1972 BLR ( S A B ) 112 နှင့် 1948 BLR ( H C ) 411 စီရင်ထုံးနှစ်ရပ်အကြောင်း

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ


1948 BLR ( H C ) 411 


KUPPARAKUTTI ADAMMEERA (APPELLANT)

                           V.

ESOOF (a) S. M. MOHAMED ESOOF AND ONE (RESPONDENTS).*


Before U Thein Maung, Chief Justice, and U San Maung, J.


အမှုတွင်၊တရားလိုသည်မိမိငှါးထားသောတိုက်ခန်းကိုလက်ရှိထားခိုက်တရားပြိုင်ကကျူးကျော်ဝင်ရောက်နေထိုင်သည်ဟုအဆိုပြုစွဲဆိုခြင်းဖြစ်ရာ၊“ကာလစည်းကမ်းသတ်အက်ဥပဒေပုဒ်မပထမဇယားအမှတ်စဉ်၁၄၂၏အဓိပ္ပာယ်အရတိုက်ခန်းလက်လွတ်သွားသည်ဖြစ်၍၊လက်လွတ်သည့်နေ့မှ၁၂နှစ်အတွင်းလက်ရောက်ရလိုမှုစွဲဆိုမှသာ၊ကာလစည်းကမ်းသတ်အတွင်းကျရောက်မည်ဖြစ်သည့်အလျောက်၊လက်ရောက်ရလိုမှုတွင်တရားမစွဲဆိုမီ၁၂နှစ်အတွင်း၌အချင်းဖြစ်ပစ္စည်းမှာတရားလိုလက်ရှိဖြစ်ကြောင်းတရားလိုကသက်သေထူရန်လိုအပ်သည်ဟု”ထုံးဖွဲ့ထားခြင်းဖြစ်သည်။


“ထိုအကြောင်းခြင်းရာတွင်တရားလိုသည်အချင်းဖြစ်ပစ္စည်းကိုလက်ရှိထားပိုင်ခွင့်ရှိကြောင်းထည့်သွင်းအဆိုပြုရာရောက်သည်”ဖြစ်၍၊တရားလိုတိုက်ခန်းလက်ရှိထားပိုင်ခွင့်ရှိကြောင်းသီးခြားဖော်ပြရန်လိုမည်မဟုတ်။

——————————-


1948 BLR ( H C ) 411 


KUPPARAKUTTI  ADAMMEERA (APPELLANT)


                           V.


ESOOF (a) S. M. MOHAMED ESOOF AND ONE (RESPONDENTS).*


Before U Thein Maung, Chief Justice, and U San Maung, J.


အမှုကိုတရားလွှတ်တော်တရားဝန်ကြီးချုပ်ဦးသိမ်းမောင်နှင့်၁၉၄၈ခုနှစ်၊နှစ်ဆန်းမှစ၍မြန်မာနိုင်ငံလွတ်လပ်ရေးရသည့်နေ့ကဖွဲ့စည်းတည်ထောင်သောအသစ်စက်စက်တရားလွှတ်တော်တွင်တရားဝန်ကြီးအဖြစ်တာဝန်ထမ်းဆောင်လာသောသမ္ဘာရင့်တရားဝန်ကြီးဦးစံမောင်တို့ပါဝင်သောခုံရုံးကဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။


1948 BLR ( H C ) 411 စီရင်ထုံးစာမျက်နှာ၄၁၂၌အမှုဖြစ်စဉ်ကိုအောက်ပါအတိုင်းဖော်ပြထားသည်-


“U. Thein Maung, C.J.-The plaintiff-appellant sued the defendants-respondents for possession of room No. 1 in 225, Fraser Street, Rangoon.


His case is that he rented the said room from one G. M. D. Dinath, agent of the 2nd defendant-respondent, who is the owner thereof at a rent of Rs. 3-4 per day in May 1942, that during his temporary absence between the 7th May 1945 and the 4th June 1945, the 1st defendant-respondent trespassed into and took possession of the premises, that Ist defendant-respondent in collusion with the 2nd defendant-respondent obtained a permit under section 12 of the Urban Rent Control Act, 1946, from the Controller of Rents, Rangoon, on the 10th May 1947, and that on his application for review the said Controller passed an order cancelling the permit on the 4th June 1947.


