6 Ran ( P C ) 142 စီရင်ထုံးပါအဆုံးအဖြတ်ကိစ္စ။[Part Five]
ဆရာကြီးဦးမြသင်ကြားပို့ချချက်များ
6 Ran ( P C ) 142
BHOGILAL BHIKACHAND AND OTHERS (Plaintiffs)
V.
ROYAL INSURANCE CO., LTD. (Defendants).
PRESENT: VISCOUNT HALDANE,LORD ATKINSON,LORD BLANESBURGH,LORD DARLING and LORD WARRINGTON OF CLYFFE.
စီရင်ထုံးပါအဆုံးအဖြတ်ကိစ္စ။[ Part Five ]
————————————————————————
6 Ran ( P C ) 142
BHOGILAL BHIKACHAND AND OTHERS (Plaintiffs)
V.
ROYAL INSURANCE CO., LTD. (Defendants).
PRESENT: VISCOUNT HALDANE,LORD ATKINSON,LORD BLANESBURGH,LORD DARLING and LORD WARRINGTON OF CLYFFE.
(On Appeal from the High Court at Rangoon.)
Appeal No. 103 of 1926 from a decree of the High Court in its Appellate Jurisdiction (June 15.1925) reversing a decree of the Court in its Original Jurisdiction (June 24.1924).
At the conclusion of the arguments their Lordships intimated that the appeal would be allowed, and that the reasons would be delivered later.
December 16. The judgment of their Lordships was delivered by LORD BLANESBURGH.
J.C.* 1927 ,Dec. 16.
မူလတရားရုံးကသက်သေခံချက်များကိုစိစစ်ဆုံးဖြတ်ပြီး၊ဒီကရီချမှတ်ခဲ့သည်ကိုစီရင်ထုံးစာမျက်နှာ၁၅၆၊ပထမအပိုဒ်တွင်အောက်ပါအတိုင်းဆက်လက်ဖော်ပြသည်-
[ The learned Judge, however, did not take this strict view.
He did not reject the contention as then inadmissible; he dealt with it on its merits.
He found that the evidence of the second appellant with regard to, the posting could not be rejected, and being of opinion that the respondents’ alternative case of fraud had not been made good, he decreed the suit. ]
[ its merits = အမှုသွားအမှုလာအရ ]
[ မူလမှုကိုစစ်ဆေးစီရင်သောဟိုက်ကုတ်တရားဝန်ကြီးသည်၊လက်ခံဆုံးဖြတ်ရန်မလိုသည့်တင်ပြချက်ကိုဆုံးဖြတ်ကြောင်း၊ပရီဗီကောင်စီကညွှန်ပြသည့်တရားစီရင်ရေးမူကိုလိုက်နာသင့်သည်။ ]
ထို့နောက်ပရီဗီကောင်စီကအယူခံခုံရုံး၏အဆုံးအဖြတ်နှင့်စပ်လျဉ်း၍စီရင်ထုံးစာမျက်နှာ၁၅၆၊ဒုတိယအပိုဒ်တွင်အောက်ပါအတိုင်းသုံးသပ်ပြသည်-
[ In the Appellate Court this last contention of the respondents was put by them in the forefront of their case, and the treatment of it by the learned Judges there was somewhat unusual.
Agreeing so far with the learned Trial Judge, they would not and did not: hold judicially that fraud on the part of the appellants had been proved, but they intimated very clearly their belief that all three of them were implicated in something of the kind.
They made no discrimination between the appellants on this head.
They criticised the Trial Judge for adjudicating upon this last contention of the respondents without taking the appellants’ unproved fraud into account.
Allowing themselves to be duly influenced thereby, and taking the view also that the second appellant on another relevant matter was a perjured witness, they refused to accept his evidence as to the posting, although it had been unchallenged, and they dismissed the suit with costs.
This is the situation with which the Board have had on this appeal to deal.]
[ forefront = ရှေ့တန်းတင်ကာ ]
[ treatment = သို့သော်ဝေဖန်ချက် ]
[ on his head = ဤကိစ္စနှင့်ပတ်သက်၍ ]
[ the appellants’ unproved fraud into account = အယူခံတရားလိုတို့ကသက်သေထင်ရှားမပြနိုင်သောလိမ်လည်လှည့်ဖြားမှုကိုမဆင်ခြင်ဘဲ ]
ပရီဗီကောင်စီကအယူခံမှုတွင်ကိုင်တွယ်ဖြေရှင်းရမည့်အခြေအနေသည်မည်သို့ဖြစ်ကြောင်း၊အယူခံခုံရုံး၏အထက်ပါအားနည်းချက်များကိုဖော်ပြပြီးစီရင်ထုံးစာမျက်နှာ၁၅၆တွင်အောက်ပါအတိုင်းညွှန်ပြသည်-
[This is the situation with which the Board have had on this appeal to deal.]
