တရားဝန်ကြီးဦးစံမောင်တဦးတည်းရေးသောစီရင်ချက်များ။ 1959 BLR ( H C ) 314, 1961 BLR ( H C ) 119, 1963 BLR ( C C ) 672

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ


1963 BLR ( C C ) 672 


KO KYI SHEIN (APPELLANT)

                       V.

KO SOE SAN AND ONE (RESPONDENTS).*


Before U Bo Gyi, C.J., and U San Maung, J.


အမှုတွင်ခုံရုံးက-


[It therefore had “possessory title “which in course of time “ripened into prescriptive title.”]


ဟုထုံးဖွဲ့သည်။


(1907)A.C.73(PERRY v. CLISSOLD AND OTHERS)စီရင်ထုံးလာ-


“possessory owner acquires an absolute title.”


ဟူသောမြွက်ဆိုချက်ကိုတနည်းပြဆိုခြင်းဖြစ်သည်။

————————————-

1959 BLR ( H C ) 314 ( 316 )


U SAUNG (APPELLANT)

                 V.

U KHIN MAUNG AND ONE (RESPONDENTS).*


Before U San Maung, J.

—————————————


1961 BLR ( H C ) 119 ( 128-129 ) ( D B )


U PU AND ONE, (APPELLANTS) 

                         V.

RAM KISHAN AND ANOTHER (RESPONDENTS).*


Before U San Maung and U Mya Thein, JJ.

——————————————-


1963 BLR ( C C ) 672 


KO KYI SHEIN (APPELLANT)

                       V.

KO SOE SAN AND ONE (RESPONDENTS).*


Before U Bo Gyi, C.J., and U San Maung, J.

—————————————

စီရင်ထုံးတို့ပါအမှုသုံးမှု၌၊အငြင်းပွါးသောမြေအသီးသီးမှာ၊”အိုးအိမ်ဦးစီးဌာနပိုင်မြေကွက်များ”ဖြစ်သည်။


ထိုစီရင်ထုံးသုံးရပ်လုံးတွင်ထုံးပြုသောစီရင်ချက်များကို၊တရားဝန်ကြီးဦးစံမောင်တဦးတည်းရေးသည်။

———————————


1963 BLR ( C C ) 672 


KO KYI SHEIN (APPELLANT)

                       V.

KO SOE SAN AND ONE (RESPONDENTS).*


Before U Bo Gyi, C.J., and U San Maung, J


အယူခံမှုကိုကြားနာစဉ်က၊အယူခံတရားလိုကိုကြည်ရှိန်ဘက်မှတရားလွှတ်တော်ရှေ့နေဦးဘမော်သည်-


1959 BLR ( H C ) 314 


U SAUNG (APPELLANT)

                 V.

U KHIN MAUNG AND ONE (RESPONDENTS).*


Before U San Maung, J.

—————————————


1961 BLR ( H C ) 119 


U PU AND ONE, (APPELLANTS) 

                         V.

RAM KISHAN AND ANOTHER (RESPONDENTS).*


Before U San Maung and U Mya Thein, JJ.

——————————————-

စီရင်ထုံးနှစ်ရပ်ကိုတင်ပြလျှောက်လဲဟန်မတူ။

—————————————


1959 BLR ( H C ) 314 


U SAUNG (APPELLANT)

                 V.

U KHIN MAUNG AND ONE (RESPONDENTS).*


Before U San Maung, J.


အမှုတွင်၊တရားဝန်ကြီးဦးစံမောင်ကစီရင်ထုံးစာမျက်နှာ၃၁၅နှင့်၃၁၆၌အောက်ပါအတိုင်းသုံးသပ်ဆုံးဖြတ်သည်-


“In the case now under consideration what the plaintiff said was that he was a squatter for about 15 years on the suit land which then stood in the name of Daw Sein Tin who was a lessee of the Rangoon Development Trust. 


Recently, the National Housing Board which was the successor of the Rangoon Development Trust, issued a 6o years' lease to the defendant-respondent U Khin Maung in place of the deceased Daw Sein Tin. 


