ဒေါ်မြမြ နှင့် ဦးမောင်မောင်ရွှေ [1997 BLR ( F B ) 85 ]စီရင်ထုံးပါအဆုံးအဖြတ်ကိစ္စ(Part Two)

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ


1997 BLR ( F B ) 85 ( ဒေါ်မြမြ နှင့် ဦးမောင်မောင်ရွှေ )


စီရင်ထုံးပါအဆုံးအဖြတ်ကိစ္စ။( Part Two )


“1997 BLR ( F B ) 85 သည်အခြေကျလျက်ရှိသောဥပဒေနှင့်ကွဲလွဲဆုံးဖြတ်ခြင်းဖြစ်သလော”

———————————————-


“လက်ရှိထားပိုင်ခွင့်အရ”မြေ၊အိမ်အစရှိသည့်မရွှေ့မပြောင်းနိုင်သောပစ္စည်းကိုလက်ရောက်ရလိုကြောင်းတရားစွဲဆိုသည့်အမှုတွင်-


1948 BLR ( H C ) 411 


KUPPARAKUTTI  ADAMMEERA (APPELLANT)

                           V.

ESOOF (a) S. M. MOHAMED ESOOF AND ONE (RESPONDENTS).*


Before U Thein Maung, Chief Justice, and U San Maung, J.နှင့်

——————————————-


1990 BLR 28 


ဒေါ်တင်ကြည်ပါ၆ နှင့် ဦးစိုးဝင်း


တရားရုံးချုပ်တရားသူကြီးဦးကျော်တင့်ရှေ့တွင်

———————————————-


အမှုတို့၌ထုံးဖွဲ့ထားသည့်အတိုင်း၊တရားလိုသည်တရားမစွဲဆိုမီ၁၂နှစ်အတွင်းလက်ရောက်ရရန်တရားစွဲဆိုသော”ပစ္စည်းလက်ရှိဖြစ်ကြောင်း”သာသက်သေပြရန်လိုသည်။


“ပိုင်ရှင်အသွင်လက်ရှိထားခြင်းဟုတ်မဟုတ်၊နောက်တဆင့်တက်၍စိစစ်ရန်လိုကြောင်း”၊ 1997 BLR ( F B ) 85 ကထုံးဖွဲ့သည်ဟုကောက်ယူရန်မဟုတ်။


ဥပဒေနှင့်အညီလက်ရှိထားခြင်းဟုတ်မဟုတ်သာစိစစ်ရန်ဖြစ်သည်။

——————————————


8 LBR 227 ( F B )


IN RE MAUNG NAW v. 1. MA SHWE HMUT, 


                                       2. MAUNG PEIN.


Before Sir Charles Fox, Chief Judge, Mr. Justice Ormond and Mr. Justice Twomey.


အမှုတွင်၊တရားလိုသည်အချင်းဖြစ်မြေတွင်”ဓနိပင်များစိုက်ပျိုးထားခြင်း”။

——————————————


11 LBR 415 


MA SAW v. MAUNG SHWE GAN AND MA BAN.*


Before Mr. Justice Pratt.


အမှုတွင်၊အချင်းဖြစ်မြေကိုတောရှင်း၍”နေထိုင်ခြင်း”။

———————————————


5 Ran 154 


MA PWA ZON AND TWO 

               V.

MA PAN I AND ONE.*


Before Mr. Justice Pratt, and Mr. Justice Mya Bu.


အမှုတွင်၊မြေ၌တရားလိုကနတ်စင်ဆောက်ထားခြင်း။

——————————————


1963 BLR ( C C ) 708 


MAUNG MYA THAN AND ANOTHER (APPELLANTS)

                        V.

U TUN TIN (RESPONDENT).*


Before U San Maung, J.


