မြေလက်ရှိထားပိုင်ခွင့်(landholder’s right)
ဆရာကြီးဦးမြသင်ကြားပို့ချချက်များ
မြေလက်ရှိထားပိုင်ခွင့်(landholder’s right)
———————————————
1959 BLR ( H C ) 314
U SAUNG (APPELLANT)
V.
U KHIN MAUNG AND ONE (RESPONDENTS).*
Before U San Maung, J.
အမှု၌၊ရန်ကုန်မြို့တွင်တည်ရှိသောအချင်းဖြစ်မြေမှာဒေါ်စိန်တင်ဆိုသူအားအငှါးချထားသောမြေဖြစ်သည်။
ဒေါ်စိန်တင်ကွယ်လွန်သောအခါအိုးအိမ်ဘုတ်အဖွဲ့ကတရားပြိုင်ဦးခင်မောင်အားအနှစ်ခြောက်ဆယ်မြေငှါးစာချုပ်ထုတ်ပေးလိုက်ရာ၊တရားလိုဦးဆောင်းကအချင်းဖြစ်မြေတွင်ပျံကျ(squatter)အဖြစ်၁၂နှစ်ကျော်နေထိုင်ခဲ့သည်ဟုအဆိုပြုကာ(အောက်မြန်မာပြည်မြို့နှင့်ကျေးရွာမြေများအက်ဥပဒေပုဒ်မ၄(၁၀)၏အဓိပ္ပာယ်အရ)”မြေလက်ရှိထားပိုင်ခွင့်(landholder’s right)ရရှိထားသူဖြစ်ကြောင်းမြွက်ဟကြေညာပေးရန်တရားစွဲဆိုသည်။
မူလတရားရုံးကအဆိုလွှာကိုအမိန့်၇၊နည်း၁၁(က)အရပယ်ချသည်။
အထက်ပါဥပဒေပုဒ်မ၄(၁၀)တွင်အဓိပ္ပာယ်ဖွင့်ဆိုထားသောမြေလက်ရှိထားပိုင်ခွင့်ရရှိသည့်နည်းလမ်းကိုအထက်ပါဥပဒေပုဒ်မ၈၌ပြဌာန်းထားရာ၁၉၅၉ခုနှစ်စီရင်ထုံး(ဦးဆောင်းအမှု)ပါ၊အမှုနှင့်သက်ဆိုင်သမျှမှာအောက်ပါအတိုင်းဖြစ်သည်-
“Except in land in any scheduled town, (and in land which the president may, by notification, specially exempt from the operation of this section,) a landholder’s right shall be acquired by every person who, otherwise than under a grant or lease made by the Government.”
ဇယားဝင်မြို့များတွင်ရန်ကုန်မြို့ပါဝင်သည်။
သို့ဖြစ်ရာရန်ကုန်မြို့အတွင်းရှိမြေတွင်လက်ရှိထားပိုင်ခွင့်ရရှိခြင်းကိုခြွင်းချက်ပြုထားသည်ဖြစ်၍၊ဇယားအရပုဒ်မ၈ကို”Except in land in Rangoon Town”ဟုဖတ်ရှုရန်ဖြစ်ရာ၊တရားလိုစွဲဆိုသောအမှုနိုင်ခြေလုံးဝမရှိကြောင်းမြင်သာသည်။
အမှုတွင်၊တရားဝန်ကြီးဦးစံမောင်ကစီရင်ထုံးစာမျက်နှာ၃၁၅နှင့်၃၁၆၌အောက်ပါအတိုင်းသုံးသပ်ဆုံးဖြတ်သည်-
“In the case now under consideration what the plaintiff said was that he was a squatter for about 15 years on the suit land which then stood in the name of Daw Sein Tin who was a lessee of the Rangoon Development Trust.
Recently, the National Housing Board which was the successor of the Rangoon Development Trust, issued a 6o years' lease to the defendant-respondent U Khin Maung in place of the deceased Daw Sein Tin.
The plaintiff-appellant therefore claims that by virtue of the fact that he had been in possession of the suit land as a squatter for over 12 years, he was entitled to a declaration as against the defendant-respondent that he had acquired a landholder's right.