The plaintiff-appellant therefore claims that by virtue of the fact that he had been in possession of the suit land as a squatter for over 12 years, he was entitled to a declaration as against the defendant-respondent that he had acquired a landholder's right.


It is, however, clear that such a declaration as that asked for by the plaintiff-appellant cannot be given on the facts stated by him. 


Government was the owner of the land and still remains the owner as there can be no prescriptive a right against it except through adverse possession for more than 60 years. 


[See Secretary of State for India v. Chellikani Rama Rao (I)(1916) I.L.R. 39 Mad. 617. Kodoth Ambu Nair v. Secretary of State for India (2) A.I.R. (1924) P.C. 150. and Abdul Wahab v. Secretary of State (3) (1926) I.L.R. 7 Lah. 210.]. 


The defendant-respondent U Khin Maung being a lessee of the National Housing Board which is a Government agency, there cannot be any decrec for declaration against him that the plaintiff-appellant U.Saung is the owner of the land, which he is not. 


Accordingly, the bundle of facts which the plaintiff can prove cannot give him the judgment which he seeks.


Consequently, there was no cause of action as against the defendant-respondent U Khin Maung.


In the result, the appeal fails and is dismissed with costs. 


Advocate fees two gold mohurs.”

——————————————————-


1961 BLR ( H C ) 119 


U PU AND ONE, (APPELLANTS) 

                         V.

RAM KISHAN AND ANOTHER (RESPONDENTS).*


Before U San Maung and U Mya Thein, JJ.


အမှုတွင်၊၁၂နှစ်ကျော်ဆန့်ကျင်လက်ရှိထားသောတရားလိုတို့သည်၊ဆန့်ကျင်လက်ရှိထားသောအိမ်၏ပိုင်ရှင်များဖြစ်သွားကြောင်း၊တရားလွှတ်တော်ခုံရုံးကအောက်ပါအတိုင်းထုံးဖွဲ့ထားသည်-


“In our opinion, there is no doubt whatsoever that the plaintiffs have become owners of the house in suit in view of article 144 of the Limitation Act read with section 28 thereof, for section 28 reads: " At the determination of the period hereby limited to any person for instituting. a suit for possession of any property, his right to such property shall be extinguished."


ခုံရုံးက”there is no doubt whatsoever”(မည်သည့်သံသယမျှမရှိ)ဟုအစချီကာ၊ဆိုင်ရာပြဌာန်းချက်များကိုရည်ညွှန်းပြီး”တရားလိုများသည်ဆန့်ကျင်လက်ရှိထားခြင်းကိုအကြောင်းပြုပြီးအိမ်ပိုင်ရှင်ဖြစ်သွားသည်”ဟူသောအဆိုအမိန့်ကိုပြတ်ပြတ်သားသားမြွက်ဆိုခြင်းဖြစ်သည်။


စီရင်ထုံးတွင်တရားလွှတ်တော်မူလဘက်ဌာန၏အဆုံးအဖြတ်ကိုအတည်ပြုရာ၌ခုံရုံးက၊၁၂နှစ်ကဆန့်ကျင်လက်ရှိထားသောတရားလိုများသည်ကာလစည်းကမ်းသတ်အက်ဥပဒေပထမဇယားအမှတ်စဉ်၁၄၄နှင့်ပုဒ်မ၂၈တို့အရအချင်းဖြစ်အိမ်၏ပိုင်ရှင်များဖြစ်သွားကြောင်းစီရင်ထုံးစာမျက်နှာ၁၂၆တွင်အောက်ပါအတိုင်းပြဆိုထားသည်-


“In our opinion, there is no doubt whatsoever that the plaintiffs have become owners of the house in suit in view of article 144 of the Limitation Act read with section 28 thereof, for section 28 reads: " At the determination of the period hereby limited to any person for instituting. a suit for possession of any property, his right to such property shall be extinguished."


The matter is, however, not so simple, regarding the lease-hold land in respect of which the plaintiffs have claimed that they had become owners by prescription, and in respect of which the learned trial Judge had merely declared that they were lessees in substitution of the original lessees.”


