(1907)A.C.73

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ


လက်ရှိထားပိုင်ခွင့်အရပစ္စည်းလက်ရောက်ရလိုကြောင်းစွဲဆိုသည့်အမှု၌အချင်းဖြစ်ပစ္စည်းမှာအခြားသူ(ဥပမာ နိုင်ငံတော်)ပိုင်ပစ္စည်းဖြစ်ခဲ့လျှင်ထိုဆိုင်ရေးဆိုင်ခွင့်မရှိသောတရားလိုကလက်ရောက်ရလိုကြောင်းတရားစွဲဆိုခွင့်ရှိမရှိပြဿနာအပေါ် အင်္ဂလန်နိုင်ငံတွင်သဘောထားအမြင်များကွဲပြားခဲ့သည်။


374 HIGH COURT 1906.


[PRIVY COUNCIL.]


PERRY                                        APPELLANT; 

                   AND 


CLISSOLD AND OTHERS         RESPONDENTS.


ON APPEAL FROM THE HIGH COURT OF AUSTRALIA.


PRIVY COUNCIL 1906. Dec. 14.


Present. The Lord Chancellor, The Earl of Halsbury, Lord Macnaghten, Lord Davey, Lord Robertson, Lord Atkinson, Sir Ford North,, Sir Arthur Wilson.


ပရီဗီကောင်စီကစီရင်ထုံးစာမျက်နှာ၃၇၇နှင့်၃၇၈တွင်စီရင်ထုံးများကိုရည်ညွှန်းကိုးကားစိစစ်ပြီးအောက်ပါအတိုင်းသုံးသပ်သည်-


 “It cannot be disputed that a person in possession of land in the assumed character of owner and exercising peaceably the ordinary rights of ownership has a perfectly good title against all the world but the rightful owner. 


And if the rightful owner does not come forward and assert his title by process of law within the period prescribed by the provisions of the Statute of Limitations applicable to the case, his right is for ever ex-tinguished, and the possessory owner acquires an absolute title.


On behalf of the Minister reliance was placed on the case of Doe v. Barnard (1),  13 Q. B., 945. which seems to lay down this pro-position, that if a person having only a possessory title to land be supplanted in the possession by another who has himself no better title, and afterwards brings an action to recover the land, he must fail in case he shows in the course of the proceedings that the title on which he seeks to recover was merely possessory. 


It is however difficult, if not impossible, to reconcile this case with the later case of Asher v. Whitlock (2),  L.R. 1 Q.B., 1. in which Doe v. Barnard (1)  13 Q. B., 945. was cited.


The judgment of Cockburn C.J. is clear on that point. 


The rest of the Court concurred, and it may be observed that one of the members of the Court in Asher v. Whitlock (2), L.R. 1 Q.B., 1.(Lush J.) had been of counsel for the successful party in Doe v. Barnard (1). 13 Q. B., 945.


The conclusion at which the Court arrived in Doe v. Barnard (1) 13 Q.B., 945.is hardly consistent with the views of such eminent authorities on real property law as Mr. Preston and Mr. Joshua Williams. 


It is opposed to the opinions of modern text writers of such weight and authority as Professor Maitland and Holmes J., of the Supreme Court of the United States (2).See three articles by Professor Maitland in the Law Quarterly, vols. 1., it., and iv.; Holmes, Common Law, p. 244.”

——————————————————


Supreme Court of India


Nair Service Society Ltd vs Rev. Father K. C. Alexander & Ors


 on 12 February, 1968


Equivalent citations: 1968 AIR 1165, 1968 SCR (3) 163


အင်္ဂလန်နိုင်ငံတွင်သဘောထားအမြင်များကွဲပြားခဲ့သည့်သမိုင်းကြောင်းကို AIR 1968 SC 1165 စီရင်ထုံး၌စိစစ်ပြီး(1907)A.C.73(Appeal Court)စီရင်ထုံးသည်ဖော်ပြခဲ့သောအခြေခံဥပဒေသဘောတရား(principle)မှသွေဖီခြင်းမရှိဟုအောက်ပါအတိုင်းရှင်းရှင်းလင်းလင်းထုံးဖွဲ့ကာမူသဘောတရားကိုပြန်လည်အတည်ပြုခဲ့ကြောင်း(reaffirmed)တွေ့ရသည်ဟုအိန္ဒိယနိုင်ငံတရားလွှတ်တော်ချုပ်ကစီရင်ထုံးတွင်ပြဆိုသည်။


“It cannot be disputed that a person in possession of land in the assumed character of owner and exercising peaceably the ordinary rights of ownership has a perfectly good title against all the world but the rightful owner.


