1964 BLR 269, 1963 BLR ( C C ) 337, 1963 BLR 447
ဆရာကြီးဦးမြသင်ကြားပို့ချချက်များ
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ၈အရစွဲဆိုသောအမှုသည်-
”အကြွင်းမဲ့ပိုင်ဆိုင်ခွင့်”သို့မဟုတ်”လက်ရှိထားပိုင်ခွင့်”အပေါ်အခြေခံစွဲဆိုသောအမှုဖြစ်သည်ဟုပြဆိုထားရာ”absolute”ဟူသောစကားလုံး၏ဆိုလိုရင်းကိုသဘောမပေါက်သူများသည်၊ဦးရွှေကျော် နှင့် ဒေါ်ရွှေပါ၂၊၂၀၁၁ခုနှစ်၊တရားမအထူးအယူခံမှုအမှတ်၈၌”မရွှေ့မပြောင်းနိုင်သောပစ္စည်းလက်ရောက်ရလိုကြောင်းစွဲဆိုမှုတွင်တရားလိုသည်အဆိုပါပစ္စည်းကို”ပိုင်ဆိုင်ခွင့်”သို့မဟုတ်”လက်ရှိထားပိုင်ခွင့်”အပေါ်အခြေခံ၍စွဲဆိုနိုင်သည်”ဟူသောတရားရုံးချုပ်၏မြွက်ဆိုချက်ကိုလေ့လာသင့်သည်။
မရွှေ့မပြောင်းနိုင်သောပစ္စည်းကိုလက်ရောက်ရလိုကြောင်းစွဲဆိုသောအမှုနှစ်မျိုးရှိသည်ကိုကနဦးမှတ်သားရန်လိုသည်။
အမွေရပိုင်ဆိုင်ခြင်း၊ဝယ်ခြင်း၊အပိုင်ရခြင်း၊လေလံဆွဲဝယ်ခြင်း၊ဂရန်ရခြင်း၊လိုင်စင်ရခြင်း၊စသည့်တနည်းနည်းဖြင့်ဆိုင်ရေးဆိုင်ခွင့်ရရှိသူကဆိုင်ရေးဆိုင်ခွင့်အပေါ်အခြေခံကာစွဲဆိုသောအမှုမှာပထမအမျိုးအစားဖြစ်သည်။
————————————
1964 BLR 269
ဦးအောင်သိန်းပါ၂ နှင့် ဒေါ်မမကြီး
တရားသူကြီးချုပ်ဦးဘိုကြီးရှေ့တွင်
အမှု၌၊”သူတဦးတယောက်သည်၊အစိုးရပိုင်မြေရိုင်းတွင်မည်သူတဦးတယောက်မျှမနေသဖြင့်ဝင်ရောက်နေထိုင်ရာတွင်၊အခြားသူတဦးဦးကမည်သို့မျှအခွင့်အရေးမရှိဘဲအတင်းဝင်ရောက်နေထိုင်လျှင်၊ထိုသူအားမူလလက်ရှိဖြစ်သူသည်၊မြေကိုလက်ရောက်ပြန်လည်ရရှိရန်အတွက်တရားစွဲဆိုနိုင်သည်။”ဟုထုံးဖွဲ့ခြင်းသည်အခြေကျလျက်ရှိသောလက်ရှိထားပိုင်ခွင့်ဆိုင်ရာတရားဥပဒေကိုမြွက်ဟပြဆိုခြင်းဖြစ်သည်။
တရားလိုသည်ပိုင်ရှင်အသွင်ဆောင်ရမည်၊ပိုင်ရှင်၏သာမန်အခွင့်အရေးများကိုသုံးစွဲသူဖြစ်ရမည်ဟူသောအရပ်သူအရပ်သားများနားလည်ရန်မလွယ်သည့်ဥပဒေဆန်သောအသုံးအနှုန်းမျိုးမဟုတ်။
အများပြည်သူတို့နားလည်နိုင်သောရိုးစင်းလှသည့်စကားများကိုမြွက်ဆိုခြင်းဖြစ်၍၊ 1969 BLR 58(ပြစ်မှု)အမှုတွင်”ပြည်သူအများကနားလည်လက်ခံခြင်းဖြင့်မှတ်ကျောက်တင်အပ်သည်။”ဟူသောထုံးဖွဲ့ညွှန်ပြထားသည့်အတိုင်း၊ 1964 BLR 269 အမှုပါထုံးဖွဲ့ချက်သည်မှတ်ကျောက်တင်ခံနိုင်သည်။
စီရင်ထုံးစာမျက်နှာ၂၇၀နှင့်၂၇၁တွင်၊တရားသူကြီးချုပ်ဦးဘိုကြီးကအောက်ပါအတိုင်းသုံးသပ်သည်-
“ဤအမှုတွင်ကားအကြောင်းချင်းရာများသည်၊ထိုကဲ့သို့မဟုတ်ပေ။တရားစွဲဆိုစဉ်အခါကဒေါ်မမကြီးသည်အစိုးရထံမှအငှါးဂရံခံယူသူဖြစ်နေသေးသည်၊မိမိအငှါးဂရံခံယူထားသည့်မြေပေါ်တွင်မကြည်ကျူးကျော်ဝင်ရောက်သည်ဆိုကာ၎င်းအားတရားစွဲဆိုခဲ့သည်၊ထို့ကြောင့်မိမိ၏မြေကိုကျူးကျော်သူထံမှပြန်လည်ရရှိရန်အတွက်တရားစွဲဆိုခြင်းသာဖြစ်ရာ၊အငှါးဂရံသက်တမ်းအမှုအတောအတွင်းကုန်ဆုံးခဲ့သော်လည်း၊ထိုမြေကိုပြန်လည်ရရှိနိုင်သည်ဟုယူဆရပေမည်။
