အဆိုအချေတို့သည်အမှု၏အုတ်မြစ်ဖြစ်သည်။[ The pleadings are the foundation of the case. ]

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ


တရားမကျင့်ထုံးဥပဒေအမိန့်၄၊နည်း၁(၁)အရတရားမကြီးမှုအသီးသီးသည်အဆိုလွှာမှစသည်။


“တရားမမှုအစ၊ဇာရီမှုက”ဟုပြောစမတ်ရှိလာခြင်းသည်ဇာရီမှု၏ရှုပ်ထွေးမှုကိုထင်ဟပ်ပြခြင်းမျှသာဖြစ်ပြီး၊လက်တွေ့တွင်မူအဓိကတရားမမှုခင်းသည်တရားမကြီးမှုတွင်မြစ်ဖျားခံသည်။


ပညာရှင် Mulla ၏တရားမကျင့်ထုံးဥပဒေကျမ်း(၂၀၀၂ခုနှစ်ထုတ်)၊အတွဲ၂၊စာ၁၇၆၈တွင်၊အမိန့်၆၊နည်း၂ကိုအကျယ်ချဲ့ရာ၌-


A I R 1987 ( S C ) 2179 စီရင်ထုံးကိုကိုးကားပြီး-


“အဆိုအချေတို့သည်အမှု၏အုတ်မြစ်ဖြစ်သည်”


[ The pleadings are the foundation of the case. ] ဟုဆိုသည်။

—————————————————


Supreme Court of India


Vinod Kumar Arora vs Smt. Surjit Kaur


 on 17 July, 1987


Equivalent citations: 1987 AIR 2179 


                                    1987 SCR (з) 552


Author: S Natrajan


Bench: Natrajan, S. ( J )


အမှုတွင်၊စာမျက်နှာ၃၌၊အောက်ပါအတိုင်းပြဆိုသည်-


“The pleadings of the parties form the foundation of their case and it is not open to them to give up the case set out in the pleadings and propound a new and different case.”


စာမျက်နှာ၈တွင်အောက်ပါအတိုင်းသုံးသပ်သည်-


“The perceptible manner in which the appellant had shifted his defence has escaped the notice and consideration of the Statutory Authorities. 


Both the Authorities have failed to bear in mind that the pleadings of the parties from the foundation of their case and it is not open to them to give up the case set out in the pleadings and propound a new and different case.”

—————————————————-


အမိန့်၆တွင်အဆိုအချေတို့နှင့်စပ်လျဉ်း၍ယေဘုယျလိုက်နာရန်လုပ်ထုံးလုပ်နည်းများကိုပြဌာန်းသည်။


အဆိုလွှာနှင့်ချေလွှာတို့အကြောင်းကိုအမိန့်၇နှင့်အမိန့်၈အသီးသီးတွင်သီးခြားပြဌာန်းသည်။


“အဆိုလွှာသည်တရားမကြီးမှု၏အခြေခံဖြစ်သည်။”


တရားလိုစွဲဆိုသောအမှု၏”blueprint”ဖြစ်သည်ဟုတင်စားမည်ဆိုပါကမှားမည်မဟုတ်ပါ။


မြန်မာစာအဖွဲ့ကပြုစုသောအင်္ဂလိပ်-မြန်မာအဘိဓာန်၊စာမျက်နှာ၁၃၇၌”blueprint”ကို၊အသေးစိတ်ရေးဆွဲပုံရိုက်ထားသည့်အဆောက်အအုံပုံစံစာရွက်၊စီမံချက်၊စသည်ဖြင့်အဓိပ္ပာယ်ဖွင့်ဆိုထားသည်။


အဆိုလွှာသည်တရားလိုတောင်းဆိုသောသက်သာခွင့်သို့မဟုတ်သက်သာခွင့်များတောင်းဆိုရန်အကြောင်းဆိုက်ရောက်လာပုံဇာတ်လမ်း၏အနှစ်ချုပ်ဖြစ်သည်ဟုအကြမ်းဖျင်းဆိုနိုင်သည်။


“သို့သော်အမိန့်၆၊နည်း၂ပါတားမြစ်ချက်အရတရားစွဲဆိုရန်အကြောင်းပေါ်ပေါက်လာသည့်ဇာတ်လမ်း၏အရေးပါသောအကြောင်းခြင်းရာများကိုသာအဆိုပြုရန်ဖြစ်သည်။”


“ထိုအကြောင်းခြင်းရာများအားသက်သေထင်ရှားစေသောသက်သေခံအထောက်အထားတို့ကိုအဆိုလွှာ၌ဖော်ပြခြင်းမပြုရန်ပိတ်ပင်ထားသည်။”


နောက်အကျဆုံးဗဟိုတရားရုံးလက်ထက်မှစ၍အမိန့်၆၊နည်း၂ကတားမြစ်ထားသောသက်သေခံချက်တို့ကိုအဆိုလွှာ၌ဖော်ပြခြင်းကြောင့်အဆိုလွှာတို့မှာဖောင်းပွလျက်ရှိသဖြင့်အမိန့်၇၊နည်း၁(င)အရ၊တရားစွဲဆိုရန်အကြောင်းဆိုက်ရောက်စေသောအကြောင်းခြင်းရာများမှာအဆိုလွှာများ၌ပီပီပြင်ပြင်ပေါ်လွင်ခြင်းမရှိ။