And if the rightful owner does not come forward and assert his title by the process of law within the period prescribed by the provisions of the Statute of Limitation applicable to the case, his right is forever extinguished, and the possessory owner acquires an absolute title."


စာရေးသူ၏သီးခြားသက်သာခွင့်အက်ဥပဒေစာအုပ်စာမျက်နှာ၂၃တွင်အထက်ဖော်ပြပါစီရင်ထုံးပါထုံးဖွဲ့ချက်ကိုမြန်မာဘာသာဖြင့်ပြန်ဆိုကာအောက်ပါအတိုင်းဖော်ပြခဲ့သည်-


[ပိုင်ရှင်အသွင်ဖြင့်မြေလက်ရှိဖြစ်ပြီးပိုင်ရှင်၏သာမာန်အခွင့်အရေးကိုသုံးစွဲနေထိုင်သူတဦးသည်ပိုင်ရှင်အစစ်မှတပါးခပ်သိမ်းကုန်သောသူတို့နှင့်စပ်လျဉ်း၍ပိုင်ဆိုင်ခွင့်အခိုင်အမာရှိသည်။


ပိုင်ရှင်အစစ်သည်စည်းကမ်းသတ်ကာလအတွင်းမိမိအခွင့်အရေးကိုအရေးဆိုခြင်းမပြုလျှင်၊ထိုသူ၏အခွင့်အရေးသည်ဆိတ်သုဉ်းသွားပြီးလက်ရှိထားလျက်ရှိသောသူသည်ပိုင်ဆိုင်ခွင့်အပြီးအပိုင်ရရှိသည်။


ပိုင်ရှင်မဟုတ်သောအခြားသူကထိုသို့လက်ရှိထားခြင်းကိုအနှောင့်အယှက်ပြုလာလျှင်၊လက်ရှိထားသူသည်သီးခြားသက်သာခွင့်အက်ဥပဒေအရလက်ရောက်ရလိုကြောင်းစွဲဆိုနိုင်သည်။]


အင်္ဂလန်နိုင်ငံတွင်ကျင့်သုံးသည့်အခြေခံဥပဒေသဘောတရားမှာ-


“Prior possession is a good title of ownership against all who cannot show a better title”


“အလျင်လက်ရှိဖြစ်ခြင်းသည်သာလွန်သောဆိုင်ရေးဆိုင်ခွင့်ရှိကြောင်းမပြနိုင်သည့်သူတို့အားလုံးအပေါ် ပိုင်ဆိုင်မှုကိုထင်ဟပ်သောခိုင်မာသည့်ဆိုင်ရေးဆိုင်ခွင့်ဖြစ်သည်”ဟူ၍ဖြစ်သည်။ 


မြန်မာနိုင်ငံတွင်ကျင့်သုံးသောဥပဒေသဘောတရားနှင့်ကွဲပြားခြင်းမရှိ။


8 LBR 227 ( F B )စီရင်ထုံးတွင်”previous”ဟုသုံးသည်။

—————————————-


မြန်မာနိုင်ငံတွင်အတည်ဖြစ်လျက်ရှိသောကာလစည်းကမ်းသတ်ဆိုင်ရာဥပဒေမှာ”The Limitation Act”ဖြစ်သည်။ 


အင်္ဂလန်နိုင်ငံဥပဒေမှာ”The Statute of Limitation”ဖြစ်ကြောင်းအထက်ပါစီရင်ထုံးအရသိနိုင်သည်။ 


ထိုဥပဒေကိုစာရေးသူမဖတ်ဖူးပါ။ 


သို့သော်မြန်မာနိုင်ငံ၌အတည်ဖြစ်လျက်ရှိသောကာလစည်းကမ်းသတ်အက်ဥပဒေပုဒ်မ၂၈ ပါပြဌာန်းချက်များမှာ၊အင်္ဂလန်နိုင်ငံရှိ”The Statute of Limitation”လာပြဌာန်းချက်များနှင့်တူပုံပေါ်ကြောင်းအထက်ပါထုံးဖွဲ့ချက်ကညွှန်ပြသည်။ 


အမှန်ဆိုသော်မြန်မာနိုင်ငံဥပဒေသည်အင်္ဂလန်နိုင်ငံကာလစည်းကမ်းသတ်ဥပဒေတွင် မြစ်ဖျားခံသည်မှာယုံမှားဖွယ်မရှိ။


အထက်ပါထုံးဖွဲ့ချက်-


“a person in possession of land in the assumed character of owner and exercising peaceably the ordinary rights of ownership has a perfectly good title against all the world but the rightful owner.”


