ဥပဒေပြဿနာနှင့်စပ်လျဉ်း၍မှားယွင်းဆုံးဖြတ်သောအမိန့်ကိုပြင်ဆင်မှုတွင်စွက်ဖက်ပြင်ဆင်နိုင်သလော။

 ဆရာကြီးဦးမြသင်ကြားပို့ချချက်များ


ဥပဒေပြဿနာနှင့်စပ်လျဉ်း၍မှားယွင်းဆုံးဖြတ်သောအမိန့်ကိုပြင်ဆင်မှုတွင်စွက်ဖက်ပြင်ဆင်နိုင်သလော 

———————————————


Amir Hasan v. She Baksh Singh,( 1885 ) 11 Cal 6 ( P C )


အမှုကိုကိုးကားသော၊၁၉၀၁ခုနှစ်တွင်ဆုံးဖြတ်သော 1  LBR  142 အမှုတွင်၊အမှုတွင်ဥပဒေအရာ၌မှားယွင်းခြင်းသည်စီရင်ပိုင်ခွင့်အာဏာကိုသုံးစွဲရာ၌ဥပဒေနှင့်အညီမဟုတ်ဘဲဖြစ်စေ၊အရေးပါသောထုံးနည်းမကျမှုဖြစ်စေ၊ဆောင်ရွက်ခြင်းမဟုတ်ဟုဆုံးဖြတ်သည်။


အမှန်ဆိုသော်1 LBR 142စီရင်ထုံးကို၊၁၉၀၁ခုနှစ်၊အောက်တိုဘာလ(၄)ရက်နေ့တွင်ချမှတ်ခဲ့ရာအနှစ်တရာကျော်ပါပြီ။


အလားတူထုံးဖွဲ့သော1953 BLR(H C)364 စီရင်ထုံးပင်လျှင်အနှစ်ခြောက်ဆယ်ကျော်ခဲ့ပါပြီ။


ပုဒ်မ၁၁၅( ဂ )ပါ”illegally”သည်”to have acted in the exercise of its jurisdiction”(စီရင်ပိုင်ခွင့်အာဏာကိုကျင့်သုံးရာတွင်)ဟူသောစကားရပ်လာ”to have acted”(ရုံး၏ဆောင်ရွက်ခဲ့သည်)ဟူသောစကားရပ်၏ကြိယာဝိသေသနဖြစ်သည်။


တဖန်”to have acted illegally”ဟူသောစကားရပ်ကို”in the exercise of its jurisdiction”ဟူသောပြဌာန်းချက်များနှင့်တွဲဖက်ဖတ်ရှုရန်ဖြစ်သည်။


ထိုသို့နည်းလမ်းတကျဖတ်ရှုပါလျှင်"စီရင်ပိုင်ခွင့်အာဏာသက်ဝင်သောဥပဒေပြဿနာကိုဆုံးဖြတ်ရာ၌မှားယွင်းမှသာလျှင်"ထိုအမှားကိုပုဒ်မ၁၁၅( ဂ )အရပြင်ဆင်မှုတရားရုံးကပြင်ဆင်ခွင့်ရှိမည်ဖြစ်သည်။


ဥပဒေပြဿနာအမှားတိုင်းကိုပြင်ဆင်ခွင့်ရှိသည်မဟုတ်။


Amir Hasan v. She Baksh Singh,(  1885 )11 Cal 6 ( PC )


အမှုတွင်ပြဿနာတရပ်၊ဥပဒေပြဿနာသို့မဟုတ်အကြောင်းခြင်းရာပြဿနာအပေါ်အမှန်စီရင်ခွင့်ရှိသည်၊အမှားစီရင်ခွင့်ရှိသည်ဟုမြွက်ဆိုခြင်းကို"မမှားသောတရားသူကြီးဟူ၍မရှိနိုင်"ဟူသောနိယာမသဘောတရားနှင့်ယှဉ်၍ဆင်ခြင်လျှင်သဘောပေါက်ပါလိမ့်မည်။