အဆိုလွှာပါတရားလို၏ဇာတ်ကြောင်းတွင်အမိန့်၇၊နည်း၁(င)အရအဆိုပြုရန်လိုအပ်သောအကြောင်းခြင်းရာများကိုကောက်ရိုးပုံ၌အပ်ရှာရသကဲ့သို့လွယ်လွယ်ကူကူရှာမရမှုများရှိတတ်သည်။


အမိန့်၇၊နည်း၁အရ၊အဆိုလွှာ၌ဖော်ပြရန်လိုသောအကြောင်းအရာများအနက်၊နည်း၁(င)အရအဆိုပြုရန်လိုသည့်တရားစွဲဆိုရန်အကြောင်းဖြစ်မြောက်စေသောအကြောင်းခြင်းရာများသည်မည်သည်တို့ဖြစ်ကြောင်းလေးလေးနက်နက်မဆင်ခြင်ဘဲ၊အမှုဇာတ်လမ်းကိုစလယ်ဆုံးဖော်ပြပါက၊ထိုအကြောင်းခြင်းရာများမလွဲမသွေပါဝင်လိမ့်မည်ဟုမှတ်ယူကာအဆိုလွှာ၌တရားလိုတရားစွဲဆိုရန်အကြောင်းဆိုက်ရောက်စေသည့်ဇာတ်လမ်းကိုလိုသည်ထက်ပို၍အကျယ်ဖော်ပြရေးသားခြင်းသည်တရားခံဖြစ်သည်။


တရားမကျင့်ထုံးဥပဒေနောက်ဆက်တွဲ(က)၌ဖော်ပြထားသောအဆိုလွှာနမူနာပုံစံများနှင့်အလားတူသောအမှုကို၊ထိုအတိုင်းရေးရန်သို့မဟုတ်ဖြစ်နိုင်သမျှထိုပုံစံများပါဆီလျော်ရာရာကိုအသုံးပြုရန်အမိန့်၆၊နည်း၃တွင်ပြဌာန်းထားမှန်းသိကြပုံမပေါ်။


တရားမကျင့်ထုံးဥပဒေနောက်ဆက်တွဲ(က)၌(ပြည်ထောင်စုမြန်မာနိုင်ငံဥပဒေအတွဲ၁၂၊စာမျက်နှာ၂၃၃မှစ၍)အဆိုလွှာနမူနာများကိုဖော်ပြထားပြီးအမိန့်၆၊နည်း၃တွင်ထိုပုံစံများအတိုင်းဖြစ်နိုင်သမျှရေးရန်ပြဌာန်းထားပါသည်။


“shall be used”ဟူသောပြဌာန်းချက်များကိုထောက်ရှုပါက၊အာဏတ္တိကပြဌာန်းချက်များဖြစ်ကြောင်းမြင်သာသော်လည်းလိုက်နာရမှန်းသိကြပုံမပေါ်။


အဆိုလွှာနမူနာများရှိသည်ကိုပင်သတိထားမိပုံမပေါ်သဖြင့်တရားလို၏ဇာတ်လမ်းအကျဉ်းချုပ်ကိုဖော်ပြသည့်အလွန်တရာဖောင်းပွသောအဆိုလွှာများမှာတရားရုံးများတွင်မင်းမူလျက်ရှိသည်ကိုတွေ့ရသည်။


ယင်းအဆိုလွှာနမူနာအများစုပါအဆိုလွှာမျိုးကိုတရားရုံးများတွင်မတွေ့ရပါ။


အနည်းအကျဉ်းသာအသုံးဝင်ဘွယ်ရာအကြောင်းရှိသည်မှန်သော်လည်းအမိန့်၆၊နည်း၂ပါ”a statement in a concise from”ဟူသောပြဌာန်းချက်များနှင့်အညီ၊အမိန့်၇၊နည်း၁(င)အရအဆိုပြုရန်လိုသည့်အကြောင်းခြင်းရာများကို၊လိုရင်းတိုရှင်းရေးထားသည်ကိုယုတ်စွအဆုံးအတုခိုးရန်ဖြစ်သည်။


တရားမကျင့်ထုံးဥပဒေပါအဆိုလွှာနမူနာများကိုဖတ်ရှုလိုက်နာပါကတရားစွဲဆိုရန်အကြောင်းဖြစ်မြောက်စေသောအကြောင်းခြင်းရာများကိုအမိန့်၆၊နည်း၂နှင့်အညီတိုရှင်းလိုရင်းရေးထားသည်ကိုတွေ့ရပါလိမ့်မည်။


