မသမာစိတ်ဖြင့်တရားစွဲဆိုသည့်အတွက်လျော်ကြေးရလိုမှု
ဆရာကြီးဦးမြသင်ကြားပို့ချချက်များ
မသမာစိတ်ဖြင့်တရားစွဲဆိုသည့်အတွက်လျော်ကြေးရလိုမှု
———————————————————-
မသမာစိတ်ဖြင့်ရာဇဝတ်ကြောင်းအရတရားစွဲဆိုသည့်အတွက်လျော်ကြေးရလိုမှုစွဲဆိုရာ၌တရားလိုသည်အောက်ပါအကြောင်းခြင်းရာများကိုသက်သေထင်ရှားပြရမည်ဟု၊တရားရုံးများလက်စွဲ(ပထမအကြိမ်နှင့်ဒုတိယအကြိမ်ထုတ်)တွင်စံစာအုပ်အဖြစ်သတ်မှတ်ခဲ့သော”The Law Of Torts by Ratanlal and Dhirajlal”ကျမ်း(၂၂ကြိမ်မြောက်ထုတ်)(၁၉၉၂ခုနှစ်)စာမျက်နှာ၂၆၉-၂၇၀၌ဖော်ပြထားသည်။
“မသမာစိတ်ဖြင့်တရားစွဲဆိုသည့်အတွက်လျော်ကြေးရလိုမှုတွင်တရားစွဲဆိုရန်အကြောင်း”
[ In an action for malicious prosecution plaintiff must prove -
1. That he was prosecuted by the defendant.
2. That the proceedings complained of terminated in favour of the plaintiff if from their nature they were capable of so terminating.
3. That the prosecution was instituted against him without any reasonable or probable cause.
4. That the prosecution was instituted with a malicious intention, that is, not with the mere intention of carrying the law into effect, but with an intention which was wrongful in point of fact.
5. That he has suffered damage to his reputation or to the safety of person, or to the security of his property.]
အထက်ပါအကြောင်းအရာများသည်အမိန့်၇။နည်း၁(င)အရအဆိုပြုရန်လိုအပ်သည့်တရားစွဲဆိုရန်အကြောင်းကိုဖြစ်မြောက်စေသောအကြောင်းခြင်းရာများဖြစ်သည်။
တရားမပုံစံအမှတ်၃၁၌ပြဌာန်းထားသောအဆိုလွှာတွင်အထက်ပါအကြောင်းခြင်းရာများကိုအဆိုပြုထားကြောင်းတွေ့မြင်နိုင်သည်။
တရားလိုသည်ရာဇဝတ်မှုတွင်အဖမ်းမခံရပါကအဆိုလွှာအပိုဒ်၁၌၊တရားပြိုင်ကတရားလိုအား———————မြို့နယ်တရားရုံး၊၂၀———ခုနှစ်၊ရာဇဝတ်ကြီးမှုအမှတ်————တွင်၊ရာဇသတ်ကြီးပုဒ်မ—————-အရတရားစွဲဆိုခဲ့ပါသည်ဟုအဆိုပြုရန်ဖြစ်သည်။
————————————————————-
2015 BLR 116
ဦးမျိုးညွန့် နှင့် ဖတ်(စ်)ပရော်ပါးတီးဟိုးဒင်း(စ်)ပီတီအီးလီမီတက်ပါ၂
ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီးဦးစိုးညွန့်ရှေ့တွင်
စီရင်ထုံးပါ၊မသမာစိတ်ဖြင့်ရာဇဝတ်ကြောင်းအရတရားစွဲဆိုသည့်အတွက်လျော်ကြေးရလိုမှုတွင်အဆိုလွှာကိုပြည်ထောင်စုမြန်မာနိုင်ငံဥပဒေအတွဲ၁၂၊စာမျက်နှာ၂၄၇-၂၄၈၌ဖော်ပြထားသောပုံစံအမှတ်၃၁အရရေးရန်ဖြစ်သည်။
