စီရင်ထုံးများကိုကိုးကားဆုံးဖြတ်ခြင်းကိစ္စ
ဆရာကြီးဦးမြသင်ကြားပို့ချချက်များ
“စီရင်ထုံးများကိုကိုးကားဆုံးဖြတ်ခြင်းကိစ္စ”
စာရေးသူသည်သီးခြားသက်သာခွင့်အက်ဥပဒေစာအုပ်တွင်-
“Nair Service Society Ltd. v. K.C. Alexander, AIR 1968 SC 1165”
စီရင်ထုံးပါအဆိုအမိန့်ကိုဖော်ပြခြင်းမှာတရားစီရင်ရာ၌အထောက်အကူဖြစ်စေရန်ရည်စူးသည်။
တဖက်တွင်တရားရုံးတရုံးကထိုစီရင်ထုံးကိုအမှီသဟဲပြု၍ဆုံးဖြတ်သည့်ကိစ္စမှာသီးခြားပြဿနာဖြစ်သည်။
————————————————-
1971 BLR 83
ဦးထွန်းပါ၂ နှင့် ဒေါ်သိန်းငွေပါ၂
တရားသူကြီးချုပ်ဒေါက်တာမောင်မောင်၊တရားသူကြီးဦးသက်ဖေနှင့်တရားသူကြီးဦးစိန်သင်းတို့ရှေ့တွင်
စီရင်ထုံးတွင်ပြဆိုထားသည့်အတိုင်း-
Perry V. Clissold (1907) AC 73 စီရင်ထုံးပါဖြစ်ရပ်ကိုမလေ့လာဘဲ-
“Nair Service Society Ltd. V. K.C. Alexander, AIR 1968 SC 1165”
အမှုတွင်လက်ခံကိုးကားပြဆိုသောထုံးဖွဲ့ချက်ကိုသုံးစွဲရန်မဟုတ်။
—————————————————-
စာရေးသူက-
“Nair Service Society Ltd. V. K.C. Alexander, AIR 1968 SC 1165”
စီရင်ထုံးအကြောင်းရေးသားခြင်းကတကိစ္စ၊ထိုစီရင်ထုံးပါပြဆိုချက်များကိုတရားရုံးကအမှုတွင်ကိုးကားဆုံးဖြတ်ခြင်းကတကိစ္စဖြစ်သည်။
ထိုအရေးအရာတွင်၊ 1971 BLR 83 အမှု၌ထုံးဖွဲ့ချက်ကိုတရားရုံးများကဂရုဓမ္မပြု၍လိုက်နာရန်ဖြစ်သည်။
1971 BLR 83
ဦးထွန်းပါ၂ နှင့် ဒေါ်သိန်းငွေပါ၂
တရားသူကြီးချုပ်ဒေါက်တာမောင်မောင်၊တရားသူကြီးဦးသက်ဖေနှင့်တရားသူကြီးဦးစိန်သင်းတို့ရှေ့တွင်
စီရင်ထုံးထပ်မံဆုံးဖြတ်ချက်ပထမအပိုဒ်ပါ”တရားစီရင်ထုံးဟူသည်မှန်ကန်မျှတ၍တရားဥပဒေနှင့်ညီညွတ်မှသာလျှင်လမ်းညွှန်တရပ်ဖြစ်နိုင်သည်”ဟူသောအဆိုအမိန့်ကိုနှလုံးသွင်းရာသည်။
—————————————————-
“1997 BLR ( F B ) 85 စီရင်ထုံးစာမျက်နှာ၈၈ရှိ၊နောက်ဆုံးစာပိုဒ်နှစ်ပိုဒ်ပါအဆိုအမိန့်တို့သည်မြန်မာနိုင်ငံ၌တစိုက်မတ်မတ်လိုက်နာလျက်ရှိသောလက်ရှိထားပိုင်ခွင့်ဆိုင်ရာတရားဥပဒေဖြစ်သည်။”
စာရေးသူကသီးခြားသက်သာခွင့်အက်ဥပဒေစာအုပ်၌ဖော်ပြသော-
“Nair Service Society Ltd. v. K.C. Alexander, AIR 1968 SC 1165”
