12 Ran ( F B ) 500 [ When a loan is contracted it is an implied term of the agreement that. the loan shall be repaid.]

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ


“အဆိုလွှာ၌ဖော်ပြရန်လိုသည့်အကြောင်းအရာများ”

———————————————-


အမှုကိုကာလစည်းကမ်းသတ်ကျော်မှစွဲဆိုလျှင်၊အမိန့်၇။နည်း၆အရကင်းလွတ်ခွင့်ရသောအကြောင်းပြချက်များကိုဖော်ပြရန်လိုသဖြင့်၊ပုံစံ(၁)တွင်အပိုဒ်၂အောက်၌ထိုအကြောင်းအရာတို့ကိုဖော်ပြအဆိုပြုရန်နှိုးဆော်ထားချက်သည်ချေးငွေရလိုမှုနှင့်သာသက်ဆိုင်သည်မဟုတ်။


အခြားအမှုများနှင့်လည်းသက်ဆိုင်သည်ကိုသတိပြုပါ။


[ ကာလစည်းကမ်းသတ််အက်ဥပဒေပုဒ်မ၁၉၊၂၀စသည်တို့ကိုဖတ်ပါ။ ]


ပုံစံ(၁)၊အပိုဒ်၃သည်အရွယ်မရောက်သေးသူသို့မဟုတ်အမိန့်၃၂၊နည်း၁၅တွင်အကျုံးဝင်သူကနီးစပ်ရာမိတ်ဆွေဖြင့်တရားစွဲဆိုသောအမှုတိုင်း၌အဆိုပြုရန်အကြောင်းအရာဖြစ်သည်။


အသက်၉၆နှစ်အရွယ်ရှိမိခင်အိုတဦးကမိမိပိုင်အိမ်ကိုရောင်းချသောစာချုပ်အားပယ်ဖျက်ပေးရန်သားတဦးကတရားလိုအဖြစ်တရားစွဲဆိုသည့်အဆိုလွှာကိုဖတ်ရဖူးပါသည်။


အကယ်၍မိခင်အိုသည်အမိန့်၃၂၊နည်း၁၅တွင်အကျုံးဝင်သူဖြစ်လျှင်သားဖြစ်သူ(တရားလိုအဖြစ်မှားယွင်းတရားစွဲဆိုသူ)သည်၊မိခင်၏နီးစပ်ရာမိတ်ဆွေအဖြစ်ဖြင့်(ဆိုလိုသည်မှာသား၏အကူအညီဖြင့်)တရားစွဲဆိုရန်ဖြစ်သည်ကို၊အဆိုလွှာရေးသူသတိထားမိပုံမပေါ်။


အဆိုလွှာနမူနာပုံစံ(၁)[တရားမကျင့်ထုံးဥပဒေ၏နောက်ဆက်တွဲ(က)ပါပုံစံအမှတ်]ကိုဖတ်ဖြစ်ပါက၊အမှားကျူးလွန်မိရန်အကြောင်းမရှိနိုင်။


အမှုတွင်တရားလိုအဖြစ်ဖော်ပြထားသောသားသည်(မိခင်၏နီးစပ်ရာမိတ်ဆွေအဖြစ်ဖြင့်)အမှု၌၊တရားလိုမိခင်အိုဆောင်ရွက်ရန်ရှိသည်တို့ကို၊ဆောင်ရွက်ခွင့်ရှိသည်ကိုသတိချပ်ပါ။


၎င်းသည်အမှုအတွက်ရှေ့နေငှါးခွင့်၊မိခင်အိုအတွက်သက်သေခံခွင့်စသည်တို့ကိုဆောင်ရွက်ခွင့်ရှိသည်။


သို့သော်”နီးစပ်ရာမိတ်ဆွေသားသည်တရားလိုမဟုတ်။”


ပုံစံ(၁)၊အပိုဒ်၄နှင့်စပ်လျဉ်း၍”ဤအမှုကိုတရားစွဲဆိုရန်အကြောင်းသည်ဤတရားရုံးတော်၏စီရင်ပိုင်ခွင့်ဒေသအတွင်း—————နေ့တွင်ပေါ်ပေါက်ပါသည်”ဟုအဆိုပြုဖော်ပြရန်ဖြစ်သည်။

——————————————


“အမွေမှုတွင်တရားစွဲဆိုရန်အကြောင်းပေါ်ပေါက်သည့်နေ့”


“အမွေစီမံခန့်ခွဲပေးစေလိုမှုတွင်တရားစွဲဆိုရန်အကြောင်းသည်အမွေရှင်သေဆုံးသည့်နေ့၌ပေါ်ပေါက်ပါလျက်”အဆိုလွှာတွင်ထိုနေ့ကိုဖော်ပြခြင်းမပြုဘဲအမွေခွဲပေးရန်ညှိနှိုင်းသည့်နေ့ရက်၊အမွေခွဲပေးရန်အကြောင်းကြားသည့်စာ၌သတ်မှတ်သည့်နေ့ရက်စသည်တို့ကိုဖော်ပြသောအဆိုလွှာများတွေ့ရဖူးသည်။


ကြောင်းကျိုးမဲ့သည့်အဆိုပြုချက်များဖြစ်ချေသည်။

———————————————-


“နို့တစ်စာ”


