ဒေါ်စောရွှေပါ၂ နှင့် ဒေါ်မှန်၊စီရင်ထုံးပါအဆုံးအဖြတ်ကိစ္စ(Part One)

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ


1971 BLR ( S B ) 62 


ဒေါ်စောရွှေပါ၂ နှင့် ဒေါ်မှန်၊စီရင်ထုံးပါအဆုံးအဖြတ်ကိစ္စ(Part One)

————————————————-


1971 BLR ( S B ) 62 


ဒေါ်စောရွှေပါ၂ နှင့် ဒေါ်မှန်


တရားသူကြီးချုပ်ဒေါက်တာမောင်မောင်၊တရားသူကြီးဦးကျော်ဇံဦးနှင့်တရားသူကြီးဦးသက်ဖေတို့ရှေ့တွင်


စီရင်ထုံး၌ထုံးပြုထားသောအခွင့်ထူးအယူခံမှုတွင်ချမှတ်သည့်တရားသူကြီးချုပ်ဒေါက်တာမောင်မောင်ရေးသောစီရင်ချက်၌ဖော်ပြသောအမှုဖြစ်စဉ်သည်စာတမျက်နှာပင်မရှိ။


အခွင့်ထူးအယူခံတွင်ဆုံးဖြတ်ရန်ပြဿနာနှင့်စပ်ဆိုင်သမျှအကြောင်းအရာများကိုစာတမျက်နှာခန့်၌ဖော်ပြပြီးနောက်အထူးခုံရုံး(S B)ကဆုံးဖြတ်ရန်ရှိသည့်အကြောင်းအရာများကိုနောက်စာမျက်နှာနှစ်မျက်နှာတွင်လိုရင်းတိုရှင်းမြွက်ဆိုသည်။


စီရင်ချက်သည်အမိန့်၄၁၊နည်း၃၁၊အပိုဒ်ခွဲ(က)မှ(ဂ)ပါပြဌာန်းချက်များနှင့်ညီညွတ်သည်ကိုတွေ့မြင်နိုင်သည်။


နှစ်ဖက်လျှောက်လဲချက်အသီးသီးကိုစီရင်ထုံးစာမျက်နှာ၆၅၌ဖော်ပြပြီးအဆုံးအဖြတ်ပေးသည်ကိုလည်းတွေ့မြင်နိုင်သည်။


တရားလိုဘက်ကအရောင်းအဝယ်ပဋိညာဉ်အတိုင်းဆောင်ရွက်ပေးစေလိုမှုစွဲဆိုရာ၌အဆိုလွှာကတရားစွဲဆိုရန်အကြောင်းဖြစ်မြောက်စေသောအကြောင်းခြင်းရာများကိုသိသာထင်ရှားကြောင်းတရားရုံးအဆင့်ဆင့်ကလက်ခံဆုံးဖြတ်သည်။


အမိန့်၇၊နည်း၁(င)အရလိုအပ်သည့်အတိုင်းအဆိုပြုသောအကြောင်းခြင်းရာများသက်သေထင်ရှားပြနိုင်ရုံမျှဖြင့်တရားလိုသည်ပဋိညာဉ်အတိုင်းဆောင်ရွက်ပေးစေရန်တရားစွဲဆိုပိုင်ခွင့်(right to sue)ရှိသည်မဟုတ်။


အဆိုလွှာကိုအမိန့်၇၊နည်း၁(င)နှင့်အညီရေးသားရုံမျှဖြင့်တရားစွဲဆိုပိုင်ခွင့်ရှိသည်ဟုတရားရုံးကဆုံးဖြတ်နိုင်သည်မဟုတ်။


စီရင်ထုံးစာမျက်နှာ၆၄တွင်”ဒေါ်မှန်အားပဋိညာဉ်အတိုင်းဆောင်ရွက်ပေးစေရန်ဒီကရီပေးသင့်မသင့်ကိုရုံး(မူလတရားရုံးကိုဆိုလိုသည်)ကစဉ်းစားရာ၌ကားထူးခြားသောပြဿနာကိုတွေ့ရသည်”ဟုမြွက်ဆိုကာ၊ထိုထူးခြားချက်အရမူလတရားရုံးသည်တောင်းသောဒီကရီကိုခွင့်မပြုဘဲလျော်ကြေးပေးသည်ဟုစီရင်ထုံး၌ညွှန်ပြသည်။