သည်အိန္ဒိယနိုင်ငံတရားလွှတ်တော်ချုပ်၏ထုံးဖွဲ့ချက်ဖြစ်လာသည်။ 


ထုံးဖွဲ့ချက်၏ဒုတိယဝါကျပထမအပိုင်း-


“And if the rightful owner does not come forward and assert his title by process of law within the period prescribed by the provisions of the Statute of Limitations applicable to the case, his right is for ever extinguished, and the possessory owner acquires an absolute title.”


သည်ကာလစည်းကမ်းသတ်အက်ဥပဒေပုဒ်မ ၂၈ ပါပြဌာန်းချက်ကို အခြားတနည်းဖော်ပြခြင်းဖြစ်သည်။


“လက်ရှိထားခြင်းဖြင့်ပိုင်သူသည်အကြွင်းမဲ့ပိုင်ဆိုင်ခွင့်ရရှိသည်”


“possessory owner acquires an absolute title”


ဟူသောဥပဒေကိုကာလစည်းကမ်းသတ်အက်ဥပဒေတွင်အတိအလင်းပြဌာန်းခြင်းမပြု။ 


သို့သော်ပိုင်ဆိုင်ခွင့်ကုန်ဆုံးပြတ်စဲသွားသဖြင့်လက်ရှိထားသူကအကြွင်းမဲ့ပိုင်ရှင်ဖြစ်သွားသည်။


“ပုဒ်မ၂၈”တွင်ထိုသို့အတိအလင်းပြဌာန်းထားခြင်းမရှိသည်မှာမလို၍ဖြစ်သည်။ 


သတ်မှတ်ထားသောကာလကြာ တရားလိုလက်ရှိထားမှုသည်ပိုင်ရှင်ဖြစ်သွားသည်ဟု “ပုဒ်မ၂၈”ကမပြောမဆိုရုံတမယ်သာရှိသည်။ 


ပိုင်ရှင်၏ပစ္စည်းပိုင်ဆိုင်ခွင့်ပျက်သုဉ်းသွားလျှင်လက်ရှိထားသူသည်ပစ္စည်းပိုင်ရှင်ဖြစ်သွားသည်ဟု သဘာဝကျကျဆင်ခြင်ယူ၍ရနိုင်သည်။

———————————————


“သတ်မှတ်ကာလကျော်လွန်ကာဆန့်ကျင်လက်ရှိထားရာမှပိုင်ရှင်ဖြစ်လာခြင်း”


“possessory owner acquires an absolute title”


ဟူသောဥပဒေကိုကာလစည်းကမ်းသတ်ဥပဒေတွင်အတိအလင်းပြဌာန်းခြင်းမပြု။ 


သို့သော်ပိုင်ဆိုင်ခွင့်ကုန်ဆုံးပြတ်စဲသွားသဖြင့်လက်ရှိထားသူကအကြွင်းမဲ့ပိုင်ရှင်ဖြစ်သွားသည်။ 


“ပုဒ်မ၂၈”တွင်ထိုသို့အတိအလင်းပြဌာန်းထားခြင်းမရှိသည်မှာမလို၍ဖြစ်သည်။ 


သတ်မှတ်ထားသောကာလကြာတရားလိုလက်ရှိထားမှုသည်ပိုင်ရှင်ဖြစ်သွားသည်ဟု”ပုဒ်မ၂၈”ကမပြောမဆိုရုံတမယ်သာရှိသည်။ 


ပိုင်ရှင်၏ပစ္စည်းပိုင်ဆိုင်ခွင့်ပျက်သုဉ်းသွားလျှင်လက်ရှိထားသူသည်ပစ္စည်းပိုင်ရှင်ဖြစ်သွားသည်ဟုသဘာဝကျကျဆင်ခြင်ယူ၍ရနိုင်သည်။

—————————————————


“မြန်မာနိုင်ငံစီရင်ထုံးပါအဆိုအမိန့်”


1963 BLR 672 ( DB )အမှုတွင်ခုံရုံးက-


“It therefore had possessory title which in course of time ripened into prescriptive title." 


