နောက်မှအကြံရပြီးတင်ပြရာရောက်သည့်ကိစ္စ[ A. I. R. 1935 Rangoon 393 ]

 ဆရာကြီးဦးမြသင်ကြားပို့ချချက်များ


နောက်မှအကြံရပြီးတင်ပြရာရောက်သည့်ကိစ္စ။

———————————

ရှေ့နေရှေ့ရပ်များသည်-


1969 BLR 197 


ကိုသောင်းရင်ပါ၄ နှင့် ကိုဖုန်းဝင်း


တရားသူကြီးဦးချစ်နှင့်တရားသူကြီးဦးသက်ဖေတို့ရှေ့တွင်


အမှု၌အောက်ပါထုံးဖွဲ့ချက်ကိုအထူးသတိချပ်ရန်နှိုးဆော်ပါသည်-


“ဆုံးဖြတ်ချက်။    ။ရာဇဝတ်မှုများတွင်တရားခံတဦးသည်၊မိမိအပေါ်စွပ်စွဲသည့်စွပ်စွဲချက်နှင့်ပတ်သက်၍ထုချေလိုကထုချေနိုင်သည်။


မထုချေကလည်းမထုချေပဲနေနိုင်သည်။


သို့ဖြစ်ပါလျက်တရားခံသည်၎င်း၏ထုချေချက်ကိုစောစောစီးစီးတင်ပြခြင်းမပြုလျင်လုပ်ကြံတင်ပြသည့်ထုချေချက်ဖြစ်သည်ဟုယူဆနိုင်လျှင်၊တရားမမှုများ၌သာ၍ပင်အလားတူယူဆချက်ကိုအသုံးပြုနိုင်မည်သာဖြစ်သည်။


ယင်းယူဆချက်မှာအမှုသည်တဦးဦး၏ပြုမူချက်အပေါ်မူတည်၍ဆုံးဖြတ်ရသည့်ယူဆချက်ဖြစ်ပေသည်။


လူ့သဘာဝအရတဖက်သားအပေါ်တိကျသည့်စွပ်စွဲချက်ရှိလျင်ထိုသူအားမေးမြန်းခွင့်ရချိန်၌၊ထိုစွပ်စွဲချက်နှင့်စပ်လျဉ်း၍ထုတ်ဖော်မေးမြန်းမည်မှာဧကန်ဖြစ်သည်။


ယင်းသို့မေးမြန်းမှုမရှိလျှင်ထိုစွပ်စွဲချက်သည်နောက်မှအကြံရပြီးတင်ပြသည့်စွပ်စွဲချက်သာဖြစ်သည်ဟုယူဆရန်အကြောင်းပေါ်ပေါက်မည်ဖြစ်သည်။


တဖက်သားအနေဖြင့်လည်း၎င်းစွပ်စွဲချက်နှင့်စပ်လျဉ်း၍ရှင်းလင်းခွင့်မရသည့်အလျောက်တဖက်သတ်စွပ်စွဲချက်တခုအဖြစ်သာရပ်တည်နေပေမည်။


ဦးတင်ထွဋ် နှင့် ပြည်ထောင်စု၊၁၉၆၆၊မြန်မာပြည်စီရင်ထုံး၊၁၉၂ရည်ညွှန်းသည်။”


ခုံရုံးတရားသူကြီးဦးသက်ဖေကစီရင်ထုံးစာမျက်နှာ၁၉၉တွင်အောက်ပါအတိုင်းသုံးသပ်သည်-


“အယူခံတရားလိုတို့၏တရားရုံးချုပ်ရှေ့နေဦးမြင့်စိုးကအမှုသည်တဦး၏ထုချေချက်နှင့်စပ်လျဉ်း၍၊ဆန့်ကျင်ဘက်အမှုသည်နှင့်သက်သေတို့အားစစ်ဆေးစဉ်ပြန်လှန်မေးခွန်းထုတ်ထားခြင်းမရှိကထိုထုချေချက်သည်နောက်မှအကြံရကာတင်ပြသည့်ထုချေချက်သာဖြစ်သည်ဟုယူဆရမည်ဆိုသော၊ဦးတင်ထွဋ် နှင့် ပြည်ထောင်စု(၁၉၆၆ခု၊မြန်မာပြည်စီရင်ထုံး၊၁၉၂)ပါဆုံးဖြတ်ချက်မှာ၊ရာဇဝတ်မှုများနှင့်သာသက်ဆိုင်သဖြင့်တရားမမှုများ၌စဉ်းစားရန်မသင့်ပါဟုတင်ပြသွားသည်။”