အထက်ပါအတိုင်းညွှန်ပြပြီးနောက်၊ပရီဗီကောင်စီက၊စီရင်ထုံးစာမျက်နှာ၁၅၇မှ၁၆၇အထိအကျယ်တဝင့်သုံးသပ်သည်။
ပရီဗီကောင်စီက၊အချင်းဖြစ်လက်ဝတ်ရတနာများပျောက်ဆုံးသွားသည့်လျှို့ဝှက်ချက်ကိုဖြေရှင်းပြီးဖြစ်လေဟန်၊ဟိတ်ဟန်မထုတ်ပါဟု၊စီရင်ထုံးစာမျက်နှာ၁၆၈၌၊အောက်ပါအတိုင်းဆက်လက်ပြဆိုသည်-
[Their Lorships do not pretend that they have solved the mystery of these lost jewels.
It is not their task, any more than it was the task of the Burmese Courts so to do.]
ထို့နောက်အမှုတွင်တရားရုံးကဆောင်ရွက်ရန်တာဝန်တရပ်ကို၊စီရင်ထုံးစာမျက်နှာ၁၆၈၌၊အောက်ပါအတိုင်းစဉ်းစားကာမီးမောင်းထိုးပြသည်ကိုမှတ်သားထားသင့်သည်-
[The judicial duty throughout has been to ascertain by evidence that the Court can receive whether the appellants have proved their case or whether the respondents have proved their defence.
In their Lordships' judgment, so soon as the appellants had established, as they did, the making up and the posting of the parcel, the suit became practically undefended, and in the result it should have been so dealt with.]
[ dealt with = အမှုကိုအမှန်တိုင်းပင်စိစစ်ရမည် ]
အမှုဖြစ်ရပ်အပေါ်ပရီဗီကောင်စီသည်နှစ်ဖက်လျှောက်လဲချက်များအားကြားနာပြီးသည်နှင့်တပြိုင်နက်၊အဖြေကိုမကြုံစဖူးချက်ချင်းထုတ်ပြခြင်းသည်၊အတ္တနောမတိ၊မိမိသဘောဖြင့်ဆုံးဖြတ်ခြင်းမဟုတ်ကြောင်းစီရင်ချက်ပါကြောင်းကျိုးဆင်ခြင်ပြပုံကိုဖတ်ကြည့်ရုံမျှဖြင့်သိနိုင်ပါသည်။
အကြောင်းပြချက်တညိုတထွာရေးကာ၊အောက်ရုံး၏အဆုံးအဖြတ်ကိုပယ်ဖျက်ခြင်းမျိုးမဟုတ်။
အဖက်ဖက်မှကောင်းစွာကြောင်းကျိုးဆင်ခြင်ကာချမှတ်သည့်စီရင်ချက်ဖြစ်သည်မှာယုံမှားဖွယ်မရှိပါ။
အောက်ရုံး၏အဆုံးအဖြတ်ကိုအတည်ပြုသည်ဖြစ်စေ၊အချို့အဝက်ကိုပြင်ဆင်သည်ဖြစ်စေ၊ပယ်ဖျက်သည်ဖြစ်စေ၊ကြောင်းကျိုးပြပြီးစွက်ဖက်ပြင်ဆင်ရသည်မှာဤနိုင်ငံတွင်ဖြစ်ထွန်းလျက်ရှိသောတရားစီရင်မှု၏အနှစ်သာရဖြစ်ပါသည်။
ကြောင်းကျိုးပြစိစစ်ပါမှ၊အမှန်တရားကိုစီရင်ကြောင်းပည်သူများကမြင်မည်ဖြစ်ပါသည်။
လက်ခံမည်ဖြစ်ပါသည်။
တရားစီရင်ရာတွင်အမှန်ကိုဆုံးဖြတ်ရုံမျှသာမကဘဲ၊ထိုသို့အမှန်တရားကိုစီရင်ကြောင်းအများမြင်စေရာသည်ဟူသောစီရင်ထုံးစာအုပ်များတွင်ဖော်ပြသည့်ဆောင်ပုဒ်နှင့်ညီညွတ်မည်ဖြစ်ပါသည်။
————————————————-
Comments
Post a Comment