တရားစွဲဆိုရန်အကြောင်းနှင့်တရားစွဲဆိုပိုင်ခွင့်(Part Three)
ဆရာကြီးဦးမြသင်ကြားပို့ချချက်များ
တရားစွဲဆိုရန်အကြောင်းနှင့်တရားစွဲဆိုပိုင်ခွင့်(Part Three)
————————————————————-
“တရားစွဲဆိုရန်အကြောင်း”ဟူသည်၊တရားလိုအမှုအနိုင်ရထိုက်စေရန်အလို့ငှါသက်သေထင်ရှားပြရန်လိုသည့်၊အရေးပါသောအကြောင်းခြင်းရာအသီးသီးကိုဆိုလိုသည်။
အဆိုပါအကြောင်းခြင်းရာများကိုတရားပြိုင်ကငြင်းခွင့်ရှိသည်မှာအမိန့်၈၊နည်း၂အရရှင်းပါသဖြင့်၊တရားစွဲဆိုရန်အကြောင်းကိုအဓိပ္ပာယ်ဖွင့်ဆိုရာ၌တရားပြိုင်ကငြင်းခွင့်ရှိခြင်းကိုဖော်ပြရန်လိုမည်မဟုတ်သည်မှာမြင်သာသည်။
2015 BLR ( F B ) 174
ဦးရမ်ကူဘေးပန်ဒစ် နှင့် ဦးရှိတုံ(ခ)ဦးလှမြင့်ပါ၅
ပြည်ထောင်စုတရားသူကြီးချုပ်ဦးထွန်းထွန်းဦး၊ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီးများဖြစ်ကြသောဦးသာဌေး၊ဦးစိုးညွန့်၊ဦးမြသိမ်း၊ဦးမြင့်အောင်၊ဦးအောင်ဇော်သိန်းနှင့်ဦးမြင့်ဟန်တို့ရှေ့တွင်
စီရင်ထုံးစာမျက်နှာ၁၈၆တွင်ကိုးကားသော-
1959 BLR ( H C ) 314
U SAUNG (APPELLANT)
V.
U KHIN MAUNG AND ONE (RESPONDENTS).*
Before U San Maung, J.
အမှု၌၊အထက်ပါအဓိပ္ပာယ်ဖွင့်ဆိုချက်ကိုအခြားတနည်းဖြင့်၊တရားဝန်ကြီးဦးစံမောင်ကအောက်ပါအတိုင်းရေးပြခဲ့သည်-
[ "Cause of action” occurring in s. 20 (c) of the Civil Procedure Code means every fact which if traversed, it would he necessary for the plaintiff to prove in order to support his right to the judgment of the Court.
In other words, it is a bundle of facts which it is necessary for the plaintiff to prove before he can succeed in the suit.]
တရားဝန်ကြီးဦးစံမောင်ကစီရင်ထုံးတွင်၊တရားစွဲဆိုရန်အကြောင်းကိုအဓိပ္ပာယ်ဖွင့်ဆိုရာ၌၊စီရင်ထုံးစာမျက်နှာ၃၁၅တွင်”Mulla၏တရားမကျင့်ထုံးဥပဒေကျမ်း”ကိုအောက်ပါအတိုင်းသာဓကအဖြစ်ကိုးကားဖော်ပြခဲ့သည်-
[ "Cause of action " means every fact which if traversed, it would be necessary for the plaintiff to prove in order to support his right to the judgment of the Court. In other words, it is a bundle of facts which it is necessary for the plaintiff to prove before he can succeed in the suit.
(See note to section 20 in the Code of Civil Procedure by D. F. Mulla, 12th Edition.)]
