တရားစွဲဆိုရန်အကြောင်းနှင့်တရားစွဲဆိုပိုင်ခွင့်(Part Six)

 ဆရာကြီးဦးမြသင်ကြားပို့ချချက်များ


တရားစွဲဆိုရန်အကြောင်းနှင့်တရားစွဲဆိုပိုင်ခွင့်(Part Six)

——————————————————————


1963 BLR ( C C ) 556


U THA DIN (APPLICANT/PLAINTIFF)


                        V.


THE SECRETARY, REVOLUTIONARY GOVERNMENT OF THE UNION OF BURMA, DEPARTMENT OF SUPPLY AND CO-OPERATION (RESPONDENT/DEFENDANT).*


Before U Maung Maung, J.


အမှုတွင်၊အစိုးရကမိမိအားမင်းမှုထမ်းအဖြစ်မှမတရားဖယ်ရှားခဲ့သည်ဟုအကြောင်းပြကာရရန်ရှိသည့်လစာများ၊လုပ်သက်ဆုနှင့်ပင်စင်လစာများရလိုကြောင်းသက်ဆိုင်ရာအတွင်းဝန်အပေါ်လူမွဲအဖြစ်တရားစွဲဆိုခွင့်ပြုရန်လျှောက်ထားရာ၊တရားရုံးချုပ်က”ထိုသို့တရားစွဲဆိုခွင့်ရရှိစေသည့်ဥပဒေမရှိ။”


မင်းမှုထမ်းဟူသည်အစိုးရကကြည်ဖြူသ၍သာအမှုထမ်းခွင့်ရှိသူဖြစ်သည်။


(at the pleasure of Government)


အဆိုလွှာသည်အမိန့်၃၃၊နည်း၃(ခ)၏အဓိပ္ပာယ်အရ၊တရားစွဲဆိုရန်အကြောင်းပေါ်ပေါက်ကြောင်းသိသာထင်ရှားစေခြင်းမရှိဟုအကြောင်းပြကာလျှောက်လွှာကိုပယ်ရာ၌”တရားလိုအရေးဆိုသောသက်သာခွင့်ကိုရထိုက်စေသောဥပဒေမရှိကြောင်းအကျယ်တဝင့်စီစစ်ပြသည်။”


ဒေါက်တာမောင်မောင်က၊စီရင်ထုံးစာမျက်နှာ၅၅၆တွင်၊အောက်ပါအတိုင်းဆုံးဖြတ်သည်-


[Held: It is not the State alone, but every master also, who can dismiss its servant at pleasure, in the absence of contractual or Statutory restraints. 


In the case of the State, the additional consideration of the welfare and safety of the people gives rise to the needed immunity from suits for wrongful dismissal.


Except where the power to dismiss at pleasure is willingly restricted by the Sovereign himself, such suits do not lie. ]


စီရင်ထုံးစာမျက်နှာ၅၅၇တွင်၊ဒေါက်တာမောင်မောင်ကအောက်ပါအတိုင်းဆက်လက်ဆုံးဖြတ်သည်-


“This view of the continuance of prerogative right of dismissal is also supported by the provisions of the Public Servants Inquiries Act.


In s. 25 of the Act, the doctrine of employment during the pleasure of the State is expressly preserved.


The basis of the present suit is that the dismissal of the plaintiff from the service was wrongful or illegal or ultra wires. 


The cause of action therefore is that the Government had acted wrongfully or illegally or ultra vires in removing the plaintiff from the service.


This is a question which the late Supreme Court had fully considered.


The dismissal of the Plaintiff's application by the Supreme Court was on the ground that the Government had not acted wrongfully, illegally or ultra vires in removing him from service. 


The ruling of  the Supreme Court and the law on the subject, deprives the suit in its present form of its cause of action.”


တရားလိုဦးသာဒင်စွဲဆိုသောအမှုတွင်၊ခိုင်လုံသောတရားစွဲဆိုရန်အကြောင်းထင်ရှားစေခြင်းမရှိဟု၊စီရင်ထုံးစာမျက်နှာ၅၇၁တွင်၊တရားသူကြီးဒေါက်တာမောင်မောင်ကအောက်ပါအတိုင်းဆုံးဖြတ်သည်-


“The cause of action of the suit therefore is that the Government had acted wrongfully or illegally or ultra vires in removing the plaintiff from the service.


