လက်ရှိထားပိုင်ခွင့် နှင့် PJLB 484
ဆရာကြီးဦးမြသင်ကြားပို့ချချက်များ
“လက်ရှိထားပိုင်ခွင့်”
၁၈၉၈ခုနှစ်၊ဒီဇင်ဘာလ(၂)ရက်နေ့၌ဆုံးဖြတ်သော PJLB 484 အမှုတွင်၊မြေကိုဥပဒေနှင့်အညီလက်ရှိထားသူသည်ဆိုင်ရေးဆိုင်ခွင့်(title)မရှိသော်လည်း၊ဆိုင်ရေးဆိုင်ခွင့်မရှိဘဲထိုမြေကိုလက်ရှိထားသူ(ကျူးကျော်သူ)အပေါ်”မြေလက်ရောက်ရထိုက်ခွင့်”ရှိသည်ဟုပြဆိုခဲ့ရာ၊ယနေ့တိုင်ဆန့်ကျင်ဘက်စီရင်ထုံးမရှိ။
ယင်းစီရင်ထုံးကိုတစိုက်မတ်မတ်လိုက်နာခဲ့ပြီး 1997 BLR 85( F B ) အမှုတွင်၊ထိုဥပဒေကိုလက်ခံအတည်ပြုရာမှ၊လက်ရှိထားပိုင်ခွင့်အရမြေအစရှိသည့်မရွှေ့မပြောင်းနိုင်သောပစ္စည်းကိုလက်ရောက်ရလိုမှုစွဲဆိုနိုင်သည်ဟူသောဥပဒေကို၊မြန်မာနိုင်ငံတရားရေးလောက၌မသိသူမရှိသလောက်ဖြစ်သည်။
သို့သော်ဆိုင်ရာဥပဒေကိုစွဲဆိုသောအမှုနှင့်ချိန်ထိုးဆန်းစစ်ရာ၌အားနည်းမှုများပေါ်ပေါက်လျက်ရှိသည်ကိုတွေ့ရသည်။
————————————-
၁၈၉၈ခုနှစ်၊ဒီဇင်ဘာလ(၂)ရက်နေ့တွင်ဆုံးဖြတ်သော-
PJLB 484
MAUNG KYAW v. MAUNG AN.
Before F. S. Copleston, Esq.
စီရင်ထုံးသည်၊”လက်ရှိထားပိုင်ခွင့်”ကိုထင်ဟပ်သော၊အစောဆုံးစီရင်ထုံးဖြစ်ဟန်တူသည်။
နှစ်ဘက်ရှေ့နေများ(Maung Kyaw-for appellant, Messrs. Chan 'Toon and Villa. -for respondent.)သည်မြန်မာဝတ်လုံများဖြစ်သည်။
အယူခံတရားပြိုင်ဘက်မှလိုက်ပါသည့်ဝတ်လုံဦးချန်ထွန်းသည်ဝတ်လုံစာမေးပွဲတွင်ထူးထူးချွန်ချွန်အောင်မြင်သဖြင့်၊ဝိတိုရိယဘုရင်မရှေ့တော်သို့တင်သွင်းခြင်းခံရသည်ဆို၏။
မှန်မမှန်စာရေးသူတိတိကျကျမသိပါ။
၎င်းရေးသောမြန်မာဓလေ့ထုံးတမ်းဥပဒေနှင့်ဆိုင်သည့်ကျမ်းကို၊ပရီဗီကောင်စီကပင်ကိုးကားဆုံးဖြတ်သည်ကိုစီရင်ထုံးများတွင်အထင်အရှားတွေ့မြင်နိုင်သည်။
ဤကားထူးချွန်သောမြန်မာရှေ့နေများအကြောင်းသိစေလို၍ဖောက်သယ်ချခြင်းဖြစ်သည်။
စီရင်ထုံးတွင်၊တရားသူကြီး F. S. Copleston, Esq. ပြဆိုသော၊ဥပဒေသဘောတရားမှာအောက်ပါအတိုင်းရိုးရိုးစင်းစင်းဖြစ်သည်-
“A person who is lawfully in possession of land, though he may have no other title, is entitled to recover possession from another person who has no title and wrongfully enters into possession.”
မြေပိုင်ရှင်မဟုတ်စေကာမူ”ဥပဒေနှင့်အညီလက်ရှိဖြစ်သူသည်၊ဆိုင်ရေးဆိုင်ခွင့်တစုံတရာမရှိဘဲမြေအတွင်းကျူးကျော်ဝင်ရောက်သူ”အပေါ်မြေလက်ရောက်ရလိုမှုစွဲဆိုနိုင်သည်။
စီရင်ထုံးစာမျက်နှာ၄၈၅တွင်အောက်ပါအတိုင်းသုံးသပ်ဆုံးဖြတ်သည်-
“Mr. Chan Toon for the respondent-defendant has argued that the land now in dispute is not that said to have been let on rent to de-fendant.
Think the plaint is clear, and the evidence also that the land is the same.
He has also urged that a notice of the termination of a yearly tenancy is necessary.
There is no evidence that this was a tenancy from year to year.
It was a lease for one year only and notice of termination was not necessary.
The decision of the Court for First Instance was correct and the Court of First Appeal was wrong.
A person who is lawfully in possession of land, though he may have no other title, is entitled to recover possession from the other person who has no title and wrongfully enters into possession.
The decree of the Lower Appellate Court is set aside and that of the Court of First Instance is restored with costs.”
Comments
Post a Comment