အမှန်အားဖြင့်ဆိုသော်၊သူတဦးတယောက်သည်အစိုးရပိုင်မြေရိုင်းတွင်မည်သူတဦးတယောက်မျှမနေသဖြင့်ဝင်ရောက်နေထိုင်ရာတွင်အခြားသူတဦးဦးကမည်သို့မျှအခွင့်အရေးမရှိဘဲအတင်းဝင်ရောက်နေထိုင်လျှင်ထိုသူအားမူလလက်ရှိဖြစ်သူသည်မြေကိုလက်ရောက်ပြန်လည်ရရှိရန်အတွက်တရားစွဲဆိုနိုင်ပေမည်။
ယခုအမှုတွင်ဒေါ်မမကြီးသည်အစိုးရထံမှအငှါးဂရံခံယူသူအဖြစ်အခင်းဖြစ်မြေတွင်ကိုယ်တိုင်မနေခဲ့သော်လည်း”ဥပဒေသဘောအရလက်ရှိထားစဉ်”မကြည်သည်ထိုမြေပေါ်သို့ကျူးကျော်ဝင်ရောက်နေထိုင်ခဲ့လေသည်။ထို့ကြောင့်အမှုအတောအတွင်းတွင်အငှါးဂရံသက်တမ်းကုန်ဆုံးသော်လည်းဒေါ်မမကြီးသည်မကြည်ထံမှထိုမြေကိုပြန်လည်လက်ရောက်ရရှိနိုင်ပေမည်။
စင်စစ်အားဖြင့်ကားအောက်မြန်မာပြည်မြို့နှင့်ကျေးရွာမြေများအက်ဥပဒေပုဒ်မ၁၉အရဆိုလျှင်၊ပိုင်ရှင်အစိုးရကအခင်းဖြစ်မြေမှဒေါ်မမကြီးအားနှင်ထုတ်လိုလျှင်နှင်ထုတ်ပိုင်ခွင့်ရှိလေသည်။
ထိုမြေနှင့်ပတ်သက်၍၊အငှါးဂရံရရှိရန်အတွက်ဒေါ်မမကြီးနှင့်မကြည်တို့အစိုးရထံအပြိုင်လျှောက်ထားကြရာ၊မကြည်၏လျှောက်လွှာကိုပယ်ပြီး၊ဒေါ်မမကြီး၏လျှောက်လွှာကိုအရေးယူဆဲဖြစ်သည်။
ထိုအကြောင်းများကြောင့်၊အမှုအတောအတွင်းဒေါ်မမကြီး၏အငှါးဂရံသက်တမ်းကုန်ဆုံးရုံမျှဖြင့်ဒေါ်မမကြီးစွဲဆိုသည့်အတိုင်းဒီကရီမရထိုက်ဟုမဆိုနိုင်ပေ။
ကာလစည်းကမ်းသတ်ဥပဒေပြဿနာနှင့်ပတ်သက်၍၊တရားသူကြီးချုပ်ဦးဘိုကြီးကစီရင်ထုံးစာမျက်နှာ၂၇၁နှင့်၂၇၂တို့တွင်အောက်ပါအတိုင်းသုံးသပ်ဆုံးဖြတ်သည်-
“ဒေါ်မမကြီးအခင်းဖြစ်မြေပေါ်တွင်နေထိုင်စဉ်မကြည်ကဖယ်ရှားစေခြင်းပြုသည်ဟုမဆိုချေ။ဒေါ်မမကြီးသည်ဒုတိယကမ္ဘာစစ်ကြီးအတွင်းစစ်ဘေးဒဏ်ကြောင့်အခင်းဖြစ်မြေပေါ်ရှိအိမ်ပျက်စီးရာတွင်အခြားဒေသသို့သွားရောက်နေထိုင်ခဲ့ဟန်တူသည်။
၎င်းသည်ထိုမြေကိုစွန့်လွှတ်ခဲ့သည်ဟုမဆိုနိုင်ပေ။
အခြားစစ်ဘေးဒုက္ခသည်များနည်းတူမလွဲမရှောင်သာသဖြင့်မိမိတို့ပိုင်နက်များမှယာယီသဘောဖြင့်ခွဲခွါပြီး၊အခြားသင့်တော်သောအရပ်ဒေသများ၌နေထိုင်ခဲ့ဟန်တူသည်။
ထို့ကြောင့်ဤအမှုပါအကြောင်းချင်းရာများသည်ကာလစည်းကမ်းသတ်အက်ဥပဒေပုဒ်မ၁၄၄တွင်အကျုံးဝင်သည်ဟုယူဆရပေမည်။
ဦးချစ်ထွန်း နှင့် ဒေါ်ငွေသောင်းတို့အမှု၊မြန်မာနိုင်ငံတရားရုံးချုပ်၊၁၉၆၀ခုနှစ်၊တရားမပဌမအယူခံမှုအမှတ်၊၉-၁၀-၁၁နှင့်၊၊ဦးကံပါ၂ နှင့် ကာလချန်ပါ၂တို့အမှု၊မြန်မာနိုင်ငံတရားရုံးချုပ်၊၁၉၆၂ခုနှစ်၊တရားမအယူခံမှုအမှတ်၆တွင်ယခုကဲ့သို့သောအခြေအနေမျိုး၌ကျူးကျော်ဝင်ရောက်သူများအပေါ်တွင်သက်သေပြရန်တာဝန်ရှိကြောင်းနှင့်အဆုံးအဖြတ်ပြုခဲ့လေသည်။