စီရင်ထုံးစာမျက်နှာ၂၀၀၌၊တရားသူကြီးဦးသက်ဖေကနိဂုံးချုပ်အနေဖြင့်အောက်ပါအတိုင်းသုံးသပ်ဆုံးဖြတ်သည်-


“ယခုအမှုတွင်အယူခံတရားပြိုင်အားစစ်ဆေးစဉ်ကဗဟိုစာရင်းအင်းနှင့်စီးပွါးရေးဌာနမှအရာထမ်းမှုထမ်းများအားအတိုးဖြင့်ငွေချေးခဲ့သည်ဆိုသောအချက်အလက်များကိုလည်းကောင်း၊ဦးဘအေးအားစစ်ဆေးစဉ်က၎င်းသည်အယူခံတရားပြိုင်နှင့်ပူးပေါင်း၍ငွေတိုးချစားခြင်းပြုနေသည်ဆိုသောအချက်အလက်ကိုလည်းကောင်း၊အယူခံတရားလိုတို့အနေဖြင့်တစုံတရာမေးမြန်းထားခြင်းမရှိသည့်အလျောက်ထိုတင်ပြချက်များသည်၊နောက်မှလုပ်ကြံတင်ပြသည့်ထုချေချက်များသာဖြစ်သည်ဆိုသောမူလရုံး၏ဆုံးဖြတ်ချက်များသည်မှားယွင်းသည်ဟုမဆိုသာပေ။”

——————————————-


1966 BLR 192 


ဦးတင်ထွဋ် နှင့် ပြည်ထောင်စုမြန်မာနိုင်ငံ


တရားသူကြီးဦးချစ်ရှေ့တွင်


စီရင်ထုံးစာမျက်နှာ၁၉၄နှင့်၁၉၅တွင်၊တရားသူကြီးဦးချစ်ကအောက်ပါအတိုင်းသုံးသပ်သည်-


“လျှောက်ထားသူဦးတင်ထွဋ်သည်၊တနင်္သာရီရဲမင်းကြီးရုံးမှတာဝန်ခံရုံးအုပ်စာရေးကြီးဖြစ်သည်။


၎င်းသည်မီတာခငွေများကိုသက်ဆိုင်ရာဌာနကတောင်းခံသောအခါ၊သက်ဆိုင်ရာဌာနသို့သာလျှင်ငွေသွင်းရန်ဖြစ်သည်။


ဘီ(လ်)ကောက်ခံသူသို့ပေးရန်အကြောင်းမဟုတ်ပေ။


လျှောက်ထားသူကဆိုလိုသည်မှာသူသည်သက်ဆိုင်ရာလျှပ်စစ်ဌာနသို့တိုက်ရိုက်ငွေမသွင်းဘဲ၊ဘီ(လ်)ကောက်ခံသူကိုပေးလိုက်သည်ဟုဆိုသည်။


ထိုသို့ဖြစ်လျှင်၊ဘီ(လ်)ကောက်ခံသူထံမှငွေလက်ခံရရှိသောဖြတ်ပိုင်းကိုရရှိရန်ဖြစ်သည်။


ထိုကဲ့သို့သောဖြတ်ပိုင်းကိုတင်မပြနိုင်။


ထိုကဲ့သို့သောဖြတ်ပိုင်းကိုလည်းဘီ(လ်)ကောက်ခံသူထံမှမယူဟုဆိုသည်။


ဤကဲ့သို့ဆိုခြင်းမှာယုတ္တိမရှိ၊ဘီ(လ်)ကောက်ခံသူအား၊ငွေမပေး၍သာ၊ဖြတ်ပိုင်းမရှိခြင်းဖြစ်သည်ဟုယူဆရပေမည်။