Both the defendants-respondents deny that there was any collusion between them and state that the 1st defendant-respondent has entered into a written tenancy agreement with the 2nd defendant-respondent on the 23rd May 1947, i.e. after the date of the said permit and that the Controller has no jurisdiction to review his own order granting the permit. 


The  1st defendant-respondent further contends that the suit is barred under Order II, Rule 2, of the Code of Civil Procedure inasmuch as the plaintiff-appellant's rights to the mesne profits in three previous suits, viz. Civil Regular No. 819 of 1946, Civil Regular No. 262 of 1947 and Civil Regular No. 1865 of 1947 of the City Civil Court of Rangoon rested on the same foundation of facts and law as the right that he claims in the present suit.”


အမှုဖြစ်စဉ်အရ၊တရားလိုသည်ငှါးရမ်းထားသောတိုက်ခန်းတွင်”ခေတ္တမရှိခိုက်”အမှတ်(၁)တရားပြိုင်ကကျူးကျော်ဝင်ရောက်ခဲ့သဖြင့်တိုက်ခန်းလက်ရောက်ရလိုမှုစွဲဆိုရာအမှု၌တရားလိုသည်အမှုနိုင်ရန်အောက်ပါအကြောင်းခြင်းရာများကိုတင်ပြရန်လိုသည်ဟုတရားလွှတ်တော်ခုံရုံးကအယူခံတွင်ပြဆိုသည်-


(၁)တရားလိုသည်တရားမစွဲဆိုမီ၁၂နှစ်အတွင်းလက်ရှိဖြစ်ခြင်း။


(၂)တရားပြိုင်သည်အခွင့်အရေးတစုံတရာမရှိဘဲနေထိုင်လျက်ရှိခြင်း။


အထက်ပါအကြောင်းခြင်းရာများသည်မရွှေ့မပြောင်းနိုင်သောပစ္စည်းလက်ရောက်ရလိုကြောင်းလက်ရှိထားပိုင်ခွင့်အပေါ်အခြေပြုကာစွဲဆိုသည့်အမှုတွင်၊ 2015 BLR 174 ( F B )စီရင်ထုံး၌မြွက်ဆိုသည့်၊တရားစွဲဆိုရန်အကြောင်းကိုဖြစ်မြောက်စေသောအကြောင်းခြင်းရာစုဖြစ်သည်မှာယုံမှားဖွယ်မရှိ။


တရားလိုသည်တိုက်ခန်း၏အိမ်ငှါးအဖြစ်လက်ရှိထားပိုင်ခွင့်ရှိသူဖြစ်သည်။


တရားလိုလက်ရှိတိုက်ခန်းအတွင်းသို့အမှတ်(၁)တရားပြိုင်ကကျူးကျော်ဝင်ရောက်သဖြင့်၊တရားလိုသည်ကာလစည်းကမ်းသတ်အက်ဥပဒေပထမဇယားအမှတ်စဉ်၁၄၂၏အဓိပ္ပာယ်အရ၊တိုက်ခန်းလက်လွတ်သွားခြင်းဖြစ်ပေရာစွဲဆိုသောအမှုမှာအမှတ်စဉ်၁၄၂နှင့်သက်ဆိုင်သည်။


တရားလိုသည်တရားမစွဲဆိုမီ၁၂နှစ်အတွင်းလက်ရှိဖြစ်ကြောင်းပြရန်တာဝန်ရှိကြောင်း၊ 1948 BLR ( H C ) 411 အမှုတွင်မြွက်ဆိုခြင်းက၊”တိုက်ခန်းလက်ရှိဖြစ်ခြင်း(ဝါ)တိုက်ခန်းလက်ရှိထားပိုင်ခွင့်ရှိခြင်းကိုလွှမ်းခြုံပြဆိုသောစီရင်ထုံးဖြစ်သည်”ကိုသတိချပ်ရန်လိုသည်။


