ထူးခြားသောလက်ရောက်ရလိုမှု ( Part Three )
ဆရာကြီးဦးမြသင်ကြားပို့ချချက်များ
“ထူးခြားသောလက်ရောက်ရလိုမှု” ( Part Three )
“လက်ရောက်မရဖူးသောတရားလိုကပစ္စည်းလက်ရောက်ရလိုကြောင်းစွဲဆိုသောအမှုတွင်တရားစွဲဆိုရန်အကြောင်း။”
1990 BLR 28
ဒေါ်တင်ကြည်ပါ၆ နှင့် ဦးစိုးဝင်း
တရားရုံးချုပ်တရားသူကြီးဦးကျော်တင့်ရှေ့တွင်
စီရင်ထုံးစာမျက်နှာ၃၁ပါ-
“ထို့ကြောင့်တရားလိုဦးစိုးဝင်းစွဲဆိုသောအမှုသည်အချင်းဖြစ်ဥပစာကိုမှတ်ပုံတင်စာချုပ်ဖြင့်ဝယ်ယူပိုင်ဆိုင်ကြောင်း၊တရားပြိုင်များကျူးကျော်နေထိုင်ကြောင်း၊ပိုင်ဆိုင်ခွင့်ကိုအခြေခံပြီးလက်ရောက်ရလိုမှုကိုစွဲဆိုခြင်းဖြစ်ကြောင်တရားလို၏အဆိုလွှာအရထင်ရှားသည်”
ဟုဆုံးဖြတ်ခြင်းမှန်ပါလျှင်၊ထို့ပြင်အခန်းကိုဝယ်သူလက်ရောက်မရဖူးပါလျှင်လက်ရောက်ရလိုမှု၌တရားစွဲဆိုရန်အကြောင်းဖြစ်မြောက်စေသောအကြောင်းခြင်းရာများမှာအောက်ပါအတိုင်းဖြစ်သည်-
(က)တရားလိုသည်အချင်းဖြစ်ပစ္စည်း၏ပိုင်ရှင်ဖြစ်ခြင်း။
(ခ)တရားလိုစွဲဆိုသောအမှုသည်၊ကာလစည်းကမ်းသတ်ဥပဒေပထမဇယားအမှတ်စဉ်၁၄၄တွင်သတ်မှတ်ထားသောစည်းကမ်းသတ်အတွင်းကျရောက်ခြင်း။
(1972 BLR 112 ( S B )စီရင်ထုံးအပိုဒ်၁နှင့်အပိုဒ်၃(က)တို့ကိုဖတ်ပါ။)
1972 BLR 112 ( S B )စီရင်ထုံးအပိုဒ်၁တွင်အောက်ပါအတိုင်းပြဆိုသည်-
“၁။အချက်၁၄၄သည်ကြွင်းကျန်သော(Residuary)အချက်ဖြစ်သည်။အချက်၁၄၂သည်အတိအလင်းသီးခြားပြဌာန်းထားချက်ဖြစ်သည်။အမှုတမှုသည်အချက်၁၄၂နှင့်အကျုံးမဝင်လျှင်၊သို့မဟုတ်အချက်၁၄၂နှင့်သက်ဆိုင်ခြင်းမရှိလျှင်၊အခင်းဖြစ်မရွှေ့မပြောင်းနိုင်သောပစ္စည်းလက်ရောက်ရလိုမှုသည်အချက်၁၄၄နှင့်အကျုံးဝင်လေသည်။”
1972 BLR 112 ( S B )စီရင်ထုံးအပိုဒ်၃(က)တွင်အောက်ပါအတိုင်းပြဆိုသည်-
၃။(က)တရားလိုသည်ပိုင်ဆိုင်မှုသာရှိ၍မည်သည့်အခါတွင်မျှလက်ရှိမဖြစ်ခဲ့ဘူးသောမရွှေ့မပြောင်းနိုင်သောပစ္စည်းကိုလက်ရောက်ရလိုမှုစွဲဆိုခဲ့သော်ကာလစည်းကမ်းသတ်ဥပဒေအချက်၁၄၂နှင့်အကျုံးဝင်မည်မဟုတ်ပေ။”
(ဂ)တရားပြိုင်သည်တရားလိုထက်သာလွန်သောဆိုင်ရေးဆိုင်ခွင့်(better title)မရှိဘဲပစ္စည်းလက်ရှိဖြစ်လျက်ရှိခြင်း။
1963 BLR 672 ( D B )အမှုတွင်၊စီရင်ထုံးစာမျက်နှာ၆၈၁၌တရားပြိုင်များသည်အချင်းဖြစ်မြေတွင်(better title)ရှိသူများဖြစ်သည်ဟုဆုံးဖြတ်ပြီးတရားလိုကိုအရှုံးပေးသည်။
————————————-
“ကွဲပြားသောတရားစွဲဆိုရန်အကြောင်းနှစ်ရပ်”
အချုပ်ဆိုရသော်၊ကာလစည်းကမ်းသတ်ဥပဒေပထမဇယားအမှတ်စဉ်၁၄၂နှင့်သက်ဆိုင်သောအမှုတွင်တရားစွဲဆိုရန်အကြောင်းကိုဖြစ်မြောက်စေသောအကြောင်းခြင်းရာများသည်၊ 1948 BLR ( H C ) 411, 1972 BLR 122(124)( S B ) နှင့် 1990 BLR 28 စီရင်ထုံးများတွင်ပြဆိုထားသည့်အတိုင်းဖြစ်သည်။
အမှတ်စဉ်၁၄၄နှင့်သက်ဆိုင်သောအမှု၌မူအထက်ဖော်ပြပါအပိုဒ်(က)(ခ)(ဂ)ပါအတိုင်းဖြစ်သည်။
————————————
“သက်သေပြရန်တာဝန်”
ကာလစည်းကမ်းသတ်ပြဿနာနှင့်စပ်လျဉ်း၍သက်သေပြရန်တာဝန်သည်၊တရားပြိုင်ဘက်တွင်ရှိကြောင်းပြဆိုသော၊ 7 Ran 85 စီရင်ထုံးကိုဖတ်ပါ။
7 Ran 85
U MAUNG GYI V. MAUNG ON BWIN AND ANOTHER.*
Before Mr. Justice Brown.
အမှုတွင်အင်္ဂလိပ်တရားသူကြီး Brown ကအောက်ပါအတိုင်းဆုံးဖြတ်သည်-
“Ordinarily in a suit under Art. 142 of the Limitation Act, the burden of proof would lie on the plaintiff, and in a suit under Art. 144 it would lie on the defendant.
