8 LBR 227 ( F B ), 11 LBR 415, (1907) A.C. 73

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ


8 LBR 227 ( F B ) နှင့် 11 LBR 415 အမှုများကိုဆုံးဖြတ်သည့်အခါ၊၁၉၀၇ခုနှစ်တွင်ဆုံးဖြတ်သော (1907)A.C.73စီရင်ထုံးကို၊ရန်ကုန်မြို့ရှိရှေ့နေရှေ့ရပ်များဖတ်ပြီးဖြစ်တန်ရာသည်။


သို့ဖြစ်၍အချင်းဖြစ်မြေကိုနိုင်ငံတော်ပိုင်သည်ဟုတရားပြိုင်ဘက်မှအောက်မြန်မာပြည်တရားရုံးချုပ်တွင်မတင်ပြခဲ့ခြင်းဖြစ်တန်ရာသည်။


(1907)A.C.73 စီရင်ထုံးကိုလက်လှမ်းမမီ၍အမှုဖြစ်စဉ်ကိုမသိရပါ။


သို့သော်မြေလက်ရောက်ရလိုမှုတွင်တရားပြိုင်ဘက်မှအချင်းဖြစ်မြေကို၊အခြားသူ(Third party)(နိုင်ငံတော်ပိုင်)ဖြစ်သည်ဟုထုချေခွင့်ရှိမရှိပြဿနာကို၊အဆုံးအဖြတ်ပေးသောစီရင်ထုံးဖြစ်ပုံပေါ်ကြောင်း၊ AIR 1968 SC 1165 စီရင်ထုံးအရသိနိုင်သည်။

—————————————————


၁၉၀၆ခုနှစ်၊ဒီဇင်ဘာလ(၁၄)ရက်နေ့တွင်စီရင်သော-


374 HIGH COURT 1906.


[PRIVY COUNCIL.]


PERRY                                        APPELLANT; 


                   AND 


CLISSOLD AND OTHERS         RESPONDENTS.


ON APPEAL FROM THE HIGH COURT OF AUSTRALIA.


PRIVY COUNCIL 1906. Dec. 14.


Present. The Lord Chancellor, The Earl of Halsbury, Lord Macnaghten, Lord Davey, Lord Robertson, Lord Atkinson, Sir Ford North,, Sir Arthur Wilson.


ပရီဗီကောင်စီကစီရင်ထုံးစာမျက်နှာ၃၇၇နှင့်၃၇၈တွင်စီရင်ထုံးများကိုရည်ညွှန်းကိုးကားစိစစ်ပြီးအောက်ပါအတိုင်းသုံးသပ်သည်-


 “It cannot be disputed that a person in possession of land in the assumed character of owner and exercising peaceably the ordinary rights of ownership has a perfectly good title against all the world but the rightful owner. 


And if the rightful owner does not come forward and assert his title by process of law within the period prescribed by the provisions of the Statute of Limitations applicable to the case, his right is for ever ex-tinguished, and the possessory owner acquires an absolute title.


On behalf of the Minister reliance was placed on the case of Doe v. Barnard (1),  13 Q. B., 945. which seems to lay down this pro-position, that if a person having only a possessory title to land be supplanted in the possession by another who has himself no better title, and afterwards brings an action to recover the land, he must fail in case he shows in the course of the proceedings that the title on which he seeks to recover was merely possessory. 


It is however difficult, if not impossible, to reconcile this case with the later case of Asher v. Whitlock (2),  L.R. 1 Q.B., 1. in which Doe v. Barnard (1)  13 Q. B., 945. was cited.


The judgment of Cockburn C.J. is clear on that point. 


The rest of the Court concurred, and it may be observed that one of the members of the Court in Asher v. Whitlock (2), L.R. 1 Q.B., 1.(Lush J.) had been of counsel for the successful party in Doe v. Barnard (1). 13 Q. B., 945.


The conclusion at which the Court arrived in Doe v. Barnard (1) 13 Q.B., 945.is hardly consistent with the views of such eminent authorities on real property law as Mr. Preston and Mr. Joshua Williams. 


It is opposed to the opinions of modern text writers of such weight and authority as Professor Maitland and Holmes J., of the Supreme Court of the United States (2).See three articles by Professor Maitland in the Law Quarterly, vols. 1., it., and iv.; Holmes, Common Law, p. 244.”


——————————————————


၁၉၁၅ခုနှစ်၊ဇူလိုင်လ(၉)ရက်နေ့၌စီရင်သော-


8 LBR 227 ( F B )


IN RE MAUNG NAW v. 1. MA SHWE HMUT, 

                                       2. MAUNG PEIN.


Before Sir Charles Fox, Chief Judge, Mr. Justice Ormond and Mr. Justice Twomey.


