ဦးကျော်ဇံဦးအကြောင်း။ 1966 BLR 1371 ။ Possession is nine points law.

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ


မျက်မှောက်ခေတ်တွင်စီရင်ထုံးများကိုပြည့်ပြည့်စုံစုံကိုးကားတင်ပြနိုင်သောရှေ့နေနှင့်ရုံးထိုင်တရားသူကြီးဦးကျော်ဇံဦးကဲ့သို့သောတရားသူကြီးမျိုးကိုအတုခိုးသင့်သည်။


ဦးကျော်ဇံဦးသည်စစ်တွေမြို့သားဖြစ်ပုံပေါ်သည်။


ရေးဖြေဝတ်လုံစာမေးပွဲကိုတနှစ်ထက်မနည်းစော၍အောင်ခဲ့သူဟုသိရသည်။


စာမေးပွဲအောင်ရုံမျှဖြင့်ဝတ်လုံမဖြစ်နိုင်သေး။


ကျောင်းသားများသည်သမ္ဘာရင့်ဝတ်လုံရှေ့နေကြီးများ၊အငြိမ်းစားတရားသူကြီးများနှင့်ညစာအတူစားရသည်ဟုဆိုသည်။


ထိုညစာစားပွဲတွင်ထိုပုဂ္ဂိုလ်ကြီးများက၎င်းတို့၏ဘဝအတွေ့အကြုံကိုပြန်ပြောင်းပြောပြတတ်သဖြင့်ပညာယူရသည်ဟုဆိုသည်။


သတ်မှတ်ထားသောညစာစားပွဲအရေအတွက်ပြည့်အောင်တက်ရောက်ပြီးမှ၊ရေးဖြေစာမေးပွဲအောင်မြင်ထားသောဦးကျော်ဇံဦးသည်ဝတ်လုံဖြစ်လာသည်ဟု၊ဦးကျော်ဇံဦးပြောပြသည်ကိုနားနှင့်ဆတ်ဆတ်ကြားခဲ့သောတရားသူကြီးတဦးကစာရေးသူအားပြန်လည်ဖောက်သည်ချဖူးသည်။


ဝတ်လုံတော်ရရှေ့နေဖြစ်လာပြီးနောက်ဦးကျော်ဇံဦးသည်စစ်တွေခရိုင်အစိုးရရှေ့နေအဖြစ်တောင်ရွက်ခဲ့သည်ဟုသိရသည်။


ထိုစဉ်ကအစိုးရရှေ့နေများနှင့်အစိုးရရှေ့နေရုံးသည်၊အစိုးရအမှုသည်အဖြစ်မပါသောတရားမမှုများတွင်ရှေ့နေလိုက်နိုင်သည်။


(ထိုစဉ်ကရှေ့နေချုပ်ရုံးမပေါ်သေး။လက်ထောက်အစိုးရရှေ့နေဦးခင်နှင့်ဦးမြဘူးတို့ရှေ့နေလိုက်ခဲ့သောစီရင်ထုံးများကိုဖတ်ပါ။)


စစ်တွေခရိုင်တရားရုံးတွင်မူလမှုများနှင့်အယူခံမှုများ၌ဦးကျော်ဇံဦးရှေ့နေလိုက်နေရာမှ၊၁၉၅၂ခုနှစ်တွင်ခရိုင်တရားမနှင့်စက်ရှင်တရားသူကြီးအဖြစ်တိုက်ရိုက်ခန့်အပ်ခြင်းခံရသည်။


ဦးကျော်ဇံဦးသည်၁၉၆၁ခုနှစ်တွင်တရားလွှတ်တော်တရားဝန်ကြီးဖြစ်လာသည်။


တရားလွှတ်တော်ကိုဖျက်သိမ်းပြီး၊တရားရုံးချုပ်(၁၉၆၂-၁၉၇၃)ကိုတည်ထောင်သောအခါ၊တရားသူကြီးအဖြစ်ဆက်လက်ထမ်းဆောင်ခွင့်ရသည်။


ဦးကျော်ဇံဦးသည်စီရင်ချက်များကိုအများအားဖြင့်အင်္ဂလိပ်ဘာသာဖြင့်ရေးသည်။


အကြောင်းခြင်းရာများကိုပိုင်ပိုင်နိုင်နိုင်သုံးသပ်ပြီး၊ဆိုင်ရာဥပဒေများနှင့်ချိန်ထိုးဆုံးဖြတ်သောစီရင်ချက်များမှာ၊တခုဆိုတခုဆိုလောက်အောင်အဆင့်မြင့်လှကြောင်းစီရင်ထုံးများကိုဖတ်ကြည့်ပါကသိနိုင်သည်။

—————————————-


1966 BLR 1371 


(ကွယ်လွန်သူမစ္စတာဂျိန်းမာတီနီ၏အမွေစားအမွေခံများဖြစ်ကြသော)ဒေါ်ခင်လေးပါ၆(တရားလိုများ)

                             နှင့်

မစ္စအယ်လန်နာနွှစ်မာတီနီပါ၂(တရားခံများ)


တရားသူကြီးဦးကျော်ဇံဦးရှေ့တွင်


အမှုတွင်၊စီရင်ထုံးစာမျက်နှာ၁၃၇၅၌၊တရားသူကြီးဦးကျော်ဇံဦးကအမှုနှင့်ပတ်သက်သောငြင်းချက်များအကြောင်းကိုအောက်ပါအတိုင်းထုတ်နုတ်ဖော်ပြသည်-


“အားလုံးသဘောတူညီချက်အရ၊အောက်၌ဖော်ပြထားသောစုစုပေါင်းငြင်းချက်၁၁ခုကိုစစ်ဆေးကြားနာရန်သတ်မှတ်သည်။ဤအမှုကိုလက်ခံနိုင်၊လက်မခံနိုင်ဆိုသည့်ငြင်းချက်ကိုသဘောတူစွန့်လွှတ်ကြလေသည်။ငြင်းချက်အမှတ်၉နှင့်၁၀တို့မှာနောက်မှသဘောတူသတ်မှတ်သောငြင်းချက်များဖြစ်လေသည်။


1.Is the plaintiff the owner of the suit lease-hold land or a mere trustee or benamidar as stated in paragraph 1 of the Written Statement of the defendant No.1 ?