တရားဝန်ကြီးဦးစံမောင်ပါဝင်သောခုံရုံးက၊တရားလိုတို့သည်အချင်းဖြစ်အိမ်၏ပိုင်ရှင်များဖြစ်ကြောင်းမြွက်ဟကြေညာသည့်ဒီကရီကိုစီရင်ထုံးစာမျက်နှာ၁၃၀၌အောက်ပါအတိုင်းချမှတ်သည်-


“In the result, the appeal succeeds in part. Instead of the decree granted to the plaintiff's in the trial Court there will be a decree:


(i) declaring that the plaintiffs are the owners of the jonestoreyed building known as No. 4 in 12rd Street, Rangoon;


(il) declaring that they are not liable to be dispossessed of the site on which this building stands by the original lessees Bhagwandin Lohar and Bhulai Lohar or their successors-in-title, because of Article 28 of the Limitation Act by which their right to possession had been extinguished.”

————————————-

1963 BLR ( C C ) 672 


KO KYI SHEIN (APPELLANT)

                       V.

KO SOE SAN AND ONE (RESPONDENTS).*


Before U Bo Gyi, C.J., and U San Maung, J.


အမှုကိုတရားရုံးချုပ်တရားသူကြီးချုပ်ဦးဘိုကြီးနှင့်၁၉၄၈ခုနှစ်၊နှစ်ဆန်းမှစ၍မြန်မာနိုင်ငံလွတ်လပ်ရေးရသည့်နေ့ကဖွဲ့စည်းတည်ထောင်သောအသစ်စက်စက်တရားလွှတ်တော်တွင်တရားဝန်ကြီးအဖြစ်တာဝန်ထမ်းဆောင်လာသောသမ္ဘာရင့်တရားဝန်ကြီးဦးစံမောင်တို့ပါဝင်သောခုံရုံးကဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။


အမှုတွင်ကိုကြည်ရှိန်ကအချင်းဖြစ်မြေကိုဝယ်ယူထားသည်ဟုဆိုကာမြေလက်ရှိဖြစ်သူကိုစိုးစံတို့အပေါ်မြေလက်ရောက်ရလိုမှုစွဲဆိုခြင်းဖြစ်သည်။


ကိုကြည်ရှိန်ကသက်သေခံ(က)အဖြစ်တင်ပြသောမှတ်ပုံတင်စာချုပ်ကိုအယောင်ဆောင်သူကချုပ်ဆိုကြောင်း၊စီရင်ထုံးစာမျက်နှာ၆၇၈၌-


“Now, regarding the deed of sale, Exhibit " က " in favour of the plaintiff Ko Kyi Shein we have very little doubt that it was executed by an imposter.”


စသည်ဖြင့်သက်သေခံချက်တို့ကိုစိစစ်ပြသည်။


တရားလွှတ်တော်ခုံရုံးကကိုကြည်ရှိန်သည်မြေပိုင်ရှင်မဟုတ်ဟုဆုံးဖြတ်ပြီး၎င်း၏အမှုကိုပလပ်သည်။


တဖက်တွင်တရားပြိုင်ကိုစိုးစံတို့ကအချင်းဖြစ်မြေကိုမိမိတို့ဝယ်ယူပြီးလက်ရှိဖြစ်သည်ဟုဆိုကာ၎င်းတို့ပိုင်ဖြစ်ကြောင်းမြွက်ဟကြေညာပေးရန်တန်ပြန်တရားစွဲဆိုသည်။


အချင်းဖြစ်မြေကိုရောင်းချသောချစ်တီးယားဖမ်းကထိုမြေကိုကွယ်လွန်သူပိုင်ရှင်၏သားများထံမှဝယ်ယူလက်ရှိထားခဲ့ရာမှ၊၁၂နှစ်ကြာပြီးနောက်ကိုစိုးစံတို့အားမှတ်ပုံတင်စာချုပ်ချုပ်ဆိုရောင်းချကြောင်းဖြင့်၊ကိုစိုးစံတို့ဘက်မှအထောက်အထားများတင်ပြသည်။


