မြေလက်ရောက်ရလိုမှု၊ 5 Ran 679
ဆရာကြီးဦးမြသင်ကြားပို့ချချက်များ
“မြေလက်ရောက်ရလိုမှု”
မြေစသည့်မရွှေ့မပြောင်းနိုင်သောပစ္စည်းလက်ရောက်ရလိုမှုသည်သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ၈လာအောက်ပါပြဌာန်းချက်များနှင့်သက်ဆိုင်သည်-
“A person entitled to the possession of specific immovable property may recover it in the manner prescribed by the Code of Civil Procedure.”
(သီးခြားမရွှေ့မပြောင်းနိုင်သောပစ္စည်းကိုလက်ရောက်ရထိုက်ခွင့်ရှိသူသည်တရားမကျင့်ထုံးဥပဒေတွင်သတ်မှတ်ထားသည့်နည်းလမ်းအတိုင်းပြန်ရနိုင်သည်။)
အထက်ပုဒ်မ၈ပါ”တရားမကျင့်ထုံးဥပဒေတွင်သတ်မှတ်ထားသည့်အတိုင်း”ဟူသောစကားရပ်သည်”ဆိုင်ရေးဆိုင်ခွင့်အပေါ်အခြေပြုကာနှင်ထုတ်ပေးစေလိုမှုစွဲဆိုခြင်းဖြင့်”ဟုဆိုလိုကြောင်း၊ Pollock and Mulla ပြုစုသော၊အိန္ဒိယပဋိညာဉ်အက်ဥပဒေနှင့်သီးခြားသက်သာခွင့်အက်ဥပဒေကျမ်း(ပဉ္စမအကြိမ်ထုတ်)စာမျက်နှာ၈၂၆တွင်၊ (1911) 33 All. 174 ( F B )စီရင်ထုံးကိုကိုးကားပြဆိုထားသည်။
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ၈၏အဓိပ္ပာယ်အရမြေကိုလက်ရောက်ရထိုက်သူမဟုတ်ကြောင်းမြင်သာလျှင်၊အချင်းဖြစ်မြေကိုလက်ရောက်ရလိုကြောင်းတရားစွဲဆိုပိုင်ခွင့်(right to sue)ရှိသူမဟုတ်။
1948 BLR 866(876-877)အမှုတွင်၊တရားလိုတရားစွဲဆိုခွင့်မရှိဟုအကြောင်းပြကာအမှုကိုပလပ်ခဲ့သည်။
ထိုစီရင်ထုံးပါ(locus standi)သည်လက်တင်ဝေါဟာရဖြစ်ပြီး(right to sue)တွင်အဓိပ္ပာယ်သက်ဝင်သည်။
—————————————-
“သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ၈အရတရားစွဲဆိုပိုင်ခွင့်ရှိသူ”
5 Ran 679
MAUNG KIN LAY AND ONE
V.
MAUNG TUN THAING AND ONE.*
Before Sir Guy Rultedge, Kt., K.C., Chief Justice, and Mr. Justice Brown.
အမှုတွင်၊ဟိုက်ကုတ်လွှတ်တော်ခုံရုံးက၊ယေဘုယျအားဖြင့်”မြေပိုင်ရှင်သည်ထိုမြေကိုလက်ရောက်ရခွင့်ရှိသည်”ဟုပြဆိုထားသည်။
အမှုတွင်-
“Ordinarily the person who owns land is entitled to possession thereof “
သာမန်အားဖြင့်မြေပိုင်သူသည်မြေကိုလက်ရောက်ရထိုက်ခွင့်ရှိသည်ဟုပြဆိုထားသည်။
ပစ္စည်းလွှဲပြောင်းခြင်းအက်ဥပဒေပုဒ်မ၅၃-က၊စသည့်ပိုင်ရှင်အားပိတ်ပင်မှုမျိုးမရှိလျှင်၊မရွှေ့မပြောင်းနိုင်သောပစ္စည်းပိုင်ရှင်သည်မိမိပိုင်ပစ္စည်းကိုလက်ရောက်ရထိုက်ခွင့်ရှိသည်။
ယင်းပိုင်ဆိုင်ခွင့်ကိုအထက်ပါစီရင်ထုံး၌အကြွင်းမဲ့ပိုင်ဆိုင်ခွင့်ဟုရည်ညွှန်းပြဆိုခြင်းဖြစ်သည်။
အချင်းဖြစ်မြေကိုလက်ရောက်ရထိုက်ခွင့်ရှိကြောင်းပြဆိုရန်၊အဆိုလွှာ၌မြေပိုင်ရှင်ဖြစ်သည်သို့မဟုတ်လက်ရှိထားပိုင်ခွင့်ရှိသူဖြစ်သည်ဟုအဆိုပြုနိုင်ပါမှသီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ၈ပါပြဌာန်းချက်များအရယင်းမြေကိုလက်ရောက်ရရန်တရားစွဲဆိုရန်အကြောင်းပေါ်ပေါက်ကြောင်းအဆိုလွှာကသိသာထင်ရှားစေမည်ဖြစ်သည်။
ဟိုက်ကုတ်လွှတ်တော်ခုံရုံးကအောက်ပါအတိုင်းဆုံးဖြတ်သည်-
“Held, that had the suit of the respondents been one for redmemption of an usufructuary mortgage, it would have failed, but the suit as framed was one for recovery of possession based on tille and, there being no allegation of the existence of an usufructuary mortgage in the plaint, was therefore maintainable.”
စီရင်ထုံးစာမျက်နှာ၆၈၁တွင်၊အင်္ဂလိပ်တရားသူကြီး Brown ကအောက်ပါအတိုင်းသုံးသပ်သည်-
“The question for decision is therefore whether the suit in the present case was a suit for recovery of possession based on title; or whether it was, in fact, a suit for redemption of the usufructuary mortgage.
The plaint in the suit is headed " Suit for recovery and confirmation of possession of land."
စီရင်ထုံးစာမျက်နှာ၆၈၃တွင်၊အောက်ပါအတိုင်းဆက်လက်သုံးသပ်သည်-
“In my view of the case, on the pleadings of the parties, the plaintiffs were owners of the land and the defendants were in possession and the plaintiffs were therefore entitled to possession unless the defendants could show that they had a good right to resist their claim.”
Comments
Post a Comment