အမှုတွင်၊စီရင်ထုံးစာမျက်နှာ၇၁၁၌ဖော်ပြထားသည့်အကြောင်းခြင်းရာများအရ၊တရားလိုဦးထွန်းတင်သည်အချင်းဖြစ်မြေတွင်အဖိုးနှင့်အတူနေထိုင်ခဲ့ခြင်း၊အဖိုးအထက်အညာသို့ပြောင်းရွှေ့သွားရာမှ၎င်းလက်ရှိဖြစ်လာခြင်း၊အဖေတူအမေကွဲညီမ၊မညွန့်အားမြေကိုစောင့်ရှောက်စေခြင်း၊တရားမစွဲဆိုမီ၆နှစ်ခန့်တွင်ညီမ၏ခင်ပွန်းကအိမ်ကိုဖျက်ရာအိမ်တိုင်များသာကျန်ခြင်းစသည့်အကြောင်းခြင်းရာများကိုထောက်ချင့်၍ယောက်ဖကအိမ်ဖျက်သည်အထိ၊ဦးထွန်းတင်၏မြေလက်ရှိဖြစ်နေခြင်းက၊မြေကိုပိုင်ရှင်အဖြစ်သုံးခြင်းအသီးသီးမှာမြေပိုင်ဆိုင်သည့်အခွင့်အရေးများကိုသုံးစွဲခြင်းဖြစ်သည်ဟု၊တနည်းအားဖြင့်ဆင်ခြင်၍ရနိုင်သည်။

———————————————


သို့ဖြစ်ရာ၊ In Nair Service Society Ltd. v. K.C. Alexander, AIR 1968 SC 1165နှင့် Perry v. Clissold 1907 AC 73 (PC) စီရင်ထုံးများပါထုံးဖွဲ့ချက်တို့သည်မြန်မာနိုင်ငံကလက်ခံကျင့်သုံးသည့်”လက်ရှိထားပိုင်ခွင့်”ဆိုင်ရာဥပဒေနှင့်ကွဲပြားမှုတစုံတရာမရှိ။


“လက်ရှိထားပိုင်ခွင့်ရှိသူသည်ဆိုင်ရာဆိုင်ခွင့်မရှိသည်မှအပ၊ပိုင်ရှင်တဦးဖြစ်ဘိအလားလက်ရှိပစ္စည်းတွင်နေထိုင်သုံးစွဲလျက်ရှိသူဖြစ်သည်”ဟုပြဆိုခြင်းထက်မပိုနိုင်။


In Nair Service Society Ltd. v. K.C. Alexander, AIR 1968 SC 1165 အမှုတွင်၊တရားလို၏အနေအထားကိုသတ္တုချကြည့်ပါကမြန်မာနိုင်ငံစီရင်ထုံးများပါတရားလိုအသီးသီး၏အနေအထားထက်သာလွန်ခြင်းမရှိကြောင်းတွေ့နိုင်သည်။


“1997 BLR ( F B ) 85 စီရင်ထုံးစာမျက်နှာ၈၈ရှိ၊နောက်ဆုံးစာပိုဒ်နှစ်ပိုဒ်ပါအဆိုအမိန့်တို့သည်မြန်မာနိုင်ငံ၌တစိုက်မတ်မတ်လိုက်နာလျက်ရှိသောလက်ရှိထားပိုင်ခွင့်ဆိုင်ရာတရားဥပဒေဖြစ်သည်။”


စာရေးသူကသီးခြားသက်သာခွင့်အက်ဥပဒေစာအုပ်၌ဖော်ပြသော၊ In Nair Service Society Ltd. v. K.C. Alexander, AIR 1968 SC 1165 စီရင်ထုံးသည်၊မြန်မာနိုင်ငံ၌လိုက်နာလျက်ရှိသောလက်ရှိထားပိုင်ခွင့်ဆိုင်ရာဥပဒေနှင့်ကွဲလွဲဆုံးဖြတ်ရာရောက်သည်ဟု၊ 1997 BLR ( F B ) 85 အမှု၌စုံညီခုံရုံးကသဘောရရှိခဲ့ပါလျှင်”လိုက်နာရန်တာဝန်မရှိ”။


