စီရင်ထုံးများကိုကိုးကားဆုံးဖြတ်ရာ၌ကျင့်ထုံး

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ


“စီရင်ထုံးများကိုကိုးကားဆုံးဖြတ်ရာ၌ကျင့်ထုံး”


ပထမဆုံးအကြိမ်ကျင်းပသည့်၁၉၅၅-၅၆ခုနှစ်၊တရားသူကြီးများညီလာခံတွင်တရားလွှတ်တော်တရားဝန်ကြီးချုပ်ဦးချန်ထွန်းအောင်ကအောက်ပါအတိုင်းပြောကြားခဲ့သည်-


[တရားစီရင်ရေးတွင်တိကျစွာပြဌာန်းထားသောအက်ဥပဒေများကိုအမှီသဟဲပြု၍စီရင်ခြင်းပြုရသည်သာမက၊တရားစီရင်ထုံးများမှဖြစ်ပေါ်လာသောဥပဒေများကိုလည်းအမြောက်အများအကိုးအကားပြု၍ဆုံးဖြတ်ကြသည်။သို့အတွက်ကြောင့်”စီရင်ထုံးတခုကိုအမှီသဟဲပြု၍တရားစီရင်ရာတွင်အောက်ပါအချက်ကြီးများကိုများစွာဂရုမူရပေလိမ့်မည်”-


(၁)မိမိဆုံးဖြတ်ရမည့်အမှုနှင့်အကိုးအကားပြုသည့်စီရင်ထုံးအချင်းအရာများ(အကြောင်းခြင်းရာများ)သည်ထပ်တူထပ်မျှဖြစ်မဖြစ်။


(၂)စီရင်ထုံးတခု၏ဆုံးဖြတ်ချက်သည်ထိုအမှု၏ကြောင်းချင်းရာများအပေါ်တွင်စီရင်ထားသည်သာဖြစ်ကြောင်း၊စီရင်ထုံးများကိုအကိုးအကားပြုသည့်အခါ၌စီရင်ထုံး၏ခေါင်းစဉ်ကိုသာမဘတ်ဘဲစီရင်ထုံးတခုလုံးကိုအစမှအဆုံးဘတ်၍ထိုစီရင်ထုံးပြုလုပ်ရာ၌မည်သည့်အတွက်ကြောင့်၊မည်သည့်အကြောင်းချင်းရာကြောင့်၊မည်သည့်အဖြစ်အပျက်မျိုးကြောင့်ထိုကဲ့သို့ဆုံးဖြတ်ရခြင်းကိုအသေးစိတ်သိစေရမည်။ Ratio Decidendi ကိုသိရမည်။


(၃)ဆန်ကွဲနှင့်ဖွဲသီးခြားသိရသလိုစီရင်ထုံး၏အဆီအနှစ်ကိုသိရပေမည်။အကိုးအကားပြုသည့်စီရင်ထုံးတွင်ချမှတ်သည့်တရားသူကြီးကယေဘုယျအားဖြင့်မြွက်ဟပြောဆိုသွားသော Obiter Dictum ကိုစင်စစ်ဆုံးဖြတ်ချက်ချမှတ်လိုက်သောအဓိကအချက်များနှင့်ခွဲခြားရမည်။


ထိုအဓိကအချက်ကြီးများကိုဂရုမမူဘဲနှင့်စီရင်ထုံးများမှဖြစ်ပေါ်လာသောဥပဒေကိုသမန်ကာရှန်ကာထည့်သွင်းစဉ်းစားပြီး၊စီရင်ချက်တခုတွင်ချမှတ်လိုက်ပါကတရားစီရင်ရေး၌များစွာထိခိုက်သည်ကိုမကြာခဏတွေ့ရပေသည်။


အမှုတမှုနှင့်တမှုထပ်တူထပ်မျှဖြစ်၍၊စီရင်ထုံးဥပဒေကိုအကိုးအကားပြုနိုင်သောအမှုများလည်းရှိပေသည်။


သို့သော်စီရင်ထုံး၏ကြောင်းချင်းရာများကိုသေချာစွာအသေးစိတ်လေ့လာပြီးမှချမှတ်စေလိုသည်။


ဤကိစ္စနှင့်ပတ်သက်၍ကျွန်တော်ရှေ့နေလိုက်စကစီရင်ထုံးနှစ်ခု၏အချင်းဖြစ်အကြောင်းအရာများကိုသေချာစွာလေ့လာခြင်းမပြုခြင်းကြောင့်တကြောင်း၊အမှုကိုဆုံးဖြတ်ရာတွင်မည်သည့်အချင်းအရာများအပေါ်တွင်မည်သည့်ဥပဒေအချက်အလက်ပေါ်တွင်ဆုံးဖြတ်ထားသည်ကိုသေချာစွာမလေ့လာခြင်းကြောင့်၎င်းအမှုနှစ်မှုအကြောင်းကိုနားမလည်ဖြစ်ခဲ့ဘူးပါသည်။