ချေးငွေရလိုမှုစသည့်အမှုမျိုးတွင်အဆိုလွှာ၌တရားလိုသည်တရားပြိုင်နှင့်မည်သို့သိကျွမ်းလာပုံကိုအဆိုပြုခြင်းမျိုး၊အိမ်ငှါးကိုနှင်ထုတ်ပေးစေလိုမှုနှင့်အခွင့်အမိန့်အရနေထိုင်သူအားနှင်ထုတ်ပေးစေလိုမှုတွင်တရားလိုသည်အချင်းဖြစ်ဥပစာ၏ပိုင်ရှင်ဖြစ်ကြောင်းအဆိုပြုခြင်းမျိုးကိုဖော်ပြရေးသားရန်”လက်တွန့်”လာမည်ဖြစ်ရာ၊တရားမကျင့်ထုံးဥပဒေနောက်ဆက်တွဲ(က)ပါအဆိုနမူနာများကိုလေ့လာခြင်းသည်အချည်းနှီးဖြစ်ရန်အကြောင်းမရှိနိုင်ကြောင်းစာရေးသူကရဲရဲအာမခံပါသည်။


ရှေ့နေရှေ့ရပ်များမပျက်မကွက်လေ့လာရန်တိုက်တွန်းလိုက်ပါသည်။

—————————————-


တရားစွဲဆိုရန်အကြောင်းဟူသောစကားရပ်ကိုတရားမကျင့်ထုံးဥပဒေပုဒ်မ၂၀(ဂ)၊အမိန့်၂၊နည်း၂၊အမိန့်၇၊နည်း၁(င)၊အမိန့်၉၊နည်း၉(၁)စသည်တို့တွင်သုံးထားသော်လည်းထိုစကားရပ်၏အဓိပ္ပာယ်ကိုတရားမကျင့်ထုံးဥပဒေတွင်အဓိပ္ပာယ်ဖွင့်ဆိုထားမှုမရှိရခြင်း၏အကြောင်းရင်းကိုစာရေးသူမသိပါ။


မြန်မာနိုင်ငံစီရင်ထုံးများတွင်၊အင်္ဂလန်နိုင်ငံစီရင်ထုံးများ၌အဓိပ္ပာယ်ဖွင့်ဆိုချက်ကိုကိုးကားပြီးတရားစွဲဆိုရန်အကြောင်းဟူသောစကားရပ်၏အဓိပ္ပာယ်ကိုဖွင့်ဆိုကြပါသည်။


13 Ran 330


DIWAN BAHADUR A.M.M. MURUGAPPA CHETTIAR 


                        vs.


N. C. GALLIARA AND OTHERs. *


Before Mr. Justice Leach.


အမှုတွင်၊စီရင်ထုံးစာမျက်နှာ၃၃၄နှင့်၃၃၅၌၊အင်္ဂလိပ်တရားသူကြီး Leach ကအင်္ဂလန်နိုင်ငံစီရင်ထုံးများကိုကိုးကားပြီးအောက်ပါအတိုင်းအဓိပ္ပာယ်ဖွင့်ဆိုချက်သည်ရှင်းပါသည်-


[ If part of the cause of action arises here, the Court has full jurisdiction to try the suit. In Cooke v. Gill (2) 8 C.P. 107. Lord Esher (then Brett J.) observed


“Cause of action' has been held from the earliest time to mean every fact which is material to be proved to entitle the plaintiff to succeed,-every fact which the defendant would have a right to traverse.”


The question of what constitutes a cause of action was considered in Read v. Brown (1) 22 0.B.D. 128. by Lord Esher (then the Master of the Rolls), Fry L.J. and Lopes L.J. and the definition given in Cooke v. Gill (2) 8,C,P. 107..was accepted as being correct. 


It is certainly necessary for the plaintiff in a suit of this nature to prove the dismissal of the petition.


The dismissal of the petition is, therefore, a part of the cause of action.


The petition was dismissed by this Court, and I think that it is rightly said that therefore part of the cause of action arose here. ]

————————————————-


တရားစွဲဆိုရန်အကြောင်းဟူသည်တရားလိုအမှုအနိုင်ရထိုက်စေရန်သက်သေထင်ရှားပြရန်လိုသည့်အရေးပါသောအကြောင်းခြင်းရာအသီးသီးကိုဆိုလိုသည်။


အဆိုပါအကြောင်းခြင်းရာများကိုတရားပြိုင်ကငြင်းခွင့်ရှိသည်မှာအမိန့်၈၊နည်း၂အရရှင်းပါသဖြင့်တရားစွဲဆိုရန်အကြောင်းကိုအဓိပ္ပာယ်ဖွင့်ဆိုရာ၌တရားပြိုင်ကငြင်းခွင့်ရှိခြင်းကိုဖော်ပြရန်လိုမည်မဟုတ်သည်မှာမြင်သာသည်။

————————————————————

Comments

Popular posts from this blog

လင်မယားအဖြစ်ပြတ်စဲနိုင်သည့်နည်းအမျိုးမျိုး

ဇာရီမှုကိုဆိုင်းငံ့ရန်ငြင်းပယ်သောအမိန့်သည်ပုဒ်မ၄၇တွင်အကျုံးမဝင်။ 1938 Rangoon Law Reports 580

ဇာရီမှုတွင်ချမှတ်သောအမိန့်များ