In Nair Service Society Ltd. v. K.C. Alexander, AIR 1968 SC 1165 စီရင်ထုံးတစိတ်တဒေသသည်မြန်မာနိုင်ငံ၌အခြေကျလျက်ရှိသောတရားဥပဒေနှင့်အမြင်ချင်းကွဲလွဲသည်ဟုစာရေးသူကမယူဆခဲ့သဖြင့်မိမိစာအုပ်၌ဖော်ပြခဲ့ခြင်းဖြစ်သည်။


In Nair Service Society Ltd. v. K.C. Alexander, AIR 1968 SC 1165 အမှုတွင်၊အိန္ဒိယနိုင်ငံတရားလွှတ်တော်ချုပ်က-


[The cases of the Judicial Committee are “not binding on us” but we approve of the dictium in (1907) A.C. 73.]


ဟုပြဆိုသည်။


“တရားရုံးချုပ်စုံညီခုံရုံးသည် In Nair Service Society Ltd. v. K.C. Alexander, AIR 1968 SC 1165 စီရင်ထုံးကိုလိုက်နာရန်တာဝန်မရှိ။”


“စီရင်ထုံးပါမြွက်ဆိုချက်မှန်ကန်သည်ဟုလက်ခံအတည်ပြု(approve)ပါမှ၊ထိုစီရင်ထုံးပါထုံးဖွဲ့ချက်ကိုလက်ခံဆုံးဖြတ်ရန်ဖြစ်သည်။”


6 Ran 261 အမှုပါပြဆိုချက်အရ၊မိမိနိုင်ငံစီရင်ထုံးကိုမလိုက်နာဘဲမြန်မာနိုင်ငံစီရင်ထုံး၏ဆန့်ကျင်ဘက်နိုင်ငံခြားစီရင်ထုံးကိုလိုက်နာခြင်းသည်သင့်မြတ်မည်မဟုတ်၍-


In Nair Service Society Ltd. v. K.C. Alexander, AIR 1968 SC 1165စီရင်ထုံးသည်၊မြန်မာနိုင်ငံ၌တစိုက်မတ်မတ်လိုက်နာလျက်ရှိသည့်၊ 1997 BLR ( F B ) 85 စီရင်ထုံးစာမျက်နှာ၈၈၌အတိအလင်းကိုးကားသောတရားဥပဒေနှင့်ဆန့်ကျင်ခြင်းမရှိဟုစုံညီခုံရုံးကလက်ခံအတည်ပြုသည်ဟုမှတ်ယူရမည်ဖြစ်ရာ၊”ပိုင်ရှင်အသွင်ဖြင့်မြေလက်ရှိဖြစ်ပြီးပိုင်ရှင်၏သာမန်အခွင့်အရေးများကိုသုံးစွဲနေထိုင်သူဟုရည်ညွှန်းပြဆိုမှုသည်၊မြန်မာနိုင်ငံစီရင်ထုံးများလာမြေ၊အိမ်အစရှိသည်တို့ကိုတရားဥပဒေနှင့်အညီလက်ရှိထားသူ၏အနေအထားကိုတနည်းမြွက်ဆိုပြခြင်းထက်မပို”။


စီရင်ထုံးများပါထုံးဖွဲ့ချက်တို့နှင့်”ကွဲလွဲကာအခြားနည်းအကျယ်ချဲ့ခြင်း”မဟုတ်ဟုမှတ်ယူရာ၏။

—————————————————-


သို့မှသာလက်ရှိထားပိုင်ခွင့်သမိုင်းတွင်သမိုင်းဝင်လျက်ရှိသော-


၁၈၉၈ခုနှစ်၊မေလ(၁၁)ရက်နေ့၌စီရင်သည့်-


PJLB 436 


SAYA HLAING v. MAUNG LU GYI. 


Before E. Hosking, Esq.


