အဆိုအချေအပေါ်မူတည်၍၊အမှု၏အနိုင်အရှုံးကိုဆုံးဖြတ်ရခြင်း။ 11 Moore I. A. 7

 ဆရာကြီးဦးမြသင်ကြားပို့ချချက်များ


အမှုသစ်ဖန်တီးဆုံးဖြတ်ခြင်းကိစ္စ။


အဆိုအချေအပေါ်မူတည်၍၊အမှု၏အနိုင်အရှုံးကိုဆုံးဖြတ်ရခြင်း။


အဆိုအချေတွင်တင်ပြထားသည့်အကြောင်းအရာဆိုသည်မှာမည်သည့်အကြောင်းအရာဖြစ်သနည်း။

———————————————-


မြန်မာနိုင်ငံတွင်နောက်အကျဆုံး၊၁၉၀၉ခုနှစ်၊မတ်လ(၁၅)ရက်နေ့တွင်ဆုံးဖြတ်သော၊အောက်မြန်မာပြည်စီရင်ထုံးများ၊အတွဲ၅၊စာ၇၉အမှု၌၊၁၈၆၆ခုနှစ်၊နိုဝင်ဘာလ(၂-၃)ရက်နေ့တွင်ဆုံးဖြတ်သောပရီဗီကောင်စီ၏စီရင်ထုံးဖြစ်သည့် 11 Moore I. A. 7 စီရင်ထုံးတွင်၊တရားစီရင်ရေးမူတရပ်ကိုထုတ်ဖော်ထုံးပြုခဲ့သည်။


11 M . I . A . ဆိုသည်မှာ-


M သည်ပရီဗီကောင်စီစီရင်ထုံးစာအုပ်ကိုပြုစုထုတ်ဝေသော Moore ဆိုသူဖြစ်ပြီး-


I . A . ဆိုသည်မှာ Indian Appeals ၏အတိုကောက်ဖြစ်၍-


11 မှာ Moore ထုတ်ဝေသော စီရင်ထုံးများ၏အတွဲအမှတ်ဖြစ်သည်။


အထက်ပါတရားစီရင်ရေးမူကို၊ဘီမာလန်ဒူးဂို့(ရှ်)အမှု၊၁၉၆၃ မတစ ၅၉၈ အမှုတွင်၊စီရင်ထုံးစာမျက်နှာ-၆၀၂၌၊တရားရုံးချုပ်၊တရားသူကြီးချုပ်ဦးဘိုကြီးက၊အောက်ပါအတိုင်းမြန်မာဘာသာပြန်ဆိုသည်-


[မှုခင်းတရပ်ကိုဆုံးဖြတ်ရာ၌၊အဆိုသို့တည်းမဟုတ်၊ချေလွှာတွင်ပါရှိသောအချက်သို့တည်းမဟုတ်၎င်းတို့အနက်တရပ်ရပ်တွင်အန္တောဂတဝင်သောသို့တည်းမဟုတ်ထိုတရပ်ရပ်နှင့်မဆန့်ကျင်ဘဲအညီဖြစ်သောအချက်အပေါ်မူတည်၍၊ဆုံးဖြတ်ရမည်ဆိုသောမူ]


အထက်ပါတရားစီရင်ရေးမူကို၊စီရင်ထုံးများ၌အခါအားလျော်စွာထုတ်ဖော်ပြဆိုခဲ့ရာ၊ဦးကျော်ဌေးအမှု၊ ၁၉၉၇ မတစ ၁ ( စုံညီ )သည်ထုံးသာဓကတရပ်ဖြစ်သည်။

————————————————


11 Moore’s Indian Appeals 7


ESHENCHUNDER SINGH  Appellant.


                 And


SHAMAGHURN BHUTTO, KOLLASCHUNDER SINGH, and others. Respondents.


On appeal from the High Court of Judicature at Fort William, in Bengal.


* Present: Members of the Judicial Committee--the Right Hon. Lord Westbury, the Right Hon. Sir Jamos William Colvile, the Right Hon. Sir Edward Vaughan Williams.


The Assessor:-The Right Hon. Sir Lawrence Peel.


Decided on 2nd & 3rd, Nov, 1866.


အမှုတွင်၊ပရီဗီကောင်စီ၏စီရင်ထုံးစာမျက်နှာ၂၀၌၊တရားသူကြီး Lord Westburyကအောက်ပါအတိုင်းမြွက်ဆိုသည်-


[This case is one of considerable importance, and their Lordships desire to take advantage of it, for the purpose of pointing out the absolute necessity that the determinations in a cause should be founded upon a case either to be found in the pleadings or involved in or consistent with the case thereby made.]