၎င်းပြင်၊လျှောက်ထားသူ၏အဓိကထုချေချက်မှာ၊သူသည်ဘီ(လ်)ကောက်ခံသူအားအချင်းဖြစ်ငွေကိုပေးလိုက်သည်ဟုပြောဆိုသည်။


ဤကဲ့သို့ပေးလိုက်သည်ဟုဆိုခြင်းနှင့်ပတ်သက်၍၊တရားလိုပြသက်သေများစစ်ဆေးစဉ်က၊တဦးတယောက်ကိုမျှပြန်လှန်မေးခွန်းတွင်မေးခဲ့သည်ကိုမတွေ့ရှိရပေ။


လျှောက်ထားသူအပေါ်စွဲချက်တင်ပြီးမှလျှောက်ထားသူကထုချေမှသာလျှင်၊သူသည်၊အချင်းဖြစ်ငွေကိုဘီ(လ်)ကောက်ခံသူအားပေးလိုက်ရပါသည်ဟုထုချေခြင်းဖြစ်သည်။


ထိုထုချေချက်မျိုးသည်၊နောက်မှအကြံရ၍၊ကြံစည်ကာထုချေခြင်းမျိုးဖြစ်သည်ဟုယူဆရပေမည်။


ထိုအကြောင်းနှင့်ပတ်သက်၍၊ပြည်ထောင်စုမြန်မာနိုင်ငံ နှင့် မောင်ညွန့်အမှု(အေ၊အိုင်၊အာ၊(ရ်)၁၉၃၅ခုနှစ်၊ရန်ကုန်၊စာ၃၉၃)တွင်၊တရားဝန်ကြီးဒန်ကလီကဤကဲ့သို့ထုံးဖွဲ့ထားသည်။


“When the defence fails to cross-examine the prosecution witnesses concerning the version of the facts which the defence allege, it is usually safe to conclude that the defence is an afterthought, and in fact had not even been concocted at the time when the prosecution witnesses are examined."


သို့ဖြစ်၍၊အောက်ရုံးများ၏အမိန့်များကိုဝင်ရောက်စွက်ဖက်ရန်အကြောင်းမမြင်သောကြောင့်၎င်းအမိန့်များကိုအတည်ပြုပြီးဤပြင်ဆင်မှုလျှောက်လွှာကိုပလပ်လိုက်သည်။”

————————————————-


A. I. R. 1935 Rangoon 393


EMPEROR v. NGA  NYUN


Dunkley, J.


အမှုတွင်တရားသူကြီးDunkleyကအောက်ပါအတိုင်းဆုံးဖြတ်သည်-


[(a) Criminal Trial - Defence not cross- examining prosecution witnesses concerning defence version - Defence put up subsequently can be taken as concocted.


When the defence fails to cross-examine the prosecution witnesses concerning the version of the facts which the defence allege, it is usually safe to conclude that the defence is an afterthought, and in fact had not even been concocted at the time when the prosecution witnesses are examined.]


တရားသူကြီးDunkleyကအောက်ပါအတိုင်းသုံးသပ်သည်-


“The defence set up by the respondent was that the girl had picked up his marble which he was shooting from a bow and refused to return it, and so he beat her. 


The District Magistrate has said that the evidence for the defence is just as strong as that for the prosecution; but it suffers from one grave defect, and that is, that the story set up by the respondent was never put in cross-examination to the prosecution witnesses.


Now, when the defence fails to cross-examine the prosecution witnesses concerning the version of the facts which the defence alleged, it is usually safe to conclude, as the Magistrate did in this case, that the defence is an afterthought, and in fact had not even been concoted at the time when the prosecution witnesses were examined.”

——————————————————

Comments

Popular posts from this blog

လင်မယားအဖြစ်ပြတ်စဲနိုင်သည့်နည်းအမျိုးမျိုး

ဇာရီမှုကိုဆိုင်းငံ့ရန်ငြင်းပယ်သောအမိန့်သည်ပုဒ်မ၄၇တွင်အကျုံးမဝင်။ 1938 Rangoon Law Reports 580

ဇာရီမှုတွင်ချမှတ်သောအမိန့်များ