ပြန်လှန်စစ်မေးရာ၌ထွက်ဆိုချက်မမှန်ကြောင်းဖော်ညွှန်းကာပြန်လှန်စစ်မေးမှုမပြုခြင်း”unchallenged “

 ဆရာကြီးဦးမြသင်ကြားပို့ချချက်များ


ပြန်လှန်စစ်မေးရာ၌၊ထွက်ဆိုချက်မမှန်ကြောင်းဖော်ညွှန်းကာပြန်လှန်စစ်မေးမှုမပြုခြင်း”unchallenged”[ စိန်မခေါ်၊စောဒကမတက် ]ခြင်း။

——————————————-


1952 BLR ( S C ) 44


DR.- GORDON S. SEAGRAVE (APPELLANT)

                                 v.

THE UNION OF BURMA (RESPONDENT).*


Present SIR BA U. Chief Justice of the Union of Burma, MR. JUSTICE THEIN MAUNG and U THAUNG SEIN,J.


အမှုတွင်၊တရားလွှတ်တော်ချုပ်ကစီရင်ထုံးစာမျက်နှာ၅၂တွင်သက်သေအား”challenge”လုပ်ရန်ပျက်ကွက်ခြင်းနှင့်စပ်လျဉ်း၍အောက်ပါအတိုင်းမြွက်ဆိုသည်-


“But he was in fear of losing his valuable stock of medicine and sustaining damage to his hospital building. 


Because of this fear he said he gave a box of surgical instruments and some medicine.


This statement remains unchallenged. 


Taking this fact and the fact that he was held not to have a guilty mind in doing what he did in the incidents which formed the subject-matter of the first and second charges into consideration, what inference should be drawn?”


အဖိုးတန်လှသောဆေးဝါးများဆုံးရှုံးမည်ကိုလည်းကောင်း၊မိမိဆေးရုံအဆောက်အအုံပျက်စီးသွားမည်ကိုလည်းကောင်းစိုးရိမ်ပူပန်ခဲ့ကြောင်း၊တရားခံ၏ထွက်ဆိုချက်မမှန်ကြောင်းဖော်ညွှန်းကာတရားလိုဘက်မှပြန်လှန်စစ်မေးခဲ့ခြင်းမရှိသည်ကိုတရားလွှတ်တော်ချုပ်ကထောက်ပြပြီးနောက်”taking this fact——into consideration “(တရားခံထွက်ဆိုသောတဘက်မှစိန်ခေါ်သည့်ယင်းအကြောင်းခြင်းရာကိုထည့်သွင်းစဉ်းစားကာ)ဟူသောမြွက်ဆိုချက်ကိုသတ္တုချကြည့်ပါက၊တဖက်မှပြန်လှန်စစ်မေးခြင်းဖြင့်စိန်ခေါ်ခြင်း၊စောဒကတက်ခြင်းမပြုသောသက်သေတဦး၏ထွက်ဆိုချက်ကိုအထောက်အထားအဖြစ်လက်ခံဆုံးဖြတ်ရကြောင်းထင်ရှားသည်။

————————————————-


1952 BLR ( S C ) 4 


CASSIM EBRAHIM MALIM (APPELLANT)

                             V.

MARIAM BIBI (a) HAJI BIBI AND OTHERS (RESPONDENTS).


Present: MR. JUSTICE E MAUNG, MR. JUSTICE THEIN MAUNG and U THAUNG SEIN, J.


အမှုတွင်စီရင်ထုံးစာမျက်နှာ၉၌၊တရားလွှတ်တော်ချုပ်ကပြန်လှန်စစ်မေးရာ၌စိန်ခေါ်ခြင်း၊စောဒကတက်ခြင်းမပြုသောသက်သေထွက်ချက်ကိုအခိုင်အမာသက်သေထင်ရှားကြောင်းလက်ခံရမည်ဟု၊အောက်ပါအတိုင်းပြတ်ပြတ်သားသားပြဆိုသည်-


“Ahmed Ebrahim Malim, who executed the releases as the plaintiffs' attorney and on their behalf, has given evidence at the trial; and he stated definitely that after he executed the release deeds as the plaintiffs' attorney, he wrote to them informing them of the fact. 


On this point, he was not challenged in cross-examination and it must therefore be taken as established”

————————————————-


1951 BLR ( S C ) 158 


DAW CHO (APPELLANT)


                  V.


U GANNI AND OTHERS (RESPONDENTS).*


Present: MR. JUSTICE E MAUNG, MR. JUSTICE THEIN MAUNG and U THAUNG SEIN, J.


အမှု၌၊ဝန်ခံချက်မမှန်ကြောင်းတရားရုံးကျေနပ်သည်အထိသက်သေထင်ရှားမပြနိုင်လျှင်ဝန်ခံသည့်အကြောင်းခြင်းရာခိုင်မာသည်ဟုတရားလွှတ်တော်ချုပ်ကစီရင်ထုံးစာမျက်နှာ၁၆၁တွင်အောက်ပါအတိုင်းပြဆိုထားသည်-


“No doubt, in a case such as this, where the defendant is not a party to the deeds, and there is therefore no estoppel, the party making the admission may give evidence to rebut this presumption, but unless and until that is satisfactorily done, the fact admitted must be taken to be established. 


The law upon the point is clear."

—————————————————-


1951 BLR ( S C ) 158 အမှုတွင်-


”the fact admitted must be taken to be established”


ဟုပြဆိုထားရာ-


1952 BLR ( S C ) 44 အမှုတွင်၊တရားလွှတ်တော်ချုပ်၏အသုံးအနှုန်း-


“must be taken to be established”


ထပ်တူထပ်မျှတူသည်ကိုတွေ့ရသည်။

——————————————————


တဖက်တွင်ရှေ့နေရှေ့ရပ်များကိုမီးနီပြလိုသည်။


ဆန့်ကျင်ဘက်မှမိမိ၏အမှုသည်အားဒုက္ခပေးနိုင်သည့်အကြောင်းခြင်းရာကိုထွက်ဆိုလာပါကထိုထွက်ဆိုချက်မှန်မမှန်မိမိအမှုသည်ကိုမေးကာမမှန်ဟုဆိုလျင်၊ဆန့်ကျင်ဘက်အမှုသည်ကသက်သေအား၎င်းထွက်ဆိုသောထွက်ချက်မမှန်ကြောင်းဖော်ညွှန်းပြီး၊မပျက်မကွက်ပြန်လှန်စစ်မေးပါ။


ပျက်ကွက်ပါကမိမိ၏အမှုသည်ဒုက္ခရောက်မည်ကိုအထူးသတိပြုပါ။

———————————————-

Comments

Popular posts from this blog

လင်မယားအဖြစ်ပြတ်စဲနိုင်သည့်နည်းအမျိုးမျိုး

ဇာရီမှုကိုဆိုင်းငံ့ရန်ငြင်းပယ်သောအမိန့်သည်ပုဒ်မ၄၇တွင်အကျုံးမဝင်။ 1938 Rangoon Law Reports 580

ဇာရီမှုတွင်ချမှတ်သောအမိန့်များ