6 Ran ( P C ) 142 စီရင်ထုံးပါအဆုံးအဖြတ်ကိစ္စ။[Part Eight]

 ဆရာကြီးဦးမြသင်ကြားပို့ချချက်များ


6 Ran ( P C ) 142 


BHOGILAL BHIKACHAND AND OTHERS (Plaintiffs)


                      V.


ROYAL INSURANCE CO., LTD. (Defendants).


PRESENT: VISCOUNT HALDANE,LORD ATKINSON,LORD BLANESBURGH,LORD DARLING and LORD WARRINGTON OF CLYFFE.


စီရင်ထုံးပါအဆုံးအဖြတ်ကိစ္စ။[ Part Eight ]


————————————————————————


6 Ran ( P C ) 142 


BHOGILAL BHIKACHAND AND OTHERS (Plaintiffs)


                      V.


ROYAL INSURANCE CO., LTD. (Defendants).


PRESENT: VISCOUNT HALDANE,LORD ATKINSON,LORD BLANESBURGH,LORD DARLING and LORD WARRINGTON OF CLYFFE.


(On Appeal from the High Court at Rangoon.)


Appeal No. 103 of 1926 from a decree of the High Court in its Appellate Jurisdiction (June 15.1925) reversing a decree of the Court in its Original Jurisdiction (June 24.1924).


At the conclusion of the arguments their Lordships intimated that the appeal would be allowed, and that the reasons would be delivered later.


December 16. The judgment of their Lordships was delivered by LORD BLANESBURGH.


J.C.* 1927 ,Dec. 16.


တရားဝန်ကြီးဦးမေအောင်သည်လည်းကောင်း၊အယူခံရုံးသည်လည်းကောင်းအခြေခံကျသောတရားစီရင်ရေးမူအားသွေဖီခဲ့ပုံကို၊စီရင်ထုံးစာမျက်နှာ၁၅၆၌၊ပရီဗီကောင်စီကအောက်ပါအတိုင်းဖော်ပြသည်-


[The learned Judge, however, did not take this strict view.


He did not reject the contention as then inadmissible; he dealt with it on its merits.


He found that the evidence of the second appellant with regard to, the posting could not be rejected, and being of opinion that the respondents" alternative case of fraud had not been made good, he decreed the suit.]


အယူခံခုံရုံးရှေ့၌အချင်းဖြစ်ပြဿနာကိုရှေ့တန်းတင်ခဲ့ပုံကိုစီရင်ထုံးစာမျက်နှာ၁၅၆၊ဒုတိယအပိုဒ်တွင်အောက်ပါအတိုင်းဆက်လက်ဖော်ပြသည်-


[In the Appellate Court this last contention of the respondents was put by them in the forefront of their case, and the treatment of it by the learned Judges there was somewhat unusual.]


အယူခံခုံရုံးကပါဆယ်နှစ်ထုပ်ပြဿနာကိုသုံးသပ်ခြင်းသည်၊တော်တော်ကလေး၊တမူထူးခြားနေသည်ဟု၊ပရီဗီကောင်စီကထောက်ပြသည်။


[ treatment = သုံးသပ်ခြင်း ]


[ somewhat = တော်တော်ကလေး ]


[ unusual = တမူထူးခြား ]


မူလတရားရုံးကထိုတင်ပြချက်ကိုပယ်ချခဲ့ရာအယူခံခုံရုံးကမူလတရားရုံးနှင့်ကွဲလွဲဆုံးဖြတ်ရာ၌သုံးသပ်ဟန်မနိပ်ပုံ၊ပိုင်ပိုင်နိုင်နိုင်မရှိပုံကိုပရီဗီကောင်စီကသတိထားမိရာမှ၊မူလတရားရုံး၏အဆုံးအဖြတ်အားထောက်ခံလိုသည့်ဘက်သို့ရောက်သွားကြောင်း၊ပရီဗီကောင်စီ၏စီရင်ထုံးကိုဖတ်သူကသတိမူရန်လိုသည်။


အယူခံခုံရုံးသည်မူလတရားရုံးနှင့်သဘောချင်းတူသော်လည်းအယူခံတရားလိုတို့သည်အယူခံတရားပြိုင်ဘက်မှစွပ်စွဲချက်အတိုင်း၊လိမ်လည်လှည့်ဖြားခဲ့ကြောင်းသက်သေထင်ရှားသည်ဟုတရားစီရင်ခြင်းမပြုကြောင်း၊ပရီဗီကောင်စီကစီရင်ထုံးစာမျက်နှာ၁၅၆၌၊အောက်ပါအတိုင်းဖော်ပြသည်-


[Agreeing so far with the learned Trial Judge, they would not and did not: hold judicially that fraud on the part of the appellants had been proved, but they intimated very clearly their belief that all three of them were implicated in something of the kind.