စီရင်ထုံးသည်၊မြန်မာနိုင်ငံ၌လိုက်နာလျက်ရှိသောလက်ရှိထားပိုင်ခွင့်ဆိုင်ရာဥပဒေနှင့်ကွဲလွဲဆုံးဖြတ်ရာရောက်သည်ဟု၊1997 BLR ( F B ) 85အမှု၌စုံညီခုံရုံးကသဘောရရှိခဲ့ပါလျှင်”လိုက်နာရန်တာဝန်မရှိ”။
———————————————————-
“Nair Service Society Ltd. v. K.C. Alexander, AIR 1968 SC 1165”
စီရင်ထုံးတစိတ်တဒေသသည်မြန်မာနိုင်ငံ၌အခြေကျလျက်ရှိသောတရားဥပဒေနှင့်အမြင်ချင်းကွဲလွဲသည်ဟုစာရေးသူကမယူဆခဲ့သဖြင့်မိမိစာအုပ်၌ဖော်ပြခဲ့ခြင်းဖြစ်သည်။
“Nair Service Society Ltd. v. K.C. Alexander, AIR 1968 SC 1165”
အမှုတွင်၊အိန္ဒိယနိုင်ငံတရားလွှတ်တော်ချုပ်က-
[The cases of the Judicial Committee are “not binding on us” but we approve of the dictium in (1907) A.C. 73.]
ဟုပြဆိုသည်။
[တရားရုံးချုပ်စုံညီခုံရုံးသည်
“Nair Service Society Ltd. v. K.C. Alexander, AIR 1968 SC 1165”
စီရင်ထုံးကိုလိုက်နာရန်တာဝန်မရှိ။]
“စီရင်ထုံးပါမြွက်ဆိုချက်မှန်ကန်သည်ဟုလက်ခံအတည်ပြု(approve)ပါမှ၊ထိုစီရင်ထုံးပါထုံးဖွဲ့ချက်ကိုလက်ခံဆုံးဖြတ်ရန်ဖြစ်သည်။”
6 Ran 261 အမှုပါပြဆိုချက်အရ၊မိမိနိုင်ငံစီရင်ထုံးကိုမလိုက်နာဘဲမြန်မာနိုင်ငံစီရင်ထုံး၏ဆန့်ကျင်ဘက်နိုင်ငံခြားစီရင်ထုံးကိုလိုက်နာခြင်းသည်သင့်မြတ်မည်မဟုတ်၍-
“Nair Service Society Ltd. v. K.C. Alexander, AIR 1968 SC 1165”
စီရင်ထုံးသည်၊မြန်မာနိုင်ငံ၌တစိုက်မတ်မတ်လိုက်နာလျက်ရှိသည့်၊ 1997 BLR ( F B ) 85 စီရင်ထုံးစာမျက်နှာ၈၈၌အတိအလင်းကိုးကားသောတရားဥပဒေနှင့်ဆန့်ကျင်ခြင်းမရှိဟုစုံညီခုံရုံးကလက်ခံအတည်ပြုသည်ဟုမှတ်ယူရမည်ဖြစ်ရာ၊”ပိုင်ရှင်အသွင်ဖြင့်မြေလက်ရှိဖြစ်ပြီးပိုင်ရှင်၏သာမန်အခွင့်အရေးများကိုသုံးစွဲနေထိုင်သူဟုရည်ညွှန်းပြဆိုမှုသည်၊မြန်မာနိုင်ငံစီရင်ထုံးများလာမြေ၊အိမ်အစရှိသည်တို့ကိုတရားဥပဒေနှင့်အညီလက်ရှိထားသူ၏အနေအထားကိုတနည်းမြွက်ဆိုပြခြင်းထက်မပို”။
စီရင်ထုံးများပါထုံးဖွဲ့ချက်တို့နှင့်”ကွဲလွဲကာအခြားနည်းအကျယ်ချဲ့ခြင်း”မဟုတ်ဟုမှတ်ယူရာ၏။
—————————————————-
သို့မှသာလက်ရှိထားပိုင်ခွင့်သမိုင်းတွင်သမိုင်းဝင်လျက်ရှိသော-
၁၈၉၈ခုနှစ်၊မေလ(၁၁)ရက်နေ့၌စီရင်သည့်-
PJLB 436
SAYA HLAING v. MAUNG LU GYI.
