လက်ရှိထားပိုင်ခွင့်အကြောင်းမြန်မာနိုင်ငံစီရင်ထုံးသမိုင်း

 ဆရာကြီးဦးမြသင်ကြားပို့ချချက်များ


“လက်ရှိထားပိုင်ခွင့်အကြောင်းမြန်မာနိုင်ငံစီရင်ထုံးသမိုင်း”


၁၈၉၈ခုနှစ်၊မေလ(၁၁)ရက်နေ့၌စီရင်သည့်-


PJLB 436 


SAYA HLAING v. MAUNG LU GYI. 


Before E. Hosking, Esq.


အမှုတွင်၊ possessory title (လက်ရှိထားပိုင်ခွင့်)အရမြေလက်ရောက်ရထိုက်ကြောင်းတရားစွဲဆိုရာ၊မူလတရားရုံး၌တရားလိုအနိုင်ရသောဒီကရီကို၊အောက်မြန်မာပြည်တရားဌာနမင်းကြီးရုံး(ထိုစဉ်ကအောက်မြန်မာပြည်တွင်အမြင့်ဆုံးတရားရုံးဖြစ်သည်)ကအတည်ပြုသည်။


မြန်မာနိုင်ငံတရားရုံးများ၌၊လက်ရှိထားပိုင်ခွင့်ဟူသောဝေါဟာရကိုပထမဆုံးရည်ညွှန်းဆုံးဖြတ်သောအမှုဖြစ်ပုံပေါ်သည်။


စီရင်ထုံးစာမျက်နှာ၄၃၆တွင်၊အင်္ဂလိပ်တရားသူကြီး E. Hosking, Esq. ကအောက်ပါအတိုင်းပြဆိုသည်-


“This is an action by plantiff to recover possession of certain land upon the strength of a possessory titile under section 19 of the Land and Revenue Act.”


စီရင်ထုံးစာမျက်နှာ၄၃၆၊သတ္တမအပိုဒ်တွင်အောက်ပါအတိုင်းဆက်လက်ပြဆိုသည်-


“Suppose A, upon a possessory title under section 19, sues D', who relies. upon a grant or lease.”

———————————-


PJLB 436 စီရင်ထုံးကို၊ 8 LBR 227( F B )အမှု၌လိုက်နာသည်။

———————————-


၁၈၉၈ခုနှစ်၊ဒီဇင်ဘာလ(၂)ရက်နေ့တွင်ဆုံးဖြတ်သော-


PJLB 484 


MAUNG KYAW v. MAUNG AN.


Before F. S. Copleston, Esq.


စီရင်ထုံးသည်၊”လက်ရှိထားပိုင်ခွင့်”ကိုထင်ဟပ်သော၊အစောဆုံးစီရင်ထုံးဖြစ်ဟန်တူသည်။


နှစ်ဘက်ရှေ့နေများ(Maung Kyaw-for appellant, Messrs. Chan 'Toon and Villa. -for respondent.)သည်မြန်မာဝတ်လုံများဖြစ်သည်။


အယူခံတရားပြိုင်ဘက်မှလိုက်ပါသည့်ဝတ်လုံဦးချန်ထွန်းသည်ဝတ်လုံစာမေးပွဲတွင်ထူးထူးချွန်ချွန်အောင်မြင်သဖြင့်၊ဝိတိုရိယဘုရင်မရှေ့တော်သို့တင်သွင်းခြင်းခံရသည်ဆို၏။


မှန်မမှန်စာရေးသူတိတိကျကျမသိပါ။


၎င်းရေးသောမြန်မာဓလေ့ထုံးတမ်းဥပဒေနှင့်ဆိုင်သည့်ကျမ်းကို၊ပရီဗီကောင်စီကပင်ကိုးကားဆုံးဖြတ်သည်ကိုစီရင်ထုံးများတွင်အထင်အရှားတွေ့မြင်နိုင်သည်။


ဤကားထူးချွန်သောမြန်မာရှေ့နေများအကြောင်းသိစေလို၍ဖောက်သယ်ချခြင်းဖြစ်သည်။


စီရင်ထုံးတွင်၊တရားသူကြီး F. S. Copleston, Esq. ပြဆိုသော၊ဥပဒေသဘောတရားမှာအောက်ပါအတိုင်းရိုးရိုးစင်းစင်းဖြစ်သည်-


“A person who is lawfully in possession of land, though he may have no other title, is entitled to recover possession from another person who has no title and wrongfully enters into possession.”


