တရားစွဲဆိုရန်အကြောင်းနှင့်တရားစွဲဆိုပိုင်ခွင့်(Part Two)

 ဆရာကြီးဦးမြသင်ကြားပို့ချချက်များ


တရားစွဲဆိုရန်အကြောင်းနှင့်တရားစွဲဆိုပိုင်ခွင့်(Part Two)

————————————————————-


အမွေဆက်ခံရေးအက်ဥပဒေပုဒ်မ၃၀၆တွင်-


“all rights to prosecute or defend any action”


ဟုပြဌာန်းထားသည်။


မြန်မာစာအဖွဲ့ကပြုစုသောအင်္ဂလိပ်-မြန်မာအဘိဓာန်စာမျက်နှာ၁၃တွင်-


”action”ကို”အမှု”ဟုဘာသာပြန်သည်။


တရားဖြစ်ကြသော၊တရားဆိုင်ကြသော”အမှု”ကိုဆိုလိုသည်။


“Action”သည်ရှေးကျသောအသုံးအနှုန်းဖြစ်ခဲ့ပုံပေါ်သည်။

————————————————————


၁၉၁၁ခုနှစ်၊ဇူလိုင်လ(၁၁)ရက်နေ့တွင်စီရင်ဆုံးဖြတ်သော-


9 LBR ( P C ) 114(138)


MAUNG KYIN, SINCE DECEASED (NOW REPRESENTED BY MAUNG KYAW), AND ANOTHER-APPELLANTS


                     V.


MA SHWE LA, SINCE DECEASED, AND OTHERS -RESPONDENTS.


Before Lord Dunedin, Lord Shaw, Lord Sumner, Sir John Edge and Mr. Ameer Ali.


Before Lord Macnaghten, , Lord Robson, Sir Arthur Wilson and Mr. Ameer Ali.


အမှုတွင်ထုံးပြုသောစီရင်ချက်ကို၊ပရီဗီကောင်စီကစီရင်ထုံးစာမျက်နှာ၁၃၈တွင်အောက်ပါအတိုင်းအစချီဖော်ပြသည်-


[ Lord Robson: “The appellants are defendants in this action” which was brought by the respondents in the Chief Court of Lower Burma on its Original Civil Side. 


Judgment was there given in favour of the respondents, and was afirmed on appeai to the Court on its Appellate Side.


“The action”was brought to recover possession of certain parcels of land which may be conveniently referred to as the first, second, third, and fourth hereditaments. ]


ပရီဗီကောင်စီကစီရင်ထုံးစာမျက်နှာ၁၄၀တွင်”the action”အသုံးအနှုန်းကိုအောက်ပါအတိုင်းဆက်လက်ဖော်ပြသုံးသပ်သည်-


[ The appellants entered into possession of the first, second, and third hereditaments under the conveyance of 1905, and the respondents brought “this action” against them on the 20th December 1905 to have it declared that they, the respondents, were absolute owners of the hereditaments in question. 


U Shwe Pe had, in the meantime, died, and “the action” was maintained by his widow and legal representatives. ]


ထို့နောက်စီရင်ထုံးစာမျက်နှာ၁၄၂၊နောက်ဆုံးစာပိုဒ်တွင်”the action”အသုံးအနှုန်းကိုဆက်လက်ဖော်ပြသုံးသပ်၍၊ပရီဗီကောင်စီကစီရင်ချက်ကိုအဆုံးသတ်သည်-


[ Their Lordships will therefore humbly advise His Majesty that “this action”be referred to the Chief Court of Lower Burma for a new trial.


The respondents must pay the costs of this appeal. 


The other costs will abide the result of the new trial and will be dealt with by the Chief Court.]


ပရီဗီကောင်စီသည်”action”အသုံးအနှုန်းကို၊အမွေဆက်ခံရေးအက်ဥပဒေပုဒ်မ၃၀၆ပါအဓိပ္ပာယ်အရသုံးကြောင်းမြင်သာသည်။


အထက်ပါအဘိဓာန်စာမျက်နှာ၂၁၅၌”cause”ကို”အကြောင်းတရား”ဟုဘာသာပြန်ထားသည်ဖြစ်ရာ”cause of action”ဟူသောစကားရပ်ကို-