ထိုအမှုကိုတရားမနစ်နာမှုဥပဒေအရစွဲဆိုခြင်းဖြစ်သည်။
ပြည်ထောင်စုတရားလွှတ်တော်ချုပ်ကအောက်ပါအတိုင်းဆုံးဖြတ်သည်-
“ဆုံးဖြတ်ချက်။ ။ကာလစည်းကမ်းသတ်အက်ဥပဒေပထမဇယားအမှတ်စဉ်၁၇၊၁၈၊၁၉၊၂၂၊၂၃၊၂၄နှင့်၂၄တို့တွင်လျော်ကြေးငွေရလိုမှုအချို့အတွက်စည်းကမ်းသတ်ကာလများကိုပြဌာန်းထားသည်။
အမှတ်စဉ်၂၂သည်အမှတ်စဉ်၁၇၊၁၈၊၁၉။၂၃၊၂၄နှင့်၂၅တို့တွင်အကျုံးမဝင်သည့်အခြားနစ်နာမှုဖြစ်စေသည့်အတွက်လျော်ကြေးငွေရလိုမှုနှင့်သက်ဆိုင်သည်။
မသမာစိတ်ဖြင့်ရာဇဝတ်ကြောင်းစွဲဆိုခြင်းကြောင့်လျော်ကြေးငွေရလိုမှုသည်ကာလစည်းကမ်းသတ်ပထမဇယားအမှတ်စဉ်၂၃နှင့်သက်ဆိုင်ခြင်းကြောင့်အမှတ်စဉ်၂၂နှင့်မသက်ဆိုင်ပေ။
ထပ်မံဆုံးဖြတ်ချက်။ ။တရားလို၏အဆိုလွှာတွင်အဆိုပြုချက်အရပင်လျှင်တရားလိုအားနစ်နာစေသည့်နေ့ရက်သည်တရားပြိုင်တို့ကတရားလိုအပေါ်ရာဇဝတ်ကြောင်းစတင်စွဲဆိုသည့်နေ့ဖြစ်ကြောင်းထင်ရှားပေါ်ပေါက်သည်။
တရားလိုအားအမှုမှအပြီးအပြတ်လွှတ်သည့်နေ့၊တရားရှင်လွှတ်သည့်နေ့များသည်တရားလိုအားနစ်နာစေသည့်နေ့ရက်များမဟုတ်ပေ။
xxxxxxxxxxxxxxxxxxxxx
ဒေါက်တာမြင့်အောင်အမှုနှင့်ယခုအမှုမှာဖြစ်ရပ်ချင်းမတူသော်လည်းယင်းအမှုတွင်ကာလစည်းကမ်းသတ်အက်ဥပဒေပထမဇယားအမှတ်စဉ်၂၂ပါနစ်နာစေသည့်နေ့နှင့်စပ်လျဉ်း၍ကောက်ယူသုံးသပ်ချက်မှာလျော်ကန်သင့်မြတ်သည်ဟုဆိုနိုင်သည်။
တရားပြိုင်တရားလိုအပေါ်ရာဇဝတ်ကြောင်းဖြင့်တရားစွဲဆိုသည့်နေ့ကပင်တရားလိုအားထိခိုက်နစ်နာစေပြီးဖြစ်၍တရားလိုအားအပြီးအပြတ်လွှတ်သည့်နေ့သို့မဟုတ်တရားရှင်လွှတ်သည့်အခါမှသာထိခိုက်နစ်နာစေသည်မဟုတ်ကြောင်းမြင်သာသည်။
ကာလစည်းကမ်းသတ်အက်ဥပဒေပထမဇယားအမှတ်စဉ်၂၂အရနစ်နာစေသည့်နေ့ရက်ကစ၍စည်းကမ်းသတ်ကာလစတင်ရေတွက်ရန်ဖြစ်သောကြောင့်တရားလိုယခုအမှုတရားစွဲဆိုသည့်၁၄-၅-၂၀၀၉နေ့တွင်စည်းကမ်းသတ်ကာလကျော်လွန်ကြောင်းတွေ့ရှိရသည်။”
စီရင်ထုံးစာမျက်နှာ၁၂၈တွင်၊ပြည်ထောင်စုတရားလွှတ်တော်ချုပ်ကအောက်ပါအတိုင်းသုံးသပ်သည်-
“ယခုအမှုသည်တရားပြိုင်တို့ကတရားလိုအပေါ်ရာဇဝတ်ကြောင်းအသီးသီးစွဲဆိုခြင်းကြောင့်တရားလိုကတရားပြိုင်များအပေါ်လျော်ကြေးငွေရလိုကြောင်းစွဲဆိုသည်မှာအဆိုလွှာအရထင်ရှားသည်။
ဒေါ်မီမီကျော် နှင့် ဒေါ်နန်းအေးအေးအမှုတွင်ညွှန်ပြချက်အရတရားလိုစွဲဆိုသောအမှုသည်မသမာစိတ်ဖြင့်ရာဇဝတ်ကြောင်းစွဲဆိုခြင်းကြောင့်လျော်ကြေးငွေရလိုမှုဖြစ်ကြောင်းယုံမှားဖွယ်မရှိပေ။
အဘယ်ကြောင့်ဆိုသော်ရာဇဝတ်ကြောင်းအရတရားစွဲဆိုခြင်းသက်သက်ကြောင့်လျော်ကြေးငွေရလိုမှုစွဲဆိုနိုင်ကြောင်းဥပဒေမရှိသည့်အပြင်စီရင်ထုံးသာဓကလည်းမရှိ၍ဖြစ်သည်။