It is, however, clear that such a declaration as that asked for by the plaintiff-appellant cannot be given on the facts stated by him.
Government was the owner of the land and still remains the owner as there can be no prescriptive a right against it except through adverse possession for more than 60 years.
[See Secretary of State for India v. Chellikani Rama Rao (I)(1916) I.L.R. 39 Mad. 617. Kodoth Ambu Nair v. Secretary of State for India (2) A.I.R. (1924) P.C. 150. and Abdul Wahab v. Secretary of State (3) (1926) I.L.R. 7 Lah. 210.].
The defendant-respondent U Khin Maung being a lessee of the National Housing Board which is a Government agency, there cannot be any decrec for declaration against him that the plaintiff-appellant U.Saung is the owner of the land, which he is not.
Accordingly, the bundle of facts which the plaintiff can prove cannot give him the judgment which he seeks.
Consequently, there was no cause of action as against the defendant-respondent U Khin Maung.
In the result, the appeal fails and is dismissed with costs.
Advocate fees two gold mohurs.”
——————————————————-
1958 BLR ( S C ) 22
MAUNG AYE PE AND ONE (APPLICANTS)
V.
SECRETARY, NATIONAL HOUSING BOARD AND ONE (RESPONDENTS).
Present: U MYINT THEIN, Chief Justice, U Chan Htoon, J. and U Bo Gyi, J.
အမှုတွင်၊တရားလွှတ်တော်ချုပ်ခုံရုံးကအောက်ပါအတိုင်းဆုံးဖြတ်သည်-
“Held: Claim to any right, title or interest in the land by virtue of continuous possession and regular payment of rent for a period of 12 years is admissible only under s. 7 of the Lower Burma Land and Revenue Act, 1876, in respect of culturable land for acquisition of what is know as " the status of a land holder".
In the absence of any writing or a registered deed, no such claim could be made to leasehold property in the Cily of Rangoon.”
တရားလွှတ်တော်ချုပ်ခုံရုံးက၊ရန်ကုန်မြို့အတွင်းရှိမြေငှါးဖြစ်သောမြေကွက်များကိုဆန့်ကျင်လက်ရှိထားကာမျှဖြင့်ပိုင်ရှင်ဖြစ်မလာနိုင်ကြောင်း၊စီရင်ထုံးစာမျက်နှာ၂၅တွင်အောက်ပါအတိုင်းသုံးသပ်ထားသည်-
“But it is common ground that the Board does secRetaRY, not claim any title whatsoever to the house standing on the land except its right to proceed against it for recovery of the rents due in respect of the land.
On the other hand, the applicants as persons in possession can hold it against all the world except the true owner.