မြေပိုင်ရှင်မဟုတ်စေကာမူ”ဥပဒေနှင့်အညီလက်ရှိဖြစ်သူသည်၊ဆိုင်ရေးဆိုင်ခွင့်တစုံတရာမရှိဘဲမြေအတွင်းကျူးကျော်ဝင်ရောက်သူ”အပေါ်မြေလက်ရောက်ရလိုမှုစွဲဆိုနိုင်သည်။


စီရင်ထုံးစာမျက်နှာ၄၈၅တွင်အောက်ပါအတိုင်းသုံးသပ်ဆုံးဖြတ်သည်-


“Mr. Chan Toon for the respondent-defendant has argued that the land now in dispute is not that said to have been let on rent to de-fendant.


Think the plaint is clear, and the evidence also that the land is the same.


He has also urged that a notice of the termination of a yearly tenancy is necessary.


There is no evidence that this was a tenancy from year to year.


It was a lease for one year only and notice of termination was not necessary.


The decision of the Court for First Instance was correct and the Court of First Appeal was wrong. 


A person who is lawfully in possession of land, though he may have no other title, is entitled to recover possession from the other person who has no title and wrongfully enters into possession. 


The decree of the Lower Appellate Court is set aside and that of the Court of First Instance is restored with costs.”

—————————————————


၁၉၁၅ခုနှစ်၊ဇူလ်ုင်လ(၉)ရက်နေ့၌စီရင်သော-


8 LBR 227 


IN RE MAUNG NAW v. 1. MA SHWE HMUT, 

                                       2. MAUNG PEIN.


Before Sir Charles Fox, Chief Judge, Mr. Justice Ormond and Mr. Justice Twomey.


စီရင်ထုံးတွင်အမှုဖြစ်စဉ်ကိုစာမျက်နှာ၂၂၇၌အောက်ပါအတိုင်းအကျဉ်းဖော်ပြသည်-


“A sued B to recover possession of land in respect of which there was no grantee, lessee or person having the status of landholder, basing his claim on the fact that he had been in possession and paid revenue to Government and had been dispossessed by B.”


[အချင်းဖြစ်မြေမှာအစိုးရပိုင်မြေဖြစ်ပြီး၊တရားလိုသည်ဂရန်ရမြေငှါးသို့မဟုတ်အောက်မြန်မာပြည်မြို့နှင့်ကျေးရွာများအက်ဥပဒေပုဒ်မ၄(၁၀)တွင်အဓိပ္ပာယ်ဖွင့်ဆိုထားသော”မြေလက်ရှိထားပိုင်ခွင့်ရှိသူ”တည်းဟူသောဆိုင်ရေးဆိုင်ခွင့်(အက်ဥပဒေအရအစိုးရမြေတွင်ရရှိနိုင်သောဆိုင်ရေးဆိုင်ခွင့်များ)တစုံတရာမရှိ။(အညတရ)လက်

ရှိဖြစ်သူမျှသာဖြစ်ကြောင်းမီးမောင်းထိုးပြထားသည်ကိုသတိပြုပါ။]


စုံညီခုံရုံးကစီရင်ထုံးစာမျက်နှာ၂၃၂တွင်စီရင်ထုံးသုံးရပ်ကိုကိုးကားပြီးနောက်အောက်ပါအတိုင်းထုံးဖွဲ့သည်-


“Mere previous possession is sufficient to support a claim for possession against one who has dispossessed the plaintiff when the defendant has no title himself.”


စီရင်ထုံးပါ”mere previous possession”ဟူသောစကားရပ်သည်-


”လက်ရှိထားပိုင်ခွင့်”ဟူသည့်ဝေါဟာရကဲ့သို့”ဥပဒေမဆန်”။


အရပ်သူအရပ်သားနားလည်သောရိုးစင်းသည့်အဆိုအမိန့်ဖြစ်သည်။


စီရင်ထုံးစာမျက်နှာ၂၂၇နှင့်၂၂၈တို့တွင်အမှုဖြစ်စဉ်ကိုအောက်ပါအတိုင်းဖော်ပြထားသည်-


“The plaintiffs sued for a declaration that a strip of land belonged to them, for possession of the same; and for Rs. 400 damages against the defendant for cutting dhanee trees belonging to the plaintiffs on that strip of land. Both the Lower Courts have found that the plaintiffs were in possession of the strip land; that they had planted the dhanee trees which the defendant destroyed, and that the defendant had encroached on the plaintiff’s land.”