စီရင်ထုံးတွင်အမှုဖြစ်စဉ်ကိုစာမျက်နှာ၂၂၇၌အောက်ပါအတိုင်းအကျဉ်းဖော်ပြသည်-


“A sued B to recover possession of land in respect of which there was no grantee, lessee or person having the status of landholder, basing his claim on the fact that he had been in possession and paid revenue to Government and had been dispossessed by B.”


[အချင်းဖြစ်မြေမှာအစိုးရပိုင်မြေဖြစ်ပြီး၊တရားလိုသည်ဂရန်ရမြေငှါးသို့မဟုတ်အောက်မြန်မာပြည်မြို့နှင့်ကျေးရွာများအက်ဥပဒေပုဒ်မ၄(၁၀)တွင်အဓိပ္ပာယ်ဖွင့်ဆိုထားသော”မြေလက်ရှိထားပိုင်ခွင့်ရှိသူ”တည်းဟူသောဆိုင်ရေးဆိုင်ခွင့်တစုံတရာမရှိ။အက်ဥပဒေအရ၊အစိုးရမြေတွင်ရရှိနိုင်သောဆိုင်ရေးဆိုင်ခွင့်များကိုဆိုလိုသည်။(အညတရ)လက်ရှိဖြစ်သူမျှသာဖြစ်ကြောင်းမီးမောင်းထိုးပြထားသည်ကိုသတိပြုပါ။]


စုံညီခုံရုံးကစီရင်ထုံးစာမျက်နှာ၂၃၂တွင်စီရင်ထုံးသုံးရပ်ကိုကိုးကားပြီးနောက်အောက်ပါအတိုင်းထုံးဖွဲ့သည်-


“Mere previous possession is sufficient to support a claim for possession against one who has dispossessed the plaintiff when the defendant has no title himself.”


စီရင်ထုံးပါ”mere previous possession”ဟူသောစကားရပ်သည်-


”လက်ရှိထားပိုင်ခွင့်”ဟူသည့်ဝေါဟာရကဲ့သို့”ဥပဒေမဆန်”။


အရပ်သူအရပ်သားနားလည်သောရိုးစင်းသည့်အဆိုအမိန့်ဖြစ်သည်။


စီရင်ထုံးစာမျက်နှာ၂၂၇နှင့်၂၂၈တို့တွင်အမှုဖြစ်စဉ်ကိုအောက်ပါအတိုင်းဖော်ပြထားသည်-


“The plaintiffs sued for a declaration that a strip of land belonged to them, for possession of the same; and for Rs. 400 damages against the defendant for cutting dhanee trees belonging to the plaintiffs on that strip of land. Both the Lower Courts have found that the plaintiffs were in possession of the strip land; that they had planted the dhanee trees which the defendant destroyed, and that the defendant had encroached on the plaintiff’s land.”


အမှုဖြစ်စဉ်က၊တရားလိုများသည်မိမိတို့ဓနိပင်များစိုက်ပျိုးထားသောမြေလက်ရှိဖြစ်မှုကိုညွှန်ပြသည်။


မြေမှာနိုင်ငံတော်ပိုင်ဖြစ်သည်။


“တရားလိုတို့သည်မြေလက်ရှိဖြစ်ခြင်းမှတပါးမည်သည့်ဆိုင်ရေးဆိုင်ခွင့်(title)မျှရှိသည်မဟုတ်။”


စီရင်ထုံးခေါင်းစီးပါ”the defendant has no title himself “လာ-


”himself “ကို”ကိုယ်၌”ဟု၊မြန်မာစာအဖွဲ့ကပြုစုသောအင်္ဂလိပ်-မြန်မာအဘိဓာန်တွင်ဘာသာပြန်သည်။


“တရားပြိုင်ကိုယ်၌ဆိုင်ရေးဆိုင်ခွင့်တစုံတရာမရှိ။”


“ဆိုင်ရေးဆိုင်ခွင့်မရှိသည့်အရေးအရာတွင်တရားလိုနှင့်တရားပြိုင်တို့သူမသာကိုယ်မသာဖြစ်သည်။”


သို့သော်တရားလိုများမှာမြေလက်ရှိဖြစ်ခဲ့ပြီး၊တရားပြိုင်များသည်ကျူးကျော်ဝင်ရောက်နေထိုင်သူများသာဖြစ်ချေသည်။


ဤအခြေအနေတွင်၊ 8 LBR 227( F B )အမှုမှတရားလိုများသည်မြေလက်ရှိဖြစ်ခဲ့ခြင်းကြောင့်၊တရားပြိုင်တို့ထက်၊တပန်းသာသည့်အလျောက်တရားပြိုင်များကျူးကျော်ဝင်ရောက်သောအချင်းဖြစ်မြေကိုလက်ရောက်ရလိုမှုစွဲဆိုရာ၌”လက်ရှိထားခဲ့မှုသက်သက်မျှဖြင့်”၊အမှုတွင်အနိုင်ရခွင့်ရှိသည်ဟုဆုံးဖြတ်ခြင်းသည်”တရားမျှတမှုအပေါ်အခြေခံကြောင်းမြင်သာသည်။”


