ပြစ်မှုကျူးလွန်ရန်မနောကံ (Mens rea) (guilty mind) (Part Two)
ဆရာကြီးဦးမြသင်ကြားပို့ချချက်များ
“ပြစ်မှုကျူးလွန်ရန်မနောကံ” ( Mens rea ) ( guilty mind )(Part Two)
—————————————————
အိန္ဒိယနိုင်ငံတရားလွှတ်တော်ချုပ်က၊၁၉၅၁ခုနှစ်၊မတ်လ(၁၉)ရက်နေ့၌စီရင်ဆုံးဖြတ်သော-
Ravula Hariprasada Rao vs The State
1951 AIR 204, 1951 SCR 322
စီရင်ထုံးမှကောက်နုတ်ဖော်ပြခဲ့သည့်၊အောက်ဖော်ပြပါအဆိုအမိန့်မှာမြန်မာနိုင်ငံစီရင်ထုံးများတွင်မရှိသေး။
“Unless a statute either clearly or by necessary implication rules out mens rea as a constituent part of the crime, a person should not be found guilty of an offence against the criminal law unless he has got a guilty mind.”
မြန်မာနိုင်ငံစီရင်ထုံးများမှာဥပဒေများ၏မျက်နှာစာအရပ်ရပ်ကိုမလွှမ်းခြုံမိသေးသမျှကာလပတ်လုံး၊ဆိုင်ရာနိုင်ငံခြားစီရင်ထုံးများကိုလေ့လာရဦးမည်ဖြစ်သည်။
အထက်ဖော်ပြပါအမှုစာမျက်နှာ၃တွင်အောက်ပါအတိုင်းသုံးသပ်သည်-
“The appellant thereafter preferred an appeal to the Sessions Judge at Guntur, who, while setting aside the conviction of the appellant on the second count in each case, confirmed the conviction and sentence in respect of the other charges, on the 9th September, 1946.
This was confirmed in revision by the High Court at Madras on the 19th August, 1947.
Thereupon, the appellant applied to the Privy Council for special leave which was granted on the 9th July, 1948, limited to the single question whether mens rea is necessary to constitute an offence under rule 81 of the Defence of India Rules.
The question to be decided in this appeal arises upon the plea taken by the appellant., which has been already referred to, and the assumption on which the courts below have proceeded in dealing with the case.
The plea of the appellant that he was not present at untur when the alleged offences were committed has not been negatived by the lower courts, but they have held that he was nevertheless liable, as the question of mens rea was not relevant to the offences with which the appellant was charged.
This view is set out very clearly in the following passage which may be quoted from the judgment of the trial Magistrate”
စာမျက်နှာ၆တွင်အောက်ပါအတိုင်းသုံးသပ်သည်-
“In that case, the learned Chief Justice, who delivered the judgment, referred to the well established rule that unless a statute either clearly or by necessary implication rules out mens rea as a constituent part of a crime, the defendant should not be held guilty of an offence under the criminal law unless he has a guilty mind.”
———————————————-
1952 BLR ( S C ) 44 [ဒေါက်တာဆီးဂရေ့(ဖ်)]အမှုတွင်၊အထူးအယူခံမှု၌ယခင်တရားလွှတ်တော်ချုပ်က-
“It is a fundamental principle of law that a crime is not committed if the mind of the person doing the act is innocent.”
ဟူသောထုံးဖွဲ့ချက်အရ၊မနောကံမြောက်ကျူးလွန်ရာမရောက်နိုင်။
1952 BLR ( S C ) 44 စီရင်ထုံးတွင်ကိုးကားသော၊ AIR 1951 SCR 322 စီရင်ထုံးပါ-
“Whether a person has a guilty mind or not in doing an act prohibited by law must be judged by the surrounding circumstances of each case.”
ဟူသောထုံးဖွဲ့ချက်သည်အဖြေဖြစ်သည်။
1952 BLR ( S C ) 44 ( ဒေါက်တာဆီးဂရေ့ဖ် )စီရင်ထုံး၌ကောက်နုတ်ဖော်ပြသော၊အဆိုအမိန့်သည်ပြစ်မှုတိုင်းနှင့်သက်ဆိုင်သည်မဟုတ်။
ရာဇသတ်ကြီးပုဒ်မ၂၇၉၊ပုဒ်မ၃၀၄-က၊အစရှိသောပုဒ်မများတွင်ရည်ညွှန်းထားသောပြစ်မှုများကိုကျူးလွန်ခြင်းရှိမရှိဆန်းစစ်ရာ၌၊ပြစ်မှုကျူးလွန်ရန်မနောကံ( mens rea ) ( guilty mind )သည်၊ထိုပြစ်မှုများမြောက်ရန်လိုသည့်အချက်မဟုတ်။
—————————————-
မြန်မာနိုင်ငံတွင်၊နောက်အကျဆုံး( ၁၄-၁၁-၁၉၀၄ )နေ့၌ခုံရုံးကဆုံးဖြတ်သော-
2 LBR 319 (320)အမှုတွင်
“A man is presumed to intend the ordinary and natural consequences of his actions.”