”အမှုဖြစ်ပွါးရသည့်အကြောင်းတရား”ဟုတိုက်ရိုက်(literally)ဘာသာပြန်ရန်ဖြစ်ပေလိမ့်မည်။


ယခုတွင်တွင်ကျယ်ကျယ်သုံးစွဲလျက်ရှိသောတရားစွဲဆိုရန်အကြောင်းဟူသောစကားရပ်သည်တိုက်ရိုက်ဘာသာပြန်ချက်ကိုကောင်းစွာထင်ဟပ်သည်။


“တရားစွဲဆိုရန်အကြောင်း”ဟူသောစကားရပ်ကိုတရားမကျင့်ထုံးဥပဒေပုဒ်မ၂၀(ဂ)၊အမိန့်၇၊နည်း၁(င)၊အမိန့်၇၊နည်း၁၁(က)စသည်တို့တွင်သုံးထားသော်လည်း၊တရားမကျင့်ထုံးဥပဒေတွင်အဓိပ္ပာယ်ဖွင့်ဆိုထားခြင်းမရှိ။


အင်္ဂလန်နိုင်ငံစီရင်ထုံး၌ထုံးဖွဲ့ထားသည်တို့ကိုမြန်မာနိုင်ငံစီရင်ထုံးများ၌အခါအားလျော်စွာကိုးကားဖော်ပြကြသည်။

—————————————————————


9 LBR ( P C ) 114 အမှုတွင်၊စီရင်ထုံးစာမျက်နှာ၁၃၆ပါ၊ပရီဗီကောင်စီ၏အောက်ပါမြွက်ဆိုချက်သည်မှတ်သားဖွယ်ဖြစ်သည်-


“တရားမျှတခြင်း​၏အသီးအပွင့်များကိုခံစားနိုင်ရန်လူအမျိုးမျိုးအတွက်သီးခြားစံနှုန်းများမရှိနိုင်”


“သာနာညီမျှမှုဆိုင်ရာသဘောတရားများကိုကမ္ဘာတလွှားကျင့်သုံးသည်”


“The principles of equity which are universal forbid a person to deal with an estate which he knows that he holds in security as if he held it in property. 


But, to apply the principles, you must be placed in possession of the facts, and facts must be proved according to the law of evidence prevailing in the particular jurisdiction.”

———————————————————-


1995 BLR 54 


ဦးညွန့်သိန်းပါ၅ နှင့် ဒေါ်အေဒါစန်းမောင်


တရားရုံးချုပ်တရားသူကြီးဦးအောင်မြင်ရှေ့တွင်


စီရင်ထုံးတွင်”တရားစွဲဆိုရန်အကြောင်း”ဟူသောစကားရပ်ကိုအောက်ပါအတိုင်းအဓိပ္ပာယ်ဖွင့်ဆိုသည်-


[ “တရားစွဲဆိုရန်အကြောင်း”ဆိုရာ၌”တဖက်မှငြင်းဆိုပါက”တရားလိုအနေဖြင့်မိမိ၏အခွင့်အရေးကိုအထောက်အခံအဖြစ်သက်သေထင်ရှားပြရန်လိုအပ်သောအကြောင်းခြင်းရာအသီးသီးဖြစ်သည်ဟုအဓိပ္ပာယ်ဆောင်သည်။ ]


အထက်အဓိပ္ပာယ်ဖွင့်ဆိုချက်ပါ”တဖက်မှငြင်းဆိုပါက”ဆိုသောစကားရပ်ကိုကွက်ကြည့်ပြီးတရားရုံးချုပ်ကအဆိုလွှာပါအဆိုပြုချက်များကိုတရားပြိုင်ဘက်မှငြင်းသည်ဖြစ်၍၊တရားစွဲဆိုရန်အကြောင်းပေါ်ပေါက်သည်ဟုအယူခံမှုတမှုတွင်ဆုံးဖြတ်ဖူးသည်။


တရားရေးအကြံပေးစနစ်၏အားနည်းချက်ကိုထင်ဟပ်သောသာဓကဖြစ်သည်။


“ချေလွှာမတင်မီအဆင့်ကိုဖော်ညွှန်းသော”အမိန့်၇၊နည်း၁(င)ပါပြဌာန်းချက်ကိုထောက်ရှုပါက”တရားစွဲဆိုရန်အကြောင်းသည်ချေလွှာအပေါ်မတည်သည်မှာမြင်သာသည်။”