Before E. Hosking, Esq.
စီရင်ထုံးမှသည်-
1964 BLR 269
ဦးအောင်သိန်းပါ၂ နှင့် ဒေါ်မမကြီး
တရားသူကြီးချုပ်ဦးဘိုကြီးရှေ့တွင်
စီရင်ထုံးအထိ၊နှစ်တရာခန့်တည်ခဲ့သောလက်ရှိထားပိုင်ခွင့်ဆိုင်ရာမြန်မာတရားဥပဒေသည်အာနိသင်မပျက်ဆက်လက်တည်နေပေလိမ့်မည်။
————————————-
AIR 1968 SC 1165 အမှုတွင်၊(1907) A.C.73 စီရင်ထုံးကိုကိုးကားပြီးနောက်၊အိန္ဒိယနိုင်ငံတရားလွှတ်တော်ချုပ်က-
“Therefore, the plaintiff who was peaceably in possession was entitled to remain in possession and only the State could evict him.”
ဟုဆုံးဖြတ်သည်-
ယင်းအဆုံးအဖြတ်သည်မြန်မာနိုင်ငံကလက်ခံကျင့်သုံးလျက်ရှိသော၊”လက်ရှိထားပိုင်ခွင့်ဆိုင်ရာတရားဥပဒေအတိုင်း”ဖြစ်သည်ကိုတွေ့မြင်နိုင်သည်။
တရားလိုသည်အချင်းဖြစ်မြေကိုအေးအေးချမ်းချမ်းလက်ရှိထားမြဲထားခွင့်ရှိသည်ဟု၊ AIR 1968 SC 1165 အမှုတွင်ချမှတ်သောအမိန့်သည်၊အမှုအနိုင်အရှုံးကိုအဆုံးအဖြတ်ပြုသည့်၊ပဓာနကျသည့်ဆုံးဖြတ်ချက်ဖြစ်သည်။
————————————-
စာရေးသူ၏သီးခြားသက်သာခွင့်အက်ဥပဒေစာအုပ်စာမျက်နှာ၂၃တွင်အထက်ဖော်ပြပါစီရင်ထုံးပါထုံးဖွဲ့ချက်ကိုမြန်မာဘာသာဖြင့်ပြန်ဆိုကာအောက်ပါအတိုင်းဖော်ပြခဲ့သည်-
[ပိုင်ရှင်အသွင်ဖြင့်မြေလက်ရှိဖြစ်ပြီးပိုင်ရှင်၏သာမာန်အခွင့်အရေးကိုသုံးစွဲနေထိုင်သူတဦးသည်ပိုင်ရှင်အစစ်မှတပါးခပ်သိမ်းကုန်သောသူတို့နှင့်စပ်လျဉ်း၍ပိုင်ဆိုင်ခွင့်အခိုင်အမာရှိသည်။
ပိုင်ရှင်အစစ်သည်စည်းကမ်းသတ်ကာလအတွင်းမိမိအခွင့်အရေးကိုအရေးဆိုခြင်းမပြုလျှင်၊ထိုသူ၏အခွင့်အရေးသည်ဆိတ်သုဉ်းသွားပြီးလက်ရှိထားလျက်ရှိသောသူသည်ပိုင်ဆိုင်ခွင့်အပြီးအပိုင်ရရှိသည်။
ပိုင်ရှင်မဟုတ်သောအခြားသူကထိုသို့လက်ရှိထားခြင်းကိုအနှောင့်အယှက်ပြုလာလျှင်၊လက်ရှိထားသူသည်သီးခြားသက်သာခွင့်အက်ဥပဒေအရလက်ရောက်ရလိုကြောင်းစွဲဆိုနိုင်သည်။]
Comments
Post a Comment