တရားစွဲဆိုရန်အကြောင်းနှင့်တရားစွဲဆိုပိုင်ခွင့်(Part Five)
ဆရာကြီးဦးမြသင်ကြားပို့ချချက်များ
တရားစွဲဆိုရန်အကြောင်းနှင့်တရားစွဲဆိုပိုင်ခွင့်(Part Five)
——————————————————————
အမိန့်၁၄၊နည်း၁(၂)တွင်အောက်ပါအတိုင်းပြဌာန်းထားသည်-
[ Material propositions are those propositions of law or fact which a plaintiff must allege in order to show a “right to sue” or a defendant must allege in order to constitute “his defence.” ]
(အရေးပါသောတင်ပြချက်များဆိုသည်မှာ”တရားစွဲဆိုပိုင်ခွင့်”ရှိကြောင်းပြရန်အလို့ငှါတရားလိုကဖြစ်စေ၊အမှုတွင်”ခုခံချေပ”နိုင်ရန်အလို့ငှါတရားပြိုင်ကဖြစ်စေ၊အကြောင်းခြင်းရာနှင့်စပ်လျဉ်း၍သော်လည်းကောင်း၊ဥပဒေနှင့်စပ်လျဉ်း၍သော်လည်းကောင်းတင်ပြရမည့်အချက်များကိုဆိုသည်။)
အမိန့်၁၄၊နည်း၁(၂)ပြဌာန်းချက်တွင်တရားစွဲဆိုရန်အကြောင်းဟူသောစကားရပ်မပါ။
“A right to sue”ဟူသောစကားရပ်အသစ်ကိုတွေ့မြင်နိုင်သည်။
တရားလိုကတရားစွဲဆိုခွင့်ရှိကြောင်းပြရန်အဆိုပြုရမည့်ဥပဒေသို့မဟုတ်အကြောင်းခြင်းရာအချက်အလက်နှင့်စပ်လျဉ်း၍တရားပြိုင်ကငြင်းလျှင်၊ငြင်းချက်ထုတ်ရန်ဖြစ်သည်။
(အမိန့်၁၄၊နည်း၁(၁)တွင်ငြင်းသည်(deny)ဟုသုံးပြီး၊စီရင်ထုံးများတွင်”traverse”ဟုသုံးခြင်းကြောင့်နားရှုပ်စရာဖြစ်နေသည်။)
ငြင်းချက်အမျိုးအစားကိုလိုက်၍တရားလိုကသက်သေထင်ရှားပြရန်တာဝန်ရှိသောငြင်းချက်များရှိသည့်နည်းတူ၊တရားပြိုင်ဘက်မှသက်သေထင်ရှားပြရန်တာဝန်ရှိသောငြင်းချက်များလည်းရှိသည်။
အမိန့်၁၄၊နည်း၁(၂)ပါ”တရားစွဲဆိုပိုင်ခွင့်”(right to sue)သည်၊တရားလိုအမှုနိုင်ရန်အဆိုပြုရန်လိုသည့်အကြောင်းခြင်းရာများထက်ပို၍ကျယ်ပြန့်သည်။
“တရားစွဲဆိုပိုင်ခွင့်သည်တရားလိုအမှုနိုင်ရန်သက်သေထင်ရှားပြရန်လိုအပ်သောအရေးပါသည့်အကြောင်းခြင်းရာစုဖြစ်ပြီး၊သက်ဆိုင်ရာဥပဒေကတရားလိုအားသက်သာခွင့်ကိုရရှိစေသည်။”
“တရားစွဲဆိုပိုင်ခွင့်မရှိလျှင်တရားလိုအမှုနိုင်မည်မဟုတ်။”
တရားမကျင့်ထုံးဥပဒေတွင်၊တရားစွဲဆိုရန်အကြောင်း(cause of action)နှင့်တရားစွဲဆိုပိုင်ခွင့်(right to sue)ဟူသောစကားရပ်နှစ်ရပ်ကိုသုံးထားသည်။
အမိန့်၁၄၊နည်း၁(၂)နှင့်အမိန့်၂၂၊နည်း၁တို့တွင်၊တရားစွဲဆိုပိုင်ခွင့်(right to sue)စကားရပ်ကိုသုံးသည်။
အမိန့်၂၂၊နည်း၉(၁)တွင်(cause of action)ဟုပြဌာန်းပြန်သည်။
အမိန့်၂၂၊နည်း၁တွင်(the right to sue survives)ဟုသုံးသော်လည်း၊အမွေဆက်ခံရေးအက်ဥပဒေပုဒ်မ၃၀၅တွင်(all causes of action survive)ဟူ၍လည်းကောင်း၊ပုဒ်မ၃၀၆တွင်(all rights to prosecute or defend any action survive)ဟူ၍လည်းကောင်းတမျိုးသုံးသည်။
အမွေဆက်ခံရေးအက်ဥပဒေပုဒ်မ၃၀၆၏ဥပမာ(၂)တွင်၊ A သည်ကွာလိုမှုစွဲဆို၏။
A သေဆုံးသွားသည်။
“တရားစွဲဆိုရန်အကြောင်းသည်”၎င်း၏အခွင့်အရေးကိုဆက်ခံသူအတွက်”ကျန်ရစ်ခြင်းမရှိ”(ဘာသာပြန်ချက်ဖြစ်သည်)။
အမိန့်၂၂၊နည်း၁ပါရေးနည်းအတိုင်း(the right to sue does not survive)ဟုမသုံး။
(the cause of action does not survive)ဟုသုံးသည်။
(right to sue)ဟုမသုံး။
(right to prosecute)ဟုသုံးသည်။
အဓိပ္ပာယ်မှာမူအတူတူဖြစ်သည်။
ဒူးနေရာဒူး၊တော်နေရာတော်ဆိုသကဲ့သို့၊ရှေ့နောက်စကားစပ်(context)နှင့်ဆီလျော်ရာရာသုံးသောဝေါဟာရများဖြစ်သည်။
ကာလစည်းကမ်းသတ်အက်ဥပဒေပထမဇယားအမှတ်စဉ်၁၂၀၊တတိယစာတိုင်တွင်”the right to sue”(တရားစွဲဆိုပိုင်ခွင့်)ရရှိသည့်နေ့မှစ၍စည်းကမ်းသတ်ကာလကိုရေတွက်ရန်ပြဌာန်းသည်။
အမိန့်၇၊နည်း၁(င)လာတရားစွဲဆိုရန်အကြောင်းကို”ဖြစ်မြောက်စေသော”အကြောင်းခြင်းရာများသည်”တရားစွဲဆိုရန်အကြောင်းဆိုက်ရောက်လာပုံ”သက်သက်ကိုသာရည်ညွှန်းသည်မဟုတ်။