ဟုပြဆိုသည်ကိုတွေ့ရသည်။
——————————————-
1967 BLR ( SCCAC ) 23 ( ပြစ်မှု )
အမှု၌၊”စိတ်စေတနာကတိုက်တွန်း၍ကာယကံမြောက်ပြုလုပ်ခြင်းဖြစ်တတ်သောကြောင့်ထိုပြုလုပ်ခြင်းကပင်အတွင်းစိတ်ကိုဖော်ပြသောကြေးမုံပြင်ဖြစ်သည်ဟုသာမန်အားဖြင့်တွက်ဆရမည်”ဟုမြွက်ဆိုချက်သည်အခြားတနည်းမြွက်ဆိုချက်ဖြစ်သည်။
“ဒီယုန်မြင်၍ဒီခြုံထွင်သည်”ဟူသောမြန်မာဆိုရိုးသည်၊အချင်းဖြစ်ဥပဒေသဘောတရားကိုထင်ဟပ်သည့်”မြန်မာဆန်ဆန်တွေးခေါ်မှုတရပ်”ဖြစ်သည်။
———————————————-
တဖက်တွင်၊1967 BLR ( SCCAC )45 ( ပြစ်မှု )
အမှု၌ပြဆိုထားသည့်အတိုင်း၊ဓားမိုးခိုင်းစေခြင်းခံရသဖြင့်တစုံတခုသောအမှုကိုမလွှဲမရှောင်သာ၍၊မတတ်သာ၍ပြုသူတဦး၏လုပ်ရပ်သက်သက်ကိုကြည့်ပြီး၎င်းသည်မိမိလုပ်ရပ်၏သဘာဝအလျောက်ဖြစ်ပေါ်လာသောအကျိုးဆက်များကိုကြံရွယ်ပြုလုပ်သည်ဟုကောက်ယူပါလျှင်၊သဘာဝယုတ္တိနှင့်ညီညွတ်ပါမည်လော။
——————————————
1952 BLR ( S C ) 44 ( ဒေါက်တာဆီးဂရေ့ဖ် )အမှုကိုစီရင်စဉ်အခါက၊အထက်၌ဖော်ပြခဲ့သည့်စီရင်ထုံးများ၌၊တွေးခေါ်သည့်အတိုင်းမဟုတ်ဘဲကွဲပြားသောအခြေအနေတွင်၊အခြားနည်းကြောင်းကျိုးဆင်ခြင်သည့်ထုံးသာဓကမြန်မာနိုင်ငံ၌မရှိသေးပါ။
ထိုစီရင်ထုံးပါကြောင်းကျိုးဆင်ခြင်ချက်သည်လူ့သဘောမနောနှင့်ညီညွတ်သည်ဖြစ်၍၊လူမျိုးမရွေးနှင့်သက်ဆိုင်သောအဆိုအမိန့်ဖြစ်သည်။
နိုင်ငံခြားစီရင်ထုံးဖြစ်၍၊မြန်မာပီသခြင်းမရှိဟုဆိုနိုင်ပါမည်လား။
———————————————
တရားမျှတခြင်း၏အသီးအပွင့်များကိုခံစားနိုင်ရန်၊လူအမျိုးမျိုးအတွက်သီးခြားစံနှုန်းများမရှိနိုင်။
9 LBR 114 ( P C )အမှု၌၊စီရင်ထုံးစာမျက်နှာ၁၃၆၌၊ပရီဗီကောင်စီကသာနာညီမျှမှုဆိုင်ရာသဘောတရားများကိုကမ္ဘာတလွှားကျင့်သုံးသည်ဟုဆိုပါသည်။
“The principles of equity are universal”
တရားလွှတ်တော်ချုပ်ကအင်္ဂလန်နိုင်ငံစီရင်ထုံးသည်၊ဒေါက်တာဆီးဂရေ့(ဖ်)အမှုနှင့်ဖြစ်ရပ်ချင်းမတူ၊မြွက်ဆိုချက်မှာမူအထင်အရှားဆီလျော်သည်ဟုပြဆိုခြင်းကိုအငြင်းပွားရန်အကြောင်းမရှိနိုင်။
နိုင်ငံခြားစီရင်ထုံးကိုကိုးကားရကောင်းလားဟုအပြစ်ဖို့ရန်သင့်ပါမည်လော။
——————————————
2 LBR 319 ( 320 )အမှု၌မြွက်ဆိုချက်ဖြစ်သော၊
“A man is presumed to intend the ordinary and natural consequences of his actions.”