အမှုတွင်တရားလိုသည်မိမိငှါးရမ်းနေထိုင်လျက်ရှိသောတိုက်ခန်း၌၊ခေတ္တမရှိခိုက်(၁)တရားပြိုင်ကကျူးကျော်ဝင်ရောက်နေထိုင်သဖြင့်တိုက်ခန်းလက်ရောက်ရလိုမှုစွဲဆိုသည်။


“တရားလိုသည်ပိုင်ရှင်အသွင်ဆောင်သူမဟုတ်။”


“ပိုင်ရှင်တဦး၏သာမန်အခွင့်အရေးကိုသုံးစွဲသူလည်းမဟုတ်။”


“ငှါးရမ်းခပေး၍ဥပဒေနှင့်အညီနေထိုင်သူမျှသာဖြစ်ပေရာ၊ PJLB 484 အမှုတွင်ပြဆိုထားသကဲ့သို့( lawfully in possession )ဟူသောမြွက်ဆိုချက်တွင်အကျုံးဝင်သည်။”


တရားလွှတ်တော်ခုံရုံးကအောက်ပါအတိုင်းဆုံးဖြတ်သည်-


“In a suit for possession the plaintiff-appellant need only to prove possession within 12 years and defendants' occupation without right.”


စီရင်ထုံးစာမျက်နှာ၄၂၁တွင်၊တရားလွှတ်တော်တရားဝန်ကြီးချုပ်ဦးသိမ်းမောင်ကအိန္ဒိယစီရင်ထုံးတရပ်ကိုကိုးကား၍အောက်ပါအတိုင်းသုံးသပ်သည်-


“whereas the cause of action for recovery of possession of the property arises as soon as the plaintiff is dispossessed.


The causes of action do not arise at the same time and the periods of limitation for suits on the Causes of action are not the same. 


(See Articles 142 and 144 of the Limitation Act as regards suits for recovery of possession of immovable property and Article 109 thereof as regards suits for mesne profits.) 


These rulings are also consistent with the definition of "Cause of Action” as a bundle of essential facts which it is necessary for the plaintiff to prove before he can succeed in his suit or as the media upon which the plaintiff asks the Court to arrive at a conclusion in his favour.


As has been pointed out in R. K. Singh and others v. N. C. Ahir (1) (1931) I.L.2. 53 All. 95 at pp. 956-7. in a suit for possession the plaintiff need only prove his possession within twelve years and the defendant's occupation of the property without right.”


စီရင်ထုံးစာမျက်နှာ၄၂၄တွင်၊တရားလွှတ်တော်ခုံရုံးကအောက်ပါအတိုင်းဆုံးဖြတ်သည်-


“We are in entire agreement with the learned Judge on the Original Side that the plaintiff-appellant cannot remove the 1st  defendant-respondent from the present possession of the premises.


We accordingly dismiss the appeal with costs.


U SAN MAUNG, J. - I agree.”

——————————————-


1972  BLR ( S A B ) 112 


မောင်တင်ဦးပါ၆ နှင့် ဦးမြသီးပါ၂


တရားသူကြီးချုပ်ဦးလှသင်း၊တရားသူကြီးဦးတင်အုံးနှင့်တရားသူကြီးဦးသန်းအောင်တို့ရှေ့တွင်


နိုင်ငံတော်တရားရုံးချုပ်အထူးခုံရုံးကစီရင်ထုံးစာမျက်နှာ၁၂၂တွင်အောက်ပါအတိုင်းသုံးသပ်သည်-