2015 BLR ( F B ) 174 စီရင်ထုံးကိုကြည့်ပါ။


အဆိုလွှာပါအဆိုပြုချက်များ(အမိန့်၇၊နည်း၁(င)အရအဆိုပြုရမည့်အကြောင်းခြင်းရာများ)ကတရားစွဲဆိုရန်အကြောင်းကိုဖြစ်မြောက်စေရန်လိုသည်။


တိုတိုရှင်းရှင်းဆိုရလျှင်”တရားလိုအား၎င်းစွဲဆိုသောအမှုကိုအနိုင်ရစေမည့်အကြောင်းခြင်းရာများကိုအဆိုလွှာ၌တိုတိုတုတ်တုတ်အဆိုပြုရန်ဖြစ်သည်။”


တရားစွဲဆိုရန်အကြောင်းကိုဖြစ်မြောက်စေသောအကြောင်းခြင်းရာများကိုတရားပြိုင်ဘက်မှငြင်းလျှင်အမှုနိုင်လိုသောတရားလိုသည်မိမိအဆိုပြုသောအကြောင်းခြင်းရာများကိုသက်သေထင်ရှားပြရမည်မှာသက်သေခံအက်ဥပဒေနှင့်သက်ဆိုင်ကြောင်းယုံမှားဘွယ်မရှိ။

——————————————————————


2015 BLR ( F B ) 174 


ဦးရမ်ကူဘေးပန်ဒစ် နှင့် ဦးရှိတုံ(ခ)ဦးလှမြင့်ပါ၅


ပြည်ထောင်စုတရားသူကြီးချုပ်ဦးထွန်းထွန်းဦး၊ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီးများဖြစ်ကြသောဦးသာဌေး၊ဦးစိုးညွန့်၊ဦးမြသိမ်း၊ဦးမြင့်အောင်၊ဦးအောင်ဇော်သိန်းနှင့်ဦးမြင့်ဟန်တို့ရှေ့တွင်


အမှုတွင်၊ပြည်ထောင်စုတရားလွှတ်တော်ချုပ်ကမြွက်ဆိုသောအောက်ပါထုံးဖွဲ့ချက်သည်”တရားစွဲဆိုရန်အကြောင်း”ဟူသောစကားရပ်၏ဆိုလိုရင်းကိုပီပီပြင်ပြင်ထင်ဟပ်သည်-


[ တရားစွဲဆိုရန်အကြောင်းဆိုသည်မှာ”တရားလိုအမှုနိုင်ရန်၊သက်သေထင်ရှားပြရန်လိုအပ်သောအကြောင်းခြင်းရာစုဖြစ်သည်။” ]


အမိန့်၇၊နည်း၁(င)မှအပကျန်(၈)ချက်တို့ကိုရှည်ရှည်ဝေးဝေးဖော်ပြရန်လိုအပ်သည်မဟုတ်။


အမိန့်၇၊နည်း၁(င)အရလိုအပ်သည့်အတိုင်းတရားစွဲဆိုရန်အကြောင်းကိုဖြစ်မြောက်စေသောအကြောင်းခြင်းရာများကိုဖော်ပြရာ၌မျက်မှောက်ခေတ်အဆိုလွှာများဖောင်းပွနေခြင်းသည် 1949 BLR ( H C ) 484 အမှုတွင်ထုံးဖွဲ့ပြထားသကဲ့သို့အဆိုလွှာရေးသူ၏ကျွမ်းကျင်မှုအားနည်းချက်ကိုထင်ဟပ်သည်။


ထိုစီရင်ထုံးပါညွှန်ပြချက်ကိုသင်ခန်းစာယူရန်အနှစ်၆၀ကျော်ကြာအချိန်ရခဲ့သော်လည်းတိုးတက်မှုမပြသည်သာမက၊ဆုတ်ယုတ်လျက်ပင်ရှိသည်။

—————————————————-

Comments

Popular posts from this blog

လင်မယားအဖြစ်ပြတ်စဲနိုင်သည့်နည်းအမျိုးမျိုး

ဇာရီမှုကိုဆိုင်းငံ့ရန်ငြင်းပယ်သောအမိန့်သည်ပုဒ်မ၄၇တွင်အကျုံးမဝင်။ 1938 Rangoon Law Reports 580

ဇာရီမှုတွင်ချမှတ်သောအမိန့်များ