ဥပဒေအခန်းကဏ္ဍ(legal aspects of the case)၊ A. I. R. 1930 Rangoon 264
ဆရာကြီးဦးမြသင်ကြားပို့ချချက်များ
ဥပဒေအခန်းကဏ္ဍ(legal aspects of the case)
———————————————-
A. I. R. 1930 Rangoon 264
Po Hte Maung and others- -Appellants.
vs.
Ma Bwin -Respondent.
DOYLE, J.
အမှုတွင်အယူခံတရားလိုထံပေါင်ထားသောမြေမှာ၊မူလကအယူခံတရားပြိုင်မဘွင့်၏အဖိုးပိုင်ဖြစ်သည်။
အဖိုးသည်ဒေါ်ကြည်နှင့်အကြောင်းပါရာမဘွင့်၏ဖခင်မောင်ပိုက်ကြီးထွန်းကားသည်။
မဘွင့်ကထိုမြေတဝက်ကိုရွေးနုတ်လိုမှုစွဲဆိုသောအခါ၎င်း၏ဖခင်၊အဖိုးနှင့်အဖွားတို့ကွယ်လွန်သွားကြပြီးဖြစ်ပုံပေါ်သည်။
အောက်ရုံးများတွင်မဘွင့်အနိုင်ရသည်။
အပေါင်ခံသူကယခင်ဟိုက်ကုတ်လွှတ်တော်တွင်တရားမဒုတိယအယူခံတင်သွင်းရာ၌၊မဘွင့်သည်အဆိုလွှာတွင်ဖခင်မောင်ပိုက်ကြီးသည်အဖိုးအဖွားတို့၏ဩရသသားဟုအဆိုမပြုသဖြင့်၊ပထမအယူခံတရားရုံးကမဘွင့်စွဲဆိုသောအမှုကိုပလပ်ရန်ဖြစ်ပါလျက်၊မောင်ပိုက်ကြီးသည်ဩရသသားဟုဆုံးဖြတ်ခြင်းမှာမှားယွင်းကြောင်းတင်ပြအယူခံဝင်ရာဟိုက်ကုတ်လွှတ်တော်ကအောက်ပါအတိုင်းဆုံးဖြတ်သည်-
“As the land had belonged to Daw Kyi's husband originally, the only way in which under the circumstances it could be held jointly by Daw Kyi and her son was by the latter having the status of aurasa as otherwise Daw Kyi would be the sole heir.
The Court was in duty bound to consider the legal aspects of the cases as they appeared on the record whether specificially pleaded or not. “
Comments
Post a Comment