ထိုအမှုနှစ်မှုမှာ၁၉၂၉ခု၊ Appeal Cases စာမျက်နှာ၃၅၈နှင့်၁၉၃၀ခု၊ Appeal Cases စာမျက်နှာ၄၀၄ဖြစ်ပါသည်။


ထိုအမှုနှစ်မှုတို့သည်အချင်းဖြစ်အကြောင်းအရာများမှာထပ်တူထပ်မျှလိုပင်ဖြစ်ကြသည်။


တမှုမှာတရားလိုရှုံး၍၊တမှု၌တရားလိုကနိုင်သွားသည်ကိုတွေ့ရပါသည်။


သို့သော်အမှု၏အချင်းဖြစ်အကြောင်းအရာကိုသေချာစွာလေ့လာသောအခါ၊အမှုနှစ်မှုစလုံးတွင်ကလေးသူငယ်များသည်ခြံဝင်းတဝင်းရှိလည်သောစက်ခုံတခုပေါ်သို့သွား၍ကစားသဖြင့်ကလေးများဒဏ်ရာရ၍စက်ပိုင်ရှင်ကိုတရားစွဲရာ၌အမှုတမှုတွင်စက်ပိုင်ရှင်ကလျော်ကြေးပေးရသည်။


အမှုတမှုတွင်လျော်ကြေးမပေးရပေ။


အချင်းဖြစ်အကြောင်းအရာကိုအသေးစိတ်လေ့လာသောအခါအမှုတမှုတွင်စက်ပိုင်ရှင်သည်ထိုလည်သောစက်ဘီးခုံကြီးကိုမိမိတိုက်ရိုက်ငှါးရမ်းသည့်အလုပ်သမားများဖြင့်အလုပ်လုပ်၍လျော်ကြေးပေးရကြောင်းသိရသည်။


အခြားအမှုတမှုတွင်၊ဤကဲ့သို့မဟုတ်၊လည်နေသောစက်ခုံကြီး၏ပိုင်ရှင်ကိုယ်တိုင်ထိုစက်ခုံကိုအုပ်ချုပ်စောင့်ရှောက်ခြင်းမပြုဘဲ၊ကံထရိုက်တဦးကိုငှါးထား၍၎င်းကံထရိုက်တာ၏လက်အောက်ခံဖြစ်သောအခိုင်းအစေများ၏ပေါ့ဆမှုကြောင့်၊ကလေးတယောက်ဒဏ်ရာရ၍ပိုင်ရှင်ကိုတရားစွဲရာ၌၊ပိုင်ရှင်မှာတာဝန်မရှိလျော်ကြေးမပေးရကြောင်းတွေ့ရှိရသည်။


နှစ်မှုတွင်ပေါ်ပေါက်သောအခြားအချင်းဖြစ်အကြောင်းအရာ၊ဥပမာခြံဝင်းအတွင်းအဝင်ခံသည်မခံသည်၊စက်ကိုဘယ်အချိန်လည်သည်ဘယ်အချိန်မလည်သည်၊စသောအချင်းအရာများသည်ထပ်တူထပ်မျှဖြစ်လေသည်။


ဤအမှုနှစ်မှုကွဲလွဲပုံအသေးစိတ်ကိုကြည့်ခြင်းအားဖြင့်စီရင်ထုံးဥပဒေကိုအကိုးအကားပြုရာ၌စီရင်ထုံးတွင်ပါရှိသောအမှုကြောင်းခြင်းရာများကိုအထူးလေ့လာသင့်ကြောင်းကိုထင်ရှားစေပါသည်။]

—————————————————


ယခင်တရားလွှတ်တော်တရားဝန်ကြီးချုပ်ဦးချန်ထွန်းအောင်က၊အပိုဒ်၃၌မီးမောင်းထိုးပြထားသည့်”စီရင်ထုံးတွင်ချမှတ်သည့်တရားသူကြီးကယေဘုယျအားဖြင့်မြွက်ဟပြောဆိုသွားသော Obiter Dictum (ခရီးသွားဟန်လွဲဆုံးဖြတ်ချက်)ကိုစင်စစ်ဆုံးဖြတ်ချက်ချမှတ်လိုက်သောအဓိကအချက်များနှင့်ခွဲခြားရမည်ဖြစ်သည်ဟူသောမိန့်မှာချက်ကိုနှလုံးသွင်းကာဆင်ခြင်ရန်လိုသည်”။


၎င်းမြွက်ဆိုချက်တို့သည်ထုံးသာဓကမဲ့မဟုတ်ပါ။


၎င်းစီရင်သော 1954 BLR ( H C ) 306 အမှုတွင်ထုံးသာဓကကိုးကားဖော်ပြထားကြောင်းတွေ့မြင်နိုင်သည်။

———————————————-


1954 BLR ( H C ) 306


MRs. SATWANT KAUR (a) MRS. UDHAM SINGH (APPELLANT) 

                                    V.