They made no discrimination between the appellants on this head.]


အယူခံတရားလိုများလိမ်လည်လှည့်ဖြားကြောင်းသက်သေမထင်ရှားခြင်းကိုဆင်ခြင်ခြင်းမပြုဘဲမူလတရားရုံးကပါဆယ်နှစ်ထုပ်ပြဿနာအပေါ်အဆုံးအဖြတ်ပေးခြင်းကိုဝေဖန်သည်ဟု၊ပရီဗီကောင်စီကစီရင်ထုံးစာမျက်နှာ၁၅၆တွင်အောက်ပါအတိုင်းထောက်ပြသည်-


[They criticised the Trial Judge for adjudicating upon this last contention of the respondents without taking the appellants’ unproved fraud into account.]


ထို့နောက်အယူခံတရားရုံးသည်ပါဆယ်ထုပ်နှစ်ထုပ်ဇာတ်လမ်းဘက်ပါသွားပုံ၊ဒုတိယအယူခံတရားလိုသည်အခြားအကြောင်းအရာတချက်နှင့်စပ်လျဉ်း၍မုသားထွက်ဆိုသည်ဟုကောက်ယူကာ၊ဒုတိယအယူခံတရားလို၏ထွက်ဆိုချက်ကိုစိန်မခေါ်ပါဘဲလျက်၊စောဒကမတက်ပါဘဲလျက်(သက်သေအားပြန်လှန်စစ်မေးထားခြင်းမရှိပါဘဲလျက်)ထိုသူကစာတိုက်၌ပါဆယ်ထုပ်အားမှတ်ပုံတင်သည်ဆိုသောသက်သေခံချက်ကိုလက်မခံပယ်ကြောင်း၊စီရင်ထုံးစာမျက်နှာ၁၅၆၊ဒုတိယအပိုဒ်၌အောက်ပါအတိုင်းဆက်လက်ဖော်ပြသည်-


[Allowing themselves to be duly influenced thereby, and taking the view also that the second appellant on another relevant matter was a perjured witness, they refused to accept his evidence as to the posting, although it had been unchallenged, and they dismissed the suit with costs. This is the situation with which the Board have had on this appeal to deal.]


အယူခံခုံရုံး၏အဆုံးအဖြတ်မှန်၊မမှန်အဆုံးအဖြတ်ပေးရန်တာဝန်ရှိသောပရီဗီကောင်စီသည်မူလတရားရုံး၏စီရင်ချက်ကိုလည်းကောင်း၊အမှုတွင်ပေါ်ပေါက်သောနှုတ်နှင့်စာသက်သေခံများကိုလည်းကောင်း၊နှစ်ဘက်လျှောက်လဲချက်တို့ကိုလည်းကောင်းချိန်ထိုးကြည့်ရန်ဖြစ်ရာ၊လျှောက်လဲချက်များမကြားနာမီ၊ပရီဗီကောင်စီဝင်များသည်မူလနှင့်အယူခံခုံရုံး၏စီရင်ချက်တို့ကို၊အမှုတွဲရှိစာနှင့်နှုတ်သက်သေခံချက်တို့နှင့်ချိန်ထိုးလေ့လာဆွေးနွေးကြခြင်းဖြင့်မည်သည့်အဆုံးအဖြတ်ကမှန်ကန်သည်ကိုကောင်းစွာသိရှိအောင်အားထုတ်ခဲ့ကြပုံပေါ်သည်။


အယူခံတရားလိုဘက်မှရှေ့နေနှစ်ဦး[ Dunne, K.C. and E. B.Raikes, for the appellants.]


အယူခံတရားပြိုင်ဘက်မှရှေ့နေသုံးဦး[ Neilson,K.C.,T. F. R. McDonnell, and H.Campbell for the respondents.]


လိုက်ပါဆောင်ရွက်ကြောင်းစီရင်ထုံးစာမျက်နှာ၁၄၄တွင်ဖော်ပြထားသည်။


ဦးဆောင်ရှေ့နေများသည် K. C. များဖြစ်သည်။


အင်္ဂလန်နိုင်ငံတွင်ဝါရင့်ရှေ့နေကြီးများကို K. C. သို့မဟုတ် Q. C. အဖြစ်၊ပို၍အဆင့်မြင့်သောရှေ့နေများအဖြစ်သတ်မှတ်ပေးသည်။


ဘုရင်အုပ်ချုပ်သည့်ကာလတွင် King’s Counsel ဟုခေါ်ပြီး၊ဘုရင်မစိုးစံသည့်ကာလတွင် Queen’s Counsel ဟုခေါ်သည်။


Dasai Narotom ပြုစုသော[ A Dictionary of Law Terms and Phrases ]ကျမ်း(၁၉၁၄ခုနှစ်ထုတ်)၊စာမျက်နှာ၂၀၉တွင်-


King’s Counsel. Barristers xxxxare appointed by letters patent [ စာချွန်တော် ],on account of their superior learning and talent, to be His Majesty’s Counsel.