“အထက်တွင်ဖော်ပြထားသောအမှုများ၌မြန်မာနိုင်ငဲရှိတရားရုံးများက၊ကာလစည်းကမ်းသတ်ဥပဒေအချက်၁၄၂နှင့်အချက်၁၄၄တို့နှင့်ပတ်သက်၍ဆင်ခြင်သုံးသပ်ပုံတို့ကိုထောက်ရှုဆင်ခြင်ခြင်းအားဖြင့်ကာလစည်းကမ်းသတ်ဥပဒေအချက်၁၄၂နှင့်၁၄၄တို့တွင်ပါရှိသောစကားရပ်များအရဆိုလျင်၊တရားလိုကတရားပြိုင်လက်တွင်ရှိသောမရွှေ့မပြောင်းနိုင်သည့်ပစ္စည်းကိုလက်ရောက်ရလိုမှုစွဲဆိုသောအခါယင်းအမှုသည်အချက်၁၄၂၊သို့မဟုတ်အချက်၁၄၄နှင့်သက်ဆိုင်ခြင်းရှိသလားဟုဆုံးဖြတ်ရာ၌အောက်ပါမူများအပေါ်တွင်အခြေခံရမည်ဖြစ်သည်။


၁။အချက်၁၄၄သည်ကြွင်းကျန်သော(Residuary)အချက်ဖြစ်သည်။အချက်၁၄၂သည်အတိအလင်းသီးခြားပြဌာန်းထားချက်ဖြစ်သည်။အမှုတမှုသည်အချက်၁၄၂နှင့်အကျုံးမဝင်လျှင်၊သို့မဟုတ်အချက်၁၄၂နှင့်သက်ဆိုင်ခြင်းမရှိလျှင်၊အခင်းဖြစ်မရွှေ့မပြောင်းနိုင်သောပစ္စည်းလက်ရောက်ရလိုမှုသည်အချက်၁၄၄နှင့်အကျုံးဝင်လေသည်။


၂။တရားလိုသည်ပိုင်ရှင်အနေနှင့်ဖြစ်စေ၊အခြားနည်းအရဖြစ်စေ၊လက်ရှိဖြစ်ခဲ့သောမရွှေ့မပြောင်းနိုင်သောပစ္စည်းအပေါ်တွင်၊တရားပြိုင်ကကျူးကျော်ဝင်ရောက်သဖြင့်တရားလိုကလက်မဲ့ဖြစ်ခဲ့ရလျှင်၊သို့မဟုတ်တရားလိုကိုယ်တိုင်ကယင်းပစ္စည်းကိုလက်လွတ်လိုက်လျှင်၊ယင်းပစ္စည်းအတွက်လက်ရောက်ရလိုမှုစွဲဆိုခဲ့သော်ကာလစည်းကမ်းသတ်ဥပဒေအချက်၁၄၂နှင့်သာသက်ဆိုင်ခြင်းရှိမည်ဖြစ်သည်။


၃။(က)တရားလိုသည်ပိုင်ဆိုင်မှုသာရှိ၍မည်သည့်အခါတွင်မျှလက်ရှိမဖြစ်ခဲ့ဘူးသောမရွှေ့မပြောင်းနိုင်သောပစ္စည်းကိုလက်ရောက်ရလိုမှုစွဲဆိုခဲ့သော်ကာလစည်းကမ်းသတ်ဥပဒေအချက်၁၄၂နှင့်အကျုံးဝင်မည်မဟုတ်ပေ။


(ခ)ထို့ပြင်တရားလိုကအငှါးချထားသဖြင့်၊သို့မဟုတ်ခွင့်ပြုသဖြင့်မရွှေ့မပြောင်းနိုင်သောပစ္စည်းတွင်ဝင်ရောက်နေထိုင်ပြီးနောက်မှတရားလို၏ပိုင်ဆိုင်ခွင့်ကိုဆန့်ကျင်ဘက်ပြုပြီးနေထိုင်ဆောင်ရွက်ခဲ့သူထံမှပစ္စည်းကိုလက်ရောက်ရလိုမှုစွဲခဲ့သော်အချက်၁၄၂နှင့်အကျုံးဝင်မည်မဟုတ်။