တရားလိုတို့နိုင်ငံတော်ကိုအခွန်ဆောင်ခြင်းက၊ကိုးကားဖော်ပြခဲ့သော PJLB 484 အမှုတွင်ပြဆိုထားသည့်၊ဥပဒေနှင့်အညီလက်ရှိဖြစ်(lawfully in possession)သူများဖြစ်ကြသည်ကိုအကြောင်းအားလျော်စွာဆင်ခြင်လျှင်၊စကားအသုံးအနှုန်းကွဲပြားသော်လည်းထုံးဖွဲ့သောဥပဒေသဘောတရားမှာအတူတူဖြစ်သည်ကိုတွေ့နိုင်သည်။


8 LBR 227( F B )စီရင်ထုံး၌၊စုံညီခုံရုံးကပြဆိုသော”လက်ရှိထားပိုင်ခွင့်”ဆိုင်ရာဥပဒေသသည်၊”မြန်မာနိုင်ငံတွင်၁၉၁၅ခုနှစ်မှစ၍”အခြေကျလျက်ရှိသောတရားဥပဒေ(settled law)ဖြစ်သည်။

—————————-


၁၉၂၂ခုနှစ်၊ဇူလိုင်လ(၃)ရက်နေ့တွင်စီရင်သော-


11 LBR 415 


MA SAW v. MAUNG SHWE GAN AND MA BAN.*


Before Mr. Justice Pratt.


စီရင်ထုံးကိုဖြစ်ပေါ်စေသောအမှုတွင်၊လက်ရှိထားခဲ့သောလယ်ယာမြေများကိုလက်ရောက်ရလိုကြောင်းတရားစွဲဆိုသောအမှု၌၊စီရင်ထုံးစာမျက်နှာ၄၁၅တွင်ပထမအယူခံတရားရုံးကအောက်ပါအတိုင်းဆုံးဖြတ်ကြောင်းဖော်ပြသည်-


“On the ground, however, that the plaintiff and her husband had no title to the land, because land-holder's rights had not been acquired, the learned Divisional Judge held, that the suit was not maintainable and that plaintiff's only remedy would have been a suit under section 9 of the Specific Relief Act within six months of dispossession.”


တရားရုံးချုပ်က၊စီရင်ထုံးစာမျက်နှာ၄၁၅တွင်အထက်ပါပထမအယူခံတရားရုံး၏သုံးသပ်ချက်နှင့်စပ်လျဉ်း၍အောက်ပါအတိုင်းဝေဖန်သည်-


“It seems to me that in saying neither plaintiff nor her husband had any title to the land, the Divisional Judge has inadvertently begged the whole question and contradicted his previous dictum as to the reasons for holding that there had, been no valid transfer.”


စာရေးသူကိုးကားသောအင်္ဂလိပ်-မြန်မာအဘိဓာန်စာမျက်နှာ၁၉၀တွင်-


”beg the question(idiom)”ကို-


”မေးစရာဖြစ်သည်။””ထောက်စရာဖြစ်သည်။”ဟုဘာသာပြန်သည်။


အဆိုပါ”idiom”ကို PJLB 478 အမှုတွင်လည်းသုံးထားသည်ကိုတွေ့ရသည်။


“Previous dictum” ဆိုသည်မှာ၊ပထမအယူခံတရားရုံး(Divisional Court)၏အောက်ပါမြွက်ဆိုချက်ကိုဆိုလိုသည်-


“Defendants' case was that the land had been made over to them absolutely by Lamba. The Divisional Court on appeal: pointed out that Lamba's right of occupancy constituted an interest in the land and could only be transferred by a registered deed.”


“Lamba”ဆိုသူသည်၊အယူခံတရားလို(မူလရုံးတရားလို)မဘန်၏ခင်ပွန်းဖြစ်သည်။


“Divisional Court”သည်၊ပထမအယူခံတရားရုံးဖြစ်သည်။


အထက်အပိုဒ်ရှိ-


“Lamba's right of occupancy constituted an interest in the land and could only be transferred by a registered deed.”