တရားမကျင့်ထုံးကအောက်ရုံး၏အမှားကိုပြင်နိုင်ရန်အယူခံမှုလမ်းဖွင့်ပေးထားသည်။


သို့ရာတွင်မူလတရားရုံး၏ကြားဖြတ်အမိန့်များကိုပြင်ဆင်ပေးနိုင်ရန်ပြင်ဆင်မှု၌လမ်းဖွင့်ပေးထားပြန်သည်။


သို့သော်အယူခံမှုကဲ့သို့ကျယ်ကျယ်ပြန့်ပြန့် လမ်းဖွင့်ပေးသည်မဟုတ်။


၁၉၅၁ ခုနှစ်စီရင်ထုံး စာမျက်နှာ ၁၇၄ ၌ 


“We respectfully agree that the scope of section 115 of the Code of Civil Procedure is narrow and restricted"  


ဟုပြဆိုထားချက်ကိုသတိမူပါ။


တရားမကျင့်ထုံးဥပဒေပုဒ်မ၁၁၅၏ပုဒ်မခွဲ (က)(ခ)နှင့်( ဂ )ဟူသောပြဌာန်းချက် ( ၃ )ရပ်တိုင်းတွင် “jurisdiction”(စီရင်ပိုင်ခွင့်အာဏာ)ဟူသောပြဌာန်းချက်များပါရှိသည်ကိုဥပဒေပညာရှင်တိုင်းသတိမူရန်လိုသည်။


သို့ဖြစ်၍  1937  I A 261 ( 267 ) အမှုတွင်


“The section is not directed against conclusions of law or fact in which the question of jurisdiction is not involved.”


(အချင်းဖြစ်ပုဒ်မသည်စီရင်ပိုင်ခွင့်အာဏာသက်ဝင်ခြင်းမရှိသောပြဿနာအပေါ် ဥပဒေကြောင်းဆိုင်ရာသို့မဟုတ်အကြောင်းခြင်းရာဆိုင်ရာကောက်ယူဆုံးဖြတ်ချက်တို့ကိုဦးတည်သည်မဟုတ်)ဟုထုံးဖွဲ့ခြင်းကိုသဘောမပေါက်စရာအကြောင်းမရှိနိုင်။


လက်တွေ့တွင်ထိုထုံးဖွဲ့ချက်များကိုမဆင်ခြင်မိသဖြင့်တိုင်းတရားရုံးမှသည် ပြည်ထောင်စုတရားလွှတ်တော်ချုပ်အထိပြင်ဆင်မှုများဖောင်းပွလျှက်ရှိသည်။


ခရိုင်တရားရုံးတွင်တရားရေးဝန်ထမ်းအဆင့်( ၂ )များကတရားမပြင်ဆင်မှုများကို စီရင်နေကြခြင်းသည်ဖြစ်သင့်သည်မဟုတ်။


မြန်မာနိုင်ငံတွင်တရားမကျင့်ထုံးဥပဒေပုဒ်မ၁၁၅(ဂ )ပါပြဌာန်းချက်များကိုဂဃနဏ သဘောပေါက်သူပညာရှင်အနည်းငယ်သာရှိပါသည်။


ဥပဒေမှားလျှင်ပြင်နိုင်သည်ဟုလွယ်လွယ်သဘောပိုက်ကြသည်။


ပုဒ်မခွဲတိုင်းလာ”jurisdiction”ဟူသောပြဌာန်းချက်များကိုဆင်ခြင်ကပြင်ခွင့်ရှိသောအမှားသည်စီရင်ပိုင်ခွင့်အာဏာသက်ဝင်ရမည်ဟုတဆင့်တက်၍ဆင်ခြင်မိဖို့လိုသည်။

————————————————


“တရားမပြင်ဆင်မှုတွင်ပြင်ဆင်မှုတရားရုံး၏အခွင့်အာဏာ”