မသမာစိတ်ဖြင့်ရာဇဝတ်ကြောင်းစွဲဆိုသည့်အတွက်လျော်ကြေးရလိုကြောင်းစွဲဆိုသောအမှုသည်ကာလစည်းကမ်းသတ်အက်ဥပဒေပထမဇယားအမှတ်စဉ်၂၃နှင့်သက်ဆိုင်မည်ဖြစ်သည်။မောင်ကျော်ညွန့် နှင့် မအူပင်မြူနီစပယ်အဖွဲ့အမှု(ရန်ကုန်၊အတွဲ-၂၊စာ-၂၆၈)ကိုကြည့်ပါ။
[ အမှန်မှာ(ရန်ကုန်၊အတွဲ-၃၊စာ-၂၆၈)ဖြစ်သည်။ပုံနှိပ်ရာတွင်မှားယွင်းချွတ်ချော်မှုဖြစ်မည်ထင်ပါသည်။]
ထို့ကြောင့်တရားလိုစွဲဆိုသောအမှုသည်ကာလစည်းကမ်းသတ်အက်ဥပဒေပထမဇယားအမှတ်စဉ်၂၃နှင့်သက်ဆိုင်သောအမှုဖြစ်သည်။
ကာလစည်းကမ်းသတ်အက်ဥပဒေပထမဇယားအမှတ်စဉ်၂၃အရတရားလိုစွဲဆိုသောအမှုတွင်စည်းကမ်းသတ်ကာလစတင်ရေတွက်ရမည့်ကာလမှာတရားလိုအားတရားသေလွှတ်သည့်နေ့ကစ၍သို့မဟုတ်ရာဇဝတ်ကြောင်းစွဲဆိုမှုအခြားနည်းပြီးပြတ်သည့်နေ့မှစတင်ရေတွက်ရန်ဖြစ်သည်။”
—————————————————————-
3 Ran 268
MAUNG KYAW NYUN
V.
MA-U-BIN MUNICIPALITY.
Before Mr. Justice Rutledge.
အမှုတွင်စီရင်ထုံးစာမျက်နှာ၂၆၉၌၊အင်္ဂလိပ်တရားသူကြီး Rutledge ကအောက်ပါအတိုင်းမြွက်ဆိုသည်-
“Each side contend that their article is the more specific.
And no doubt it depends upon the point of view.
In the eleven prosecutions brought by the Respondent Municipality against the Appellant they purported to bring them under the Burma Municipal Act.
It is contended however that no malicious act can be in pursuance of an enactment, and if the Acts are not malicious, appellant has no case.
The question in issue does not seem to be governed by any reported authority in this Province, and there is some conflict of opinion among the High Courts of India.
I think that it may be taken that in England the analogous period prescribed by the Public Authorities Protection Act does not apply to suits for malicious prosecution, Pearson v. Dublin Corporation(1) (1905) A.C, 351.
The words of the English Statute do not seem to me to be narrower than Article 2.”
စီရင်ထုံးစာမျက်နှာ၂၇၀နှင့်၂၇၁၌၊အောက်ပါအတိုင်းသုံးသပ်ဆုံးဖြတ်သည်-
“Applying these principles to the present case the respondents may have no difficulty in showing that they acted in the honest belief that they were empowered by the provisions of the Burma Municipal Act to pass the resolutions that they did and to bring the several prosecutions against the appellant.