ကိုကြည်ရှိန်ဘက်မှတရားရုံးချုပ်ခုံရုံးတွင်မူလပိုင်ရှင်အမျိုးသမီး၏အမွေကိုဟိန္ဒူဥပဒေအရသားများအမွေဆက်ခံခွင့်မရှိ၊သမီးကသာလျှင်အမွေဆက်ခံခွင့်ရှိသည်ဖြစ်၍ပိုင်ရှင်၏သားများထံမှမြေဝယ်ယူပြီးကိုစိုးစံတို့အားချစ်တီးယားဖမ်းကရောင်းချခွင့်မရှိကြောင်းဖြင့်ကိုစိုးစံတို့မြေပိုင်ရှင်မဖြစ်နိုင်ပုံကိုလျှောက်လဲတင်ပြရာ၊တရားရုံးချုပ်ခုံရုံးက”ချစ်တီးယားဖမ်းအနေဖြင့်သားများထံမှမြေကိုဝယ်ယူသည်ဖြစ်၍အစ၌၎င်း၏ဆိုင်ရေးဆိုင်ခွင့်ချွတ်ယွင်းသည်ဟုယူဆနိုင်စေဦး၊ချစ်တီးယားဖမ်းက၁၉၄၁ခုနှစ်မှစ၍မြေကိုလက်ရှိထားခဲ့သည်ဖြစ်ရာလက်ရှိထားပိုင်ခွင့်ရရှိသည်ဖြစ်၍အချိန်တန်သော်(ဆိုလိုသည်မှာ၁၂နှစ်ကျော်သော်)ထိုလက်ရှိထားပိုင်ခွင့်သည်”prescriptive title”(ကာလစည်းကမ်းသတ်အရရရှိသောဆိုင်ရေးဆိုင်ခွင့်)အဖြစ်ရောက်ရှိသွားသည်”ဟုစီရင်ထုံးအမြောက်အမြားကိုကိုးကားပြီးအောက်ပါအတိုင်းထုံးဖွဲ့သည်-


“Assuming that the sons only of " D.M." and not her daughters having Conveyed the suit land to the Chettyar firm the title of that form was defective at its inception; that firm had been in possession since 1941. 


It therefore had possessory title which in course of time ripened into prescriptive title.


Narayana Row v. Dharmachar, I.L.R. 26 Mad. 5I5; Ma Saw v. Maung Shwe Gan and Ma Bar, XI L. B.R. 415; Ma Pwa Zon and two v. Ma Pan I and one, I.L.R. 5 Ran. 154; and Mg Mya Than and anothey v. U. Thor Tia, Civil Second Appeal No. 44 of 1962 of the Chief Court, referred to.


Accordingly, the defendants clearly have a better title to the suit land.”


စီရင်ထုံးစာမျက်နှာ၆၈၁တွင်တရားလွှတ်တော်ခုံရုံးက”အယောင်ဆောင်တဦးထံမှအချင်းဖြစ်မြေကိုလက်ရောက်ရခဲ့သောတရားလိုကိုကြည်ရှိန်နှင့်ချစ်တီးယားဖမ်းထံမှအချင်းဖြစ်မြေကိုဝယ်ယူသောကိုစိုးစံတို့အချင်းချင်းတွင်၊ကိုစိုးစံတို့ကအချင်းဖြစ်မြေ၌သာလွန်သောဆိုင်ရေးဆိုင်ခွင့်ရှိသည်”ဟုအောက်ပါအတိုင်းသုံးသပ်ဆုံးဖြတ်သည်-


“Assuming that the sons only of D. Masaramma and not her daughter having conveyed the suit land to R.M.PL.S.Chettyar firm for the debt due by their mother, the title of that firm to the suit land was defective at its inception the Chettyar firm had since 1941 till the date of the transfer of the suit land to the defendants on the 14th of December 1954, been clearly in possession of it through their tenants who were paying regularly rent and ground rent to the firm.


The Chettyar firm therefore had possessory title which in course of time ripened into prescriptive title.


In this connection, it is only necessary to refer to Narayana Row v.Dharmachar (3),  I.L. R. 26 Mad. 515. Ma Saw v. Maung Shwe Gan and Ma Ban (4) XI L.B.R. 415., Ma Pwa Zon and two v. Ma Pan I and one (5) I.L.R. 5 Ran. 154. and to the latest decision of this Court in Maung Mya Than and another v. U Tun Tin (6). Civil Second APpeal No.44 of 1962 of the Chief Court.