ဟုထုံးဖွဲ့သည်။ 


အင်္ဂလန်နိုင်ငံစီရင်ထုံးလာ-


“possessory owner acquires an absolute title.”


ဟူသောမြွက်ဆိုချက်ကိုတနည်းပြဆိုခြင်းဖြစ်သည်။


အထက်ပါစီရင်ထုံးရှိ”ripened into”ဟူသောစကားရပ်ကိုမြန်မာစာအဖွဲ့ကပြုစုသောအင်္ဂလိပ်မြန်မာအဘိဓာန်တွင်လည်းကောင်း၊စာရေးသူလက်လှမ်းမီသော Oxford Advanced Learner's Dictionary of Current English(၁၉၇၄ခုနှစ်ထုတ်)တွင်လည်းကောင်း၊ အဓိပ္ပာယ်ဖွင့်ဆိုထားခြင်းမရှိပါ။


မြန်မာအဘိဓာန်အကျဉ်းချုပ်-


(၁၉၈၀ပြည့်နှစ်ထုတ်)အတွဲ၄စာမျက်နှာ၂၆တွင်-


“ရောက်”ဟူသောစကားလုံးကို”တစုံတခုသောအဖြစ်အနေသို့ဆိုက်သည် "ဟူ၍လည်းကောင်း၊ 


စာမျက်နှာ၂၃၂တွင်”သွား”ဟူသောစကားလုံးကို”တစုံတခုသောဖြစ်ပျက်မှုသည်လုံးဝပြည့်စုံ”ပြီးပြတ်စွာဖြစ်ခြင်းသဘောကိုခိုင်မာထင်ရှားစေရန်ကြိယာတွင်စပ်၍သုံးသောစကားလုံးဟူ၍လည်းကောင်း


စာမျက်နှာ၅၀၌”ရှိ”ဟူသောစကားလုံးကို”တစုံတခုသောအခြေအနေသို့ဆိုက်ရောက်သည်”ဟူ၍လည်းကောင်း၊အဓိပ္ပာယ်ဖွင့်ဆိုချက်များအရ


”ripened into”ဟူသောစကားရပ်ကို”အဖြစ်သို့ရောက်ရှိသွားသည်”ဟုဘာသာပြန်ပါသည်။ 


သို့ဖြစ်ရာ”လက်ရှိထားပိုင်ခွင့်သည်အချိန်တန်သော်အကြွင်းမဲ့ဆိုင်ရေးဆိုင်ခွင့်အဖြစ်သို့ရောက်ရှိသွားသည်”ဟုဘာသာပြန်ရန်ဖြစ်ပါသည်။


(1907)A.C.73 စီရင်ထုံးပါ”possessory owner”နှင့် 1963 BLR 672 လာ “possessory title” ”absolute title”နှင့် “prescriptive title”ဟူသောစကားရပ်အသီးသီးသည်ကွဲပြားကြသော်လည်းအနှစ်သာရအားဖြင့်ဆိုလိုရင်းချင်းတူသည်။


မြန်မာစာအဖွဲ့ကထုတ်ဝေသော-


အင်္ဂလိပ်မြန်မာအဘိဓာန်စာမျက်နှာ၁၀၆၇၌-


“prescriptive”ကို”တာရှည်ကျင့်သုံးမှုအရ”တရားဝင်ဖြစ်ကာလက်ခံရသောပိုင်ခွင့်ဟုအဓိပ္ပာယ်ဖွင့်ဆိုပြီး”prescriptive rights”(1961 BLR(HC)119(DB)စီရင်ထုံးစာမျက်နှာ၁၂၉တွင်ထိုဝေါဟာရကိုသုံးသည်)ဟုဥပမာပေးသည်။ 


သို့သော်ထိုစကားရပ်ကိုမြန်မာဘာသာသို့ပြန်ဆိုခြင်းမပြု။ 


သို့ဖြစ်၍”prescriptive title”ကိုဘာသာပြန်ရာ၌မှီငြမ်းစရာကျမ်းမရှိပါ။


1961 BLR ( HC ) 119 ( DB )အမှုတွင်စီရင်ထုံးစာမျက်နှာ၁၂၆၌-


“In our opinion , there is no doubt whatsoever that the plaintiffs have become owners of the house in suit in view of article 144 of the Limitation Act read with section 28 thereof . xxxxxx"