မည်သည့်အခါတရားရုံး၏အဆုံးအဖြတ်ကိုတရားမပြင်ဆင်မှုတွင်စွက်ဖက်ပြင်ဆင်နိုင်ကြောင်းတရားမကျင့်ထုံးဥပဒေပုဒ်မ၁၁၅တွင်ပြဌာန်းထားရာပုဒ်မခွဲ( က ) နှင့် ( ခ )တို့တွင်အကျုံးဝင်သောကိစ္စများမှာရှင်းသည်။


ပုဒ်မ ( ဂ )နှင့်စပ်လျဉ်း၍စီရင်ထုံးအများအပြားရှိသည်ကိုတွေ့မြင်နိုင်သည်။


၁၉၀၁ခုနှစ်တွင်ဆုံးဖြတ်သော၊မောင်ကြွက် နှင့် မောင်ခင်၊အောက်မြန်မာပြည် စီရင်ထုံးများ၊အတွဲ၁၊စာ၁၄၂အမှုတွင်၊ထိုစဉ်ကအဆင့်မြင့်ဆုံးတရားစီရင်ရေးအဖွဲ့ဖြစ်သည့်ပရီဗီကောင်စီက၁၈၈၅ခုနှစ်တွင်ဆုံးဖြတ်သည့်၊၁၁ကာလကတ္တား၆( ပီစီ ) အမှုကိုကိုးကားကာဥပဒေအရာ၌မှားယွင်းခြင်းသည်စီရင်ပိုင်ခွင့်အာဏာကိုသုံးစွဲရာ၌ ဥပဒေနှင့်အညီမဟုတ်ဘဲဖြစ်စေ၊အရေးပါသောထုံးနည်းမကျမှုဖြင့်ဖြစ်စေဆောင်ရွက်ရာမရောက်ဟုထုံးဖွဲ့သည်။


မဘီဘီး  နှင့်  ဆရာဟတ္ထီး ၊ 


အေ ၊ အိုင် ၊ အာ ၁၉၃၇  ရန်ကုန်  ၅၃၇ 


အမှုတွင်(တရားလွှတ်တော်)က၊၁၁ကာလကတ္တား၊၆( ပီ စီ ) စီရင်ထုံးကိုပင်ကိုးကားကာတရားရုံးကဥပဒေပြဿနာကိုမှားယွင်းဆုံးဖြတ်ခြင်းဖြစ်နိုင်သည်၊သို့ရာတွင်ထိုသို့မှားယွင်းဆုံးဖြတ်ခြင်းသည်စီရင်ပိုင်ခွင့်အာဏာကိုသုံးစွဲရာ၌ဥပဒေနှင့်အညီမဟုတ်ဘဲဖြစ်စေ၊အရေးပါသောထုံးနည်းမကျမှုဖြင့်ဖြစ်စေဆောင်ရွက်ရာမရောက်ကြောင်းပြဆိုသည်။


ပရီဗီကောင်စီစီရင်ထုံးအရအထက်ပါဥပဒေသသည်၁၈၈၅ခုနှစ်ကပင်၊အတည်တကျဖြစ်လျက်ရှိသောဥပဒေဖြစ်သည်။


အသိနည်းနေသည်ကိုတွေ့ရသည်။


တရားမကျင့်ထုံးဥပဒေပုဒ်မ၁၀၇( ၁ )တွင်၊အယူခံတရားရုံး၏အခွင့်အာဏာများကို ပြဌာန်းထားရာလမ်းညွှန်ခွင့်ရှိကြောင်းပြဌာန်းထားခြင်းမပြု။


တရားမပြင်ဆင်မှုနှင့်သက်ဆိုင်သောပုဒ်မ၁၁၅တွင်ပုဒ်မခွဲ(က)မှ(ဂ)ပါပြဌာန်းချက်နှင့်ငြိစွန်းသည်ဟုယူဆလျှင်ပြင်ဆင်မှုတရားရုံးသည်မိမိသင့်သည်ထင်မြင်သည့်အတိုင်းအမိန့်ကိုချမှတ်နိုင်သည်ဟုပြဌာန်းထားရာ၌”such  order”သည်ပုဒ်မခွဲ(က)မှ(ဂ)ပါပြဌာန်းချက်တရပ်ရပ်သို့မဟုတ်အများနှင့်ငြိစွန်းလျှင်အောက်ရုံးအမိန့်ကိုပယ်ဖျက်သောအမိန့်မျိုးသာဖြစ်သည်။