ဟုဖော်ပြထားသည်။


ဗိုလ်ချုပ်အောင်ဆန်းကိုလုပ်ကြံသောတရားခံဦးစောသည်၊ K. C. ရှေ့နေကိုငှါးခဲ့ကြောင်း၊ 1948 BLR 249(253) အမှုတွင်ဖော်ပြထားသည်။


သက်သေခံချက်ကိုဖော်ပြပြီးသက်ဆိုင်ရာဥပဒေတို့နှင့်စပ်ဟပ်လျှောက်လဲကြရသည်။


စုံစုံစေ့စေ့လိုက်ပါလျှောက်လဲကြသည်ဖြစ်၍၊ရှုပ်ထွေးလှသောအမှုကိုသုံးရက်ကြာလျှောက်လဲကြရသည်မှာအဆန်းမဟုတ်ပါ။


ထိုခေတ်ကိုမလေ့လာမိသောရှေ့နေရှေ့ရပ်များနှင့်တရားသူကြီးများအနေဖြင့်မူယုံတမ်းစကားဖြစ်ကောင်းဖြစ်ပေလိမ့်မည်။


ပရီဗီကောင်စီ၊တရားလွှတ်တော်ချုပ်၊တရားလွှတ်တော်နှင့်တရားရုံးချုပ်(၁၉၆၂-၁၉၇၃)တို့သည်အမှုများကိုလေးလေးနက်နက်အချိန်ယူကြားနာဆင်ခြင်ဆုံးဖြတ်ခဲ့သည်မှာအမှန်ဖြစ်ကြောင်း၊စီရင်ထုံးများကသက်သေခံလျက်ရှိသည်။


စီရင်ထုံးများကိုမျက်စိမှိတ်ပြီးလိုက်နာခဲ့ကြသည်မဟုတ်။


သို့ဖြစ်၍မှားယွင်းသောစီရင်ထုံးများပျောက်ကွယ်သွားပြီး၊လက်ရှိလိုက်နာလျက်ရှိသောစီရင်ထုံးများကနေရာယူလျက်ရှိသည်။


မြန်မာနိုင်ငံတရားစီရင်ထုံးများ၏သမိုင်းကိုလေ့လာကြည့်ပါက၊ရှေ့နေရှေ့ရပ်များ၏အကူအညီဖြင့်ယခင်တရားသူကြီးများမည်မျှအားထုတ်ကြိုးပမ်းခဲ့ကြောင်းအထင်အရှားတွေ့မြင်ရမည်ဖြစ်သည်။


တရားမကျင့်ထုံးဥပဒေကိုအကြိမ်ကြိမ်ပြုပြင်ကာ၊လက်ရှိတရားမကျင့်ထုံးဥပဒေကို၁၉၀၈ခုနှစ်တွင်ပြဌာန်းခဲ့ရခြင်းသမိုင်းကိုကြည့်ပါလျှင်၊အိန္ဒိယနိုင်ငံ၌တရားမကျင့်ထုံးဥပဒေရှိပြဌာန်းချက်အချို့ပါပျော့ကွက်၊ဟာကွက်များကိုထောက်ပြကာငြင်းခုံကြရာမှ၊ဆိုင်ရာပြဌာန်းချက်အပေါ်အိန္ဒိယနိုင်ငံတရားလွှတ်တော်များအမျိုးမျိုးမြင်ခဲ့ကြသဖြင့်ဥပဒေပြုအဖွဲ့က၊အကြိမ်ကြိမ်ပြင်ဆင်ပြဌာန်းခဲ့ရသည်။


အိန္ဒိယနိုင်ငံတွင်တရားမကျင့်ထုံးဥပဒေအသစ်ကိုပြန်လည်ရေးဆွဲပြဌာန်းခဲ့သည်မှာ၊အနှစ်လေးဆယ်ကျော်လွန်ခဲ့ပြီးဖြစ်သည်ကိုတွေ့ရသည်။

—————————————————-

Comments

Popular posts from this blog

လင်မယားအဖြစ်ပြတ်စဲနိုင်သည့်နည်းအမျိုးမျိုး

ဇာရီမှုကိုဆိုင်းငံ့ရန်ငြင်းပယ်သောအမိန့်သည်ပုဒ်မ၄၇တွင်အကျုံးမဝင်။ 1938 Rangoon Law Reports 580

ကာလစည်းကမ်းသတ်ဥပဒေ[ Part Five ]