————————————————-


5 LBR 76


P. T. CHRISTENSEN V. K. SUTHI.


Before Sir Charles Fox, Chief Judge, and Mr. Justice  Irwin, C.S.I.


Decided on March 15th, 1909.


အမှုတွင်၊တရားသူကြီးချုပ် Sir Charles Fox ကအောက်ပါအတိုင်းဆုံးဖြတ်သည်-


[Pleadings-case set up by pleadings-basis of decision of civil case.


The determination in a cause must be founded upon a case either to be found in the pleadings or involved in, or consistent with, the case thereby made.


Eshenchunder Singh v. Shamachurn Bhutto, (1866) 11 Moore I.A., 7;


Mylapore Jyasawmy Vyapoory Moodliar v. Yeo Kay, (1887) I. L. R. 14 Cal., 801; followed.]


စီရင်ထုံးစာမျက်နှာ၇၇တွင်၊တရားသူကြီးချုပ် Sir Charles Fox ကအောက်ပါအတိုင်းစီရင်ထုံးများကိုရည်ညွှန်း၍သုံးသပ်သည်-


[This method of dealing with a case is directly contrary to the rule laid down by their Lordships of the Privy Council in Eshenchunder Singh v.Shamachurn Bhutto (1), (1866) 11 Moore L.A., 7. which was reiterated in Mylapore Jyasawmy Vyapoory Moodliar v. Yeo Kay (2). (1887).I.L.R. 14 Cal., 801.


That rule is that it is absolutely necessary that the determination in a cause should be founded upon a case either to be found in the pleadings or involved in, or consistent with, the case thereby made.]

———————————————


(1887).I.L.R. 14 Cal., 801.


Mylapore or Mylay Jyasawmy Vyapoory Moodliar 


                  V.


Yeo Kay


Present:


LORD HOBHOUSE.


SIR BARNES PEACOCK.


SIR RICHARD BAGGALLAR.


SIR RICHARD COUCH.


အမှုတွင်၊ပရီဗီကောင်စီက 11 Moore I. A. 7 စီရင်ထုံးပါတရားစီရင်ရေးမူကိုမြွက်ဆိုပြသည်-


[In the case of Eshenchunder v. Shamachurn Bhutto, reported in the 11th volume of Moore's Indian Appeals, Lord Westbury, who delivered the judgement, said:


This case is one of considerable importance, and their Lordships desire to take advantage of it for the purpose of pointing out the absolute necessity that the determination in a cause should be founded upon a case, either to be found in  the pleadings, or involved in, or consistent with, the case thereby made.]

———————————————-


A.I.R. (1915) (P.C.) 89.


Haji Umar Abdul Rahiman


                    V.


Gusadji Muncherji Cooper


P'rosent al the Hearing:


VISCOUNT HALDANE


Sir JOHN EDGE 


LORD PARMOOR


MR. AMEER ALI


အမှုတွင်၊ပရီဗီကောင်စီ၏စီရင်ချက်စာမျက်နှာ၇တွင်၊အောက်ပါအတိုင်းပြဆိုသည်-


[They laid great stress on the principle that it would " introduce the greatest amount of uncertainty into  judicial  procendings if the  Final determination of causes is to be founded on inferences at variance with the case that the plaintiff has pleaded, and, by joining issue in the case, has undertaken to prove.


Their Lordships are of opinion that the High Court has applied this principle in an abstract and unsatisfactory way which has misled  them in estimating the merits in the controversy before them.


In applying such a principle the whole of the circumstances must be taken into account and carefully scrutinised.]

————————————————


1953 BLR ( S C ) 9 


U THAN TIN (APPELLANT)


                  V.


M. BA BA (RESPONDENT).*


Present: U THEIN MAUNG, Chief Justice of the Union of Burma,MR. JUSTICE MYINT THEIN and U TUN BYU, C.J., High Court.


အမှုတွင်၊တရားဝန်ကြီးချုပ်ဦးသိမ်းမောင်က၊စီရင်ထုံးများကိုရည်ညွှန်းကိုးကား၍အောက်ပါအတိုင်းဆုံးဖြတ်သည်-


[Held further: In applying the principle enunciated in Eshenchunder Singh v. Shamachurn Bhutto, Koilasunder Singh and others of the absolute necessity that the determination in a case should be founded upon a case either to be found in the pleadings or involved in or consistent with the case thereby made, the  whole of the circumstances must be taken into account and carefully scrutinised.


