စီရင်ချက်ရေးနည်း
ဆရာကြီးဦးမြသင်ကြားပို့ချချက်များ
“စီရင်ချက်ရေးနည်း”
——————————————————-
အမိန့်၂၀၊နည်း၄(၂)တွင်”စီရင်ချက်၌”(the statement of the case)ပါရှိရမည်ဟုပြဌာန်းထားသည်။
ယခုအခါအဆိုလွှာပါအဆိုပြုချက်များ၊ချေလွှာပါချေပချက်များကိုတသီးတခြားဖော်ပြရေးခြင်းသည်၊ပြဌာန်းချက်များနှင့်ညီညွတ်ပါသလား၊ဆင်ခြင်သင့်သည်။
အမိန့်၄၁၊နည်း၃၁အရဆိုပါကအယူခံရုံးစီရင်ချက်တွင်(the statement of the case)ကိုဖော်ပြရန်လိုသည်ဟုမဆို။
သက်ဆိုင်ရာအယူခံတွင်အဆုံးအဖြတ်ခံယူသောအယူခံအကြောင်းပြချက်များကိုဆုံးဖြတ်ရန်လိုအပ်သလောက်အမှုဖြစ်စဉ်ကိုဖော်ပြရန်ဖြစ်သည်။
ပုံသေရေးနည်းမရှိ။
မျက်မှောက်ခေတ်အယူခံစီရင်ချက်များမှာဖောင်းပွခြင်းရှိ၊မရှိသိနိုင်ရန် SJLB, PJLB စီရင်ထုံးများကိုလေ့လာကြည့်ပါ။
————————————————————-
1 LBR 142
MAUNG KYWET V. MAUNG KIN.
Before Mr. Justice Fox.
စီရင်ထုံးတွင်ထုံးပြုထားသောစီရင်ချက်မှာ”စာဆယ်ကြောင်း”မျှသာရှိသည်။
စီရင်ထုံးစာမျက်နှာတဝက်ပင်မရှိ။
ပြင်ဆင်မှုလျှောက်လွှာပါအကြောင်းပြချက်များမှာအောက်တရားရုံး၏ဆုံးဖြတ်ချက်သည်ဥပဒေကြောင်းအရမှားယွင်းသည်ကိုညွှန်ပြပြီး”ဥပဒေအရာတွင်မှားယွင်းခြင်းသက်သက်သည်တရားမကျင့်ထုံးဥပဒေပုဒ်မ၁၁၅(ဂ)တွင်အကျုံးမဝင်ကြောင်း”ပရီဗီကောင်စီ၊စီရင်ထုံးကိုကိုးကားကာလျှောက်လွှာကိုပယ်ခြင်းဖြစ်ကြောင်း၊အင်္ဂလိပ်တရားသူကြီး Fox ကအောက်ပါအတိုင်းပြဆိုသည်-
“Error on a point of law, Decision containing on- Jurisdiction, Exercise of, illegally or with material irregularity.
Error in law does not amount to acting in the exercise of jurisdiction illegally or with material irregularity.
Amir Hassan v. Sheo Buksh, I. L. R., , 11 Cal., 6, and Enat Moudal v. Balaram Dey, 3 Cal. Weekly Notes, 581, followed.
No appeal lies to this Court.
The grounds for application in revision are that the lower Courts erred in law.
No question of procedure is involved.
Error in law does not amount to acting in the exercise of jurisdiction illegally or with material irregularity, see Amir Hassan v. Sheo Buksh,I. L. R., 11 Cal., 6, and the judgment of Maclean, C. J., in Enat Moudal v. Balaram Dey, 3 Cal.Weekly Notes, 581, which, appears to me to state the correct view of the effect of their Lordships of the Privy Council decision in the case first quoted.
The application is rejected.”
——————————————————-
တရားမကျင့်ထုံးဥပဒေပါပြဌာန်းချက်များနှင့်စီရင်ထုံးများပါစီရင်ချက်များကိုလေ့လာပါကစီရင်ချက်များကိုစောလျင်စွာချမှတ်နိုင်ပါလိမ့်မည်။
တဖက်တွင်တရားမကျင့်ထုံးဥပဒေအမိန့်၂၀၊နည်း၄(၂)နှင့်အမိန့်၄၁၊နည်း၃၁တို့တွင်ပြဌာန်းထားသည့်”reasons for the decision”(ဆုံးဖြတ်ချက်ချမှတ်ရသည့်အကြောင်းပြချက်များ)မရှိ၊ထုံးသာဓကမဲ့ဆုံးဖြတ်ခြင်းသည် 1954 BLR ( S C ) 52(57)အမှုတွင်၊ယခင်တရားလွှတ်တော်ချုပ်ကညွှန်ပြသကဲ့သို့”အတ္တနောမတိ”ဆုံးဖြတ်ခြင်းဖြစ်၍၊စီရင်ချက်မည်မည်မဟုတ်သည်ကိုသတိချပ်ရန်လိုသည်။
————————————————
1954 BLR ( S C ) 52
ဒေါ်ထွေး နှင့် မတင်ဦး
နိုင်ငံတော်တရားဝန်ကြီးချုပ်ဦးသိမ်းမောင်၊တရားလွှတ်တော်ချုပ်ဝန်ကြီးဦးမြင့်သိန်းနှင့်လွှတ်တော်တရားဝန်ကြီးဦးစံမောင်တို့ရှေ့တော်တွင်ကြားနာ၍၊နိုင်ငံတော်တရားဝန်ကြီးချုပ်ကစီရင်ချက်ချမှတ်သည်။
စီရင်ထုံးစာမျက်နှာ၅၇တွင်၊နိုင်ငံတော်တရားဝန်ကြီးချုပ်ဦးသိမ်းမောင်ကအောက်ပါအတိုင်းမြွက်ဆိုသည်-
“ဓမ္မသတ်ကျမ်းပြုဆရာတို့၏ယူဆချက်အရ၊အမွေမှုမစွဲမီကပင်လျင်၊အမွေဆိုင်သည်၊ဆိုင်ရာအစု၏တဦးချည်းသီးခြားပိုင်ရှင်ဖြစ်ပြီဟူသောစကား
[ Thus according to the conceptions of the Dhamathat writers it is the fractional share of each Burmese Buddhist heir which vests in him separately and individually and he is entitled to claim a deicision of that share on the death of the ancestor, and nothing mere. His right extends no further and he cannot be deemed to be with his co-heirs a joint owner or joint tenant of the property nor is he entitled to joint possession of the property with them.]
သည်၊အမှုကိုစီရင်ဆုံးဖြတ်ရန်လိုသောစကားလည်းမဟုတ်။
ဓမ္မသတ်တခုခုမည်မည်ရရအထောက်အထားရှိသောစကားလည်းမဟုတ်၊တရားဝန်ကြီးမစ္စတာချာရီ၏အတ္တနောမတိမျှသာဖြစ်သည်။
[ Chari, J. himself has stated at page 795 af the Report.”There are a direct authorities on the position of the heirs of a deceased Burman Buddhist and the conclusion I have arrived at is merely an inference from the general conceptions o Burman Buddhist Law and the indisations given in the Dhamathats as to what the writers conceived ty be rights of the heirs of a deceased Burman Buddhist. ]”
Comments
Post a Comment