This is a question which the late Supreme Court had fully considered and decided with reference to the law and the rules and regulations relating to the civil service. 


While the Supreme Court had observed that a suit for damages was probably the more appropriate course for U Tha Din to pursue rather than a remedy by way of writ, the Supreme Court did not abdicate its judicial power. 


Instead it went fully into the merits of the case and expounded the law that applied.


The dismissal of U Tha Din's application by the Supreme Court was on the ground that the Government had not acted wrongfully, illegally or ultra vires in removing him from service. 


Here, if U Tha Din is granted the leave that he seeks to sue as a pauper, in the way the suit is framed the decision of the Supreme Court would still stand in his way, for the whole basis of the suit is that the order of the Government is wrongful, illegal or ultra vires. 


Even assuming, therefore, that all the facts narrated by U Tha Din in his plaint are true, the law would be against him.


The ruling of the Supreme Court and the law on the subject, which I have at some length discussed above, deprives the suit in its present frame of its cause of action.


I must therefore, and not without regret, nor without sympathy for the plaintiff, reject his application for leave to sue as a pauper because the plaint, examined in the light of the law, fails to reveal a valid cause of action.”

——————————————————-


အမိန့်၇နှင့်၈ပါပြဌာန်းချက်များကိုသတ္တုချကြည့်လျှင်တရားလိုက”အဆိုလွှာတွင်တရားစွဲဆိုရန်အကြောင်းဖြစ်မြောက်စေသောအကြောင်းခြင်းရာများကိုအဆိုပြုရန်ဖြစ်ပြီး”၊တရားပြိုင်ကချေလွှာ၌အချင်းဖြစ်အမှုကိုစွဲဆိုခွင့်မရှိကြောင်းပြသည့်အကြောင်းအရာများနှင့်ဆိုင်ရာဥပဒေအချက်အလက်တို့ကိုထုချေရန်ဖြစ်ကြောင်းပေါ်လွင်သည်။


အမိန့်၇တွင်၊အမိန့်၁၄၊နည်း၁(၂)မှာကဲ့သို့(right to sue)ဟူသောစကားရပ်မပါ။


အမိန့်၈၊နည်း၂တွင်ခွင့်ပြုထားသည့်အတိုင်းအမှုကိုစွဲဆိုခွင့်မရှိ(the suit is not maintainable)ကြောင်းချေပသည့်”အကြောင်းအရာများ”သည်အမှန်အားဖြင့်တရားလိုတရားစွဲဆိုပိုင်ခွင့်မရှိဟုတနည်းဆိုရာရောက်သောအကြောင်းအရာများဖြစ်သည်။


အမိန့်၁၄၊နည်း၂လာ-


“propositions of law or fact which xxxxxxxxxx a defendant must allege in order to constitute his defence.”


ဟူသောစကားရပ်သည်အမိန့်၈၊နည်း၂တွင်အကျုံးဝင်ပြီး၊တရားပြိုင်ကချေပသည့်ဥပဒေသို့မဟုတ်အကြောင်းခြင်းရာအချက်အလက်များဖြစ်သည်ကိုသတိချပ်ရန်လိုသည်။


အမိန့်၁၄၊နည်း၁(၂)ပါပြဌာန်းချက်များအရတရားလိုတရားစွဲဆိုပိုင်ခွင့်ရှိကြောင်းပြသည့်အကြောင်းခြင်းရာများသို့မဟုတ်ဥပဒေအချက်အလက်များကိုတရားပြိုင်ဘက်မှငြင်းလျှင်ငြင်းချက်ထုတ်ရန်လိုအပ်သကဲ့သို့၊အမှုကိုစွဲဆိုခွင့်မရှိကြောင်းတရားပြိုင်ဘက်မှအမိန့်၈၊နည်း၂အရချေပသောထုချေချက်အငြင်းပွါးလျှင်လည်းငြင်းချက်ထုတ်ရန်ဖြစ်သည်။


အမိန့်၁၄၊နည်း၁(၂)တွင်တရားစွဲဆိုရန်အကြောင်းဟူသောစကားရပ်မပါ။


တရားစွဲဆိုရန်အကြောင်းသည်အကြောင်းခြင်းရာများကိုဆိုလိုသည်။


Mulla ၏တရားမကျင့်ထုံးဥပဒေကျမ်း(၂၀၀၂)ခုနှစ်ထုတ်၊ပထမတွဲ၊စာမျက်နှာ၄၁၂တွင်ပုဒ်မ၂၀(ဂ)ပါတရားစွဲဆိုရန်အကြောင်းကိုဋီကာချဲ့ရာ၌-


“A cause of action is a bundle of facts which taken with the law applicable, give the plaintiff a right to relief against the defendant.”


