5 LBR ( F B ) 163, 7 LBR ( P C ) 10 စီရင်ထုံးနှစ်ရပ်အကြောင်း

 ဆရာကြီးဦးမြသင်ကြားပို့ချချက်များ

5 LBR ( F B ) 163


J. MOMENT vs. THE SECRETARY OF STATE FOR INDIA IN COUNCIL.


Before Sir Charles Fox, Chief Judge, Mr. Justice Hartnoll, Mr. Justice Robinson, and Mr. Justice Parlett.


အမှုတွင်၊အိန္ဒိယနိုင်ငံဆိုင်ရာဝန်ကြီးက J. Moment အပေါ်၊ရန်ကုန်မြို့ဆင်းဝပ်(ချ်)လမ်းရှိမြေမှနှင်ထုတ်ပေးစေလိုမှုစွဲဆိုရာအနိုင်ရပြီးနောက်၊ J. Moment ကအိန္ဒိယနိုင်ငံဆိုင်ရာဝန်ကြီးအပေါ်ထိုသို့နှင်ထုတ်ခြင်းခံရသည့်အတွက်လျော်ကြေးရလိုကြောင်းစသည်ဖြင့်၊ယခင်အောက်မြန်မာပြည်တရားရုံးချုပ်၊မူလဘက်ဌာနတွင်တရားစွဲဆိုရာ၊တရားရုံးချုပ်ကထိုစဉ်ကအတည်ဖြစ်လျက်ရှိသောအောက်မြန်မာပြည်မြို့နှင့်ကျေးရွာမြေများအက်ဥပဒေပုဒ်မ၄၁(ခ)အရအမှုကိုစီရင်ပိုင်ခွင့်အာဏာမရှိဟုအကြောင်းပြကာအမှုကိုပလပ်သည်။


ထိုအခါ J. Moment ကအောက်မြန်မာပြည်တရားရုံးချုပ်တွင်အယူခံဝင်ရာတရားဝန်ကြီးလေးဦးပါဝင်သောစုံညီခုံရုံး(Before Sir Charles Fox, Chief Judge, Mr. Justice Hartnoll, Mr. Justice Robinson, and Mr. Justice Parlett.)က၊အမှု၌အောက်ပါဥပဒေပြဿနာကိုထုတ်နုတ်ကြားနာသည်-


"Is clause (b) of section 41 of the Lower Burma Town and Village Lands Act ultra vires of the Legislative Council of the Lieutenant-Governor of Burma? "


[ အောက်မြန်မာပြည်မြို့နှင့်ကျေးရွာမြေများအက်ဥပဒေပုဒ်မ၄၁၏ပုဒ်မခွဲ(ခ)မှာ၊မြန်မာနိုင်ငံဒုတိယဘုရင်ခံ၏ဥပဒေပြုကောင်စီကအခွင့်အာဏာမရှိဘဲပြဌာန်းခြင်းဖြစ်ပါသလား။ ]


အချင်းဖြစ်ပုဒ်မ၄၁(ခ)တွင်-


“No Civil Courts shall have jurisdiction to determine (b) any claim to any right over land as against the Government”


[ မြေနှင့်စပ်လျဉ်း၍အစိုးရအပေါ်အခွင့်အရေးတစုံတရာတောင်းဆိုချက်ကိုမည်သည့်တရားမတရားရုံးကမျှစီရင်ပိုင်ခွင့်အာဏာမရှိစေရ ]


ဟုပြဌာန်းထားရာ၊ထိုပြဌာန်းချက်များအရအောက်မြန်မာပြည်တရားရုံး၏မူလဘက်ဌာနက J. Moment စွဲဆိုသောအမှုကိုပလပ်ခဲ့သည်။


အောက်မြန်မာပြည်တရားရုံးချုပ်စုံညီခုံရုံးရှေ့တွင်အယူခံတရားပြိုင်အတွက်အစိုးရတရားလွှတ်တော်ရှေ့နေကလိုက်ပါဆောင်ရွက်ခဲ့သည်။


ထိုစဉ်ကမြန်မာနိုင်ငံတွင်ရှေ့နေချုပ်ရုံးမတည်ထောင်ရသေး။


အစိုးရတရားလွှတ်တော်ရှေ့နေရုံးသည်အမြင့်ဆုံးရုံးဖြစ်ခဲ့သည်။


ထိုရုံးရှိလက်ထောက်အစိုးရတရားလွှတ်တော်ရှေ့နေအဖြစ်ဆောင်ရွက်ခဲ့သောဦးခင်သည်၊နောက်ပိုင်းတွင်အောက်မြန်မာပြည်တရားရုံးချုပ်တွင်တရားဝန်ကြီးဖြစ်ခဲ့သည်။