(ဂ)ထို့ပြင်တရားလိုသည်တကြိမ်တခါကမရွှေ့မပြောင်းနိုင်သောပစ္စည်းကိုလက်ရှိဖြစ်ခဲ့ဘူးသော်လည်း၊ယင်းပစ္စည်းကိုလက်မလွတ်ဘဲကွက်လပ်အဖြစ်ထားရှိပြီးလျစ်လျူရှုထားသည့်အခါ၌တရားပြိုင်ကဝင်ရောက်ပြီးပိုင်ရှင်ကိုဆန့်ကျင်ဘက်မပြုဘဲနေထိုင်(Squatter)သည်။တရားပြိုင်ကနောက်ပိုင်းတွင်တရားလိုကိုဆန့်ကျင်ဘက်ပြု၍လက်ရှိထားခဲ့ကြောင်းပြုမူပြောဆိုလာသဖြင့်တရားလိုကလက်ရောက်ရလိုမှုစွဲခဲ့သော်အချက်၁၄၂နှင့်အကျုံးဝင်မည်မဟုတ်။


ယခုအမှုတွင်တရားလို၏အဆိုလွှာနှင့်သက်သေခံချက်များ၌ပါရှိသောအဆိုပြုချက်တို့မှာအောက်ပါအတိုင်းဖြစ်သည်။တရားလိုသည်အခင်းဖြစ်မြေ၏ပိုင်ရှင်ဖြစ်သည်။အစိုးရထံမှအငှါးဂရံအရအငှါးချထားခြင်းခံရသူဖြစ်သည်။၁၉၅၉ခုနှစ်တွင်အချင်းဖြစ်မြေပေါ်တွင်ကျောင်းအဆောက်အဦများမှလွဲ၍အခြားအဆောက်အဦတခုမျှမရှိပေ။အခြားမည်သူတဦးတယောက်မျှလည်းမရှိပေ။ကျောင်းမှာတရားလိုကထားရှိသောကျောင်းဖြစ်သည်။မြေတကွက်လုံးသည်တရားလိုလက်တွင်ရှိသည်။ထို့နောက်၁၉၆၀ခုနှစ်၊ဧပြီလ၆ရက်နေ့တွင်တရားပြိုင်များကကျူးကျော်ဝင်ရောက်ပြီးအိမ်များဆောက်လုပ်နေထိုင်ခဲ့သည်ဟုအဆိုရှိသည်။တရားပြိုင်တို့လက်တွင်ရောက်ရှိသွားသောအခင်းဖြစ်မြေကိုတရားလိုကလက်ရှိရလိုမှုနှင့်တရားပြိုင်တို့ကိုဖယ်ရှားပေးရန်သက်သာခွင့်တောင်းသောအမှုဖြစ်သည်။တရားလိုသည်၁၉၃၉ခုနှစ်တွင်အငှါးဂရံရရှိပြီးနောက်အခင်းဖြစ်မြေကွက်ကိုလက်ရှိမရခဲ့ကြောင်းအဆိုပြုခြင်းမရှိပေ။လက်ရှိရခဲ့ကြောင်းသာအဆိုပြုထား၏။တရားပြိုင်သည်တရားလို၏ခွင့်ပြုချက်အရအခင်းဖြစ်မြေကွက်ပေါ်တွင်ဝင်ရောက်နေထိုင်ခဲ့သည်ဟူ၍လည်းအဆိုပြုထားချက်မရှိပေ။တရားပြိုင်သည်တရားလို၏မြေပေါ်တွင်တရားလိုကမတားမြစ်ဘဲအသာတကြည်ဝင်ရောက်နေထိုင်ခဲ့ကြောင်းနှင့်တရားလို၏ပိုင်ဆိုင်မှုကိုမဆန့်ကျင်ဘဲနေထိုင်ခဲ့ခြင်းဖြစ်သည်ဟူ၍လည်းအဆိုပြုထားချက်မရှိပေ။”