Accordingly as between the plaintiff who had obtained possession of the suit land since the 16th of January 1958 from an impositer who called herself D. Masaramma, and the defendants who had purchased the suit land from a Chettyar firm which had been in possession since the year 1941 pursuant to the registered deed of sale dated the 22nd of May 1941 (Exhibit 7), impugned as invalid, the defendants clearly have a better title to the suit land.”


အထက်ပါထုံးဖွဲ့ချက်က၁၂နှစ်ကျော်ဆန့်ကျင်လက်ရှိထားခြင်းကြောင့်ချစ်တီးယားဖမ်းသည်ဆန့်ကျင်လက်ရှိထားသည့်မြေတွင်”prescriptive title”ရရှိပြီး၊ပိုင်ရှင်အနေဖြင့်မြေကိုကိုစိုးစံတို့အားရောင်းချခွင့်ရှိသည်ဖြစ်၍၊ကိုစိုးစံတို့သည်ကိုကြည်ရှိန်ထက်သာလွန်သောဆိုင်ရေးဆိုင်ခွင့်ရှိသည်ဟုဆုံးဖြတ်ခြင်းဖြစ်သည်။


သို့ဖြစ်ရာ1963 BLR ( C C ) 672 (ကိုကြည်ရှိန်စီရင်ထုံး)သည်၊ဆန့်ကျင်လက်ရှိထားခြင်းကြောင့်၁၂နှစ်ကျော်သောအခါ”prescriptive title”တည်းဟူသောအကြွင်းမဲ့ပိုင်ရေးပိုင်ခွင့်တမျိုးအဖြစ်သို့ရောက်ရှိသွားကြောင်းပြဆိုသည့်ထုံးသာဓကဖြစ်သည်။

——————————


အထက်ပါစီရင်ထုံးရှိ”ripened into”ဟူသောစကားရပ်ကိုမြန်မာစာအဖွဲ့ကပြုစုသောအင်္ဂလိပ်မြန်မာအဘိဓာန်တွင်လည်းကောင်း၊စာရေးသူလက်လှမ်းမီသော Oxford Advanced Learner's Dictionary of Current English(၁၉၇၄ခုနှစ်ထုတ်)တွင်လည်းကောင်း၊အဓိပ္ပာယ်ဖွင့်ဆိုထားခြင်းမရှိပါ။


မြန်မာအဘိဓာန်အကျဉ်းချုပ်(၁၉၈၀ပြည့်နှစ်ထုတ်) အတွဲ၄စာမျက်နှာ၂၆တွင်


"ရောက်”ဟူသောစကားလုံးကို”တစုံတခုသောအဖြစ်အနေသို့ဆိုက်သည်”ဟူ၍လည်းကောင်း


စာမျက်နှာ၂၃၂တွင်”သွား”ဟူသောစကားလုံးကို”တစုံတခုသောဖြစ်ပျက်မှုသည်လုံးဝပြည့်စုံ”ပြီးပြတ်စွာဖြစ်ခြင်းသဘောကိုခိုင်မာထင်ရှားစေရန်ကြိယာတွင်စပ်၍သုံးသောစကားလုံးဟူ၍လည်းကောင်း


စာမျက်နှာ၅၀၌”ရှိ”ဟူသောစကားလုံးကို”တစုံတခုသောအခြေအနေသို့ဆိုက်ရောက်သည်”ဟူ၍လည်းကောင်း


အဓိပ္ပာယ်ဖွင့်ဆိုချက်များအရ”ripened into”ဟူသောစကားရပ်ကို-


”အဖြစ်သို့ရောက်ရှိသွားသည်”ဟုဘာသာပြန်ပါသည်။ 


သို့ဖြစ်ရာ”လက်ရှိထားပိုင်ခွင့်သည်အချိန်တန်သော်အကြွင်းမဲ့ဆိုင်ရေးဆိုင်ခွင့်အဖြစ်သို့ရောက်ရှိသွားသည်”ဟုဘာသာပြန်ရန်ဖြစ်ပါသည်။