ကျယ်ပြန့်သောအာဏာများပေးအပ်ထားသောအယူခံတရားရုံးထက်၊ပြင်ဆင်မှုတရားရုံးကပို၍အခွင့်အာဏာရရှိရန်အကြောင်းမရှိသဖြင့်အမှုသည်အားမည်သို့မည်ပုံဆောင်ရွက်ရန်လမ်းညွှန်ခြင်းမပြုနိုင်သည်မှာပြဌာန်းချက်များအရထင်ရှားသည်။


ပြင်ဆင်မှုတွင်လမ်းညွှန်သောအမိန့်ချမှတ်နိုင်ကြောင်းပြဆိုသောထုံးသာဓကမရှိ။

—————————————————-


ယခင်အောက်မြန်မာပြည်တရားရုံးချုပ်က


မောင်ကြွက်  နှင့်  မောင်ခင် 


အောက်မြန်မာပြည်၊အတွဲ၁၊စာ ၁၄၂တွင်-


Amir  Hassam  Khan  vs.  Sheo  Baksh  Singh(1885)11 Cal 6( PC )


စီရင်ထုံးကိုကိုးကား၍ဥပဒေအရမှားယွင်းခြင်းသည်တရားမကျင့်ထုံးဥပဒေပုဒ်မ၁၁၅( ဂ )ပါပြဌာန်းချက်များ၏အဓိပ္ပာယ်အရတရားဥပဒေနှင့်မညီညွတ်မှုသို့မဟုတ်အရေးပါသောထုံးနည်းမကျမှုမဟုတ်ဟုအောက်ပါအတိုင်းထုံးဖွဲ့သည်။


“Error in law does not amount to acting in the exercise of jurisdiction illegally or without material irregularity”


(ဥပဒေအရမှားယွင်းခြင်းသည်စီရင်ပိုင်ခွင့်အာဏာကိုကျင့်သုံးရာတွင်တရားဥပဒေနှင့်အညီမဟုတ်ဘဲဖြစ်စေ၊အရေးပါသောနည်းလမ်းမကျဘဲဖြစ်စေဆောင်ရွက်ရာမရောက်။)

——————————————————-


မဘီဘီး  နှင့် ဆရာဟတ္ထီး 


အေ  အိုင် အာ ၊ ၁၉၃၇ ၊ ရန်ကုန် ၊ ၅၃၇ 


အမှုတွင်လည်းအောက်မြန်မာပြည်တရားရုံးချုပ်ကကိုးကားသော  Amir  Hassam  Khan စီရင်ထုံးကိုပင်ကိုးကားကာဥပဒေအရာတွင်မှားယွင်းကြောင်းပြင်ဆင်မှုတင်သွင်းခွင့်မရှိဟုအောက်ပါအတိုင်းဆုံးဖြတ်သည်။


“Held : no revision lay The Court had jurisdiction to decide whether State land was saleable property and it did not extend limitation but merely pointed out that the period of limitation did not apply to such a case.


The Court may have decided these questions wrongly . But that did not amount to exercising jurisdiction illegally or with material irregularity”

——————————————————


မသန်းရင် နှင့် တန်ကီခိုင်( ခ )တန်ကိတ်စိန် 


၁၉၅၁ခုနှစ်၊မြန်မာနိုင်ငံတရားစီရင်ထုံးများ(တရားလွှတ်တော်)စာ၁၆၁(စုံညီ )