အင်္ဂလိပ်ဘာသာဖြင့်ထုတ်ဝေသောတရားရုံးများလက်စွဲတွင်-
Mulla၏တရားမကျင့်ထုံးဥပဒေကျမ်းကို”စံစာအုပ်”အဖြစ်ပြဌာန်းခဲ့ဖူးပါသည်။
မြန်မာဘာသာဖြင့်ထုတ်ဝေသောလက်ရှိတရားရုံးများလက်စွဲတွင်စံစာအုပ်အဖြစ်သတ်မှတ်ခဲ့သောကျမ်းများကိုဖော်ပြခြင်းမပြုသည့်အကြောင်းရင်းကိုစာရေးသူမသိပါ။
ချောင်ထိုးခံရသောကြောင့်ထိုကျမ်းများ၏ကဏ္ဍမှေးမှိန်သွားသည်နှင့်အမျှမြန်မာနိုင်ငံ၏တရားစီရင်ရေးကိုအနည်းနှင့်အများထိခိုက်နိုင်သည်ကိုသတိချပ်သင့်သည်။
———————————————————-
1995 BLR 54
ဦးညွန့်သိန်းပါ၅ နှင့် ဒေါ်အေဒါစန်းမောင်
တရားရုံးချုပ်တရားသူကြီးဦးအောင်မြင်ရှေ့တွင်
အမှုတွင်၊မြန်မာဘာသာဖြင့်ပြန်ဆိုထုံးဖွဲ့ပြရာမှအမိန့်၇၊နည်း၁(င)အရအဆိုလွှာ၌အဆိုပြုရန်လိုအပ်သည့်အကြောင်းခြင်းရာအသီးသီးကို”တရားပြိုင်ကငြင်းလျှင်”တရားစွဲဆိုရန်အကြောင်းပေါ်ပေါက်သည်ဟုအဓိပ္ပာယ်လွဲမှားကောက်ယူမှုများပေါ်လာသည်ကိုတွေ့ရသည်။
တရားစွဲဆိုရန်အကြောင်းဖြစ်မြောက်စေသောအကြောင်းခြင်းရာတို့ကို”တရားပြိုင်ကငြင်းပါမှ”ထိုသို့ငြင်းသောအကြောင်းခြင်းရာတို့သည်တရားစွဲဆိုရန်အကြောင်းဖြစ်မြောက်စေသည်ဟုစီရင်ထုံးများကဆိုသည်မဟုတ်။
အမိန့်၇၊နည်း၁(င)အရအဆိုပြုရန်အကြောင်းခြင်းရာများသည်တရားစွဲဆိုရန်အကြောင်းဖြစ်မြောက်စေသောအကြောင်းခြင်းရာများဖြစ်သည်။
ချေလွှာတင်ရန်အဆင့်မရောက်သေး၍တရားပြိုင်ကငြင်းသည့်ကိစ္စမပေါ်ပေါက်နိုင်။
2015 BLR ( F B ) 174 စီရင်ထုံးကိုကြည့်ပါ။
အမိန့်၇၊နည်း၁(င)တွင်အကျုံးဝင်သောအကြောင်းခြင်းရာများကိုတရားပြိုင်ဘက်မှအမိန့်၈၊နည်း၂၌ပြဌာန်းထားသည့်အတိုင်းငြင်းလျှင်၊ထိုအငြင်းပွါးသောအကြောင်းခြင်းရာများကို၊အမှုအနိုင်ရလိုသူတရားလိုကသက်သေထင်ရှားပြရန်တာဝန်ရှိခြင်းသည်အဓိကအားဖြင့်သက်သေခံအက်ဥပဒေပုဒ်မ၁၀၁၊၁၀၂တို့နှင့်သက်ဆိုင်သည်။
အမိန့်၇၊နည်း၁(င)အရအဆိုလွှာ၌ဖော်ပြရန်ဖြစ်သောအကြောင်းခြင်းရာများမှာတရားစွဲဆိုရန်အကြောင်းဖြစ်မြောက်စေခြင်းရှိမရှိသည်တရားပြိုင်ကထိုအကြောင်းခြင်းရာများကိုငြင်းခြင်းမငြင်းခြင်းအပေါ်တည်သည်မဟုတ်ကြောင်းနည်း၁(င)ပါပြဌာန်းချက်များကအထင်အရှားမြင်သာစေသည်။
Comments
Post a Comment