Where a plaintiff avers that he was at one time the owner of Immoveable property and that the defendant obtained possession from him, his suit falls under Art. 142 and on his failing to prove the permissive nature of the occupation, plaintiff cannot succeed without at first showing: that he had been in possession within twelve years of bringing the suit.
Mohima Chunder v. Mohesh Chunder, 16 Cal. 473 (P.C.)-referred to.”
စီရင်ထုံးစာမျက်နှာ၈၇နှင့်၈၈တွင်အိန္ဒိယစီရင်ထုံးတရပ်ကို၊ကိုးကား၍အောက်ပါအတိုင်းသုံးသပ်ဆုံးဖြတ်သည်-
“In the case of Mohima Chunder Mozoomdar and others v. Mohesh Chunder Neoghi and others (1), (1888) 16 Cal. 473. their Lordships of the Privy Council observe:
"This is in reality what in England would be called an action for ejectment, and in all actions for ejectment where the defendants are admittedly in possession, and fortiori where, as in this particular case, they had been in possession for a great number of years, and under a claim of title, it lies upon the plaintiff to prove his own title.
The plaintiff must recover by the strengh of his own title, and it is the opinion of their Lordships that, in this case, the onus is thrown upon the plaintiffs to prove their possession prior to the time when they were admittedly dispossessed, and at some time within twelve years before the commencement of the suit, namely, for the two or three years prior to the year 1875 or 1874, and that it does not lie upon the defendants to show that in fact the plaintiffs were so dispossessed."
If, in the present case, the plaintiff had proved the permissive occupation by the defendants, the burden would then clearly have rested on the defendants to show that they had acquired title by twelve years' adverse possession.
But it has been found as a fact that the plaintiff has failed to prove this permissive occu-pation.
All that has been proved is that the plaintiff was at one time the owner, but that for the last 15 or 20 years the defendants have been in possession, and it seems to me that the plaintiff's claim is that the defendants obtained possession from him.
That being so, the suit, was a suit under Article 142, and on his failing to prove the permissive nature of the occupation the plaintiff could not succeed without at first showing that he had been in possession within twelve years of bringing the suit.
For these reasons I am of opinoin that this case was rightly. decided by the District Court and I dismiss this appeal with costs.”
Comments
Post a Comment