အမှုတွင်ယခင်တရားလွှတ်တော်စုံညီခုံရုံးကတရားမကျင့်ထုံးဥပဒေပုဒ်မ၁၁၅ ပါပြဌာန်းချက်များကိုစိစစ်ဆုံးဖြတ်ရာ၌ပုဒ်မ၁၁၅(ဂ)သည်စီရင်ပိုင်ခွင့်အာဏာသက်ဝင်ခြင်းမရှိသောကိစ္စ၌ဥပဒေအရာတွင်ဖြစ်စေ၊အကြောင်းခြင်းရာအရာတွင်ဖြစ်စေ၊မှားယွင်းဆုံးဖြတ်ချက်နှင့်မသက်ဆိုင်ဟု စီရင်ထုံးစာမျက်နှာ၁၇၁တွင်ပြဆိုထားသည်ကိုတွေ့မြင်နိုင်သည်။


တရားမကျင့်ထုံးဥပဒေပုဒ်မ၁၁၅(ဂ)နှင့်စပ်လျဉ်း၍အဆုံးအဖြတ်ပြုခဲ့သော အထက်ပါစီရင်ထုံး( ၃ )ရပ်နှင့်ဆန့်ကျင်ဘက်စီရင်ထုံးဟူ၍မရှိသေးပါ။

————————————————


Allahabad High Court


Badami Kuar vs Dinu Rai And Ors. 


on 27 January, 1886


Equivalent citations: (1886) ILR 8 All 111


Author: W C Petheram


Bench: W C Petheram, Straight, Brodhurst, Tyrrell, Oldfield


JUDGMENT W. Comer Petheram, C.J.


အမှုတွင်တရားသူကြီးချုပ်အပါအဝင်တရားသူကြီးငါးဦးပါဝင်သော Allahabad High Court ကအောက်ပါအတိုင်းဆုံးဖြတ်သည်-


“1. I am of opinion that the question in this case must be answered in the affirmative. 


Section 20 of the Bengal Civil Courts Act enacts that the jurisdiction of the Munsif shall extend to suits in which the value of the subiect-matter of the dispute does not exceed Rs. 1,000. 


The Munsif has held that he had no jurisdiction in this case, because the title to a larger sum than Rs. 1,000 was involved in the question whether the plaintiff was entitled to recover the sum of Rs. 49, for which alone the action was brought. 


I think that he was wrong in this view, as the only subject-matter in this suit was the Rs. 49, and that the Munsif consequently failed to exercise a jurisdiction vested in him, and that the record may be called for by this Court in revision. 


The section has been considered by the Privy Council in the case of Amir Hasan v. Sheo Bakhsh Singh I.L.R. 11 Cal. 6 and the Full Bench of this Court in the case of Magni Ram v. Jiwa Lal I.L.R. 7 All. 336 and the result of those cases in my opinion is that the questions to which Section 622 applies, are questions of jurisdiction only. 


To make my meaning plain, I understand the Privy Council to mean that if the Court has jurisdiction to hear and detemine a suit, it has jurisdiction to hear and determine all questions which arise in it, either of fact or of law, and that the High Court has no jurisdiction under Section 622 to inquire into the correctness of its view of the law, or the soundness of its findings as to facts; but that when no appeal is provided, its decision on questions of both kinds is final.”


စာမျက်နှာ၁၊ဒုတိယအပိုဒ်တွင်အခြားတရားသူကြီး Straight က၊၎င်း၏သဘောထားအမြင်ကိုအောက်ပါအတိုင်းဖော်ပြသည်-


“Straight, J.


2. I desire, in the first place, to say that I concur in the view expressed by the learned Chief Justice as regards the particular case referred. 


In the second place, I accede to the interpretation he has placed on the ruling of their Lordships of the Privy Council; and the reason I do so is, because it is most undesirable that, upon a question of practice of this kind, there should be a difference of opinion. 


I therefore surrender my own views in deference to the rest of the Court. 


But while doing so, I desire to make a few observations, because I was the Judge who wrote the judgment in the original Full Bench decision of the Court on this subject in Maulvi Muhammad v. Syed Husain I.L.R. 3 All. 203; and I am anxious briefly to repeat here the reasons upon which that judgment proceeded. 