စီရင်ထုံးစာမျက်နှာ၁၂၄တွင်အထူးခုံရုံးကအောက်ပါအတိုင်းဆက်လက်သုံးသပ်သည်-


“ယခုအမှုတွင်၊အဆို၊အချေနှင့်သက်သေခံချက်များအရပေါ်ပေါက်သောအကြောင်းအချက်၊အဆိုပြုထားချက်နှင့်ငြင်းချက်တို့ကိုထောက်ရှုခြင်းအားဖြင့်ပေါ်လွင်ထင်ရှားသောအချက်မှာယခုအမှုမူလရုံးတရားလိုသည်မြေငှါးဂရံရရှိခဲ့သောပိုင်ရှင်အနေနှင့်အခင်းဖြစ်မြေကိုလက်ရှိထားခဲ့ရာမှတရားပြိုင်ကကျူးကျော်ဝင်ရောက်နေထိုင်ပြီးတရားလိုကလက်မဲ့ဖြစ်သွားခဲ့သည့်အတွက်၊တရားလိုကတရားပြိုင်ကိုအချင်းဖြစ်မြေမှဖယ်ရှား၍လက်ရောက်ရလိုမှုစွဲဆိုခြင်းဖြစ်သည်ဟူသောအချက်ပင်ဖြစ်သည်။ထို့ကြောင့်ဤအမှုသည်ကာလစည်းကမ်းသတ်ဥပဒေအချက်၁၄၂နှင့်အကျူံးဝင်သက်ဆိုင်မှုရှိသည်ဟုကျွန်ုပ်တို့ယူဆသည်။


ကာလစည်းကမ်းသတ်အချက်၁၄၂နှင့်သက်ဆိုင်မှုရှိသောအမှုများ၌အမှုစွဲဆိုခြင်းမပြုမီ၁၂နှစ်ကာလအတွင်းတချိန်ချိန်က၊တရားလိုသည်အခင်းဖြစ်မြေကိုလက်ရှိဖြစ်ခဲ့ကြောင်းထင်ရှားစေအောင်သက်သေခံအထောက်အထားတင်ပြရန်တရားလိုအပေါ်၌တာဝန်ရှိသည်။အမ်၊အေ၊အမ်၊မူသီးယားချစ်တီး နှင့် စီ၊နာဗွီသေးဗါး(၁၂၊ဘီ၊အယ်(လ်)၊တီ၊၂၃၄)အမှုစီရင်ထုံး၌အတိအလင်းဆုံးဖြတ်ထားသည်ကိုတွေ့ရ၏။ထို့ပြင်မောင်ရာကျော် နှင့် မငွေ(အတွဲ၂၊အောက်မြန်မာပြည်စီရင်ထုံး၊၅၆(၅၇)။)အမှုနှင့်ဦးမောင်ကြီး နှင့် မောင်အုံးပွင့်(အတွဲ၇၊ရန်ကုန်စီရင်ထုံး၊၈၅(၈၈)။)အမှုတို့တွင်လည်းအလားတူဆုံးဖြတ်ထားသည်။


ယခုအမှု၌တရားလိုဘက်မှတရားပြိုင်များသည်တရားလိုအဆိုပြုထားသည့်အတိုင်း၁၉၆၀ခု၊ဧပြီလ၆ရက်နေ့ကအခင်းဖြစ်မြေပေါ်ဝင်ရောက်ကျူးကျော်ပြီးအိမ်ဆောက်နေထိုင်ခဲ့ကြောင်းနှင့်ထို၁၉၆၀ခု၊ဧပြီလ၆ရက်နေ့အထိတရားလိုသည်အခင်းဖြစ်မြေကိုလက်ရှိဖြစ်ခဲ့ကြောင်းတို့ကိုထင်ရှားစေရန်ခိုင်မာလုံလောက်သောသက်သေခံအထောက်အထားတင်ပြခြင်း၊တင်သွင်းထားခြင်းမရှိပေ။၁၉၆၀ခု၊ဧပြီလ၆ရက်နေ့အထိတရားလိုသည်အခင်းဖြစ်မြေကိုလက်ရှိဖြစ်ခဲ့ကြောင်းသက်သေခံချက်များအရပေါ်လွင်ခြင်းမရှိပေ။ထို့ကြောင့်တရားလိုစွဲဆိုထားသောအမှုများသည်ကာလစည်းကမ်းသတ်ကျော်လွန်နေပြီဖြစ်သောကြောင့်အမှုများကိုပယ်ရမည်ဖြစ်သည်။ကာလစည်းကမ်းသတ်ဥပဒေပုဒ်မ၃ကိုကြည့်ပါ။”