ဟူသောသုံးသပ်ချက်နှင့်-


“the plaintiff and her husband had no title to the land”


ဟူသောဆုံးဖြတ်ချက်တို့သည်ရှေ့နောက်မညီ၍ထောက်စရာဖြစ်နေသည်ဟုတရားရုံးချုပ်ကထောက်ပြခြင်းဖြစ်သည်။


ပထမအယူခံတရားရုံးကတရားလိုသည်လက်ရှိမြေများ၌”title”မရှိဟုဆိုခြင်းသည်မြေလက်ရှိထားပိုင်ခွင့်(land-holders right)ကဲ့သို့သောအကြွင်းမဲ့ပိုင်ဆိုင်ခွင့်(absolute title)မရှိခြင်းကိုဆိုလိုပုံပေါ်သည်။


Right of occupancy(နေထိုင်ခွင့်)သည်-


Possessory title(လက်ရှိထားပိုင်ခွင့်)ဖြစ်သည်ကိုဆင်ခြင်ရန်ပျက်ကွက်ဟန်တူသည်။


တရားရုံးချုပ်ကစီရင်ထုံးစာမျက်နှာ၄၁၆တွင်အောက်ပါအတိုင်းညွှန်ပြသည်-


“The Courts in Burma have consistently recognised such possessory titles.”


စီရင်ထုံးစာမျက်နှာ၄၁၅တွင်ဆုံးဖြတ်ချက်ကိုအောက်ပါအတိုင်းပြဆိုသည်-


“A suit for recovery of possession of state land based on a possessory. title acquired by occupation and clearing will lie as against a trespasser independently of section 9 of the Specific Relief Act.”


အထက်ပါပြဆိုချက်တွင်”independently of section 9 of the Specific Relief Act”ဆိုသည်မှာ”ကျူးကျော်သူအပေါ်လက်ရှိထားပိုင်ခွင့်အရလက်ရောက်ရလိုမှုကိုသီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ၉နှင့်တသီးတခြားစွဲဆိုနိုင်သည်”ဟုဆိုလိုသည်။


စီရင်ထုံးစာမျက်နှာ၄၁၇တွင်အောက်ပါအတိုင်းသုံးသပ်ဆုံးဖြတ်သည်-


“In the Bombay case of Ali v. Pachubibi (6) (1903) 5. Bom. L. Re, 264 a similar view was taken and the difference between a suit based on a possessory title and a suit under-section 9 of the Specific Relief Act was well set out.


"Proof of previous possession is, without more; evidence of the plaintiff's title to recover from the defendants who are proved to be wrong doers.


There is a difference between such a suit (i.e. a suit based on possessory title) and a suit under section 9 of the Specific Relief Act. 


In the former the Court awards the claim only when it finds that the plaintiff had peaceful possession before dispossession and that the defendant had no title and is a wrong-doer, the plaintif's previous possession being in law sufficient proof of his title: in the latter, the Court can only go into the question of dispossession within six months before the suit and cannot inquire into the defendant's title."


I have no doubt that the Divisional Court's finding that the suit would not lie is wrong in law. 


I accordingly set it aside and remand the appeal for hearing on its merits.”


တချိန်ကကျူးကျော်သူအပေါ်သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ၉အရတရားစွဲဆိုရာ၌အရေးနိမ့်လျှင်၊လက်ရှိထားပိုင်ခွင့်အပေါ်အခြေခံကာပုဒ်မ၈အရတရားစွဲဆိုခွင့်မရှိဟုယူဆသောစီရင်ထုံးများရှိခဲ့ဖူးသည်။


11 LBR 415 အမှုတွင်”independently of section 9 of the Specific Relief Act”ကျူးကျော်သူအပေါ်လက်ရှိထားပိုင်ခွင့်အရလက်ရောက်ရလိုမှုကိုသီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ၉နှင့်”တသီးတခြား”စွဲနိုင်သည်ဟုပြဆိုသည်။


မြန်မာစာအဖွဲ့၏အင်္ဂလိပ်-မြန်မာအဘိဓာန်စာမျက်နှာ၇၀၉ကိုဖတ်ပါ။


ပထမအယူခံတရားရုံးကတရားလိုသည်သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ၉အရတရားစွဲဆိုရန်ဖြစ်သည်ဟုဆုံးဖြတ်ခြင်းမှာမမှန်ကြောင်းအောက်မြန်မာပြည်တရားရုံးချုပ်ကရည်ညွှန်းဆုံးဖြတ်ခြင်းဖြစ်သည်ကိုသတိပြုပါ။


ကာလစည်းကမ်းသတ်အက်ဥပဒေပုဒ်မ၂၃ပါ”wrong independent of contract”ဟူသောစကားရပ်ကိုပဋိဉာဉ်နှင့်”မဆိုင်သော”မတရားပြုမှုဟုဘာသာပြန်ချက်နှင့်ယှဉ်ဖတ်ပါ။


——————————————

Comments

Popular posts from this blog

လင်မယားအဖြစ်ပြတ်စဲနိုင်သည့်နည်းအမျိုးမျိုး

ဇာရီမှုကိုဆိုင်းငံ့ရန်ငြင်းပယ်သောအမိန့်သည်ပုဒ်မ၄၇တွင်အကျုံးမဝင်။ 1938 Rangoon Law Reports 580

ကာလစည်းကမ်းသတ်ဥပဒေ[ Part Five ]