ဟူသောအဆိုအမိန့်ကို၊သက်သေခံအက်ဥပဒေပုဒ်မ၁၁၄၏ဥပမာ(ည)အဖြစ်ဖြင့်လည်းကောင်း၊
————————————————
1952 BLR ( S C ) 44 အမှုတွင်ထုံးဖွဲ့ထားသော၊
“But this inference cannot be drawn where an act is done by a person in subjection to the power of others especially if that be a brutal enemy.”
အဆိုအမိန့်ကိုဥပမာ(ည)နှင့်စပ်လျဉ်း၍၊ပုဒ်မ၁၁၄၏နောက်ဆုံးဥပမာအဖြစ်ဖြင့်လည်းကောင်းဖြည့်စွက်ဖတ်ရှုရာ၏။
သက်သေခံအက်ဥပဒေပုဒ်မ၁၁၄ပါပြဌာန်းချက်များကတထစ်ချမှတ်ယူခွင့်ပြုသည်မဟုတ်။
မှတ်ယူခွင့်ရှိသောအခြေအနေနှင့်မှတ်ယူခွင့်မရှိသောဆန့်ကျင်ဖက်အခြေအနေများကို၊ပူးတွဲလေ့လာမှတ်သားရန်ဖြစ်သည်။
——————————————-
1952 BLR ( S C ) 44အမှုတွင်၊စီရင်ထုံးစာမျက်နှာ၄၉၌၊တရားလွှတ်တော်ချုပ်တရားဝန်ကြီးချုပ်ဆာဘဦးကအိန္ဒိယတရားလွှတ်တော်ချုပ်၏စီရင်ထုံးတရပ်ကိုကိုးကား၍အောက်ပါအတိုင်းသုံးသပ်သည်-
“It is one of the principles of the English Law as well as that of our law that a crime is not committed if the mind of the person doing the act is innocent.
The same vier was adopted by the Supreme Court of India in Ravula Haritrasada Rao v. The State (1) A.I.R (1951) S.C.R. 322. the head note of which says:
[Unless a statute clearly or by necessary implication rules out mens rec as a constituent part of the crime, a person should not be found guilty of an offence against the criminal law unless he has got a guilty mind.]
Whether a person has a guilty mind or not in doing an act prohibited by law must be judged by the surrounding circumstances of each case.”
စီရင်ထုံးစာမျက်နှာ၅၁နှင့်၅၂၌၊အင်္ဂလန်နိုင်ငံစီရင်ထုံးတွင်မြွက်ဆိုချက်ကိုတရားဝန်ကြီးချုပ်ဆာဘဦးကအောက်ပါအတိုင်းကောက်နုတ်ဖော်ပြသည်-
“In making these observations the learned Judges appear to have been influenced by the saying that a man intends the natural consequences of his act.
This is a presumption of law and this presumption is not unrebuttable.
In the case of Rex v. Steane (1) L.R. (1947) 1 K.B. 997 at p. 1006 Lord Goddard C.J., said:
"In our opinion it is impossible to say that where an act was done hy a person in subjection to the power of others, especially if that other be a brutal enemy, an inference that he intended the natural consequences of his act must be drawn merely from the fact that he did it.
The guilty intent cannot be presumed and must be proved.
The proper direction to the jury in this case would have been that it was for the prosecution to prove the criminal intent, and that while the jury would be entitled to presume that intent if they thought that the act was done as the result of the free uncontrolled action of the accused, they would not be entitled to presume it, if the circumstances showed that the act was done in subjection to the power of the enemy, or was as consistent with an innocent intent as with a criminal intent, for example, the innocent intent of a desire to save his wife and children from a concentration camp.
They should only convict if satisfied by the evidence that the act complained of was in fact done to assist the enemy, and if there was doubt about the matter, the prisoner was entitled to be acquitted."
————————————
Comments
Post a Comment