ဟုဆုံးဖြတ်သည်။


မရွှေ့မပြောင်းနိုင်သောအိမ်မြေစသည့်ပစ္စည်းကို၁၂နှစ်ကျော်ပိုင်ရှင်နှင့်ဆန့်ကျင်လက်ရှိထားသူသည်ပိုင်ရှင်ဖြစ်သွားသည်ဟုဆိုခြင်းသည်(1907)A.C.73 စီရင်ထုံးတွင်ရည်ညွှန်းသည့်”absolute title”ဟူသောစကားရပ်ကဲ့သို့ဥပဒေမဆန်၊အများနားလည်နိုင်သည့်ရိုးစင်းသောအဆိုအမိန့်ဖြစ်သည်။


သို့ဖြစ်ရာစာရေးသူက”prescriptive title”ဟူသောစကားရပ်ကိုကာလစည်းကမ်းသတ်အရ”ရရှိသောအကြွင်းမဲ့ဆိုင်ရေးဆိုင်ခွင့်”ဟုဘာသာပြန်ခြင်းသည်အထက်ပါစီရင်ထုံးများအရ”ယင်းစကားရပ်၏အဓိပ္ပာယ်”ကိုခြုံငုံမိသည်ဟုသဘောရရှိပါသည်။


(မှတ်ချက်။   ။အထက်ပါအဘိဓာန်လာ၊တာရှည်ကျင့်သုံးမှုအရဆိုသောအဓိပ္ပာယ်ဖွင့်ဆိုချက်ကိုမှီးသည်။)


1964 BLR 917အမှုတွင်တရားမကျင့်ထုံးဥပဒေပုဒ်မ၁၁ပါတရားဥပဒေကိုတရားရုံးချုပ်တရားသူကြီးချုပ်ဦးဘိုကြီးကမြန်မာဘာသာဖြင့်”မီးသေဆုံးဖြတ်ချက် "ဟူသောဝေါဟာရကိုထွင်ခဲ့သည်။ 


“Prescriptive title”ဟူသောစကားရပ်ကိုကာလစည်းကမ်းသတ်အရရရှိသော "အကြွင်းမဲ့ဆိုင်ရေးဆိုင်ခွင့်”ဟုဆိုခြင်းသည်ထိုစီရင်ထုံးပါ”မီးသေ”ဟူသောဝေါဟာရကဲ့သို့ဆိုင်ရာစကားရပ်၏အဓိပ္ပာယ်ကိုဖွင့်လှစ်ပြနိုင်သည်မဟုတ်သည်မှာမှန်ပါသည်။


သို့ရာတွင်ကွက်တိဝေါဟာရကိုတီထွင်နိုင်သူပညာရှင်မပေါ်မီ၊သစ်မရမီဝါးသုံးရသကဲ့သို့၊အင်္ဂလိပ်ဘာသာဝေါဟာရ၏ဆိုလိုရင်းကိုလွှမ်းခြုံမိသောအထက်ပါမြန်မာဘာသာပြန်ဝေါဟာရကိုစမ်းသုံးကြည့်ပါက၊မီးသေခြင်းဝေါဟာရကဲ့သို့တနေ့နေ့တချိန်ချိန်တွင် တွင်တွင်ကျယ်ကျယ်အသုံးကျသောဝေါဟာရဖြစ်ကောင်းဖြစ်လာပါလိမ့်မည်။

——————————————-


1963 BLR ( C C )672(681)စီရင်ထုံးတွင်ကိုးကားထားသော-


Narayana Row v.Dharmachar, I.L.R. 26 Mad. 5I5; 


စီရင်ထုံးစာမျက်နှာ၂နှင့်၃၊အပိုဒ်၂အဆုံးနှင့်အပိုဒ်၃၊၄၊၅တို့တွင်တွင်အောက်ပါအတိုင်းသုံးသပ်သည်-


Madras High Court


Narayana Row vs Dharmachar 


on 7 October, 1902


Equivalent citations: (1903) 13 MLJ 146


“In the language of modern English authorities, " possession is good title against all but the true owner,(Asher v. Whitlock (1865) L. R. 1 Q.B. 1 at 6, and a person in peaceable possession of land has, as against every one but the true owner, an interest capable of being inherited, devised or conveyed." Asher v. Whitlock, per Markby, J. at pp. 2 and 3). 