2. Is the plaintiff the owner of the two-storeyed pucca building, outhouse and the garage standing on the suit lease hold land?


3. Did Mrs. D. A. Martini the mother of the defendant No.1 leased the buildings to the Embassy of the USS.R. to the knowledge of the plaintiff as sole owner on the death of her husband?


4. Did Mrs. D. A. Martini write to the Embassy denying her title under intimidation and undue influence of the plaintiff and ask the Embassy to execute the lease-deed in favour of the plaintiff?


5. Did the defendant No. 2 have any legal right to occupy the land marked E in the plan and construct the woodden house?


6. Is the plaintiff in possession and in enjoyment of the suit property?


7 Is the suit barred by limitation?


8. What relief or reliefs is the plaintiff entitled to?


9. Were the deceased F. L. Martini and his wife in possession and enjoyment of the suit property at any time with the leave and permission of the plaintiff?


10. Did the plaintiff fraudulently, forcibly and criminally dispossess Mrs. D. A. Martini of the suit building in the latter part of 1958 as alleged in paragraphs 2 and 3 of the written statement of defendant No.1 ?”


တရားသူကြီးဦးကျော်ဇံဦးကငြင်းချက်များကိုဖြေဆိုဆုံးဖြတ်ရာတွင်အမှတ်စဉ်အလိုက်သုံးသပ်ဖြေဆိုဆုံးဖြတ်ခြင်းမပြုဘဲ၊ငြင်းချက်အမှတ်၆ကိုဦးစွာဖြေဆိုဆုံးဖြတ်သည်။


ထို့နောက်စီရင်ထုံးစာမျက်နှာ၁၃၇၆မှ၁၃၈၀အထိတွင်ငြင်းချက်အမှတ်၉ကိုဖြေဆိုဆုံးဖြတ်သည်။


စီရင်ထုံးစာမျက်နှာ၁၃၈၁တွင်၊ငြင်းချက်အမှတ်၁ကိုဖြေဆိုဆုံးဖြတ်သည်။


စီရင်ထုံးစာမျက်နှာ၁၃၈၁မှ၁၃၈၄အထိတွင်ငြင်းချက်အမှတ်၂ကိုဖြေဆိုဆုံးဖြတ်သည်။


စီရင်ထုံးစာမျက်နှာ၁၃၈၄မှ၁၃၈၇အထိတွင်ငြင်းချက်အမှတ်၃နှင့်၄မှာတခုနှင့်တခုဆက်စပ်နေသဖြင့်တပေါင်းတည်းဖြေဆိုဆုံးဖြတ်သည်။


တရားသူကြီးဦးကျော်ဇံဦး၏စီရင်ထုံးစာမျက်နှာ၁၃၈၆တွင်မြွက်ဆိုချက်မှာမှတ်သားနာယူဖွယ်ဖြစ်သည်-


“တရားလိုသည်မတရားသဖြင့်လက်ရှိယူထားသည်ဟုခိုင်မာယုံကြည်လောက်သောသက်သေထွက်ချက်မရှိချေ။ Possession is nine points of law ဟုဆိုရိုးစကားရှိပေသည်။လက်ရှိရခြင်းသည်ပိုင်ခြင်းလက္ခဏာရှိသည်။”


စီရင်ထုံးစာမျက်နှာ၁၃၈၇တွင်ငြင်းချက်အမှတ်၁၀နှင့်ငြင်းချက်အမှတ်၅ကိုဖြေဆိုဆုံးဖြတ်သည်။


စီရင်ထုံးစာမျက်နှာ၁၃၈၇နှင့်၁၃၈၈တွင်ငြင်းချက်အမှတ်၇ကိုဖြေဆိုဆုံးဖြတ်သည်။


စီရင်ထုံးစာမျက်နှာ၁၃၈၈တွင်ငြင်းချက်အမှတ်၈ကိုအောက်ပါအတိုင်းဖြေဆိုဆုံးဖြတ်သည်-


“အထက်ဖော်ပြပါအကြောင်းမျိုးစုံအရတရားလိုများအားမူလတရားလို၏အမွေစားအမွေခံများအနေဖြင့်အဆိုလွှာတွင်တောင်းဆိုထားသည့်အတိုင်းတရားခံများအပေါ်စရိတ်နှင့်တကွဒီကရီချမှတ်ပေးလိုက်သည်။”

Comments

Popular posts from this blog

လင်မယားအဖြစ်ပြတ်စဲနိုင်သည့်နည်းအမျိုးမျိုး

ဇာရီမှုကိုဆိုင်းငံ့ရန်ငြင်းပယ်သောအမိန့်သည်ပုဒ်မ၄၇တွင်အကျုံးမဝင်။ 1938 Rangoon Law Reports 580

ကာလစည်းကမ်းသတ်ဥပဒေ[ Part Five ]