အိမ်ငှါးအားနှင်လိုမှုတွင်ပစ္စည်းလွှဲပြောင်းခြင်းအက်ဥပဒေပုဒ်မ၁၀၆ပါပြဌာန်းချက်များအရ၊အငှါးချထားခြင်းကိုရပ်စဲကြောင်းနို့တစ်စာပေးခြင်းသည်တရားစွဲဆိုရန်အကြောင်းဖြစ်မြောက်စေသောအကြောင်းခြင်းရာတရပ်ဖြစ်သည်။


တရားမကျင့်ထုံးဥပဒေနောက်ဆက်တွဲ(က)တွင်ပြဌာန်းထားသော”အဆိုလွှာပုံစံများ၌နို့တစ်စာအကြောင်းအဆိုလွှာတွင်ဖော်ပြထားခြင်းမရှိသည်ကိုသတိပြုပါ။”


တရားစွဲဆိုနိုင်ရန်နို့တစ်စာပေးရမည်ဟုဥပဒေတရပ်ရပ်အရပြဌာန်းထားခြင်းမရှိသောအမှုများဖြစ်၍မရေးခြင်းဖြစ်သည်။

————————————————-


တရားမကျင့်ထုံးဥပဒေနောက်ဆက်တွဲ(က)၊ပုံစံ(၁)သည်”ချေးငွေရလိုမှု”အတွက်အဆိုလွှာဖြစ်သည်။


ထိုအဆိုလွှာပုံစံကိုဖတ်ကြည့်ပါက၊ချေးငွေရလိုမှုတွင်အမိန့်၇၊နည်း၁(င)အရလိုအပ်သည့်အတိုင်းဖော်ပြရန်အကြောင်းခြင်းရာများသည်အောက်ပါအတိုင်းဖြစ်သည်-


(၁)တရားလိုသည်——————-နေ့ရက်တွင်တရားပြိုင်အားငွေထုတ်ချေးခြင်း။


(၂)တရားပြိုင်သည်ချေးငွေအားလုံးကိုဖြစ်စေ၊အချို့အဝက်ကိုဖြစ်စေ၊ပြန်ဆပ်ရန်ပျက်ကွက်ခြင်း။

———————————————————-


12 Ran ( F B ) 500 


MAUNG CHIT AND ANOTHER

                      V.

ROSHAN N.M.A. KAREEM OOMER & CO.*


Before Sir Arthur Page, Kt., Chief Justice, Mr. Justice Baguley, Mr. Justice Sen, Mr. Justice Leach, and Mr. Justice Dunkley.


အမှုတွင်”ငွေချေးယူရာ၌ပြန်ဆပ်ရန်သဘောတူရာရောက်သည်”


[When a loan is contracted it is an implied term of the agreement that the loan shall be repaid.]


ဟုထုံးဖွဲ့ထားသည်ကိုသတိပြုပါ။


“By implication”ဟူသောစကားရပ်သည်၊”သဘောသက်ရောက်သောအားဖြင့်”စသည်ဖြင့်ရာဇသတ်ကြီးပါဘာသာပြန်ထားချက်ကိုအမှန်တကယ်သဘောပေါက်သူနည်းကြောင်းတွေ့ရသည်။


သဘောသက်ရောက်သည်ဆိုခြင်းကိုနားမလည်နိုင်စရာအကြောင်းမရှိ။


12 Ran ( F B ) 500 စီရင်ထုံးတွင်၊စာချုပ်နှစ်မျိုးအကြောင်းကို၊စီရင်ထုံးစာမျက်နှာ၅၀၀နှင့်၅၀၁တွင်အောက်ပါအတိုင်းထုံးဖွဲ့ပြသည်-


“(1) The giving of a negotiable security by a debtor, to his creditor operates. prima facie, as a conditional payment only, and not as a satisfaction of the debt,[ ကြွေးမြီကိုအပြေအကျေပေးဆပ်သည့်အနေဖြင့်မဟုတ်ဘဲ] unless the parties agree so to treat it.[ကာယကံရှင်များ(မြီရှင်နှင့်မြီစားတို့)ကကြွေးမြီကိုအပြေအကျေပေးဆပ်သည့်စာချုပ်အဖြစ်မှတ်ယူရန်သဘောတူညီသည်မဟုတ်လျှင်]


(2) If the negotiable instrument is given by the borrower to the lender and the negotiable instrumert is itself the consideration for the loan, or if the instrument is accepted as an accord(သဘောတူချက်)and satisfaction of the original debt,(မူရင်းကြွေးမြီကိုပြေကျေအောင်ပေးဆပ်သည့်အနေဖြင့်)the lender is restricted to his rights under the negotiable instrument by which he must stand or fall(အနိုင်အရှုံး)”


12 Ran ( F B ) 500 စီရင်ထုံးမှာ၊ဟိုက်ကုတ်လွှတ်တော်တရားဝန်ကြီးချုပ်နှင့်တရားဝန်ကြီးလေးဦး၊ပေါင်းငါးဦးပါသောစုံညီခုံရုံးကဆုံးဖြတ်ခဲ့သည်ဖြစ်၍၊စီရင်ထုံးဖွဲ့ချက်တို့သည်အခြေကျလျက်ရှိသော(settled law)ဖြစ်သည်။

—————————————————————-

Comments

Popular posts from this blog

လင်မယားအဖြစ်ပြတ်စဲနိုင်သည့်နည်းအမျိုးမျိုး

ဇာရီမှုကိုဆိုင်းငံ့ရန်ငြင်းပယ်သောအမိန့်သည်ပုဒ်မ၄၇တွင်အကျုံးမဝင်။ 1938 Rangoon Law Reports 580

ကာလစည်းကမ်းသတ်ဥပဒေ[ Part Five ]