It must therefore be said that as against the Board the applicants are entitled to the house subject to the right of the Board for recovery of the arrears of the rent due on the land.”
————————————————————
1997 BLR ( F B ) 57
ဦးမာမက်ဆာလီ နှင့် ဦးအဒူမန်းပါ၈
တရားရုံးချုပ်၊တရားသူကြီးချုပ်ဦးအောင်တိုး၊တရားသူကြီးများဖြစ်ကြသောဦးကျော်ဝင်း၊ဦးအောင်မြင်၊ဦးသန်းဖေ၊ဦးတင်အုံးနှင့်ဦးတင်ထွတ်နိုင်တို့ရှေ့တွင်
အမှုတွင်၊တရားရုံးချုပ်စုံညီခုံရုံးကအောက်ပါအတိုင်းဆုံးဖြတ်သည်-
“ဆုံးဖြတ်ချက်။ ။အောက်မြန်မာပြည်မြို့နှင့်ကျေးရွာများအက်ဥပဒေပုဒ်မ၁၅(၁)တွင်၊တဦးတယောက်သောသူသည်မြေတခုခုနှင့်စပ်လျဉ်းပြီးလက်ရှိထားပိုင်ခွင့်(landholder’s right)ရရှိပြီးမပြီးတရားရုံးတွင်ပြဿနာပေါ်ပေါက်လာပါကထိုသို့သောအခွင့်အရေးရရှိပြီးဖြစ်ကြောင်းအမှုမဖြစ်မီ၅နှစ်ထက်မနည်းသောကာလကအခွန်အရာရှိကကြေညာပြီးမှတ်တမ်းတင်ထားပြီးဖြစ်သည့်အပြင်ပယ်ဖျက်ခြင်းလည်းမရှိသေးပါကတရားရုံးကယင်းကြေညာချက်နှင့်အညီအဆုံးအဖြတ်ပေးရမည်ဟုပြဌာန်းထားသည်။
ယင်းကဲ့သို့လက်ရှိထားပိုင်ခွင့်(landholder’s right)ရရှိပြီးဖြစ်ကြောင်းအခွန်အရာရှိကကြေညာ၍မှတ်တမ်းတင်ထားရန်လုပ်ထုံးလုပ်နည်းကိုအောက်မြန်မာပြည်မြို့နှင့်ကျေးရွာများအက်ဥပဒေပုဒ်မ၁၂၊၁၃နှင့်၁၄တို့တွင်ပြဌာန်းထားသည်။
မြေကိုလက်ရှိထားသူတဦးတယောက်သည်မြေကိုလက်ရှိထားပိုင်ခွင့်ကိုရလိုပါကအထက်ပါဥပဒေပုဒ်မ၁၂အရအခွန်အရာရှိထံလျှောက်ထားရန်လိုသည်။
အခွန်အရာရှိကလျှောက်ထားမှုကိုလက်ခံရရှိသည့်အခါ၊ပုဒ်မ၁၃အရပြဌာန်းထားသည့်စည်းမျဉ်းနှင့်အညီအများပြည်သူသိရှိရန်ကြေညာရသည်။
ထို့နောက်စုံစမ်းမှုပြုလုပ်၍လျှောက်ထားသူသည်မြေကိုလက်ရှိထားပိုင်ခွင့်ရှိကြောင်းကျေနပ်ပါကထိုသို့သောအခွင့်အရေးရရှိပြီးဖြစ်ကြောင်းကြေညာချက်ကိုမှတ်တမ်းတင်ရသည်။
ပုဒ်မ၁၃အရကြေညာပြီး၅နှစ်အတွင်းမှားယွင်းမှုရှိကြောင်းသိလျှင်ပုဒ်မ၁၄အရပယ်ဖျက်နိုင်သည်။
ပယ်ဖျက်ခြင်းမရှိပါကထိုကြေညာချက်နှင့်မကိုက်ညီသည့်နောက်ထပ်ကြေညာချက်ကိုမှတ်တမ်းတင်ခြင်းမပြုနိုင်တော့ပေ။
ပုဒ်မ၁၅တွင်ဖော်ပြထားသည့်အမှုမဖြစ်မီ၅နှစ်ထက်မနည်းသောကာလကအခွန်အရာရှိကမှတ်တမ်းတင်ထားသည့်ကြေညာချက်ဆိုသည်မှာပုဒ်မ၁၂မှ၁၄အထိပြဌာန်းချက်များနှင့်အညီဆောင်ရွက်ထားသည့်ကြေညာချက်ကိုဆိုလိုသည်။
ဦးပိုင်အတ္ထုပ္ပတိမြေပုံတို့တွင်အမည်ပေါက်ခြင်းသည်အောက်မြန်မာပြည်မြို့နှင့်ကျေးရွာများအက်ဥပဒေပုဒ်မ၁၅တွင်ပြဌာန်းထားသည့်အခွန်အရာရှိကဥပဒေနှင့်အညီစုံစမ်းမှုပြုပြီးမှတ်တမ်းတင်ထားသည့်ကြေညာချက်မဟုတ်ပေ။
သို့ဖြစ်၍အချင်းဖြစ်မြေကိုဦးမာမက်ဆာလီသည်၁၉၅၄ခုနှစ်ခန့်ကစ၍နှစ်ပေါင်း၄၀ခန့်ဦးပိုင်အမည်ပေါက်ခဲ့သော်လည်းယင်းမြေကိုပိုင်ဆိုင်ခွင့်မရှိဟုဆုံးဖြတ်သည့်တရားရုံးချုပ်၏ဆုံးဖြတ်ချက်သည်မှားယွင်းခြင်းမရှိဟုကြားနာလျက်ရှိသည့်ပြဿနာကိုဖြေဆိုလိုက်သည်။”
————————————————————
Comments
Post a Comment