As observed by Subramania Aivar, J. in Mustapha Saib v. Santha Pillai I.L.R. 23 M. 179 at 183 the above principle of law is so firmly established as to render a lengthened discussion about it quite superfluous. 


There is nothing in the Indian Law which militates against this principle and with all respect we are wholly unable to concur in the view taken by Calcutta High Court in Nisa Chand Gaita v. Kanchiram Bagari I.L.R. 26 C. 579 that previous possession for any time short of the statutory period will not entitle a plaintiff to a decree for recovery of possession in a suit brought more than six months after dispossession even if the defendant could not establish any title to the disputed land. 


In our opinion, Section 9 of the Specific Relief Act, corresponding to Section 15 of Act XIV of 1859, is in no way inconsistent with the position that as against a wrong-doer prior possession of the plaintiff in an action of ejectment is sufficient title even if the suit be brought more than 6 months after the act of dispossession complained of and that the wrongdoer cannot successfully resist the suit by showing that the title and right to possession are in a third person. 


A plea of jus tertii is no defence unless the defendant can show that the act complained of was done by the authority of the true owner Graham v. Peat 1 East 244 and Chambers v. Donaldson 11 East 65 and it is immaterial however short or recent, the plaintiff's possession was Callers v. Cowper 4 Taunt, 547 Doe d. Hughes v. Dyeball. 1 Moo. and M. 346 The only effect of Section 9 of the Specific Relief Act is that it a summary suit be brought within the time prescribed by that section, the plaintiff therein, who was dispossessed otherwise than in due course of law, will be entitled to be reinstated even if the defendant who thus dispossessed him be the true owner or a person authorized by or claiming under him, but a decree in such a suit will not have the force of res judicata on the question of title.


3. The rule of English Law that possession is good title against all but the true owner was adopted and enforced by the Judicial Committee of the Privy Council in two Indian cases Sunder v. Parbati I.L.R. 12 A 51 at p. 56 and Ismail Ariff v. Mahomed Ghous I.L.R., 20 C. 834. In Sunder v. Parbati I.L. R. 12 A 51 at p. 56 the Judicial Committee observed that the Chief Justice of the Allahabad High Court was right in his statement of the law, that according to the import of the authorities cited by him "possession is a good title against all the world except the person who can show a better title. By reason of his possession such person has an interest which can be sold or devised. 


But their Lordships, being of opinion that the Chief Justice erred in not applying that law to the facts of that case, held that the widows of a deceased Hindu had a possessory title or interest in his estate notwithstanding that a preferable title might exist in others through the deceased devisee of their husband, and that the estate being jointly held by the widows though for a time short of the statutory period after the death of the devisee was partible between the widows and that either widow might maintain a suit for partition against the other.


4. In Ismail Ariff v. Mahomed Ghous I.L.R. 20 C. 843 , it was held that possession of land was sufficient evidence of right as owner, as against a person who had no title whatever and that the plaintiff was entitled to obtain a declaratory decree and an injunction restraining the wrongdoer from interfering with his possession.


5. The principle underlying the rule of law in question seems to be that acquisition of title by operation of the law of limitation, being a lawful mode of acquiring title, the person in peaceable possession is entitled to maintain such possession against all but the true owner and that therefore a third party who has no better title than the person in possession has no right to invade upon the possession of the latter and interrupt or arrest his lawful acquisition of title by his continuing to remain in possession for the statutory period. 


It is the true owner alone that is entitled to arrest his title as against the person wrongfully in possession and prevent such wrongful possession ripening into prescriptive title. 


But a third party who, without deriving title under the true owner and without his authority, interrupts such possession before it has ripened into prescriptive title is a trespasser not only against the true owner, but also against the party actually in possession and subject to the law of limitation either of them is entitled to maintain a suit in ejectment against such intruder, as a trespasser.”

Comments

Popular posts from this blog

လင်မယားအဖြစ်ပြတ်စဲနိုင်သည့်နည်းအမျိုးမျိုး

ဇာရီမှုကိုဆိုင်းငံ့ရန်ငြင်းပယ်သောအမိန့်သည်ပုဒ်မ၄၇တွင်အကျုံးမဝင်။ 1938 Rangoon Law Reports 580

ကာလစည်းကမ်းသတ်ဥပဒေ[ Part Five ]