုအကြောင်းပြု၍၎င်းပိုင်ဆိုင်ကြောင်းမြွက်ဟကြေညာပေးရန်သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ၄၂အရတရားလိုပြုလုပ်၍တရားစွဲခြင်းဖြစ်သည်။


ကာလစည်းကမ်းသတ်အက်ဥပဒေပုဒ်မ၂၈သည်လက်ရှိထားသူ၌ပိုင်ဆိုင်ခွင့်ရသွားပြီဟုပြဌာန်းထားခြင်းမဟုတ်။


တရားစွဲဆိုရမည့်သူ၌ပစ္စည်းတွင်အခွင့်အရေးမရှိတော့ကြောင်းပြဌာန်းခြင်းဖြစ်သည်။


ထို့ကြောင့်မူလရုံးကတရားလိုသည်ဆန့်ကျင်လက်ရှိထားခြင်းဖြင့်ပိုင်ရှင်အဖြစ်သို့မရောက်ဟုဆိုကာသီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ၄၂တွင်အကျုံးမဝင်သဖြင့်စွဲဆိုသောအမှုကိုပလပ်ခြင်းမှာမှားသည်ဟုမဆိုနိုင်ပေ။”

Comments

Popular posts from this blog

လင်မယားအဖြစ်ပြတ်စဲနိုင်သည့်နည်းအမျိုးမျိုး

ဇာရီမှုကိုဆိုင်းငံ့ရန်ငြင်းပယ်သောအမိန့်သည်ပုဒ်မ၄၇တွင်အကျုံးမဝင်။ 1938 Rangoon Law Reports 580

ကာလစည်းကမ်းသတ်ဥပဒေ[ Part Five ]