H. R. YOUNG (RESPONDENT). *


Before U Chan Tun Aung, J.


အမှုတွင်၊တရားလွှတ်တော်တရားဝန်ကြီးချုပ်ဦးချန်ထွန်းအောင်ကအောက်ပါအတိုင်းဆုံးဖြတ်သည်-


“Held also: Every judgment must be read as applicable to the particular facts proved, and therefore a case is only an authority for what it actually  decides.


Quinn and Leathem, A.C. (1901) (H.L.) 495 at 506, followed”


စီရင်ထုံးစာမျက်နှာ၃၁၄နှင့်၃၁၅တွင်၊တရားဝန်ကြီးချုပ်ဦးချန်ထွန်းအောင်ကအထောက်အထားအကိုးအကားထုံးသာဓကဖြင့်အောက်ပါအတိုင်းသုံးသပ်ဆုံးဖြတ်သည်-


“I regret I cannot accept this submission. 


In this connection I would respectfull quote In the observation of Lord Halsbury, L.C., in Quinn and Leathem (2),A.C. (1901) (H.L.) 495 at 506.which is as follows:


“……There are two observations of a general character which I wish to make, and one is to repeat what I have very often said before, that every judgment must be read as applicable to the particular facts proved, or assumed to be proved, since the generality of the expressions which may be found there are not intended to be expositions of the whole law, but governed and qualified by the particular facts of the case in which such expressions are to be found. The other is that a case is only an authority for what it actually decides………""


Thus, on a careful examination of the entire case I must hold that the first appellate Judge has wrongly applied the decision in Sein Dass v Lakhaiee and another (1) (1940) R L.R. 69 ). to the facts and circumstances of the present case, and as such his order is incorrect. 


The other authorities cited by him are inapposite because those were claims where one  party had derived the title from the other, or where there had been a definite share of interest in certain properties which formed the subject-matter of the claim thus given rise to the necessity for impleading  them as interested parties in appeal. 


In view of the above finding, the question as to whether the adding of Dr.Udham Singh as a party to the appeal has become time-barred or not,does not at all arise.

——————————————-


2004 BLR 146(151)


ဒေါ်အေးအေးသန်း နှင့် ဦးကံရှိန်


တရားရုံးချုပ်၊ဒုတိယတရားသူကြီးချုပ်ဦးသိန်းစိုး၊တရားသူကြီးများဖြစ်ကြသောဦးမြင့်သိန်းနှင့်ဦးတင်အေးတို့၏ရှေ့တွင်-


အမှုတွင်၊အထူးအယူခံခုံရုံးကကိုးကားသောစီရင်ထုံးမှာ၊တရားလွှတ်တော်တရားဝန်ကြီးချုပ်ဦးချန်ထွန်းအောင်ကစီရင်ထုံးအကိုးအကားဖြင့်စီရင်သောအမှုဖြစ်သည်-


အထူးအယူခံခုံရုံးကစီရင်ထုံးစာမျက်နှာ၁၅၁တွင်အောက်ပါအတိုင်းသုံးသပ်သည်-


“စီရင်ထုံးဟူသည်သက်ဆိုင်ရာအမှု၏ဖြစ်ရပ်အတွက်သာလျှင်ထုံးသာဓကဖြစ်သည်။မစ္စဆက်ဝမ်တူး(ခ)မစ္စအူဒမ်ဆင်းနှင့်အိပ်(ချ်)အာရ်ရန်းစီရင်ထုံး(၁၉၅၄ခုနှစ်၊မြန်မာနိုင်ငံတရားစီရင်ထုံး(တရားလွှတ်တော်)စာ-၃၀၆)”

Comments

Popular posts from this blog

လင်မယားအဖြစ်ပြတ်စဲနိုင်သည့်နည်းအမျိုးမျိုး

ဇာရီမှုကိုဆိုင်းငံ့ရန်ငြင်းပယ်သောအမိန့်သည်ပုဒ်မ၄၇တွင်အကျုံးမဝင်။ 1938 Rangoon Law Reports 580

ကာလစည်းကမ်းသတ်ဥပဒေ[ Part Five ]