လက်ရှိဖြစ်ခြင်းကြောင့်ပိုင်ရှင်မြောက်ခြင်း(Part One)

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ


လက်ရှိဖြစ်ခြင်းကြောင့်ပိုင်ရှင်မြောက်ခြင်း(Part One)

————————————————-


1959 BLR ( H C ) 314 


U SAUNG (APPELLANT)

                 V.

U KHIN MAUNG AND ONE (RESPONDENTS).*


Before U San Maung, J.


အမှုတွင်၊စီရင်ထုံးစာမျက်နှာ၃၁၆၌၊၁၂နှစ်ကျော်ကာလကြာဆန့်ကျင်လက်ရှိထားသူရရှိသောအခွင့်အရေးကို”prescriptive right”ဟုအောက်ပါအတိုင်းရည်ညွှန်းပြဆိုသည်-


“The plaintiff-appellant therefore claims that by virtue of the fact that he had been in possession of the suit land as a squatter for over 12 years, he was entitled to a declaration as against the defendant-respondent that he had acquired a landholder's right.”


ထိုစီရင်ထုံးနှင့်စပ်လျဉ်းပြီးဆက်လက်ဆွေးနွေးလိုသည်မှာ၊တရားလိုဦးဆောင်းသည်”landholder’s right”ရရှိပြီးဖြစ်ကြောင်းမြွက်ဟကြေညာပေးစေလိုမှုစွဲဆိုသည်ဟုစီရင်ထုံးစာမျက်နှာ၃၁၆တွင်အောက်ပါအတိုင်းပြဆိုသည်-


“The plaintiff-appellant therefore claims that by virtue of the fact that he had been in possession of the suit land as a squatter for over 12 years, he was entitled to a declaration as against the defendant-respondent that he had acquired a landholder's right.


It is, however, clear that such a declaration as that asked for by the plaintiff-appellant cannot be given on the facts stated by him.”


“landholder’s right”(နိုင်ငံတော်ပိုင်မြေကိုလက်ရှိထားခွင့်)ဟူသောစကားရပ်ကို၊အောက်မြန်မာပြည်မြို့နှင့်ကျေးရွာမြေများအက်ဥပဒေပုဒ်မ၄(၁၀)တွင်အဓိပ္ပာယ်ဖွင့်ဆိုထားပြီးထိုအခွင့်အရေးကိုမည်သို့မည်ပုံရနိုင်ကြောင်းပုဒ်မ၈တွင်ပြဌာန်းထားသည်။


ပုဒ်မ၇၌၊နိုင်ငံပိုင်မြေတွင်ရရှိနိုင်သောအခွင့်အရေးများကိုပြဌာန်းထားရာပုဒ်မခွဲ(ခ)ပါ-


“rights acquired as against the Government under the Limitation Act”


(ကာလစည်းကမ်းသတ်အက်ဥပဒေအရအစိုးရအပေါ်ရရှိနိုင်သောအခွင့်အရေးများ)ဟုပြဌာန်းချက်များကိုထောက်ရှုပါက၊အရပ်သူအရပ်သားများသည်နိုင်ငံတော်ပိုင်မြေတွင်ထိုအခွင့်အရေးများရနိုင်ကြောင်းယုံမှားဖွယ်မရှိ။


ကာလစည်းကမ်းသတ်အက်ဥပဒေသည်အမှားပြုသူများအားစွဲဆိုရန်စည်းကမ်းသတ်ကာလကိုသာပြဌာန်းသည်မဟုတ်။


အပိုင်း၄သည်”လက်ရှိဖြစ်ခြင်းကြောင့်ပိုင်ရှင်မြောက်ခြင်း”နှင့်သက်ဆိုင်သည်ကိုသတိချပ်ရန်လိုသည်။


ပုဒ်မ၂၆ပါပြဌာန်းချက်များသည်-


“acquisition of right to easements “


(သုံးစွဲရယူခြင်း)နှင့်သက်ဆိုင်သည်။


ထိုပုဒ်မတွင်သတ်မှတ်ကာလကြာသောအခါအလင်းရောင်၊လေအဝင်အထွက်၊လမ်းသွားခွင့်(ဖြတ်သန်းသွားလာခွင့်)၊ရေစီးခွင့်၊အခြားရယူပိုင်သောသုံးစွဲခွင့်(affirmative easement)နှင့်တားမြစ်ပိုင်သောသုံးစွဲခွင့်(negative easement)များရရှိသည်။


(ထိုသုံးစွဲခွင့်များအကြောင်းစာရေးသူ၏သီးခြားသက်သာခွင့်အက်ဥပဒေစာအုပ်စာမျက်နှာ၃၁၂အောက်ခြေမှတ်စု၌ရှင်းပြထားသည်)


ပုဒ်မ၂၈ကိုအကြောင်းပြုပြီးသတ်မှတ်ကာလကြာဆန့်ကျင်လက်ရှိထားသူသည်”prescriptive right”(prescriptive title)ရရှိသည်။


အောက်မြန်မာပြည်မြို့နှင့်ကျေးရွာမြေများအက်ဥပဒေပုဒ်မ၇(ခ)တွင်ရည်ညွှန်းထားသောနိုင်ငံတော်ပိုင်မြေတွင်ကာလစည်းကမ်းသတ်အက်ဥပဒေအရ၊ရရှိနိုင်သောအခွင့်အရေးများသည်ထိုအက်ဥပဒေပုဒ်မ၂၆နှင့်၂၈အရ၊ရရှိသောအခွင့်အရေးများဖြစ်သည်။


သို့ဖြစ်ရာသတ်မှတ်ကာလကြာဆန့်ကျင်လက်ရှိထားခြင်းကြောင့်ဆန့်ကျင်လက်ရှိထားသူ၏ဆိုင်ရေးဆိုင်ခွင့်ကိုအောက်မြန်မာပြည်မြို့နှင့်ကျေးရွာမြေများအက်ဥပဒေပုဒ်မ၇(ခ)တွင်အတိအလင်းအသိအမှတ်ပြုထားကြောင်းပေါ်လွင်သည်။


သို့ဖြစ်၍ဦးဆောင်းအမှုတွင်တရားလိုသည်နိုင်ငံတော်ပိုင်မြေတွင်နှစ်၆၀ထက်မနည်းဆန့်ကျင်လက်ရှိထားပါက”prescriptive right”ရနိုင်ကြောင်းပြဆိုထားခြင်းဖြစ်သည်။


သတိပြုရန်အချက်မှာပုဒ်မ၇(ခ)ကိုရည်ညွှန်းထားသောကာလစည်းကမ်းသတ်အက်ဥပဒေသည်၁၈၇၇ခုနှစ်ကာလစည်းကမ်းသတ်အက်ဥပဒေဖြစ်သည်။

Comments

Popular posts from this blog

လင်မယားအဖြစ်ပြတ်စဲနိုင်သည့်နည်းအမျိုးမျိုး

ဇာရီမှုကိုဆိုင်းငံ့ရန်ငြင်းပယ်သောအမိန့်သည်ပုဒ်မ၄၇တွင်အကျုံးမဝင်။ 1938 Rangoon Law Reports 580

ကာလစည်းကမ်းသတ်ဥပဒေ[ Part Five ]