1966 BLR 755 ( Part one )
ဆရာကြီးဦးမြသင်ကြားပို့ချချက်များ
တရားစွဲဆိုရန်အကြောင်းဟူသည်၊တရားလိုအားအမှုအနိုင်ရစေနိုင်မည့်အကြောင်းအရာများဖြစ်သည်။
တရားစွဲဆိုပိုင်ခွင့်သည်၊တရားလိုအား၎င်းတောင်းဆိုသောသက်သာခွင့်ကို”တရားဥပဒေအရ”၊ရထိုက်စေသည်မှာယုံမှားဖွယ်မရှိ။
————————————————
1948 BLR ( H C )866(ဦးဇာဂရအမှု)နှင့်၊1966 BLR 755(ဦးအောင်ထွန်းအမှု)၊နှစ်မှုမှာအကြွင်းမဲ့ဆိုင်ရေးဆိုင်ခွင့်နှင့်လက်ရှိထားပိုင်ခွင့်အပေါ်အခြေခံသောအမှုများဖြစ်ပုံပေါ်သည်။
1966 BLR 755(ဦးအောင်ထွန်းအမှု)အကြောင်းကိုဆက်လက်ဆွေးနွေးလိုသည်။
—————————————————
1966 BLR 755
ဦးအောင်ထွန်းပါ၆ဦး နှင့် ဦးထွန်းတင်၊ကွယ်လွန်သူဒေါ်တုတ်၏အမွေဆက်ခံသူ
တရားသူကြီးဦးသက်ဖေရှေ့တွင်
စီရင်ထုံးစာမျက်နှာ၇၅၆တွင်ဖော်ပြထားသောအဆိုလွှာပါတရားစွဲဆိုရန်အကြောင်းဆိုက်ရောက်လာသောအောက်ပါအကြောင်းခြင်းရာများသည်၊အမှုကိုဆုံးဖြတ်ရန်သော့ချက်ဖြစ်သည်-
“ဘခင်ဦးချင်းတောင်နှင့်မိခင်ဒေါ်သီတို့ပိုင်ဆိုင်ကြောင်း၊မိခင်ဒေါ်သီသည်၁၂၇၈ခုနှစ်လောက်တွင်သေဆုံးကြောင်း၊ဒေါ်သီသေဆုံးပြီးနောက်၆လခန့်အကြာတွင်ဦးချင်းတောင်သည်ဓနုဖြူမြို့နေဒေါ်စောခင်နှင့်နောက်အိမ်ထောင်ပြုသဖြင့်သားသမီး၆ယောက်ထွန်းကားခဲ့ကြောင်း၊အကြီးဆုံးသမီးကွယ်လွန်သူမငွေတင့်မှာအယူခံတရားလိုကိုအောင်ထွန်း၏ဇနီးဖြစ်၍သားမောင်လှဖေမှာလူပျိုဘဝနှင့်သေဆုံးခဲ့ကြောင်း၊သမီးတဦးဖြစ်သူမခင်သန်းမှာသေဆုံးသွားသဖြင့်အယူခံတရားလိုဦးထွန်းကြည်သည်၎င်း၏တရားဝင်ကိုယ်စားလှယ်အဖြစ်ကျန်ရစ်ကြောင်း၊ကျန်သားသမီး၃ဦးမှာအယူခံတရားလိုမထူးရွှေ၊မမြကြည်နှင့်မညွန့်ရီတို့ဖြစ်ကြောင်း၊ဘခင်ဦးချင်းတောင်သည်၁၂၉၈ခုနှစ်တွင်သေဆုံးရာ၊မသေဆုံးမီတနှစ်ကျော်ခန့်ကအခင်းဖြစ်ဥယျာဉ်မြေကို”မိမိအားနှုတ်ဖြင့်လက်ရောက်အပိုင်ပေးခဲ့ကြောင်း”၊ဘခင်သေဆုံးပြီးနောက်တနှစ်ခန့်အကြာတွင်ထိုမြေပေါ်၌လေးပင်သုံးခန်း၊နှစ်ထပ်တိုက်တလုံးကိုမိမိပိုင်ငွေဖြင့်ဆောက်လုပ်နေထိုင်ခဲ့ကြောင်း၊ထို့နောက်၁၃၁၆ခုနှစ်လောက်တွင်သောင်းကျန်းသူ၏ဘေးရန်ကြောင့်လုံခြုံမှုမရှိသဖြင့်မောင်ကျော်လှိုင်ဆိုသူအားတိုက်တွင်အစောင့်ထားကာဓနုဖြူမြို့သို့ပြောင်းရွှေ့နေထိုင်ခဲ့ကြောင်း၊ထို့နောက်၁၃၁၈ခုနှစ်တွင်နယ်မြေအေးချမ်းသာယာလာ၍အခင်းဖြစ်တိုက်သို့သွားရောက်ကြည့်ရှုရာအယူခံတရားလိုမမြကြည်နှင့်မညွန့်ရီတို့နေထိုင်လျက်ရှိသည်ကိုတွေ့ရကြောင်း၊အခင်းဖြစ်တိုက်ကိုလှုဒါန်းရန်ပြုလုပ်ရာအယူခံတရားလိုတို့ကအမွေပုံပစ္စည်းဖြစ်သည်ဟုကန့်ကွက်နေသောကြောင့်မိမိတဦးတည်းပိုင်ဆိုင်သည့်ပစ္စည်းဖြစ်ကြောင်းကြေညာပေးရန်နှင့်လက်ရောက်ပေးအပ်ရန်တရားစွဲဆိုကြောင်းအဆိုပြုလာ၏။”
