မရွှေ့မပြောင်းနိုင်သောပစ္စည်းကိုလက်ရောက်ရလိုမှု၊ 1964 BLR ( C C ) 340

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ


“မရွှေ့မပြောင်းနိုင်သောပစ္စည်းကိုလက်ရောက်ရလိုမှု”


သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ၈တွင်အောက်ပါအတိုင်းပြဌာန်းထားသည်-


“A person entitled to the possession of specific immoveable property may recover it in the manner prescribed by the Code of Civil Procedure.”


“သီးခြား”မရွှေ့မပြောင်းနိုင်သောပစ္စည်းကို”လက်ရောက်ရထိုက်ခွင့်ရှိသူ”သည်၊တရားမကျင့်ထုံးဥပဒေတွင်သတ်မှတ်ထားသည့်နည်းလမ်းအတိုင်းပြန်ရနိုင်သည်။


ပုဒ်မ၈ပါ-


“in the manner prescribed by the Code of Civil Procedure.”


ဟူသောစကားရပ်သည်-


“by a suit for ejectment on the basis of title”


ဟုဆိုလိုကြောင်း၊ (1911) ILR 33 All 174 (FB)အမှုတွင်ထုံးဖွဲ့ထားသည်။

————————————————


AIR 1968 SUPREME COURT 1165 ::1968 SCD 500


Supreme Court Of India


(From Kerala: AIR 1966 Ker 286)


HON'BLE JUDGE(S): M. HIDAVATULLAH, S. M. SIKRI, K. S. HEGDE, JJJ


အမှုတွင်အောက်ပါအတိုင်းထုံးဖွဲ့သည်-


(A) Specific Relief Act (1 of 1877) , S.8, S.9- Specific Relief Act (47 of 1963) , S.5, S.6 - Scope - 


Provisions are not mutually exclusive-In a suit under S. 9 plaintiff need not prove title - 


If period of six months has passed defendant entitled to raise question of title and require plaintiff to prove better title. 


(1911) ILR 33 All 174 (FB). Overruled. 


Provisions of Ss. 8 and 9 of Specific Relief Act are not mutually exclusive so that after the period of six months is over it cannot be said that a cult based on prior possession alone is not possible. 


S. 8 of the Specific Relief Act does not limit the kinds of suit but only lays down that the procedure laid down by Civil P C must be followed. 


This is different from saying that a suit based on possession alone is incompetent after expiry of six months. 


The correct position is that if S. 9 of the Specific Relief Act is utilised the plaintiff need not prove title and the title of the defendant does not avail him. 


When, however, the period of 6 months has passed question of title can be raised by the defendant and if he does so the plaintiff must establish a better title or fail. 


In other words, the right is only restricted to possession only in a suit under S. 4 of the Specific Relief Act but that does not bar a suit on prior possession within 12 years and title need not be proved unless the de.


အထက်ပါပြဌာန်းချက်များမှာရှင်းပါသည်။


“တရားလိုသည်လက်ရောက်ရလိုသောပစ္စည်းပိုင်ရှင်ဖြစ်ရမည်ဟုပုဒ်မ၈ကမဆို။”

———————————


“လက်ရောက်ရလိုမှုနှစ်မျိုးရှိခြင်း”


1964 BLR ( C C ) 340 


MAUNG CHA PAW (APPELLANT)

                       V.

KO MAUNG TIN (RESPONDENT). *


Before U San Maung, J.


မောင်ချာပေါအမှုတွင်-


“The suit, now under consideration, is not one for possession based on title either absolute or possessory.”


ဟုပြဆိုထားရာ-


မရွှေ့မပြောင်းနိုင်သောပစ္စည်းလက်ရောက်ရလိုကြောင်း”အကြွင်းမဲ့ဆိုင်ရေးဆိုင်ခွင့်”သို့မဟုတ်”လက်ရှိထားပိုင်ခွင့်”အပေါ်အခြေပြု၍စွဲဆိုသောအမှုနှစ်မျိုးနှစ်စားရှိကြောင်း၊ဖော်ညွှန်းပြဆိုသောစီရင်ထုံးဖြစ်သည်။


တရားဝန်ကြီးဦးစံမောင်က၊စီရင်ထုံးစာမျက်နှာ၃၄၃နှင့်၃၄၄တွင်အောက်ပါအတိုင်းသုံးသပ်ဆုံးဖြတ်သည်-


“I have given careful consideration to this case and in my opinion the plaintiff's suit should have been dismissed on a more fundamental ground than that relied upon by the learned Township Judge or the learned Additional District Judge.