အခြားလက်ထောက်အစိုးရတရားလွှတ်တော်ရှေ့နေဦးမြဘူးသည်လည်းဟိုက်ကုတ်လွှတ်တော်တွင်တရားဝန်ကြီးအဖြစ်နှစ်ပေါင်းများစွာထမ်းဆောင်ခဲ့သည်။


အစိုးရတရားလွှတ်တော်ရှေ့နေသည်လက်တွေ့တွင်ရှေ့နေချုပ်အဆင့်ရှိသူဖြစ်သည်။


အောက်မြန်မာပြည်တရားရုံးချုပ်စုံညီခုံရုံးရှေ့တွင်၊အမှု၌အစိုးရတရားလွှတ်တော်ရှေ့နေက၊အချင်းဖြစ်ပုဒ်မ၄၁(ခ)ကိုဥပဒေပြုအဖွဲ့ကပြဌာန်းခွင့်ရှိမရှိ၊တရားမတရားရုံးကစီရင်ပိုင်ခွင့်အာဏာမရှိဟုလျှောက်လဲတင်ပြခြင်းမပြုခဲ့။


တရားသူကြီးချုပ် Sir Charles Fox ကစီရင်ထုံးစာမျက်နှာ၁၇၀၌၊အစိုးရတရားလွှတ်တော်ရှေ့နေ၏လျှောက်လဲတင်ပြချက်ကိုအောက်ပါအတိုင်းပြဆိုသည်-


“The Government Advocate referred to several Acts of Indian Legislatures which he said also overstepped the limits of their powers if the provisions under reference did so.


It is possible that the light fetters on legislation have sometimes been over-looked, but some of the Acts cited do not, in my opinion, lend any force to his argument.”


စုံညီခုံရုံးကပြဿနာကိုကြားနာပြီး၊ဥပဒေပြုအာဏာပိုင်သည်အခွင့်အာဏာမရှိဘဲပုဒ်မ၄၁(ခ)ကိုပြဌာန်းခြင်းဖြစ်သည်ဟု(သုံးမဲတမဲ)ဖြင့်ရဲရဲတောက်ဆုံးဖြတ်သည်။


တရားသူကြီးချုပ် Sir Charles Fox ကစီရင်ထုံးစာမျက်နှာ၁၆၄မှ၁၇၁အထိ၊၎င်း၏သဘောထားအမြင်ကိုဖော်ထုတ်သုံးသပ်ပြီးနောက်အောက်ပါအတိုင်းဆုံးဖြတ်သည်-


“This Act, in my opinion, has no bearing on the question whether it is open to the legislature to lay down that Civil Courts shall have no jurisdiction to determine claims to or in respect of land as against the Government.


I do not propose to deal with the other Acts cited because the question before us is not whether any parts of those Acts were ultra vires.


The question before us is whether the provision mentioned in the reference was ultra vires.


I would answer that question in the way previously stated.”


 Mr. Justice Hartnoll ကစီရင်ထုံးစာမျက်နှာ၁၇၁မှ၁၇၇အထိ၊၎င်း၏သဘောထားအမြင်ကိုရေးသားပြီးနောက်အောက်ပါအတိုင်းဆုံးဖြတ်သည်-


“Moreover, I agree with the conclusion that the learned Chief Judge has arrived at with regard to it and with the reasons he has given.


I would answer the question in the affirmative.”


Mr. Justice Robinson ကစီရင်ထုံးစာမျက်နှာ၁၇၇မှ၁၈၀အထိ၊၎င်း၏အမြင်ကိုပြဆိုပြီးအောက်ပါအတိုင်းကွဲလွဲဆုံးဖြတ်သည်-


“Held, (Robinson, J., dissenting)-that the clause in question which lays down that no Civil Court shall have jurisdiction to determine any claim to any right over land as against the Government contravened the provision of section 65 of the Government of India Act, 1858.


Per Robinson, J.- The object of section 65 of the Government of India Act, 1858, was to preserve in proceedings against Government the remedy open to persons against the East India Company, which would otherwise, in consequence of the Crown's taking over the government from the Company, have been converted into remedy by petition of right only. 


There was no intention of laying down that the remedy should be by proceeding in a Civil Court as distinguished from a Revenue Court.


For the above reasons I would hold the clause was not ultra  vires.”