အမှုဖြစ်စဉ်က၊တရားလိုများသည်မိမိတို့ဓနိပင်များစိုက်ပျိုးထားသောမြေလက်ရှိဖြစ်မှုကိုညွှန်ပြသည်။


မြေမှာနိုင်ငံတော်ပိုင်ဖြစ်သည်။


“တရားလိုတို့သည်မြေလက်ရှိဖြစ်ခြင်းမှတပါးမည်သည့်ဆိုင်ရေးဆိုင်ခွင့်(title)မျှရှိသည်မဟုတ်။”


စီရင်ထုံးခေါင်းစီးပါ”the defendant has no title himself “လာ-


”himself “ကို”ကိုယ်၌”ဟု၊မြန်မာစာအဖွဲ့ကပြုစုသောအင်္ဂလိပ်-မြန်မာအဘိဓာန်တွင်ဘာသာပြန်သည်။


“တရားပြိုင်ကိုယ်၌ဆိုင်ရေးဆိုင်ခွင့်တစုံတရာမရှိ။”


“ဆိုင်ရေးဆိုင်ခွင့်မရှိသည့်အရေးအရာတွင်တရားလိုနှင့်တရားပြိုင်တို့သူမသာကိုယ်မသာဖြစ်သည်။”


သို့သော်တရားလိုများမှာမြေလက်ရှိဖြစ်ခဲ့ပြီး၊တရားပြိုင်များသည်ကျူးကျော်ဝင်ရောက်နေထိုင်သူများသာဖြစ်ချေသည်။

————————————————


ဒေါ်ခင်လေးအမှု၊ 1966 BLR 1371 စီရင်ထုံစာမျက်နှာ၁၃၈၆၌-


“Possession is nine points of law.”


ဟုဆိုရိုးစကားရှိပေသည်။


“လက်ရှိရခြင်းသည်ပိုင်ခြင်းလက္ခဏာရှိသည်”ဟုမြွက်ဆိုထားသည်။


ဟိုက်ကုတ်တရားလွှတ်တော်တရားဝန်ကြီးဦးဘဦးသည်၊ရန်ကုန်စီရင်ထုံးစာအုပ်တအုပ်တွင်အဆိုပါဆိုရိုးကိုကိုးကားဖူးသည်။

———————————————


ဤအခြေအနေတွင်၊ 8 LBR 227( F B )အမှုမှတရားလိုများသည်မြေလက်ရှိဖြစ်ခဲ့ခြင်းကြောင့်၊တရားပြိုင်တို့ထက်၊တပန်းသာသည့်အလျောက်တရားပြိုင်များကျူးကျော်ဝင်ရောက်သောအချင်းဖြစ်မြေကိုလက်ရောက်ရလိုမှုစွဲဆိုရာ၌”လက်ရှိထားခဲ့မှုသက်သက်မျှဖြင့်”၊အမှုတွင်အနိုင်ရခွင့်ရှိသည်ဟုဆုံးဖြတ်ခြင်းသည်”တရားမျှတမှုအပေါ်အခြေခံကြောင်းမြင်သာသည်။”


တရားလိုတို့နိုင်ငံတော်ကိုအခွန်ဆောင်ခြင်းက၊ကိုးကားဖော်ပြခဲ့သော PJLB 484 အမှုတွင်ပြဆိုထားသည့်၊ဥပဒေနှင့်အညီလက်ရှိဖြစ်(lawfully in possession)သူများဖြစ်ကြသည်ကိုအကြောင်းအားလျော်စွာဆင်ခြင်လျှင်၊စကားအသုံးအနှုန်းကွဲပြားသော်လည်းထုံးဖွဲ့သောဥပဒေသဘောတရားမှာအတူတူဖြစ်သည်ကိုတွေ့နိုင်သည်။

—————————————


5 Ran 154 အမှုတွင် peaceful occupation (အေးအေးချမ်းချမ်းနေထိုင်ခြင်း)ဟူသောစကားရပ်သည် lawful possession နှင့်အနှစ်သာရအားဖြင့်အတူတူဖြစ်သည်ကိုသတိချပ်ပါ။

——————————————


8 LBR 227( F B )စီရင်ထုံး၌၊စုံညီခုံရုံးကပြဆိုသော”လက်ရှိထားပိုင်ခွင့်”ဆိုင်ရာဥပဒေသသည်၊”မြန်မာနိုင်ငံတွင်၁၉၁၅ခုနှစ်မှစ၍”အခြေကျလျက်ရှိသောတရားဥပဒေ(settled law)ဖြစ်သည်။

Comments

Popular posts from this blog

လင်မယားအဖြစ်ပြတ်စဲနိုင်သည့်နည်းအမျိုးမျိုး

ဇာရီမှုကိုဆိုင်းငံ့ရန်ငြင်းပယ်သောအမိန့်သည်ပုဒ်မ၄၇တွင်အကျုံးမဝင်။ 1938 Rangoon Law Reports 580

ကာလစည်းကမ်းသတ်ဥပဒေ[ Part Five ]