———————————————
“နှုတ်ဖြင့်အပိုင်ပေးခြင်းသည်မခိုင်လုံ”
——————————————————
အယူခံတွင်၊တရားရုံးချုပ်ကအောက်ပါအတိုင်းအကြောင်းပြကာတရားလိုဘက်ကိုအရှုံးပေးသည်-
“အခင်းဖြစ်ဥယျာဉ်မြေတန်ဘိုး၅၀ကျပ်သာရှိသဖြင့်နှုတ်ဖြင့်အပိုင်ပေးခဲ့စေကာမူပစ္စည်းလွှဲပြောင်းရေးအက်ဥပဒေပုဒ်မ၅၄နှင့်မသက်ဆိုင်၊မေတ္တာနှင့်အပြီးအပိုင်ပေးကမ်းခြင်းမှာပစ္စည်းတန်ဘိုးမည်မျှရှိစေကာမူပစ္စည်းလွှဲပြောင်းရေးအက်ဥပဒေပုဒ်မ၁၂၃အရမှတ်ပုံတင်စာချုပ်အရပြုလုပ်မှသာတရားဝင်သည်။
အခင်းဖြစ်ဥယျာဉ်မြေကိုဘခင်ဦးချင်းတောင်ကအပိုင်ပေးခဲ့သည်ဆိုသောဒေါ်တုတ်၏တင်ပြချက်မှာပစ္စည်းလွှဲပြောင်းရေးအက်ဥပဒေပုဒ်မ၁၂၃အရမှတ်ပုံတင်စာချုပ်မရှိသည်ကတကြောင်း၊ထိုမြေအပေါ်ဒေါ်တုတ်၏လက်ရှိနေထိုင်မှုမှာပိုင်ရှင်၏ပိုင်ဆိုင်မှုနှင့်ဆန့်ကျင်လျက်ရှိသည်ဟုမဆိုနိုင်သည်ကတကြောင်း၊ထိုအကြောင်းများကြောင့်ဒေါ်တုတ်တင်ပြချက်ကိုလက်မခံနိုင်။”
အချင်းဖြစ်မြေကိုတရားလို၏ဖခင်ဦးချင်းတောင်ပိုင်ကြောင်းအငြင်းမပွါး။
တရားလိုဒေါ်တုတ်သည်ဦးချင်းတောင်နှင့်ပထမမယားတို့၏သမီးဖြစ်ပြီး၊တရားပြိုင်များမှာဦးချင်းတောင်နှင့်ဒုတိယမယားတို့၏သားသမီးများ၊သမက်အစရှိသည်တို့ဖြစ်ကြသည်။
အဆိုလွှာတွင်အချင်းဖြစ်မြေမှာဦးချင်းတောင်၏ပထမအိမ်ထောင်၌ဖြစ်ထွန်းသောပစ္စည်းဖြစ်သည်ဆိုခြင်းကို”လက်ရောက်ရလိုမှု”၌အမိန့်၇၊နည်း၁(င)အရအဆိုပြုရန်လိုသောအကြောင်းအရာမဟုတ်။
အကြောင်းမူဖခင်ကမြေကိုသမီးဒေါ်တုတ်အားနှုတ်ဖြင့်အပိုင်ပေးသည်ဆိုသောအကြောင်းခြင်းရာများသည်အမှု၏အခြေခံဖြစ်သည်။
၁၉၆၀ပြည့်နှစ်အမှုမစွဲဆိုမီဆယ်နှစ်ကျော်ကထုတ်ဝေခဲ့သော၊1948 BLR ( H C )866(ဦးဇာဂရအမှု)စီရင်ထုံးအရ၊”မြေကိုနှုတ်ဖြင့်အပိုင်ပေးသည်ဆိုသောအကြောင်းအရာသည်၊ဒေါ်တုတ်အားအမှုတွင်အနိုင်ရမည့်အကြောင်းခြင်းရာမဟုတ်သည်”ကို၊အဆိုလွှာရေးသူသတိမထားမိခြင်းကိုခွင့်လွှတ်နိုင်ရန်အကြောင်းမမြင်။
စီရင်ထုံးစာမျက်နှာ၇၅၆ရှိအဆိုလွှာပါအကြောင်းအရာများအရဒေါ်တုတ်သည်၁၂၉၇(၁၉၃၅)မှ၁၃၁၈(၁၉၅၆)ခုနှစ်ထိအနှစ်၃၀ကျော်မြေကိုလက်ရှိထားခဲ့သည်ဆိုခြင်းသည်ပူးတွဲအမွေဆိုင်များဖြစ်ကြသောတရားပြိုင်များ(ပိုင်ရှင်အစစ်များ)အပေါ်လက်ရှိထားပိုင်ခွင့်အရမြေကိုလက်ရောက်ရလိုမှုစွဲဆိုပိုင်ခွင့်ရရှိစေသည်မဟုတ်။