The question is in ultimate analysis one of circumstances and not of law.


Eshenchunder Singh v. Shamachur Bhutto, Koilasunder Singh and others,11 M.I.A. p. 7; 


P.T. Christensen v. K. Suthi, 5 L.B.R. 76, referred to.


Haji Umar Abdul Rahiman v. Gusadji Muncherji Cooper, A.I.R. (1915)(P.C.) 89, referred to and followed.]

———————————————


1965 BLR ( C C ) 219 


ABDUL JALIL KHAN (APPELLANT)


                     V.


MUNTAZ KHAN AND ONE (RESPONDENTS).*


Before U San Maung, J.


အမှုတွင်၊တရားဝန်ကြီးဦးစံမောင်ကအောက်ပါအတိုင်းဆုံးဖြတ်သည်-


[The learned trial judge having dismissed the suit; On Appeal:-


Held: The determination of a suit should be founded upon a case,either  to be found in the pleadings or involved or consistent with the case thereby made; the whole of the circumstances must be taken into  account and carefully scrutinized, and in the uitimate analysis, the question is one of circumstances and not of law.


A.S.P.S.K.R. Karuppan Chettyar and one v. A. Chokkalingam Chettiar(1949) B.L.R. 46 (S.C.) ; 


A.C. Akhon and one v A. Habib, (1952) B.L.R. 236 (S.C.);


U Than Tin v. M. Ba Ba, (1953), B.L.R. 9 (S.C.) and 


Eschenchunder Singh v.Shamachuru Bhutto, Koilasunder Singh and others, 11. M.I.A. 7, referred to.]

—————————————————


1963 BLR 598 


ဘီမာလန်ဒူးဂို့(ရှ်) နှင့် မစ္စစ်ပရိုတီမာဂို့(ရှ်)


တရားသူကြီးချုပ်ဦးဘိုကြီးနှင့်တရားသူကြီးဦးစံမောင်တို့ရှေ့၌။


အမှုတွင်၊တရားသူကြီးချုပ်ဦးဘိုကြီးက၊စီရင်ထုံးစာမျက်နှာ၆၀၂၌၊အောက်ပါအတိုင်းမြွက်ဆိုဖော်ပြသည်-


[ပညာရှိရှေ့နေကြီးလျှောက်လဲသည်မှာ၊အီရှင်ချန်ဒါဆင် နှင့် ရုမာချန်ဘွတ်တိုးတို့အမှု( ၁၁ မိုး၏၊ အိန္ဒိယ အယူခံ ၇။ )တွင်ချမှတ်သောမှုခင်းတရပ်ကိုဆုံးဖြတ်ရာ၌၊အဆို၊သို့တည်းမဟုတ်အချေလွှာတွင်ပါရှိသောအချက်၊သို့တည်းမဟုတ်၎င်းတို့အနက်တရပ်ရပ်တွင်အန္တောဂတဝင်သော၊သို့တည်းမဟုတ်ထိုတရပ်ရပ်နှင့်မဆန့်ကျင်ဘဲ၊အညီဖြစ်သောအချက်ပေါ်မူတည်၍ဆုံးဖြတ်ရမည်ဆိုသောမူ


“…... the determination in a cause should be founded upon a case either to be found in the pleadings or involved in or consistent with the case thereby made"


ကို၊အကိုးအကားပြု၍လျှောက်လဲဟန်တူသည်။]

—————————————————


1997 BLR ( F B ) 1 


ဦးကျော်ဌေး နှင့် ဦးမြင့်မောင်(ခ)ပီတာရမ်းပါ၄


တရားရုံးချုပ်တရားသူကြီးချုပ်ဦးအောင်တိုး၊တရားသူကြီးများဖြစ်ကြသောဦးကျော်ဝင်း၊ဦးအောင်မြင်၊ဦးသန်းဖေ၊ဦးတင်အုံးနှင့်ဦးတင်ထွတ်နိုင်တို့ရှေ့တွင်


