Obiter Dictum(ခရီးသွားဟန်လွဲဆုံးဖြတ်ချက်)
ဆရာကြီးဦးမြသင်ကြားပို့ချချက်များ
Obiter Dictum (ခရီးသွားဟန်လွဲဆုံးဖြတ်ချက်)
——————————————————————-
1938 RLR 316 ( F B )
K.L.C.T. CHIDAMBARAM CHETTYAR
V.
AZIZ MEAH AND OTHERS*
Before Sir Ernest H. Goodman Roberts, Kt., Chief Justice , Mr. Justice Mya Bu, and Mr. Justice Dunkley.
အမှုတွင်၊စီရင်ထုံးစာမျက်နှာ၃၂၉၌၊အင်္ဂလိပ်တရားသူကြီး Dunkley ကအောက်ပါအတိုင်းမြွက်ဆိုသည်-
“These observations were obiter, as being unnecessary for the decision of the point before the learned Chief Justice, and from these dicta we are compelled with the greatest respect to express our dissent.”
—————————————-
1998 BLR ( F B ) 239
ဒေါ်ရင်ရင်မေ နှင့် ဒေါ်ခင်လှမော်
တရားရုံးချုပ်၊တရားသူကြီးချုပ်ဦးအောင်တိုး၊တရားသူကြီးများဖြစ်ကြသောဦးကျော်ဝင်း၊ဦးအောင်မြင်၊ဦးသန်းဖေ၊ဦးတင်အုံးနှင့်ဦးတင်ထွတ်နိုင်တို့ရှေ့တွင်
စုံညီခုံရုံးကအောက်ပါအတိုင်းဆုံးဖြတ်သည်-
“ဆုံးဖြတ်ချက်။ ။ခရီးသွားဟန်လွဲဆုံးဖြတ်ချက်”Obiter Dictum”ဆိုသည်မှာအမှုတွင်အဆုံးအဖြတ်ပေးရန်ရှိသောပြဿနာနှင့်မသက်ဆိုင်ဘဲအပိုသုံးသပ်မှုကိုခေါ်ဆိုခြင်းဖြစ်သည်။ယင်းအပိုသုံးသပ်မှုကိုလိုက်နာရန်မလိုပေ။ဆုံးဖြတ်ချက်တရပ်သည်အပိုသုံးသပ်မှုဟုတ်မဟုတ်အမှုတခုချင်းအလိုက်စိစစ်ရသည်။”
စီရင်ထုံးစာမျက်နှာ၂၄၃တွင်၊စုံညီခုံရုံးကအောက်ပါအတိုင်းသုံးသပ်သည်-
“အချင်းဖြစ်ဥပစာ၌ဦးဝင်းမြင့်ကျူရှင်ပြသခြင်းမှာအကြောင်းခြင်းရာပြဿနာဖြစ်သည်။ယင်းသို့ကျူရှင်ပြသခြင်းသည်မည်သည့်အကျိုးသက်ရောက်မှုရှိသည်။ကျူရှင်ပြခြင်းကြောင့်အနီးပတ်ဝန်းကျင်နေသူများအားအနှောင့်အယှက်သို့မဟုတ်စိတ်ငြိုငြင်မှုဖြစ်စေသည်မဖြစ်သည်ကိုဆင်ခြင်သုံးသပ်ခြင်းမှာမူဥပဒေကြောင်းဆိုင်ရာပြဿနာဖြစ်သည်။
အိမ်ငှါးနှင့်အတူနေထိုင်သူဦးဝင်းမြင့်ကအချင်းဖြစ်ဥပစာ၌ကျူရှင်ပြသခြင်းကြောင့်အနီးအနားတွင်နေထိုင်သူများအားအနှောင့်အယှက်ဖြစ်စေသည်ဟုတရားရုံးအဆင့်ဆင့်ကအကြောင်းခြင်းရာအပေါ်ဆင်ခြင်သုံးသပ်ခြင်းမှာဥပဒေဆိုင်ရာပြဿနာသဘောသက်ရောက်သဖြင့်ဤရုံးကယင်းပြဿနာအပေါ်ဝင်ရောက်စွက်ဖက်နိုင်သည်။”
စီရင်ထုံးစာမျက်နှာ၂၄၅တွင်၊စုံညီခုံရုံးကအောက်ပါအတိုင်းဆက်လက်သုံးသပ်သည်-
“မူလရုံးနှင့်တိုင်းတရားရုံးတို့ကအမှုတွဲတွင်ထင်ရှားပေါ်ပေါက်နေသည့်သက်သေခံအထောက်အထားများကိုမျက်ကွယ်ပြုခဲ့ခြင်းမှာဥပဒေအကြောင်းအရလွဲမှားမှုပင်ဖြစ်သည်။အောက်ရုံးများ၏ဥပဒေအရလွဲမှားမှုကိုတရားရုံးချုပ်ကဝင်ရောက်စွက်ဖက်နိုင်သည်။”
စီရင်ထုံးစာမျက်နှာ၂၄၆၌၊စုံညီခုံရုံးကအောက်ပါအတိုင်းမြွက်ဆိုသည်-
“ခရီးသွားဟန်လွဲဆုံးဖြတ်ချက်”Obiter Dictum”ဆိုသည်မှာအမှုတွင်အဆုံးအဖြတ်ပေးရန်ရှိသောပြဿနာနှင့်မသက်ဆိုင်ဘဲအပိုသုံးသပ်မှုကိုခေါ်ဆိုခြင်းဖြစ်သည်။ယင်းအပိုသုံးသပ်မှုကိုလိုက်နာရန်မလိုပေ။ဆုံးဖြတ်ချက်တရပ်သည်အပိုသုံးသပ်မှုဟုတ်မဟုတ်အမှုတမှုချင်းအလိုက်စိစစ်ရသည်။
ကေအယ်လ်စီတီချီဒမ်ဘရမ်ချစ်တီးရား နှင့် အဇစ်မြားနှင့်အခြားသူများအမှု[၁၉၃၈ခုနှစ်၊ရန်ကုန်၃၁၆(၃၁၉)]တွင်အောက်ပါအတိုင်းဖော်ပြထားသည်-
“These observations were Obiter, as being unnecessary for the decision of the point before the learned Chief Justice, and from these dicta we are compelled with the greatest respect to express our dissent.
Comments
Post a Comment