ဟုပြဆိုထားသည်။


တရားစွဲဆိုရန်အကြောင်းကိုဖြစ်မြောက်စေသောအကြောင်းခြင်းရာများ”သက်သက်”ကတရားစွဲဆိုပိုင်ခွင့်ရရှိစေသည်မဟုတ်။


သက်သာခွင့်ကိုရစေသောဥပဒေတရပ်ရပ်လည်းရှိမှသာတရားလိုကတရားပြိုင်အပေါ်သက်သာခွင့်ရရှိစေမည်ဖြစ်ရာ၊တရားစွဲဆိုပိုင်ခွင့်ကိုထင်ဟပ်သည့်အဆိုအမိန့်ဖြစ်သည်။


အမိန့်၈၊နည်း၂တွင်”အကြောင်းအရာ”အရပ်ရပ်(all matters)ဟုပြဌာန်းထားသည်။


“အကြောင်းခြင်းရာ”အရပ်ရပ်ဟုမဆို။


“အကြောင်းအရာအရပ်ရပ်သည်အကြောင်းခြင်းရာနှင့်ဥပဒေအချက်တို့ကိုလွှမ်းခြုံသည်ဖြစ်၍”အမိန့်၈၊နည်း၂တွင်ကျယ်ကျယ်ပြန့်ပြန့်ပြဌာန်းထားခြင်းဖြစ်သည်။


မြန်မာဗုဒ္ဓဘာသာလင်သို့မဟုတ်မယားသည်၊မြန်မာဓလေ့ထုံးတမ်းဥပဒေလာအိမ်ထောင်ရေးပြစ်မှုကျူးလွန်ပါက၊မယားသို့မဟုတ်လင်က၊လင်မယားကွာရှင်းပေးရန်တရားစွဲဆိုပိုင်ခွင့်ရရှိသည်။


ဤဥပဒေသဘောကိုဥပဒေပညာရှင်တိုင်းသိသည်။


လင်မယားကွာရှင်းပေးစေရန်စွဲဆိုသောအမှုတွင်၊တရားစွဲဆိုရန်အကြောင်းဖြစ်မြောက်စေသောအကြောင်းခြင်းရာများမှာအောက်ပါအတိုင်းဖြစ်သည်-


(က)တရားလိုနှင့်တရားပြိုင်တို့သည်မြန်မာဗုဒ္ဓဘာသာလင်မယားဖြစ်ခြင်း။


(ခ)တရားပြိုင်သည်မြန်မာဓလေ့ထုံးတမ်းဥပဒေလာအိမ်ထောင်ရေးပြစ်မှုကျူးလွန်ခြင်း။


တရားပြိုင်ကျူးလွန်သည်ဆိုသောပြစ်မှုသည်မြန်မာဓလေ့ထုံးတမ်းဥပဒေလာကွာရှင်းခွင့်ရစေသောပြစ်မှုမြောက်မမြောက်မှာ၊ဥပဒေပြဿနာဖြစ်သည်။


သို့ဖြစ်ရာတရားစွဲဆိုပိုင်ခွင့်တွင်အကြောင်းခြင်းရာများသာမက၊ဥပဒေပြဿနာလည်းအကျုံးဝင်သည်။


————————————————-

Comments

Popular posts from this blog

လင်မယားအဖြစ်ပြတ်စဲနိုင်သည့်နည်းအမျိုးမျိုး

ဇာရီမှုကိုဆိုင်းငံ့ရန်ငြင်းပယ်သောအမိန့်သည်ပုဒ်မ၄၇တွင်အကျုံးမဝင်။ 1938 Rangoon Law Reports 580

ဇာရီမှုတွင်ချမှတ်သောအမိန့်များ