ကွက်တိထုံးသာဓကဖြစ်သော၊1961 BLR ( H C )298(L. AH THAIKအမှု)နှင့်1997 BLR ( F B )85(ဒေါ်မြမြအမှု)တို့ကိုဖတ်ပါ။
—————————————-
1961 BLR ( H C ) 298
L. AH THAIK (APPLICANT)
V.
I. B. W. ROBEIRO
2. Mr. J. CHAN HTOON (RESPONDENTS).*
Before U Yan Aung, C.J.
အမှုတွင်မြေလက်ရောက်ရရန်လူမွဲအဖြစ်တရားစွဲဆိုခွင့်ပြုရန်အမိန့်၃၃အရလျှောက်ထားရာတရားစွဲလိုသောလျှောက်ထားသူသည်တချိန်ကမြေလက်ရှိထားပိုင်ခွင့်ရရှိဖူးခြင်းအပေါ်အခြေခံကာအကြောင်းကြောင်းကြောင့်မြေပိုင်ရှင်ထံပြန်ရောက်သွားသောအချင်းဖြစ်မြေကိုတရားစွဲဆိုရန်အကြောင်းပေါ်ပေါက်ကြောင်းအဆိုလွှာကသိသာထင်ရှားစေခြင်းမရှိဟုအကြောင်းပြကာလျှောက်လွှာကိုအမိန့်၃၃၊နည်း၃(ခ)အရပယ်ကြောင်းအောက်ပါအတိုင်းဆုံးဖြတ်သည်-
“In the present case the and respondent is admittedly the owner and it is he, who, it is alleged, has taken possession of the suit properties. It is therefore clear that the1st respondent's claim for possession of the suit properties is without a subsisting cause of action. Under clause (b) of Order XXXIII, Rule 3, the Court is bound to reject the petition where the plaint does not disclose a cause of action.”
စီရင်ထုံးစာမျက်နှာ၃၀၄နှင့်၃၀၅တွင်၊တရားမကျင့်ထုံးဥပဒေပုဒ်မ၁၁၅နှင့်ပတ်သက်၍တရားဝန်ကြီးဦးဘိုကြီး၏ဆုံးဖြတ်ချက်တရပ်အားရည်ညွှန်း၍တရားဝန်ကြီးဦးရန်အောင်ကအောက်ပါအတိုင်းဆုံးဖြတ်သည်-
“There is one further contention made by the learned Advocate for the 2nd respondent.
It is that the Order now sought to be revised is not one that is open to revision under section 115 of the Civil Procedure Code.
He cites the case of Ma Than Yin v. Tan Keat Khang (a) Tan Keit Sein (1). (1951) B.L.R. (H.C.) p. 161.
That is a case in which a Full Bench of the High Court gives its decision on a reference as to whether a revision under section 115 of the Civil Procedure Code will lie against an order made by a Civil Court subordinate to the High Court concerning the question of what is the proper Courts fees chargeable in a particular suit.