But the Lower Courts are of opinion that even if they knew that they had no such power and acted maliciously in bringing the prosecutions, the action for malicious prosecutions fall under Article 2.
I am of opinion that they are in error.
In the words of Sir Lawrence Jenkins quoted above"the Person seeking the protection of the Act cannot claim that his conduct has any relation to the execution of the Act if he knowingly and intentionally acts in contravention of its provisions."
For these reasons the orders of the Lower Courts will be set aside and the case remitted to the Township Court for trial.
The appellant will have costs of five gold mohurs in this Court and three gold mohurs respectively in the Township and District Court.”
—————————————————————-
မသမာစိတ်ဖြင့်တရားမကြောင်းအရတရားစွဲဆိုသည့်အတွက်လျော်ကြေးရလိုမှုစွဲဆိုသည့်သာဓကကို-
12 Ran 289
AH FONG v. NAM KEE.*
Before Mr. Justice Leach.
——————————————-
A. I. R. 1934 Rangoon 75
LEACH, J.
Ah Fong-Plaintiff
V.
Nam Kee-Defendant.
Equivalent citation = 12 Ran 289
————————————-
13 Ran 330
DIWAN BAHADUR A.M.M. MURUGAPPA CHETTIAR
vs.
N. C. GALLIARA AND OTHERs. *
Before Mr. Justice Leach.
———————————
A. I. R. 1935 Rangoon 367
LEACH, J.
А. М. M. Murugappa Chettyar - Plaintiff.
V.
N.C. Galliara and others - Defendants.
Equivalent citation = 13 Ran 330
စီရင်ထုံးများတွင်တွေ့မြင်နိုင်သည်။
—————————————————————————-
12 Ran 289
AH FONG v. NAM KEE.
Before Mr.Justice Leach.
အမှုတွင်၊အင်္ဂလိပ်တရားသူကြီး Leach ကအောက်ပါအတိုင်းဆုံးဖြတ်သည်-
“It is a general rule of law that a civil action, though false and malicious in its institution, will not give rise to an action for damages.
The expense to which the defendant is put in resisting the suit is ordinarily met by an order for costs. But where a civil action necessarily or naturally has resulted in damage which cannot be recompensed by an order for costs, and such action is instituted falsely and maliciously, a suit for damages lies at the instance of the defendant.
Held, that on the evidence the defendant's averments were false and malicious; that damage was the direct and natural result thereof; and that the plaintiff was entitled to maintain the suit.
Oucere whether the principle which governs the general rule that a suit will not lie for instituting a false and malicious civil action would apply to an order, not of a Court of law, but of a Department of Government.”
———————————————————
13 Ran 330
DIWAN BAHADUR A.M.M. MURUGAPPA CHETTIAR
vs.
N. C. GALLIARA AND OTHERs. *
Before Mr. Justice Leach.
အမှုတွင်၊စီရင်ထုံးစာမျက်နှာ၃၃၄၌၊အင်္ဂလိပ်တရားသူကြီး Leach ကအောက်ပါအတိုင်းသုံးသပ်ပြဆိုသည်-
“The plaintiff's case does not rest entirely on the plea of limitation.
It is argued on his behalf that the plaint clearly discloses that part of the cause of action arose within the jurisdiction of the Court.
The suit, as I have already indicated, has been filed to recover damages alleged to have been suffered as the result of the malicious filing of a petition in insolvency.
Before the plaintift can recover damages in a suit of this nature it must be shown that the petition was in fact dismissed.
It is urged that the dismissal of the petition by this Court constitutes part of the cause of action, and that this part arose in Rangoon.
It is also urged that inasmuch as the plaintiff is a banker and moneylender carrying on business in Rangoon damage to his reputation and to his business was caused in Rangoon.
In fact, it is said that Rangoon is the plaintiff's principal place of business.
The plaintiff, therefore, contends that there are two grounds on which the order granting leave can be supported:
(1) The dismissal of the petition constitutes part of the cause of action and the dismissal took place in Rangoon.
(2) Damage was suffered in Rangoon.”
——————————————————————-
Comments
Post a Comment