ထိုမှတပါးလည်းမကြည်သည်မြေလွတ်တွေ့သဖြင့်ဝင်ရောက်နေထိုင်ခဲ့ဟန်တူသည်။ဒေါ်မမကြီးအားဆန့်ကျင်၍အခင်းဖြစ်မြေကိုလက်ရှိထားခဲ့ဟန်မတူချေ။”
—————————————
“လိုင်စင်ရသူသည်ကျူးကျော်သူအပေါ်လက်ရောက်ရလိုမှုစွဲဆိုနိုင်သည်”
1963 BLR ( C C ) 337
DAW. THEIN MAY (APPELLANT)
V.
MOHAMED ESOOF AND ONE (RESPONDENT).*
Before U San Maung, U Kyaw Zan U, JJ.
အမှုတွင်၊တရားဝန်ကြီးဦးစံမောင်နှင့်ဦးကျော်ဇံဦးတို့ရုံးထိုင်သောခုံရုံးကအောက်ပါအတိုင်းဆုံးဖြတ်သည်-
“Where the question in issue was whether a person could succeed in a suit for ejectment of a trespasser on the basis of a licence issued by the Government to occupy the land.
Held: Under the Lower Burma Town and Village Lands Act and Rules, there is very little difference between a lease and a licence so far as it concerns the licenes or the licensee himself, regarding the right to occupy and use State land.
One of the major differences between a lease and licence granted by the Government is that whereas a lease is heritable and transferable; a licence is not.
A suit for possession of State Land by a licensee thereof against a mere trespasser is maintainable in law.
U Tun Hla and one v. Daw Sein, (1959) B.L.R. (H.C.), p. 95, followed:”
စီရင်ထုံးစာမျက်နှာ၃၄၁တွင်၊တရားဝန်ကြီးဦးစံမောင်ကအောက်ပါအတိုင်းသုံးသပ်သည်-
“By the definition of " licence" it is clear that under the Lower Burma Town and Village lands Act, it is a licence in writing to use and occupy State land granted by a Revenue Officer authorized to grant the same.
Consequently, there is very little difference between a lease and a licence so far as it concerns the lessee or the licensee himself, regarding the right to occupy and use State land.
One of the major differences between a lease and licence granted by Government is that whereas a lease is heritable and transferable, a licence is not.
In U Tun Hla and one v. Daw Sein (2) (1959) B.L.R., p. 95 (H.C).it was held by a Bench of the late High Court that a suit for possession of State land by a licensee thereof against a mere trespasser is maintainable in law.