I do not think that the said case supports the contention of the learned Advocate for the 1st respondent.
I think on the contrary the said case supports the applicant.
In this connection I may refer to a portion of the judgment in that case of U Bo Gyi, J.; at page 184.
" Now, merely because an erroneous decision has been arrived at is no ground for holding that the Court, in coming to the decision it did, exercised its jurisdiction illegally or with material irregularity.
However sad the mistake, 'a Court has jurisdiction to decide wrong as well as right'-Malkariun Bin Shidramapa Pasare v. Narhari Bin Shivappa(1):27 I.A. 216 at p. 225. and decisions regarding matters of law or fact, where no question of jurisdiction is involved, do not fall within the terms of section 115 of the Code of Civil Procedure Balakishna Udayar v. Vasudeva Aiyar (2) (1917) I.A. 261 at p. 267.”
It will be noticed that U Bo Gyi, J., has made an exception where question of turisdiction is involved.
In the present case as pointed out above the order sought to be revised is one which certainly affects the jurisdiction of the Court.
Therefore consistently with the view expressed by U Bo Gyi, J., quoted above the order in question is in my opinion open to revision.
In the result the application succeeds.
The order dated 2nd July 1959 against which the present revision application is fled is set aside.”
————————————————
1997 BLR ( F B ) 85
ဒေါ်မြမြ နှင့် ဦးမောင်မောင်ရွှေ
တရားရုံးချုပ်၊တရားသူကြီးချုပ်ဦးအောင်တိုးတရားသူကြီးများဖြစ်ကြသောဦးကျော်ဝင်း၊ဦးအောင်မြင်၊ဦးသန်းဖေ၊ဦးတင်အုံးနှင့်ဦးတင်ထွတ်နိုင်တို့ရှေ့တွင်
အမှုတွင်လက်ရှိထားပိုင်ခွင့်သည်ပိုင်ရှင်အစစ်အပေါ်ခိုင်မာသည်မဟုတ်ဟုထုံးဖွဲ့သည်။
တချိန်တခါကလက်ရှိထားခဲ့ဖူးသောမြေကိုလက်ရောက်ရလိုကြောင်းပိုင်ရှင်အစစ်အပေါ်တရားစွဲဆိုပိုင်ခွင့်မရှိသဖြင့်အမှုနိုင်ရန်အကြောင်းမရှိ။
—————————————————-
ဦးအောင်ထွန်းအမှုတွင်တရားပြိုင်တို့သည်ပူးတွဲအမွေဆိုင်တည်းဟူသောအခွင့်အရေးအရမြေတွင်နေထိုင်ခြင်းဖြစ်ရာအခွင့်အရေးမဲ့နေထိုင်ခြင်းမဟုတ်။1990 BLR 28(ဒေါ်တင်ကြည်အမှု)စီရင်ထုံးကိုကြည့်ပါ။
—————————————————
1990 BLR 28
ဒေါ်တင်ကြည်ပါ၆ နှင့် ဦးစိုးဝင်း
တရားရုံးချုပ်တရားသူကြီးဦးကျော်တင့်ရှေ့တွင်
အမှုတွင်တရားရုံးချုပ်ကအောက်ပါအတိုင်းသုံးသပ်သည်-