စီရင်ထုံးမှသည်-


1964 BLR 269 


ဦးအောင်သိန်းပါ၂ နှင့် ဒေါ်မမကြီး


တရားသူကြီးချုပ်ဦးဘိုကြီးရှေ့တွင်


စီရင်ထုံးအထိ၊နှစ်တရာခန့်တည်ခဲ့သောလက်ရှိထားပိုင်ခွင့်ဆိုင်ရာမြန်မာတရားဥပဒေသည်အာနိသင်မပျက်ဆက်လက်တည်နေပေလိမ့်မည်။

—————————————————-


“စီရင်ထုံးများမတည်ငြိမ်ခြင်းသည်ဖြစ်ကောင်းသည်မဟုတ်။”


“အမှုသည်များကိုမြေစာပင်အဖြစ်သို့ရောက်စေတတ်သည်။”

—————————————————-


1948 BLR 1 ( F B ) စီရင်ထုံးစာမျက်နှာ၁၇ရှိပထမအပိုဒ်မှ၊စာမျက်နှာ၁၈၊ဒုတိယအပိုဒ်အဆုံးထိ၊တရားဝန်ကြီးဦးဧမောင်၏ပြဆိုချက်များကိုဆက်ဖတ်ပါ။


“I have, however, to remember, as my Lord has pointed out in his judgment, that Ma E Nyun's case (1) 2 U.B.R. (1897 -1901) (Civ.) 39. was decided over 47 years ago and that the decisions of the Courts in Burma to this day had been in the same sense on this particular point: Communis error facit jus.


The Earl of Halsbury in the case of West Ham Union v. Edmonton Union (2)L.R. (1908) A.C. 6. has said:


" The only difficulty is that one has to consider a decision of as long ago as the year 1842. I do not think that is an absolute reason against a reversal of that decision, but undoubtedly it is an undesirable thing to upset any canon of construction or principle of law which has been settled for so long that people may be supposed to have acted according to it for a considerable time." 


The Lord Chancellor in the same case has enunciated the same principle in a slightly different form:


"Great importance is to be attached to old authorities, on the strength of which many transactions may have been adjusted and rights determined.But where they are plainly wrong and especially where the subsequent course of judicial. decisions has disclosed weakness in the reasoning on which they were based and practical injustice in the consequences that must flow from them, I consider it is the duty of this House to overrule them, if it has not lost the right to do so by itself expressly affirming them."


Lord Blackburn in Sturbridge Union v. Droitwich Union (3) L.R. 6 Q.B. 769, 774. expressed himself as follows:


"The case is governed by a long series of decisions from Reg v. Tipton (3 Q.B.. 215) to Reg v. St. Martin, New Sarum(9 Q.B. 241). Looking at the reasons for those decisions, I think they were founded on a mistake, but we ought not lightly to overrule them."


Applying these tests it seems to me that though, in my opinion, the rule enunciated in Ma E Nyun's case (1) 2 U.B.R. (1897-1901) (Civ.) 39. was founded in error, I would not be justified in differing from the rule enunciated. 


This decision has been acted upon for nearly half a century and upon the basis of the rule rights have been regulated and arrangements as to property made.


I am not satisfied that I can bring this case within the exception contemplated by the Lord Chancellor in West Ham Union v. Edmonton Union (2). L.R.. (1908) A.C. 6.


It does seem to me that the earlier decisions were based on faulty reasoning but I cannot say that " practical injustice in the consequences that must flow" from them is such as to counterbalance the dislocation that will be caused by the law being enunciated in a different sense after a passage of 50 years.”


မှတ်သားသင့်သောဥပဒေပညာတရပ်ဖြစ်သည်။

Comments

Popular posts from this blog

လင်မယားအဖြစ်ပြတ်စဲနိုင်သည့်နည်းအမျိုးမျိုး

ဇာရီမှုကိုဆိုင်းငံ့ရန်ငြင်းပယ်သောအမိန့်သည်ပုဒ်မ၄၇တွင်အကျုံးမဝင်။ 1938 Rangoon Law Reports 580

ကာလစည်းကမ်းသတ်ဥပဒေ[ Part Five ]