For this reason given above, we consider that the law has been correctly laid down in U Tun Hla's case.”
——————————————-
1963 BLR 447
မောင်မြင့်ဦး နှင့် မောင်ထွန်းကြိုင်
တရားသူကြီးချုပ်ဦးဘိုကြီးရှေ့တွင်
စီရင်ထုံးစာမျက်နှာ၄၄၈တွင်၊တရားသူကြီးချုပ်ဦးဘိုကြီးကအောက်ပါအတိုင်းသုံးသပ်သည်-
“ဤရုံးရှေ့မှောက်၌၊မောင်မြင့်ဦး၏ပညာရှိရှေ့နေကြီးလျှောက်လဲသည်မှာ၊မောင်ထွန်းကြိုင်သည်၊လိုင်စင်ရရှိရန်လျှောက်ထားစဉ်က၊ပြည်ထောင်စုမြန်မာနိုင်ငံသားမဖြစ်သဖြင့်၊လိုင်စင်မရထိုက်ပါဟုပစ္စည်းလွှဲပြောင်းရေး(ကန့်သတ်ချက်)အက်ဥပဒေကိုကိုးကား၍လျှောက်ထား၏။သို့သော်၊မောင်ထွန်းကြိုင်သည်၊အစိုးရထံမှမြေငှါးဂရံခံယူခဲ့ခြင်းမဟုတ်။အခင်းဖြစ်မြေပေါ်တွင်၊နေထိုင်ရန်လိုင်စင်ခံယူခဲ့ခြင်းသာဖြစ်သည်။မြေငှါးဂရံခံယူခြင်းနှင့်လိုင်စင်ခံယူခြင်းမှာခြားနားသည်ကိုသတိပြုရပေမည်။မြေငှါးဂရံခံယူရာ၌၊ခံယူသူသည်၊မြေငှါးအခွင့်အရေးများကိုလွှဲပြောင်းခံယူသည်ဖြစ်ရကား၊ပစ္စည်းလွှဲပြောင်းရေးအက်ဥပဒေအရဆိုလျင်၊အငှါးပေးအပ်ခံယူခြင်းသည်၊ပစ္စည်းလွှဲပြောင်းရေးအက်ဥပဒေတွင်အကျုံးဝင်ကြောင်းနှင့်အတိအလင်းပြဌာန်းထားလေသည်။ထိုအက်ဥပဒေပုဒ်မ၅၌၊အောက်ပါအတိုင်းပြဌာန်းထားလေသည်။
"5. In the following sections ' transfer of property' means an act by which a living person conveys property, in present or in future, to one or more other living persons, or to himself, or to himself and one or more other living persons; and ' to transfer property' is to perform such act."
လိုင်စင်ပေးအပ်ခံယူခြင်းကိစ္စနှင့်စပ်လျဉ်း၍ကား၊ပစ္စည်းလွှဲပြောင်းရေးအက်ဥပဒေတွင်ပါဝင်သည်ဟုပြဌာန်းချက်မရှိချေ။အမှန်အားဖြင့်ဆိုသော်၊လိုင်စင်ပေးအပ်ခံယူရာ၌၊မြေငှါး၊အိမ်ငှါးအခွင့်အရေးကိုလွှဲပြောင်းခြင်းပြုသည်မဟူ၊ခံယူသူအားနေထိုင်ခွင့်ပေးခြင်းမျှသာဖြစ်သည်။”
စီရင်ထုံးစာမျက်နှာ၄၄၉တွင်၊တရားသူကြီးချုပ်ဦးဘိုကြီးကအောက်ပါအတိုင်းဆက်လက်သုံးသပ်၍ဆုံးဖြတ်သည်-
“မောင်ကြွယ် နှင့် အရှာမီတို့အမှု(၁၉၅၈ခုနှစ်၊မြန်မာပြည်စီရင်ထုံးများ၊တရားလွှတ်တော်၊စာမျက်နှာ၃၂၃)တွင်၊အစိုးရမြေပေါ်တွင်နေထိုင်ခွင့်ရသူက၊အခွင့်မရှိဘဲမြေပေါ်တွင်နေထိုင်သူအား၊တရားရုံးတွင်ထွက်ခွါဖယ်ရှားစေလိုမှုစွဲဆိုနိုင်ကြောင်းအဆုံးအဖြတ်ပြုခဲ့လေသည်။
ဝင်ရောက်စွက်ဖက်ရန်အကြောင်းမမြင်သဖြင့်၊အယူခံကိုစရိတ်နှင့်ပယ်လိုက်သည်။”
————————————————
Comments
Post a Comment