ချေးငွေရလိုမှုအကြောင်း(Part Ten)
ဆရာကြီးဦးမြသင်ကြားပို့ချချက်များ
ချေးငွေရလိုမှုအကြောင်း(Part Ten)
——————————————————-
ချေးငွေရလိုမှုတွင်ငွေချေးကြောင်းသက်သေခံချက်များမှာ-
(၁)မြီရှင်ကမြီစားအားငွေချေးကြောင်းသိမြင်သူများ၏ထွက်ချက်များ။
(၂)ကြွေးမြီပေးရန်ရှိကြောင်းမြီစား၏ဝန်ခံချက်။
(၃)မြီစားကကြွေးမြီအတွက်မြီရှင်အားချုပ်ဆိုပေးသောငွေပေးကတိစာချုပ်တို့ဖြစ်သည်။
—————————————————
1897-1901, 2 UBR 377 နှင့် 1951 BLR ( S C ) 158
စီရင်ထုံးများကိုဖတ်ပါ။
—————————————————
ထိုက်သင့်သည့်တံဆိပ်ခေါင်းခွန်ထမ်းဆောင်ထားခြင်းမရှိ၍၊ငွေပေးကတိစာချုပ်မှာမြန်မာနိုင်ငံတံဆိပ်ခေါင်းခွန်အက်ဥပဒေပုဒ်မ၃၅အရသက်သေခံမဝင်ဦးတော့၊အခြားသက်သေခံချက်များခိုင်လုံလျှင်၊ချေးငွေပြန်ရခွင့်ရှိသည်။
မြန်မာစာအဖွဲ့ကပြုစုသောအင်္ဂလိပ်-မြန်မာအဘိဓာန်စာမျက်နှာ၇၀၉တွင်-
”independent”ကို”တသီးတခြား”၊”သီးခြားဖြစ်သော”ဟုဘာသာပြန်သည်။
—————————————————-
1897-1901, 2 UBR 377
MAUNG MYA v. MA THA YA.
Before H. Thirkell White, Esq., C.I.E.
အမှုတွင်၊စီရင်ထုံးစာမျက်နှာ၃၇၇၌၊တရားသူကြီး H. Thirkell White ကအောက်ပါအတိုင်းပြဆိုသည်-
“The law regarding admissions, for the purpose of this case, is contained in sections 21 and 31 of the Evidence Act.
The former section rules that admissions are relevant and may be proved against the person who makes them.
The latter declares that admissions are not conclusive proof of the matters admitted, but that they may operate as estoppels.
This last provision is sometimes attempted to be used as If, instead of saying that an admission is not conclusive proof, the section said that an admission is not sufficient proof without corroboration.
But this is not the meaning of the section.
‘Conclusive proof' is defined in section 4 of the Evidence Act, and when one fact is declared to be conclusive proof of another, a Court cannot allow evidence to be given for the purpose of disproving the fact conclusively proved.
All that section 31 provides is that an admission, unless it operates as an estoppel, is not conclusive.
The person against when it is proved is at liberty to show that it was mistaken or untrue.
But if the admission is duly proved and if the person against whom it is proved does not satisfy the Court that it was mistaken or untrue, there is nothing in the Evidence Act and there is no general principle or rule of law to prevent the court from deciding the case in accordance with it.
The question of the relevancy and effect of an admission is, of quite apart from the question whether it was really made.
And I think it right to say that evidence of admissions of the kind produced in this case should be most carefully scrutinized and tested.”
—————————————————-
1951 BLR ( S C ) 158
DAW CHO (APPELLANT)
V.
U GANNI AND OTHERS (RESPONDENTS).*
Present: MR. JUSTICE E MAUNG, MR. JUSTICE THEIN MAUNG and U THAUNG SEIN, J.
အမှု၌၊ဝန်ခံချက်မမှန်ကြောင်းတရားရုံးကျေနပ်သည်အထိသက်သေထင်ရှားမပြနိုင်လျှင်ဝန်ခံသည့်အကြောင်းခြင်းရာခိုင်မာသည်ဟုတရားလွှတ်တော်ချုပ်ကစီရင်ထုံးစာမျက်နှာ၁၆၁တွင်အောက်ပါအတိုင်းပြဆိုထားသည်-
“No doubt, in a case such as this, where the defendant is not a party to the deeds, and there is therefore no estoppel, the party making the admission may give evidence to rebut this presumption, but unless and until that is satisfactorily done, the fact admitted must be taken to be established. The law upon the point is clear."
