ချေးငွေရလိုမှုအကြောင်း(Part Seven)

 ဆရာကြီးဦးမြသင်ကြားပို့ချချက်များ


ချေးငွေရလိုမှုအကြောင်း(Part Seven)

——————————————————-


အခြားငွေပေးကတိစာချုပ်တမျိုးလည်းရှိသေးသည်။


မှတ်ချက်။   ။ထိုစာချုပ်မျိုးဖြစ်လျင်၊”ချေးငွေရလိုမှုကိုထိုစာချုပ်အရတရားစွဲဆိုနိုင်သည်။”

————————————————


10 LBR ( F B ) 54 


MAUNG KYI vs. 1. MA MA GALE, 2. PO HLINE.


Before Sir Daniel Twomey, Chief Judge, Mr.Justice Ormond, Mr. Justice Maung Kin and Mr. Justice Pratt.


စီရင်ထုံးစာမျက်နှာ၆၈တွင်၊တရားရုံးချုပ်တရားဝန်ကြီးချုပ် Sir Daniel Twomey ကထိုစာချုပ်အကြောင်းအောက်ပါအတိုင်းဥပမာပေးသည်-


“If B gives A a promissory note on the spot for the amount lent, A, according to Sheik Akbar's case, can sue only on the promissory note.”


အခြားတရားသူကြီး Ormond က၊ထိုစာချုပ်မျိုးနှင့်စပ်လျဉ်း၍စီရင်ထုံးစာမျက်နှာ၇၀တွင်၊အောက်ပါအတိုင်းပြဆိုသည်-


“It may however be taken by the lender in substitution(အစား)for and in satisfaction of the first promise,(ပထမကတိကိုပြည့်ဝစေသည့်အနေဖြင့်) as was the case in Sheik Akbar v. Sheik Khan (2). (1881) I . L. R. 7 Cal., 256.


In that case evidence could not be given to prove the promissory note because the note had not been properly stamped.”

——————————————————-


ပထမကတိဆိုသည်မှာချေးငွေကိုပြန်ဆပ်ရန်မြီစားကပြုသောနှုတ်ကတိဖြစ်သည်။


မြီရှင်ကကြွေးမြီအစား၊ထို့အပြင်ကြွေးမြီပေးဆပ်ရန်ကနဦးကတိနှင့်အညီ”ကြွေးမြီကိုပြေကျေအောင်ပေးဆပ်သည့်အနေဖြင့်”မြီစားချုပ်ဆိုသောငွေပေးကတိစာချုပ်ကိုလက်ခံလျှင်မူ၊ထိုစာချုပ်သည်ပင်ငွေစက္ကူအသွင်ဆောင်သည်။


ထိုစာချုပ်သည်စာချုပ်ပါကြွေးမြီတန်ဖိုးရှိပြီးလွှဲပြောင်းနိုင်သောစာချုပ်အဖြစ်လွှဲပြောင်းနိုင်ခြင်းမှာစာချုပ်ပါကြွေးမြီငွေပမာဏအဖြစ်လက်တွေ့၌သုံးစွဲရာရောက်သည်။


ချက်လက်မှတ်ကဲ့သို့အဆင့်ဆင့်လွှဲပြောင်းသုံးစွဲ၍ရသောငွေစက္ကူတမျိုးအဖြစ်၊ဥပဒေအရဖန်တီးထားခြင်းဖြစ်သည်။


ငွေပေးစာချုပ်အရပေးရန်ရှိသောကြွေးမြီကိုမြီစားကပေးဆပ်လျှင်ဖြစ်စေ၊ထိုစာချုပ်အရတရားရုံးကငွေဒီကရီချမှတ်လျှင်ဖြစ်စေ၊ငွေပေးကတိစာချုပ်၏အခန်းကဏ္ဍရပ်စဲသွားသည်။


ထိုစာချုပ်ကိုထိုက်သင့်သည့်တံဆိပ်ခေါင်းခွန်ထမ်းဆောင်ထားခြင်းမရှိပါက၊စာချုပ်ချုပ်ဆိုကြောင်းအခြားသက်သေခံကိုတင်ပြခြင်းမပြုနိုင်သဖြင့်ထိုစာချုပ်အရတရားရုံးတွင်ငွေရလိုမှုစွဲဆိုခြင်းမပြုနိုင်။


[ စာထပ်သော်လည်းဆိုင်ရာဥပဒေကိုနားလည်စေရန်အလို့ငှါထပ်ရေးခြင်းဖြစ်သည်။]


မှတ်ချက်။  ။ကြွေးမြီကိုအပြေအကျေပေးဆပ်သည့်အနေဖြင့်မဟုတ်ဘဲ၊ချုပ်ဆိုပေးသောရိုးရိုးငွေပေးကတိစာချုပ်ကိုလည်းအလားတူလွှဲပြောင်းနိုင်သည်။


ထိုဥပဒေသည်အင်္ဂလိပ်ဥပဒေဖြစ်သည်ဟုပြဆိုသောအိန္ဒိယစီရင်ထုံးတရပ်ကို-


10 LBR ( F B ) 54 


MAUNG KYI vs. 1. MA MA GALE, 2. PO HLINE.


Before Sir Daniel Twomey, Chief Judge, Mr.Justice Ormond, Mr. Justice Maung Kin and Mr. Justice Pratt.


စီရင်ထုံးစာမျက်နှာ၆၆တွင်၊တရားရုံးချုပ်တရားဝန်ကြီးချုပ် Sir Daniel Twomey အောက်ပါအတိုင်းကိုးကားထားသည်-


“See also Jambu Chetty v. Palaneappa Chettiar (20) (1902) I. L. R. 26 Mad., 526.in which it was held, following the English law on the subject, that it is a question of fact with regard to promissory notes or bills or hundis whether the parties intended them to operate as absolute or conditional payment, and the presumption is' that the effect of giving and taking a note or bill is that the debt is conditionally paid, the onus being on the party affirming the contrary to show that absolute discharge was intended by the parties.”


အရပ်သူအရပ်သားမြန်မာမြီရှင်တို့သည်၊ထိုအင်္ဂလိပ်ဥပဒေကိုသိရန်”အကြောင်းမရှိနိုင်”သည်ကိုသတိချပ်ဖို့လိုသည်။

————————————————-

Comments

Popular posts from this blog

လင်မယားအဖြစ်ပြတ်စဲနိုင်သည့်နည်းအမျိုးမျိုး

ဇာရီမှုကိုဆိုင်းငံ့ရန်ငြင်းပယ်သောအမိန့်သည်ပုဒ်မ၄၇တွင်အကျုံးမဝင်။ 1938 Rangoon Law Reports 580

ကာလစည်းကမ်းသတ်ဥပဒေ[ Part Five ]