Mr. Justice Parlett ကစီရင်ထုံးစာမျက်နှာ၁၈၀မှ၁၈၁အထိ၊၎င်း၏အမြင်ကိုဖော်ထုတ်ရေးသားပြီးနောက်စာမျက်နှာ၁၈၁၊စတုတ္ထနောက်ဆုံးအပိုဒ်တွင်စုံညီခုံရုံး၏ဆုံးဖြတ်ချက်အရအစိုးရအပေါ် J. Moment တင်သွင်းသောအယူခံကိုခွင့်ပြုပြီးမူလဘက်ဌာန၏အဆုံးအဖြတ်ကိုပယ်ဖျက်၍အမှုကိုဆက်လက်စစ်ဆေးရန်မူလတရားရုံးကိုညွှန်ကြားကြောင်းအောက်ပါအတိုင်းဆုံးဖြတ်သည်-


“In these two respects, therefore, I am of opinion that section 41 ( b) of the Lower Burma Town and Village Lands Act is ultra vires of the local legislature, and I would answer the reference accordingly.


A Full Bench of the Court to which the question was referred having decided that clause ( b ) of section 41 of the Lower Burma Town and Village Lands Act was ultra vires of the legislature, and the case laving been decided in the Original Court on the ground that the section barred the Court from exercising jurisdiction in the case, this appeal is allowed, the decree of the Original Court is set aside, and the case is remanded to that Court for trial on the issues framed and on such other issues as may be framed.


The defendant must pay the plaintiff's costs of this appeal including the costs of the reference to the Full  Bench -20 gold mohurs allowed as advocate's fee on the latter.”

——————————————————-


7 LBR ( P C ) 10


THE SECRETARY OF STATE FOR INDIA IN COUNCIL v. J. MOMENT.


Before the Lord Chancellor, Lord Macnaghten, Lord Atkinson, Lord Moulton, Sir John Edge and Mr. Ameer Ali.


အမှုတွင်အိန္ဒိယနိုင်ငံဆိုင်ရာဝန်ကြီးက J. Moment အပေါ်၊အောက်မြန်မာပြည်စုံညီခုံရုံး၏အဆုံးအဖြတ်မမှန်ဟုအကြောင်းပြကာ၊ပရီဗီကောင်စီထံအယူခံဝင်ရာပရီဗီကောင်စီကအောက်မြန်မာပြည်မြို့နှင့်ကျေးရွာမြေများဥပဒေပုဒ်မ၄၁(ခ)ပါပြဌာန်းချက်များကိုဥပဒေပြုအဖွဲ့ကဥပဒေပြုခွင့်ရှိမရှိ၊တရားမတရားရုံးကစီရင်ပိုင်ခွင့်အာဏာမရှိဟုဆုံးဖြတ်ဖို့ဝေးစွ၊ထိုပုဒ်မ၄၁(ခ)ကိုဥပဒေပြုအဖွဲ့ကအခွင့်အာဏာမရှိဘဲပြဌာန်းထားခြင်းဖြစ်သည်-


[ Section 41 ( b ) of the Burma Town and Village Lands Act ( IV of 1898 ) was held to be ultra vires. ]


ဟုဆုံးဖြတ်သည်။


နောက်ပိုင်းတွင်ပုဒ်မ၄၁(ခ)ကိုပယ်ဖျက်ပြီးပုဒ်မ၄၁အဖြစ်အစားထိုးပြဌာန်းထားကြောင်း၊ပြည်ထောင်စုမြန်မာနိုင်ငံဥပဒေအတွဲ၁၁ရှိအောက်မြန်မာပြည်မြို့နှင့်ကျေးရွာမြေများအက်ဥပဒေပုဒ်မ၄၁တွင်တွေ့မြင်နိုင်သည်။


ဥပဒေပြုခွင့်အာဏာရှိသောအာဏာပိုင်အဖွဲ့ကအထက်ဖော်ပြပါပုဒ်မ၄၁(ခ)ကိုဥပဒေပြုခွင့်မရှိဟုပင်၊တရားမတရားရုံးကစီရင်ပိုင်ခွင့်အာဏာရှိကြောင်း၊ထိုစဉ်အခါကအမြင့်ဆုံးတရားစီရင်ရေးအဖွဲ့ဖြစ်သည့်ပရီဗီကောင်စီကအထင်အရှားညွှန်ပြဆုံးဖြတ်သည့်ထုံးသာဓကမြန်မာနိုင်ငံတွင်ရှိနေကြောင်းဖော်ညွှန်းသည့်အချက်တရပ်ဖြစ်သည်။

——————————————-

Comments

Popular posts from this blog

လင်မယားအဖြစ်ပြတ်စဲနိုင်သည့်နည်းအမျိုးမျိုး

ဇာရီမှုကိုဆိုင်းငံ့ရန်ငြင်းပယ်သောအမိန့်သည်ပုဒ်မ၄၇တွင်အကျုံးမဝင်။ 1938 Rangoon Law Reports 580

ဇာရီမှုတွင်ချမှတ်သောအမိန့်များ