အမိန့်၇၊နည်း၁(ဆ)ကိုဖတ်ပါ။


အယူခံတရားရုံးများနှင့်မူလတရားရုံးတို့ဥပဒေပြဿနာတရပ်ကိုဆုံးဖြတ်ကြရာ၌အမြင်ချင်းမတူ။


အခွင့်ထူးတရားမအယူခံတွင်တရားရုံးချုပ်တရားသူကြီးချုပ်ဒေါက်တာမောင်မောင်နှင့်တရားရုံးချုပ်တရားသူကြီးဦးကျော်ဇံဦးနှင့်ဦးသက်ဖေတို့နှစ်ဦးပါသောအထူးခုံရုံးကမူ၊မူလတရားရုံးနှင့်အောက်အယူခံတရားရုံးတို့၌အမြင်ကွဲပြားသောဥပဒေပြဿနာအပေါ်မူလတရားရုံးနှင့်အမြင်တူသည်။


(မှတ်ချက်။    ။သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ၁၂၏ရှင်းလင်းချက်ပါပြဌာန်းချက်အပေါ်အဓိပ္ပာယ်ကောက်ယူရာ၌အမြင်ကွဲပြားခြင်းဖြစ်သည်။)


တရားလိုဒေါ်မှန်စွဲဆိုသောမြေအရောင်းအဝယ်ပဋိညာဉ်အတိုင်းဆောင်ရွက်ပေးစေလိုမှုတွင်တရားစွဲဆိုပိုင်ခွင့်(right to sue)သည်အကြောင်းခြင်းရာပြဿနာသက်သက်မဟုတ်။


ဥပဒေပြဿနာလည်းအကျုံးဝင်ကြောင်း 1971 BLR ( S B ) 62 (ဒေါ်စောရွေပါ၂စီရင်ထုံး)ကညွှန်ပြသည်ကိုသင်ခန်းစာယူရန်ဖြစ်သည်။


အချို့သောတရားမအယူခံမှုများတွင်အကြောင်းခြင်းရာအပေါ်အငြင်းပွါးသည်။


တရားမကျင့်ထုံးဥပဒေပုဒ်မ၁၀၀(၁)(ဃ)တွင်အကျုံးမဝင်လျှင်၊အကြောင်းခြင်းရာများနှင့်စပ်လျဉ်း၍အယူခံဝင်ခွင့်တကြိမ်သာခွင့်ပြုသည်။


တရားလွှတ်တော်သည်ခရိုင်တရားရုံး၏အဆုံးအဖြတ်ကိုအတည်ပြုလျှင်ပြည်ထောင်စုတရားလွှတ်တော်ချုပ်၌”အရေးယူလောက်သောဥပဒေပြဿနာ”မတင်ပြနိုင်ဘဲတရားလွှတ်တော်၏အယူခံဆုံးဖြတ်ချက်ကိုအယူခံဝင်ခွင့်မပေး။


(ပုဒ်မ၁၀၀၏တတိယအပိုဒ်ကိုကြည့်ပါ။)


သို့ဖြစ်ရာအကြောင်းခြင်းရာသက်သက်အကျုံးဝင်သောအမှုမဟုတ်လျှင်တရားစွဲဆိုပိုင်ခွင့်တွင်ဥပဒေပြဿနာသက်ဝင်မည်။


ထိုဥပဒေကိုသတိမမူဘဲတရားစွဲပါက 1971 BLR ( S B ) 62 (ဒေါ်စောရွှေပါ၂စီရင်ထုံး)မှာကဲ့သို့၊တရားလိုအမှုရှုံးမည်ကိုရှေ့နေရှေ့ရပ်များသတိချပ်သင့်ကြောင်းသတိမူနိုင်ရန်သာဓကထုတ်ပြခြင်းဖြစ်သည်။

—————————————-

Comments

Popular posts from this blog

လင်မယားအဖြစ်ပြတ်စဲနိုင်သည့်နည်းအမျိုးမျိုး

ဇာရီမှုကိုဆိုင်းငံ့ရန်ငြင်းပယ်သောအမိန့်သည်ပုဒ်မ၄၇တွင်အကျုံးမဝင်။ 1938 Rangoon Law Reports 580

ဇာရီမှုတွင်ချမှတ်သောအမိန့်များ