ချေးငွေရလိုမှုအကြောင်း(Part Three)

 ဆရာကြီးဦးမြသင်ကြားပို့ချချက်များ


ချေးငွေရလိုမှုအကြောင်း(Part Three)


——————————————————-


1907-1909


2 UBR Evidence 5


Evidence - 91


NGA WAIK AND MI NU vs. NGA CHET AND NGA PO TUN.


Before G. W. Shaw, Esq.

အမှု၌၊အချင်းဖြစ်ပြဿနာတကျော့ပြန်ပေါ်လာရာ၊အိန္ဒိယနိုင်ငံစီရင်ထုံးအများအပြားကိုစိစစ်ပြီး၊ငွေပေးကတိစာချုပ်အရငွေချေးရာ၌နှုတ်သက်သေခံမဝင်ဟုဆန့်ကျင်ဘက်အမြင်ကို၊တရားသူကြီး G. W. Shaw ကအောက်ပါအတိုင်းထုံးဖွဲ့သည်-

“Held -that where money is lent on terms contained in a promissory note given at the time of the loan, the plaintiff is debarred by Section 91 of the Evidence Act from resorting to the original consideration.(စာချုပ်သက်သေခံမဝင်သဖြင့်မတတ်သာသည့်အဆုံးငွေရရန်တရားစွဲသည်။)and cannot succeed on oral evidence of the loan apart from the document.”

——————————————————-


အောက်မြန်မာပြည်တရားရုံးချုပ်(၁၉၀၀-၁၉၂၂)တွင်-


၁၉၁၃ခုနှစ်၊ဇွန်လ(၁၃)ရက်နေ့၌စီရင်ဆုံးဖြတ်သော-


7 LBR 101 


BALLY SINGH vs. BHUGWAN DASS KALWAR.


Before Mr. Justice Twomey.


အမှု၌၊အချင်းဖြစ်ပြဿနာအငြင်းပွါးပြန်ရာ၊တရားရုံးချုပ်တရားသူကြီး Twomey က၊ 1907-1909, 2 UBR Evidence 5 စီရင်ထုံးကိုကိုးကားလိုက်နာပြီးအောက်ပါအတိုင်းပြဆိုသည်-


“Where the plaintiff has no cause of action apart from a promissory note he cannot sue for the consideration but only on the note: and, if that note is not duly stamped, a decree cannot be passed thereon, even if the defendant, by admitting execution,(တရားပြိုင်ကစာချုပ်ချုပ်ဆိုကြောင်းဝန်ခံဦးတော့)dispenses with(ဘေးချိတ်ထားသည်။) any necessity for " proving”(သက်သေထင်ရှားပြရန်လိုအပ်ချက်ကို)”

—————————————————————-

Comments

Popular posts from this blog

လင်မယားအဖြစ်ပြတ်စဲနိုင်သည့်နည်းအမျိုးမျိုး

ဇာရီမှုကိုဆိုင်းငံ့ရန်ငြင်းပယ်သောအမိန့်သည်ပုဒ်မ၄၇တွင်အကျုံးမဝင်။ 1938 Rangoon Law Reports 580

ကာလစည်းကမ်းသတ်ဥပဒေ[ Part Five ]