“ထို့ကြောင့်ဦးစိုးဝင်းစွဲဆိုသောအမှုသည်အချင်းဖြစ်ဥပစာကိုမှတ်ပုံတင်စာချုပ်ဖြင့်ဝယ်ယူပိုင်ဆိုင်ကြောင်း၊တရားပြိုင်များကျူးကျော်နေထိုင်ကြောင်းပိုင်ဆိုင်မှုကိုအခြေခံပြီးလက်ရောက်ရလိုမှုစွဲဆိုခြင်းဖြစ်ကြောင်းတရားလို၏အဆိုလွှာအရထင်ရှားသည်။ဤသို့ပိုင်ဆိုင်ခွင့်ကိုအခြေခံစွဲဆိုသောအမှုမှာသီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ၈အရစွဲဆိုခြင်းဖြစ်ကြောင်းနှင့်ပုဒ်မ၉အရစွဲဆိုခြင်းမဟုတ်ကြောင်းအငြင်းပွါးစရာမရှိချေ။ပုဒ်မ၉အရစွဲဆိုခြင်းဖြစ်သည်ဟုလျှောက်ထားသူတို့၏ရှေ့နေတင်ပြသည့်အချက်မှာလက်ခံရန်မဖြစ်နိုင်ပေ။
တရားမကျင့်ထုံးဥပဒေအမိိန့်၇၊နည်း၁အရအဆိုလွှာတွင်စွဲဆိုသောအမှုနှင့်စပ်လျဉ်း၍ဥပဒေပုဒ်မဖော်ပြရမည်ဟုပြဌာန်းထားခြင်းမရှိချေ။
အမှုဖြစ်ကြောင်းခြင်းရာသာဖော်ပြရန်အဓိကလိုအပ်သည်။
တရားလို၏အဆိုပါဖော်ပြသည့်စွဲဆိုသည့်အမှုဖြစ်ကြောင်းခြင်းရာနှင့်စပ်လျဉ်းပြီးဥပဒေကြောင်းဆိုင်ရာအကျိုးသက်ရောက်မှုကိုတရားရုံးအနေဖြင့်စပ်ဟပ်ဆုံးဖြတ်ရန်ဖြစ်သည်။
ဤသဘောတရားကို၊ကော်နတ်တီကတ်မီးအာမခံကုမ္ပဏီ နှင့် ကဗာနာ(၁၈၉၂၊အေစီ ၄၇၃၊စာ၄၃၀)အမှုနှင့်ဘစ်ရှ်ဝါနတ်(သ်)ရေ နှင့် ကာရှိနတ်သ်ရေ(၁၉၄၈ခုနှစ်၊မြန်မာနိုင်ငံတရားစီရင်ထုံးများ၊စာ-၄၄၉)အမှုတို့ကိုကိုးကား၍၊ဒေါ်ကျော့ နှင့် ဒေါ်မြခင်(ဗဟိုတရားရုံး၁၉၈၆ခုနှစ်တရားမဒုတိယအယူခံမှုအမှတ်၁၇၉)အမှုတွင်ပြဆိုထားသည်။”
—————————————————-
ဤဘေးကြပ်နံကြပ်အခြေအနေတွင်မြေကိုလက်ရောက်ရရန်အကြောင်းမရှိသည့်ဥပဒေသဘောကိုအဆိုလွှာရေးသူသတိထားသင့်သည်။
1948 BLR ( H C )866(ဦးဇာဂရအမှု)စီရင်ထုံးစာမျက်နှာ၈၇၆၌-
“no co-owner of property can oust the other co-owner from the property, each being equally entitled to possession.”
ဟုပြဆိုထားရာအချင်းဖြစ်မြေ၏ပူးတွဲအမွေဆိုင်များဖြစ်သောတရားပြိုင်များအပေါ်ကျန်အမွေဆိုင်ဒေါ်တုတ်(တရားလို)ကမြေလက်ရောက်ရလိုမှုမစွဲဆိုနိုင်သဖြင့်ဖခင်ကမြေကိုနှုတ်ဖြင့်အပိုင်ပေးသည်ဟုအဆိုပြုစွဲဆိုခြင်းဖြစ်တန်ရာသည်။
အချင်းဖြစ်တိုက်ကိုတရားလိုပိုင်ခဲ့လျှင်ထိုတိုက်ဖျက်ယူလိုမှုသာစွဲဆိုနိုင်ပါလိမ့်မည်။
အမွေစီမံခန့်ခွဲပေးစေလိုမှုစွဲဆိုခြင်းဖြင့်မြေတွင်မိမိ၏ဝေစုရနိုင်သည်။
ဥပဒေအပြောကျယ်ခြင်းကဖန်တီးသော”မောဟ”သည်၊အဆိုလွှာရေးသူအားအမှုပုံစံအမှန်ကိုဖုံးကွယ်ထားပုံပေါ်ပါသည်။
အဆိုလွှာကိုမရေးမီတရားလိုအားအနိုင်ရစေမည့်အကြောင်းခြင်းရာများကိုရှာဖွေသည့်ကိစ္စသည်မလွယ်ကြောင်းဤအမှုကသာဓကပြသည်။
မူလရုံးတရားသူကြီးသည်ထိုစဉ်ကခရိုင်တခရိုင်ရှိဒုတိယအမြင့်ဆုံးရာဘက်ခရိုင်တရားမရုံးတွင်ရုံးထိုင်သည့်ရာဘက်ခရိုင်တရားမတရားသူကြီးဖြစ်သည်။
မျက်မှောက်ခေတ်တွင်ခရိုင်တရားရုံး၌ရုံးထိုင်သောတရားရေးဝန်ထမ်းအဆင့်(၂)ဖြစ်သည်။
Comments
Post a Comment