မြန်မာနိုင်ငံ၏ပထမဆုံးနိုင်ငံတော်တရားဝန်ကြီးချုပ်ဖြစ်လာခဲ့သောဦးဘဦး

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ


မြန်မာနိုင်ငံ၏ပထမဆုံးနိုင်ငံတော်တရားဝန်ကြီးချုပ်ဖြစ်လာခဲ့သောဦးဘဦးသည်၊ရှေ့နေလိုက်နေခိုက်၁၉၂၃ခုနှစ်တွင်ခရိုင်တရားမနှင့်စက်ရှင်တရားသူကြီးအဖြစ်ခန့်အပ်ခြင်းခံရသည်ဟု၊၎င်း၏ကိုယ်ရေးအတ္ထုပ္ပတိစာအုပ်” My Burma “တွင်ရေးသားထားသည်။


ဦးဘဦးသည်၁၉၃၂ခုနှစ်တွင်ဟိုက်ကုတ်လွှတ်တော်တရားဝန်ကြီးဖြစ်လာသည်။


ထိုနှစ်မတိုင်မီယာယီတရားဝန်ကြီးအဖြစ်ဆောင်ရွက်ခွင့်ရခဲ့သေးသည်။


ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ပထမဆုံးနိုင်ငံတော်တရားဝန်ကြီးချုပ်ဦးဘဦးရေးသားသောကိုယ်ရေးအတ္ထုပ္ပတိ” My Burma “စာအုပ်တွင်၊မိမိ၏ရှေ့နေဘဝအစ၁၉၁၃ခုနှစ်ခန့်၌ရန်ကုန်ရှေ့နေအသင်းနှင့်စပ်လျဉ်း၍-


“It was reputed that the Rangoon bar could hold its own against any in India.”


ဟုမှတ်ချက်ပြုသည်။


own against (တောင့်ခံသည်)


ထိုစဉ်ကမြန်မာနိုင်ငံတွင်အထက်မြန်မာပြည်တရားဌာနမင်းကြီးတရားရုံးနှင့်အောက်မြန်မာပြည်တရားရုံးချုပ်တို့ကိုတည်ထောင်ထားရာ၊ထိုတရားရုံးများသည်ဟိုက်ကုတ်လွှတ်တော်အဆင့်မဟုတ်။


ပြည်ထောင်စုတရားစီရင်ရေးဥပဒေ(၁၉၄၈)ပုဒ်မ၃၁ကိုကြည့်ပါ။


အိန္ဒိယနိုင်ငံတွင်မူဟိုက်ကုတ်လွှတ်တော်အများအပြားတည်ထောင်ပြီးဖြစ်သည်။


မြန်မာနိုင်ငံ၌၁၉၂၂ခုနှစ်ကုန်ဆုံးအံ့ဆဲဆဲတွင်မှရန်ကုန်ဟိုက်ကုတ်လွှတ်တော်ကိုတည်ထောင်နိုင်ခဲ့သည်။


အဆိုပါတရားရုံးများအထက်တွင်အင်္ဂလန်နိုင်ငံ၌အမြင့်ဆုံးတရားစီရင်ရေးအဖွဲ့ဖြစ်သည့်ပရီဗီကောင်စီရှိသည်။


ဦးဘဦးကရန်ကုန်မြို့ရှိနာမည်ကြီးရှေ့နေများကိုမှတ်တမ်းတင်ထားရာမြန်မာဝတ်လုံများအနက်ဦးခင်နှင့်ဦးမေအောင်တို့၏အမည်များကိုဖော်ပြထားသည်။


ထိုစဉ်ကရန်ကုန်ရှေ့နေအများစုသည်အရှေ့တောင်အာရှတွင်အတောင့်တင့်ဆုံး၊အကျွမ်းကျင်ဆုံးရှေ့နေများဖြစ်ခဲ့ပုံပေါ်သည်။


တတိယမြောက်တရားရုံးချုပ်အမည်ဖြင့်၁၉၈၈ခုနှစ်တွင်တည်ထောင်သောအခါရန်ကုန်ရှေ့နေများခါးပြတ်လျက်ရှိပါပြီ။


ဝါရင့်မြန်မာရှေ့နေကြီးများဖြစ်ကြသောဝတ်လုံဦးသိမ်းမောင်၊ဒေါက်တာဧမောင်၊ဒေါက်တာဘဟန်စသည့်ရှေ့နေကြီးများအနက်ကွယ်လွန်သွားသူများ၊အနားယူသွားသူများ၊နိုင်ငံခြားသို့ထွက်ခွါသွားသူများရှိကြ၍အနည်းအကျဉ်းသာကျန်တော့သည်။


ဝါရင့်ရှေ့နေများထံမှပညာသင်ယူခဲ့သောအတော်အတန်ဝါရင့်သည့်ရှေ့နေများဟူ၍လက်တဆုပ်စာသာကျန်သည်။


တရားရုံးချုပ်ကိုတည်ထောင်သောအခါ B.A.(Law),LLB ဘွဲ့ရရှေ့နေများနှင့်၊ RL ရှေ့နေအချို့သည်၊ဝါရင့်ရှေ့နေများထံမှပညာခံယူခွင့်ဆယ်နှစ်ပင်မရဘဲရှေ့တန်းတွင်နေရာယူလျက်ရှိကြသည်။

Comments

Popular posts from this blog

လင်မယားအဖြစ်ပြတ်စဲနိုင်သည့်နည်းအမျိုးမျိုး

ဇာရီမှုကိုဆိုင်းငံ့ရန်ငြင်းပယ်သောအမိန့်သည်ပုဒ်မ၄၇တွင်အကျုံးမဝင်။ 1938 Rangoon Law Reports 580

ကာလစည်းကမ်းသတ်ဥပဒေ[ Part Five ]