A. I. R. 1936 Rangoon 401[ U Ba LIN v. MA E SEIN ]
ဆရာကြီးဦးမြသင်ကြားပို့ချချက်များ
စစ်ကြိုခေတ်တရားလွှတ်တော်၏အဆုံးအဖြတ်များကို The India Law Reports, Rangoon Series တွင်၊တရားဝင်ထုတ်ဝေသည်။
A. I. R. မှာပုဂ္ဂလိကအဖွဲ့အစည်းကထုတ်ဝေသောစီရင်ချက်များဖြစ်သည်။
ဟိုက်ကုတ်လွှတ်တော်၏စီရင်ချက်အချို့ကို Rangoon Series နှင့် R L R စီရင်ထုံးများတွင်လည်းကောင်း၊ A. I. R. စီရင်ထုံးများတွင်လည်းကောင်းထုတ်ဝေသည်များရှိသည်။
သာဓကမှာ 1940 RLR 831 နှင့် A. I. R. 1941 Rangoon 99 [ MA AYE TIN v. DAW THANT (Mya Bu J.) ]တို့ဖြစ်သည်။
စီရင်ထုံး၏ခေါင်းစီးချင်းမတူ။
Rangoon Series တွင်မထုတ်ဝေသောစီရင်ချက်များကို A. I. R. တွင်ထုတ်ဝေသည်များလည်းရှိသည်။
A. I. R. 1936 Rangoon 401 [ U Ba LIN v. MA E SEIN ] သည်၊သာဓကတရပ်ဖြစ်သည်။
A. I. R. သည်၊တရားဝင်ထုတ်ဝေသောစီရင်ထုံးစာအုပ်မဟုတ်။
ပုဂ္ဂလိကအဖွဲ့အစည်းများကထုတ်ဝေသောစာအုပ်များဖြစ်သည်။
———————————————
A. I. R. 1936 Rangoon 401
U Ba Lin--Appellant.
V.
Ma E Sein - -Respondent.
MYA BU AND DUNKLEY, JJ.
စီရင်ထုံးကိုပေါ်ပေါက်စေသောအယူခံမှုမှာ၊မူလမှုနှစ်မှုတွင်ဦးဘလင်းနှင့်မအေးစိန်တို့အပြန်အလှန်အမွေထိန်းစာလျှောက်ထားသောအမှုများတွင်စီရင်ချက်တစောင်တည်း၌၊မအေးစိန်ကိုအနိုင်ပေးဆုံးဖြတ်သောမူလတရားရုံး၏စီရင်ချက်နှင့်ဒီကရီကို၊ဟိုက်ကုတ်လွှတ်တော်တွင်အယူခံဝင်ရာ၌၊ဦးဘလင်းသည်မအေးစိန်စွဲဆိုသောလျှောက်ထားမှု၌ချမှတ်သောအဆုံးအဖြတ်ကိုအယူခံဝင်သော်လည်းမိမိအမှုတွင်ချမှတ်သောအဆုံးအဖြတ်အပေါ်အယူခံမဝင်သဖြင့်ထိုအဆုံးအဖြတ်သည်မီးသေသည်ဟုခုံရုံးကဆုံးဖြတ်ခြင်းဖြစ်သည်။
A. I. R. 1936 Rangoon 401 စီရင်ထုံးသည်အပြန်အလှန်အယူခံမှုများနှင့်သက်ဆိုင်သည်ဟု၊ဥပဒေပညာရှင်များ၊ဂဃဏနမသိကြခြင်းမှာ၊မူလာ၏တရားမကျင့်ထုံးဥပဒေကျမ်း(အကျဉ်း)(၂၀၁၈ခုနှစ်၊၁၇ကြိမ်မြောက်ထုတ်)ကိုလက်လှမ်းမမီ၍ဖြစ်သည်ဟုယူဆရသည်။
သို့သော်တရားမကျင့်ထုံးဥပဒေပုဒ်မ၁၁သည်တရားမကြီးမှုများနှင့်သာသက်ဆိုင်သည်မဟုတ်။
ဇာရီမှုနှင့်လည်းသက်ဆိုင်ကြောင်းပြဆိုသည့်စီရင်ထုံးများရှိနေသည်ကိုသတိထားမိကြဟန်မတူ။
ဇာရီမှုတမှုတည်းတွင်ပင်စောသောအမှုအဆင့်၌ချမှတ်သောဆုံးဖြတ်ချက်သည်နောက်အဆင့်တွင်မီးသေသည်ဟုအဆိုအမိန့်ရှိနေသည်ဖြစ်ရာ၊မီးသေခြင်းဆိုင်ရာဥပဒေသသည် A. I. R. 1936 Rangoon 401 တွင်ခုံရုံးကထုံးဖွဲ့သကဲ့သို့၊အပြန်အလှန်အယူခံမှုများနှင့်သက်ဆိုင်သည်။
ဦးဘလင်းအမှုတွင်၊မြန်မာတရားသူကြီးဦးမြဘူးနှင့်အင်္ဂလိပ်တရားသူကြီး Dunkley တို့ပါဝင်သောခုံရုံးကအောက်ပါအတိုင်းဆုံးဖြတ်သည်-
“(a) Res judicata-Contentious proceedings for letters of administration-Finding as to nearest heir operates as res judicata in subsequent suit against parties.
Where in contentious proceedings for letters of administration it has been found that a certain person is the nearest heir of the deceased; that decision is binding in a subsequent suit upon the parties to the earlier proceedings, and those claiming under them: 1930 P C 22, Rel on.”
——————————————————-
Comments
Post a Comment