ဘွာခတ်၍မရတော့သည့်အဆင့်သို့မရောက်သေးသောဝန်ခံချက်များသည်အကြောင်းခြင်းရာအရမှားယွင်းကြောင်းသို့မဟုတ်ဥပဒေအရမခိုင်လုံကြောင်းဝန်ခံသူကသက်သေထင်ရှားပြခွင့်ရှိသည်။
ဤဥပဒေသဘောကို 1951 BLR ( S C ) 158 စီရင်ထုံးတွင်ရှင်းပြထားသည်။
ဝန်ခံချက်မမှန်ကြောင်းသက်သေခံထင်ရှားပြခွင့်ရှိနေသေးသဖြင့်ဝန်ခံချက်များသည်ဝန်ခံသောအကြောင်းအရာများ၏အပြီးသတ်သက်သေခံမမည်သေး။
သို့ဖြစ်၍သက်သေခံအက်ဥပဒေပုဒ်မ၃၁တွင်”ဝန်ခံချက်များသည်ဝန်ခံသည့်အကြောင်းအရာများအတွက်အပြီးသတ်သက်သေသာဓကမဟုတ်သော်လည်း၊နောင်တွင်ပါရှိမည့်ပြဌာန်းချက်များအရ၊ကွဲလွဲသည့်သက်သေခံကိုတင်ပြခြင်းမပြုရန်ပိတ်ပင်ချက်အဖြစ်အကျိုးသက်ရောက်နိုင်သည်”ဟုပြဌာန်းထားခြင်းဖြစ်သည်။
ဝန်ခံခြင်းကြောင့်ဝန်ခံသည့်အကြောင်းခြင်းရာမှန်သည်ဟုအပြတ်မဆိုနိုင်သေး။
ဘွာခတ်ခွင့်မရှိသေးသည့်အဆင့်သို့မရောက်သေးသမျှထိုအကြောင်းအရာမမှန်ဟုသက်သေပြရန်လမ်းပွင့်နေသေးသည်။
အေကဘီထံမှငွေချေးယူထားသည်ဆိုပါစို့။
အေ၏ဇနီးသည်ထိုကြွေးမြီကိုဘီအားနောက်ပိုင်း၌၊ပေးဆပ်ထားသည်ကိုမသိဘဲ၊အေကစီအားဘီကိုကြွေးဆပ်ရန်ရှိသည်ဟုဝန်ခံမိသည်။
ထိုသို့ကြွေးမြီပေးဆပ်ရန်ရှိသည်ဆိုသောဝန်ခံချက်မှာမမှန်၊ဇနီးဖြစ်သူကပေးဆပ်ပြီးသည်ကိုမသိ၍ဝန်ခံမိခြင်းဖြစ်ကြောင်းသက်သေထင်ရှားပြကာ၊ဝန်ခံချက်ကိုအောင်အောင်မြင်မြင်ပြန်လည်ရုပ်သိမ်းနိုင်သည်။
အေကဘီအားငွေပေးဆပ်ရန်ရှိကြောင်းငွေချေးယူပြီးသုံးနှစ်ကျော်လွန်ပြီးမှစီကိုဝန်ခံပြောဆိုမိခြင်းဖြစ်ခဲ့လျှင်ဘီကအေအပေါ်ထိုကြွေးမြီရလိုကြောင်းတရားစွဲဆိုရာ၌၊စည်းကမ်းသတ်ကျော်လွန်ပြီးမှဝန်ခံမိခြင်းဖြစ်၍ဥပဒေအရကြွေးမြီပေးဆပ်ရန်တာဝန်မရှိတော့ဟုထုချေကာ၊မိမိ၏ဝန်ခံချက်ကိုအောင်မြင်စွာပြန်လည်ရုပ်သိမ်းနိုင်သည်။
တနည်းဆိုရသော်ဝန်ခံချက်မှာအကြောင်းခြင်းရာအရမှားယွင်းကြောင်းဖြစ်စေ၊ဥပဒေကြောင်းအရတာဝန်မရှိကြောင်းဖြစ်စေ၊ဝန်ခံသူကသက်သေထင်ရှားပြရန်လမ်းပွင့်နေသဖြင့်ထိုဝန်ခံချက်မျိုးသည်၊သက်သေခံအက်ဥပဒေပုဒ်မ၃၏နောက်ဆုံးအပိုဒ်၌ဖွင့်ဆိုထားသောအပြီးသတ်သက်သေခံအထောက်အထားမဟုတ်။
တဖက်တွင်ဝန်ခံချက်မှာအကြောင်းခြင်းရာအရမှားယွင်းကြောင်းဖြစ်စေ၊ဥပဒေအရတာဝန်မရှိကြောင်းဖြစ်စေ၊ဝန်ခံသူကသက်သေထင်ရှားမပြနိုင်လျှင်မူ၊ဝန်ခံသောအကြောင်းအရာသည်ခိုင်မာသည်ဟုမှတ်ယူရန်ဖြစ်သည်။
[ the fact admitted must be taken as established ]
ဟု 1951 BLR ( S C ) 158 တွင်ထုံးဖွဲ့ထားသည်။
အပြီးသတ်သက်သေခံအထောက်အထားဖြစ်သည်ဟူ၍ကားစီရင်ထုံးကမဆို။
အမှုကိုဆုံးဖြတ်ရန်လိုအပ်သည့်သက်သေခံတန်ဖိုးမှာမူ၊ခြားနားမှုမရှိသည်ကိုသတိချပ်ရန်လိုသည်။
——————————————————-
Comments
Post a Comment