စီရင်ထုံးစာမျက်နှာ၁၂၅တွင်၊အထူးခုံရုံးကအောက်ပါအတိုင်းဆုံးဖြတ်သည်-


“သို့သော်မူလရုံးတရားပြိုင်များသည်အခင်းဖြစ်မြေကွက်များ၏ပိုင်ရှင်ဖြစ်မလာပေ။ကာလစည်းကမ်းသတ်ဥပဒေပုဒ်မ၂၈သည်ဤအမှုများနှင့်သက်ဆိုင်မှုမရှိပေ။မြေသည်အစိုးရ(အိုးအိမ်ကော်ပိုရေးရှင်း)မြေဖြစ်သည်။အစိုးရကသော်လည်းကောင်း၊အိုးအိမ်ကော်ပိုရေးရှင်းကသော်လည်းကောင်းလိုအပ်သလိုအရေးယူနိုင်မည်ဖြစ်သည်။မြေငှါးဖြစ်သူမူလရုံးတရားလိုကသာလျှင်လက်ရောက်ရလိုမှုမစွဲဆိုနိုင်တော့ခြင်းဖြစ်သည်။မောင်အေးဖေ နှင့် ပြည်သူ့အိုးအိမ်အဖွဲ့(၁၉၅၈၊မြန်မာနိုင်ငံစီရင်ထုံး၊၂၂(၂၅)(တရားလွှတ်တော်ချုပ်)။)အမှု၌ဆုံးဖြတ်ထားသည်မှာရန်ကုန်မြို့အတွင်းရှိမြေငှါးဖြစ်သောမြေအကွက်များကိုဆန့်ကျင်လက်ရှိထားကာမျှဖြင့်ပိုင်ရှင်ဖြစ်မလာနိုင်ပေ။ယင်းစီရင်ထုံး၌ဤသို့သုံးသပ်ထား၏။


"It is common ground that the Board does not claim any title whatsoever to the house standing on the land except its right to proceed against it for recovery of the rents due in respect of the land. On the other hand, the applicants as persons in possession can hold it against all the world except the true owner. It must therfore be said that as aginst the Board the applicants are entitled to the house subject to the right of the Board for recovery of the arrears of the rent due on the land."


သို့ဖြစ်ရကား၊အခွင့်ထူးအယူခံမှုများဖြစ်သောအမှုအမှတ်၆/၇၁၊၇/၇၁၊၈/၇၁၊၉/၇၁၊၁၀/၇၁၊နှင့်၁၁/၇၁တို့ကိုစရိတ်နှင့်တကွခွင့်ပြု၍၊အယူခံရုံးစီရင်ချက်နှင့်အမိိန့်များကိုပယ်ဖျက်ပြီးလျှင်၊မူလရုံးတွင်စွဲဆိုထားသောသက်ဆိုင်ရာမူလမှုအသီးသီးကိုစရိတ်နှင့်ပယ်လိုက်သည်။”

————————————

Comments

Popular posts from this blog

လင်မယားအဖြစ်ပြတ်စဲနိုင်သည့်နည်းအမျိုးမျိုး

ဇာရီမှုကိုဆိုင်းငံ့ရန်ငြင်းပယ်သောအမိန့်သည်ပုဒ်မ၄၇တွင်အကျုံးမဝင်။ 1938 Rangoon Law Reports 580

ဇာရီမှုတွင်ချမှတ်သောအမိန့်များ