အနှစ်သာရအားဖြင့်တရားလိုအားအမှုနိုင်စေမည့်အကြောင်းခြင်းရာများဖြစ်သည်။
“အမိန့်၇၊နည်း၁(င)အရအဆိုပြုရန်ဖြစ်သောအကြောင်းခြင်းရာတို့သည်ဥပဒေအရတရားလိုအားတရားစွဲဆိုပိုင်ခွင့်ကိုရရှိစေသည်။”
သို့ဖြစ်ရာတရားစွဲဆိုရန်အကြောင်းနှင့်တရားစွဲဆိုပိုင်ခွင့်ဟူသောစကားနှစ်ရပ်သည်အညမညအဆက်အစပ်ရှိသည်ကိုသတိချပ်ရာ၏။
တရားစွဲဆိုရန်အကြောင်း၏အဓိပ္ပာယ်နှင့်ဆက်စပ်ဆင်ခြင်ပါကတရားလိုအားအမှုအနိုင်ရစေသောအကြောင်းခြင်းရာများဖြစ်သည်။
ဥပဒေကတရားလိုအားအမှုအနိုင်ရစေမည်ဖြစ်လျှင်အကြောင်းခြင်းရာများအရတရားလိုသည်ဆိုင်ရာအမှုကိုတရားစွဲခွင့်ရှိသည်။
1959 BLR ( H C ) 314
U SAUNG (APPELLANT)
V.
U KHIN MAUNG AND ONE (RESPONDENTS).*
Before U San Maung, J.
အမှုတွင်၊အဆိုလွှာ၌အမိန့်၇၊နည်း၁(င)အရအဆိုပြုရန်လိုအပ်သည့်အကြောင်းခြင်းရာများသည်”မှန်ကန်ရုံမျှဖြင့်”တရားစွဲဆိုရန်အကြောင်းပေါ်ပေါက်သည်ဟု”တထစ်ချမဆိုနိုင်သေး”။
ထိုအကြောင်းခြင်းရာများအရတရားလိုသည်တောင်းဆိုသောသက်သာခွင့်သို့မဟုတ်ဆီလျော်ရာရာသက်သာခွင့်”ရထိုက်ခွင့်ရှိစေသည့်ဥပဒေရှိပါမှတရားစွဲဆိုရန်အကြောင်းပေါ်ပေါက်မည်ဖြစ်ကြောင်းပြသည့်သာဓကကိုစီရင်ထုံးတွင်တွေ့မြင်နိုင်သည်။
အမှုတွင်၊တရားဝန်ကြီးဦးစံမောင်ကစီရင်ထုံးစာမျက်နှာ၃၁၅နှင့်၃၁၆၌အောက်ပါအတိုင်းသုံးသပ်ဆုံးဖြတ်သည်-
“In the case now under consideration what the plaintiff said was that he was a squatter for about 15 years on the suit land which then stood in the name of Daw Sein Tin who was a lessee of the Rangoon Development Trust.
Recently, the National Housing Board which was the successor of the Rangoon Development Trust, issued a 6o years' lease to the defendant-respondent U Khin Maung in place of the deceased Daw Sein Tin.
The plaintiff-appellant therefore claims that by virtue of the fact that he had been in possession of the suit land as a squatter for over 12 years, he was entitled to a declaration as against the defendant-respondent that he had acquired a landholder's right.
It is, however, clear that such a declaration as that asked for by the plaintiff-appellant cannot be given on the facts stated by him.
Government was the owner of the land and still remains the owner as there can be no prescriptive a right against it except through adverse possession for more than 60 years.
[See Secretary of State for India v. Chellikani Rama Rao (I)(1916) I.L.R. 39 Mad. 617. Kodoth Ambu Nair v. Secretary of State for India (2) A.I.R. (1924) P.C. 150. and Abdul Wahab v. Secretary of State (3) (1926) I.L.R. 7 Lah. 210.].
The defendant-respondent U Khin Maung being a lessee of the National Housing Board which is a Government agency, there cannot be any decrec for declaration against him that the plaintiff-appellant U.Saung is the owner of the land, which he is not.
Accordingly, the bundle of facts which the plaintiff can prove cannot give him the judgment which he seeks.
Consequently, there was no cause of action as against the defendant-respondent U Khin Maung.
In the result, the appeal fails and is dismissed with costs.
Advocate fees two gold mohurs.”
——————————————————-
Comments
Post a Comment