မြန်မာစာအဖွဲ့ကထုတ်ဝေသောအင်္ဂလိပ်မြန်မာအဘိဓာန်စာမျက်နှာ၁၀၆၇၌ prescriptive ကို”တာရှည်ကျင့်သုံးမှုအရ”တရားဝင်ဖြစ်ကာလက်ခံရသောပိုင်ခွင့်ဟုအဓိပ္ပာယ်ဖွင့်ဆိုပြီး”prescriptive rights”ဟုဥပမာပေးသည်။ 


သို့သော်ထိုစကားရပ်ကိုမြန်မာဘာသာသို့ပြန်ဆိုခြင်းမပြု။ 


1961 BLR ( H C ) 119 ( D B )စီရင်ထုံးစာမျက်နှာ၁၂၉တွင်ထိုဝေါဟာရကိုသုံးသည်။


သို့ဖြစ်၍”prescriptive title”ကိုဘာသာပြန်ရာ၌မှီငြမ်းစရာကျမ်းမရှိပါ။


သို့ဖြစ်ရာစာရေးသူက”prescriptive title”ဟူသောစကားရပ်ကိုကာလစည်းကမ်းသတ်အရ၊”ရရှိသောအကြွင်းမဲ့ဆိုင်ရေးဆိုင်ခွင့်”ဟုဘာသာပြန်ခြင်းသည်အထက်ပါစီရင်ထုံးများအရ”ယင်းစကားရပ်၏အဓိပ္ပာယ်”ကိုခြုံငုံမိသည်ဟုသဘောရရှိပါသည်။


(မှတ်ချက်။   ။အထက်ပါအဘိဓာန်လာတာရှည်ကျင့်သုံးမှုအရဆိုသောအဓိပ္ပာယ်ဖွင့်ဆိုချက်ကိုမှီးသည်။)


1964 BLR 917အမှုတွင်တရားမကျင့်ထုံးဥပဒေပုဒ်မ၁၁ပါတရားဥပဒေကိုတရားရုံးချုပ်တရားသူကြီးချုပ်ဦးဘိုကြီးကမြန်မာဘာသာဖြင့်”မီးသေဆုံးဖြတ်ချက်”ဟူသောဝေါဟာရကိုထွင်ခဲ့သည်။ 


“Prescriptive title”ဟူသောစကားရပ်ကို-


ကာလစည်းကမ်းသတ်အရရရှိသော”အကြွင်းမဲ့ဆိုင်ရေးဆိုင်ခွင့်”ဟုဆိုခြင်းသည်ထိုစီရင်ထုံးပါ " မီးသေ "ဟူသောဝေါဟာရကဲ့သို့ဆိုင်ရာစကားရပ်၏အဓိပ္ပာယ်ကိုဖွင့်လှစ်ပြနိုင်သည်မဟုတ်သည်မှာမှန်ပါသည်။


သို့ရာတွင်ကွက်တိဝေါဟာရကိုတီထွင်နိုင်သူပညာရှင်မပေါ်မီ၊သစ်မရမီဝါးသုံးရသကဲ့သို့၊အင်္ဂလိပ်ဘာသာဝေါဟာရ၏ဆိုလိုရင်းကိုလွှမ်းခြုံမိသောအထက်ပါမြန်မာဘာသာပြန်ဝေါဟာရကိုစမ်းသုံးကြည့်ပါက၊မီးသေခြင်းဝေါဟာရကဲ့သို့တနေ့နေ့တချိန်ချိန်တွင်၊တွင်တွင်ကျယ်ကျယ်အသုံးကျသောဝေါဟာရဖြစ်ကောင်းဖြစ်လာပါလိမ့်မည်။


—————————————————-

Comments

Popular posts from this blog

လင်မယားအဖြစ်ပြတ်စဲနိုင်သည့်နည်းအမျိုးမျိုး

ဇာရီမှုကိုဆိုင်းငံ့ရန်ငြင်းပယ်သောအမိန့်သည်ပုဒ်မ၄၇တွင်အကျုံးမဝင်။ 1938 Rangoon Law Reports 580

ကာလစည်းကမ်းသတ်ဥပဒေ[ Part Five ]