As the section relating to this Court's powers of revision was originally drafted in Act X of 1877, it stood without the words in the present Code which have led to so much discussion; and there can be no doubt that at that time the jurisdiction of this Court depended purely on the question whether the Court below had improperly exercised its jurisdiction, or improperly refused to exercise it. In Act XII of 1879, amending Act X of 1877, the words "in the exercise of its jurisdiction illegally or with material irregularity" were introduced; and I presume that they were introduced with meaning and intention, and were intended to have some effect aid operation. 


In order to ascertain what that meaning and intention was, it is necessary to look into the Code to see if it can be ascertained what was meant by the words "illegally" and "material irregularity." 


Now in Section 584, which specifies the grounds on which a second appeal lies to the High Court, I find what appears to me to supply a reasonable interpretation for these words. 


The section seta forth that no second appeal shall lie, except on the following grounds, namely,--"(a) the decision being contrary to some specified law or usage having the force of law; (b) the decision having failed to determine some material issue of law or usage having the force of law." 


Taking these two clauses together, they appear to me to embody what Section 622 refers to in the word "illegally;" that is to say, to cases where the Court below has, in the exercise of its jurisdiction, come to a decision which is contrary to some specified law or usage having the force of law, or failed to determine some material issue of law or usage. 


Then, with reference to the words "material irregularity" in Section 622 Clause (c) of Section 584 indicates their meaning thus:"A substantial error or defect in the procedure as prescribed by this Code or any other law, which may possibly have produced error or defect in the decision of the case upon the merits." 


In other words, I construe the words "material irregularity" to mean some material irregularity in procedure "which may possibly have produced error or defect in the decision of the case upon the merits." 


As an illustration of my meaning I will put two cases. 


A Munsif who is seised of a suit below Rs. 500 in value, directs, in execution of the decree in the suit, that the tools of the judgment-debtor be sold. 


In such a case, an appeal would lie to the Judge; but there would be no second appeal to this Court. 


Here the Munsif makes an order which is contrary to law, because it is forbidden under Section 266 of the Code, and so he acts illegally. 


Again, a Munsif who has dismissed a suit ex parte entertains an application under Section 108 of the Code; and, without notice to the other side, orders that the suit be replaced upon his file and tried. 


This action on his part is a material irregularity in procedure, because it contravenes the directions of Section 109 to the effect that no such order shall be made without notice to the other side. 


These two instances appear to me to be such as the "illegality" and "material irregularity" of Section 622 contemplate.


3. I need only add that, in my opinion, if there is one power which it is of the first importance that this Court should possess, it is the power of sending for the record in civil cases where no appeal lies.


Experience shows that in a very great many such cases grave illegalities and material irregularities do occur in the proceedings of the C was below; and it is essential that in such cases the High Court should have the power of interference.”


တရားသူကြီး Oldfield က၎င်း၏အမြင်ကိုအောက်ပါအတိုင်းဖော်ပြသည်-


“Oldfield, J.


4. I concur in the i iswer proposed by the learned Chief Justice.”


တရားသူကြီး Brodhurst က၎င်း၏အမြင်ကိုအောက်ပါအတိုင်းဖော်ပြသည်-


“Brodhurst, J.


5. I entirely concur in the conclusions arrived at by the learned Chief Justice with referem to the decision of the Privy Council in the case of Amir Hasan Khai v. She Bakhsh Singh I.L. R. 11 Cal. 6.”


တရားသူကြီး Tyrrell က၊တရားသူကြီး Straight ၏အမြင်သဘောထားကိုထောက်ခံကြောင်းအောက်ပါအတိုင်းဖော်ပြသည်-


“Tyrrell, J.


6. I concur in entry word that has fallen from my brother STRAIGHT upon this matter..”


————————————————————

Comments

Popular posts from this blog

လင်မယားအဖြစ်ပြတ်စဲနိုင်သည့်နည်းအမျိုးမျိုး

ဇာရီမှုကိုဆိုင်းငံ့ရန်ငြင်းပယ်သောအမိန့်သည်ပုဒ်မ၄၇တွင်အကျုံးမဝင်။ 1938 Rangoon Law Reports 580

ကာလစည်းကမ်းသတ်ဥပဒေ[ Part Five ]