The suit, now under consideration, is not one for possession based on title either absolute or possessory. 


It is in fact a suit for declaration that he being in possession of the suit land should have been assessed to land revenue in respect of it. 


Such a suit would be barred by section 41 of the Lower Burma Towns and Village Lands Act, read with section 23 thereof.


Under section 55 of the Land and Revenue Act the question as to who is liable to pay revenue in respect of any land, is one within the jurisdiction of the revenue officer concerned and section 56 enacts that Civil Courts have no jurisdiction to consider this matter.


The principle underlying these two sections are applicable to the case now under consideration.


In the result, I hold that the plaintiff-appellant's suit should be dismissed as not maintainable in law. 


The appeal fails and it is dismissed with costs; Advocate's fees being assessed at three Gold Mohurs.”


မောင်ချာပေါအမှုတွင်၊တရားရုံးချုပ်တရားသူကြီးဦးစံမောင်ကလက်ရောက်ရလိုမှုကို(suit for possession based on title either absolute or possessory.)ဟု၊တနည်းမြွက်ဆိုသည်ကိုဥပဒေပညာရှင်အများစုသတိချပ်မိကြပုံမပေါ်။


သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ၈အရစွဲဆိုသောအမှုသည်-


”အကြွင်းမဲ့ပိုင်ဆိုင်ခွင့်”သို့မဟုတ်”လက်ရှိထားပိုင်ခွင့်”အပေါ်အခြေခံစွဲဆိုသောအမှုဖြစ်သည်ဟုပြဆိုထားရာ”absolute”ဟူသောစကားလုံး၏ဆိုလိုရင်းကိုသဘောမပေါက်သူများသည်၊ဦးရွှေကျော် နှင့် ဒေါ်ရွှေပါ၂၊၂၀၁၁ခုနှစ်၊တရားမအထူးအယူခံမှုအမှတ်၈၌”မရွှေ့မပြောင်းနိုင်သောပစ္စည်းလက်ရောက်ရလိုကြောင်းစွဲဆိုမှုတွင်တရားလိုသည်အဆိုပါပစ္စည်းကို”ပိုင်ဆိုင်ခွင့်”သို့မဟုတ်”လက်ရှိထားပိုင်ခွင့်”အပေါ်အခြေခံ၍စွဲဆိုနိုင်သည်”ဟူသောတရားရုံးချုပ်၏မြွက်ဆိုချက်ကိုလေ့လာသင့်သည်။


မရွှေ့မပြောင်းနိုင်သောပစ္စည်းကိုလက်ရောက်ရလိုကြောင်းစွဲဆိုသောအမှုနှစ်မျိုးရှိသည်ကိုကနဦးမှတ်သားရန်လိုသည်။


အမွေရပိုင်ဆိုင်ခြင်း၊ဝယ်ခြင်း၊အပိုင်ရခြင်း၊လေလံဆွဲဝယ်ခြင်း၊ဂရန်ရခြင်း၊လိုင်စင်ရခြင်း၊စသည့်တနည်းနည်းဖြင့်ဆိုင်ရေးဆိုင်ခွင့်ရရှိသူကဆိုင်ရေးဆိုင်ခွင့်အပေါ်အခြေခံကာစွဲဆိုသောအမှုမှာပထမအမျိုးအစားဖြစ်သည်။


တရားသူကြီးဦးစံမောင်က”absolute”(အကြွင်းမဲ့)ဆိုင်ရေးဆိုင်ခွင့်ဟုဆိုရာ၌အချင်းဖြစ်ဥပစာတွင်”အခွင့်အရေးတစုံတရာမရှိဘဲနေထိုင်သူ”တရားပြိုင်သို့မဟုတ်ဆိုင်ရေးဆိုင်ခွင့်ရှိသည့်တရားလိုထက်သာလွန်သောဆိုင်ရေးဆိုင်ခွင့်(better title)မရှိသောတရားပြိုင်နှင့်ခွဲခြားပြခြင်းဖြစ်သည်။

Comments

Popular posts from this blog

လင်မယားအဖြစ်ပြတ်စဲနိုင်သည့်နည်းအမျိုးမျိုး

ဇာရီမှုကိုဆိုင်းငံ့ရန်ငြင်းပယ်သောအမိန့်သည်ပုဒ်မ၄၇တွင်အကျုံးမဝင်။ 1938 Rangoon Law Reports 580

ကာလစည်းကမ်းသတ်ဥပဒေ[ Part Five ]