အမှုတွင်၊စုံညီခုံရုံးကအောက်ပါအတိုင်းဆုံးဖြတ်သည်-


ဆုံးဖြတ်ချက်။  ။အဆိုအချေအပေါ်အမှု၏အနိုင်အရှုံးကိုဆုံးဖြတ်ရမည်ဆိုရာ၌၊အဆိုအချေတွင်တင်ပြထားသောအမှုအကြောင်းအရာသို့မဟုတ်အဆိုအချေပါအမှုအကြောင်းအရာနှင့်ညီညွတ်သောသို့မဟုတ်ယင်းအကြောင်းအရာတွင်အကျုံးဝင်သောအကြောင်းအရာအပေါ်အခြေခံ၍အဆုံးအဖြတ်ပေးရသည်။


စီရင်ထုံးစာမျက်နှာ၄၌၊စုံညီခုံရုံးကအောက်ပါအတိုင်းသုံးသပ်သည်-


[တရားမမှုများတွင်အမှုသည်များ၏အဆိုအချေအပေါ်တွင်အမှု၏အနိုင်အရှုံးကိုဆုံးဖြတ်ရမည်ဖြစ်ကြောင်း၊မူလရုံးအနေဖြင့်သော်လည်းကောင်း၊အယူခံရုံးအနေဖြင့်သော်လည်းကောင်း၊အဆိုအချေ၌မပါဝင်ဆန့်ကျင်ကွဲလွဲသည့်ကိစ္စကိုဖော်ထုတ်ဆုံးဖြတ်၍သက်သာခွင့်ပေးခြင်းမပြုရသေးကြောင်း။အေအက်စ်၊ပီ၊အက်စ်ကေအာရ်၊ကရုပန်ချစ်တီးယား နှင့် အေချတ်ကလင်ဂန်ချစ်တီးယားအမှု(၁၉၄၉ခုနှစ်၊မြန််မာနိုင်ငံတရားစီရင်ထုံး၊စာ-၄၆(လွှတ်ချုပ်)တွင်ထုံးပြုထားသည်။


တရားလိုကအချင်းဖြစ်အခန်းများကိုရယူလိုခြင်းသည်သဘောရိုးဟုတ်မဟုတ်တို့နှင့်စပ်လျဉ်း၍အငြင်းပွါးနေသည်မှာမြင်သာသည်။


သို့ဖြစ်၍တရားရုံးချုပ်ကတရားလိုသည်အချင်းဖြစ်အခန်းများကိုရယူလိုခြင်းမှာသဘောရိုးမဟုတ်ဟုဆုံးဖြတ်ခြင်းမှာအဆိုအချေတွင်မပါဝင်ဘဲဆုံးဖြတ်ခြင်းမဟုတ်ပေ။


သို့ရာတွင်ဤကဲ့သို့အချင်းဖြစ်အခန်းများကိုရယူလိုခြင်းမှာသဘောရိုးဟုတ်မဟုတ်သုံးသပ်ရာ၌၊တရားရုံးချုပ်ကအဆိုအချေတွင်အကြောင်းပြထားခြင်းမရှိသောအခြားအချက်များကိုထည့်သွင်းဆုံးဖြတ်ထားရာရောက်မရောက်စိစစ်ရန်လိုသည်။


အဆိုအချေအပေါ်အမှု၏အနိုင်အရှုံးကိုဆုံးဖြတ်ရမည်ဆိုရာ၌၊အဆိုအချေတွင်တင်ပြထားသောအမှုအကြောင်းအရာသို့မဟုတ်ယင်းအကြောင်းတွင်အကျုံးဝင်သောအကြောင်းအရာအပေါ်အခြေခံ၍အဆုံးအဖြတ်ပေးရသည်။


ABDUL JALIL KHAN နှင့် MUNTAZ KHAN (၁၉၆၅ခုနှစ်၊မြန်မာနိုင်ငံတရားစီရင်ထုံး၊စာ-၂၁၉(ရုံးချုပ်)အမှုတွင်၊အောက်ပါအတိုင်းထုံးဖွဲ့ထားသည်။


The determination of a suit should be founded upon a case, either to be found in the pleadings or involved or consistent with the case thereby made.]

———————————————————-

Comments

Popular posts from this blog

လင်မယားအဖြစ်ပြတ်စဲနိုင်သည့်နည်းအမျိုးမျိုး

ဇာရီမှုကိုဆိုင်းငံ့ရန်ငြင်းပယ်သောအမိန့်သည်ပုဒ်မ၄၇တွင်အကျုံးမဝင်။ 1938 Rangoon Law Reports 580

ဇာရီမှုတွင်ချမှတ်သောအမိန့်များ