ငွေချေးခြင်းဆိုင်ရာသိမှတ်ဖွယ်အချက်အလက်များ(Part One)

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ


ငွေချေးခြင်းဆိုင်ရာသိမှတ်ဖွယ်အချက်အလက်များ(Part One)

—————————————————————


[ငွေချေးယူရာ၌ပြန်ဆပ်ရန်သဘောတူရာရောက်သည်]


[When a loan is contracted it is an implied term of the agreement that the loan shall be repaid]


PAYANA REENA LAYANA SAMINATHAN CHETTY AND ANOTHER.

                                     v.

PANA LANA PANA LANA PALANIAPPA CHETTY.


(P.C. Appeal No. 2 of 1913.)


(1913, 41 I.A. 142.)

————————————————————-


12 Ran ( F B ) 500(504)


MAUNG CHIT AND ANOTHER

                      V.

ROSHAN N.M.A. KAREEM OOMER & CO.*


Before Sir Arthur Page, Kt., Chief Justice, Mr. Justice Baguley, Mr. Justice Sen, Mr. Justice Leach, and Mr. Justice Dunkley.


There are many Indian and English authorities on this question, and I think that from a consideration of the cases the following propositions of law can be deduced:

  1. when a loan is contracted it is an implied term of -the agreement that the loan shall be repaid. [Payana Reena Saminathan and another v. Pana Lana Palaniapa (1913, 41 I.A: 142.)]

—————————————————————

(၁)ငွေချေးယူရာ၌မြီစားသည်ကြွေးမြီကိုမြီရှင်အားပြန်ဆပ်ရန်သွယ်ဝိုက်၍ပဋိညာဉ်ပြုရာရောက်သည်။


(၂)ကြွေးမြီအတွက်မြီစားချုပ်ပေးသောစာချုပ်သည်၊လွှဲပြောင်းနိုင်သောစာချုပ်စာတမ်းအက်ဥပဒေပုဒ်မ၄ရှိဥပမာ(က)ဖြစ်သည်။


[လွှဲပြောင်းနိုင်သောစာချုပ်စာတမ်းများအက်ဥပဒေပုဒ်မ၁၉ကိုဖတ်ပါ။]


[ပြည်ထောင်စုမြန်မာနိုင်ငံဥပဒေအတွဲ၁၀၊စာ-၂၇၅ဖြစ်သည်။]


“စာချုပ်ကိုအသိသက်သေလက်မှတ်ရေးထိုးထားလျှင်”ငွေပေးကတိစာချုပ်မဟုတ်။


တံဆိပ်ခေါင်းခွန်အက်ဥပဒေပုဒ်မ၂၅(ခ)အရခံဝန်ချုပ်ဖြစ်သည်။


[ပြည်ထောင်စုမြန်မာနိုင်ငံဥပဒေအတွဲ၃၊စာ-၃၈၁ဖြစ်သည်။]


ခံဝန်ချုပ်ကိုတံဆိပ်ခေါင်းခွန်အက်ဥပဒေဇယား၁၊အမှတ်စဉ်၁၅အရ၊စာချုပ်ပါငွေကြေးပမာဏအရတံဆိပ်ခွန်ထမ်းဆောင်ရသည်။


ကျသင့်သည့်တံဆိပ်ခေါင်းခွန်ထမ်းဆောင်ထားခြင်းမရှိလျှင်ပုဒ်မ၃၃အရသိမ်းချုပ်မှသာလျှင်သက်သေခံဝင်သည်။


ငွေပေးကတိစာချုပ်ကိုတံဆိပ်ခေါင်းခွန်အက်ဥပဒေဇယား၁၊အမှတ်စဉ်၅၀အရတံဆိပ်ခေါင်းခွန်ထမ်းဆောင်ရန်ဖြစ်သည်။


ကျသင့်သည့်တံဆိပ်ခေါင်းခွန်ထမ်းဆောင်ထားခြင်းမရှိပါက၊ငွေပေးကတိစာချုပ်သည်ပုဒ်မ၃၅အရသက်သေခံမဝင်။


ပုဒ်မ၃၃အရသိမ်းချုပ်ပြီးသက်သေခံအဖြစ်လက်ခံခွင့်မရှိ။


(၃)ငွေပေးကတိစာချုပ်ကိုအဆင့်ဆင့်လွှဲပြောင်းနိုင်သည်။


[လွှဲပြောင်းနိုင်သောစာချုပ်စာတမ်းများအက်ဥပဒေပုဒ်မ၁၄ကိုဖတ်ပါ။]


ထိုစာချုပ်ကိုနောက်ဆုံးလွှဲပြောင်းရရှိသူသည်၊ပုဒ်မ၈တွင်ပြဌာန်းထားသည့်အတိုင်းစာချုပ်အရငွေပေးဆပ်ရန်အချိန်စေ့ရောက်သောငွေပမာဏကိုရထိုက်ခွင့်ရှိသည်။


မူရင်းမြီရှင်နည်းတူမြီစားအပေါ်ကြွေးမြီရလိုမှုစွဲဆိုနိုင်သည်။

—————————————————-

Comments

Popular posts from this blog

လင်မယားအဖြစ်ပြတ်စဲနိုင်သည့်နည်းအမျိုးမျိုး

ဇာရီမှုကိုဆိုင်းငံ့ရန်ငြင်းပယ်သောအမိန့်သည်ပုဒ်မ၄၇တွင်အကျုံးမဝင်။ 1938 Rangoon Law Reports 580

ကာလစည်းကမ်းသတ်ဥပဒေ[ Part Five ]