ချေးငွေရလိုမှုအကြောင်း(Part Eight)
ဆရာကြီးဦးမြသင်ကြားပို့ချချက်များ
ချေးငွေရလိုမှုအကြောင်း(Part Eight)
——————————————————-
10 LBR ( F B ) 54
MAUNG KYI vs. 1. MA MA GALE, 2. PO HLINE.
Before Sir Daniel Twomey, Chief Judge, Mr.Justice Ormond, Mr. Justice Maung Kin and Mr. Justice Pratt.
စီရင်ထုံးစာမျက်နှာ၇၀၌-
“မူရင်းကြွေးမြီကိုအပြေအကျေပေးဆပ်သည့်အနေဖြင့်ငွေပေးကတိစာချုပ်ကိုမြီရှင်ကလက်ခံရာ၌၊မြီစားပေးသောငွေပေးကတိစာချုပ်မှာခိုင်လုံသည့်သဘောသက်ရောက်သည့်စည်းကမ်းချက်ဖြင့်လက်ခံခြင်းဖြစ်ရာ၊တံဆိပ်ခေါင်းခွန်ထမ်းဆောင်ခြင်းမရှိ၍အကျိုးသက်ရောက်မှုမရှိပါက၊ကြွေးမြီကိုပြေကျေအောင်ပေးဆပ်သည့်အနေဖြင့်အကျိုးသက်ရောက်မှုမရှိ။”
ကြွေးမြီပြေကျေသည်မဟုတ်၍သီးခြားတရားစွဲဆိုရန်အကြောင်းအဖြစ်ဖြင့်”ယင်းကြွေးမြီမှာတည်ရှိဆဲဖြစ်သည်”ဟု၊တရားသူကြီး Ormond ကအောက်ပါအတိုင်းပြဆိုသည်-
“In such a case, however, where the note is executed by the defendant, it is generally presumed (and I think rightly so) that the plaintiff accepts the note in satisfaction of the debt, upon the implied condition that the document given by the defendant is a valid and effective promissory note; and that if the promissory note is ineffective for want of a stamp it does not operate as a payment of the debt.
The debt is then not discharged(ကြွေးမြီကျေသည်မဟုတ်၊အကြွေးကျေသည်မဟုတ်) but subsists as a separate cause of action.”
ထို့နောက်စီရင်ထုံးစာမျက်နှာ၇၁တွင်၊တရားပြိုင်ကငွေပေးကတိစာချုပ်ကို”ငြင်းဆိုလျှင်”တရားလိုသည်ထိုလျှောက်ထားတင်ပြချက်ကိုလက်ခံခွင့်ရှိပြီး၊ငွေပေးကတိစာချုပ်မရှိဟုယူဆကာအမှုကိုဆက်လက်ဆောင်ရွက်နိုင်သည်ဟု၊တရားသူကြီး Ormond ကအောက်ပါအတိုင်းဆက်လက်ပြဆိုသည်-
“In all cases where the defendant repudiates the promissory note, e.g. by denying execution, as is the case here, the plaintif is at liberty to accept the plea and proceed with his suit upon the assumption that there was no promissory note.”
စီရင်ထုံးစာမျက်နှာ၇၁၌၊တရားသူကြီး Ormond ကအမှုနှင့်ပတ်သက်၍အောက်ပါသုံးသပ်ချက်ဖြင့်၎င်း၏သဘောထားအမြင်ကိုအဆုံးသတ်သည်-
“In the present case the note was with the plaintiff and was not negotiated; and the defendant, so far from proving that the note was taken in satisfaction of the debt, denied the fact of there being a promissory note at all.
I would therefore answer the question referred in the affirmative.”
စီရင်ထုံးစာမျက်နှာ၇၁၌၊မြန်မာတရားသူကြီးဦးခင်နှင့်အင်္ဂလိပ်တရားသူကြီး Pratt တို့က၊အမှုနှင့်ပတ်သက်၍၊၎င်းတို့၏သဘောထားအမြင်များကိုအောက်ပါအတိုင်းဖော်ပြသည်-
“Maung Kin, J. I am of the same opinion as my learned colleagues, the Chief Judge and Ormond, J.
Pratt, J. I regret that I am unable to agree with the views expressed by my learned colleagues.”
——————————————————
10 LBR ( F B ) 54 စီရင်ထုံးကိုသဘောပေါက်နိုင်ရန်၊လွှဲပြောင်းနိုင်သောစာချုပ်စာတမ်းများအက်ဥပဒေနှင့်တွဲဖက်ကာ၊အကြိမ်ကြိမ်ဖတ်ရန်လိုပါလိမ့်မည်။
Comments
Post a Comment