6 Ran ( P C ) 142 စီရင်ထုံးပါအဆုံးအဖြတ်ကိစ္စ။[Part Nine]

 ဆရာကြီးဦးမြသင်ကြားပို့ချချက်များ


6 Ran ( P C ) 142 


BHOGILAL BHIKACHAND AND OTHERS (Plaintiffs)


                      V.


ROYAL INSURANCE CO., LTD. (Defendants).


PRESENT: VISCOUNT HALDANE,LORD ATKINSON,LORD BLANESBURGH,LORD DARLING and LORD WARRINGTON OF CLYFFE.


စီရင်ထုံးပါအဆုံးအဖြတ်ကိစ္စ။[ Part Nine ]


————————————————————————


6 Ran ( P C ) 142 


BHOGILAL BHIKACHAND AND OTHERS (Plaintiffs)


                      V.


ROYAL INSURANCE CO., LTD. (Defendants).


PRESENT: VISCOUNT HALDANE,LORD ATKINSON,LORD BLANESBURGH,LORD DARLING and LORD WARRINGTON OF CLYFFE.


(On Appeal from the High Court at Rangoon.)


Appeal No. 103 of 1926 from a decree of the High Court in its Appellate Jurisdiction (June 15.1925) reversing a decree of the Court in its Original Jurisdiction (June 24.1924).


At the conclusion of the arguments their Lordships intimated that the appeal would be allowed, and that the reasons would be delivered later.


December 16. The judgment of their Lordships was delivered by LORD BLANESBURGH.


J.C.* 1927 ,Dec. 16.


စီရင်ထုံးကိုပေါ်ပေါက်စေသည့်အမှုပါသက်သေခံချက်များနှင့်အချင်းဖြစ်စီရင်ချက်နှစ်ရပ်ကို၊နောကျေအောင်လေ့လာပြီးသောပရီဗီကောင်စီဝင်များသည်၊နှစ်ဘက်လျှောက်လဲချက်များကိုကောင်းစွာနားလည်မည်မှာဧကန်မလွဲပါ။


[ They could follow their arguments. ]


ဟုဆိုပါကပို၍သဘောပေါက်မည်ဖြစ်သည်။


မြန်မာစာအဖွဲ့ကပြုစုသော၊အင်္ဂလိပ်-မြန်မာအဘိဓာန်၊စာမျက်နှာ၅၃၅တွင်-


[ follow ]ကို၊သဘောပေါက်သည်၊နားလည်သည်ဟုဘာသာပြန်ပြီး-


[ I couldn’t follow his argument at all.(မည်သို့မျှ) ]ဟု၊ဥပမာပေးထားသည်။


အယူခံတရားလိုဘက်မှလျှောက်လဲချက်များကမှန်သလား။


ကျန်တဘက်၏လျှောက်လဲချက်များကမှန်သလားဟူသောအငြင်းပွါးမှု၏အဖြေကို၊အမှုကြားနာပြီးသည်နှင့်တပြိုင်နက်ထုတ်ပြောနိုင်သည်မှာ၊အံ့ဩစရာမဟုတ်ကြောင်းသင်ခန်းစာယူသင့်သည်။


ထိုပုဂ္ဂိုလ်ကြီးများ၏ကြိုးပမ်းအားထုတ်မှုကိုအားကျအတုယူသင့်သည်။


မူလမှုကိုစီရင်သောတရားဝန်ကြီးဦးမေအောင်နှင့်အယူခံခုံရုံးတို့၏စီရင်ချက်နှစ်ရပ်ကိုယှဉ်ဖတ်ကြည့်ရာတွင်၊မည်သည့်စီရင်ချက်ကကြောင်းကျိုးပြရာ၌ပို၍ခိုင်လုံကြောင်းအကဲခတ်တတ်သည့်ပညာသည်၊နောက်ဆုံးအယူခံမှုကိုဆုံးဖြတ်ရာ၌အရေးပါသောကဏ္ဍတွင်ပါဝင်သည်။


သော့ချက်ဖြစ်သောအကြောင်းအရာများအပေါ်၊ထိုစီရင်ချက်နှစ်စောင်ပါအကြောင်းပြချက်တို့ကိုယှဉ်ပြထားသည်ကိုဆင်ခြင်ကြည့်ပါ။


ဤနေရာ၌သက်သေထွက်ချက်တို့ကိုချဉ်းကပ်စိစစ်အဖြေထုတ်သည့်နည်းလမ်းကိုဖော်ထုတ်ဆွေးနွေးပါမည်။


ပျောက်ဆုံးသွားသောစိန်ရတနာများပါသောစာတိုက်ပါဆယ်ထုပ်အမှတ်၂၁၇ကို၊ရန်ကုန်စာတိုက်ကြီး၌မှတ်ပုံတင်သည့်ကိစ္စ၌ပါဝင်သူများသည်၊ဒုတိယအယူခံတရားလိုနှင့်သက်သေ Mehta ဖြစ်သည်။


စီရင်ထုံးစာမျက်နှာ၁၄၉ကိုကြည့်ပါ။


ယင်းပါဆယ်ထုပ်ကို၊ရန်ကုန်စာတိုက်ကြီး၌မှတ်ပုံတင်ပေးအပ်ကြောင်း၊ဒုတိယအယူခံတရားလို၏ထွက်ဆိုချက်မမှန်ကြောင်းဖော်ညွှန်းကာ၊တရားပြိုင်ဘက်မှပြန်လှန်စစ်မေးဟန်မတူ။


စီရင်ထုံးစာမျက်နှာ၁၅၅၌၊ပရီဗီကောင်စီကအောက်ပါအတိုင်းထောက်ပြသည်-


[Registration, posting and insurance of the percel so made up had been duly deposed to, and the evidence on the point had not been challenged either in cross-examination or by counter evidence.]


စီရင်ထုံးစာမျက်နှာ၁၅၆၊ဒုတိယအပိုဒ်တွင်ပရီဗီကောင်စီကအောက်ပါအတိုင်းထပ်မံထောက်ပြသည်-


[they refused to accept his evidence as to the posting, although it had been unchallenged,]


[ they = အယူခံခုံရုံးဝင်များ ]


[ refused to accept his = ဒုတိယအယူခံတရားလို ]


အချင်းဖြစ်ပါဆယ်ထုပ်ကိုစာတိုက်ကြီး၌မှတ်ပုံတင်ခြင်း၊စာတိုက်မှပို့ခြင်း[ posting ]၊အာမခံထားခြင်းတို့ကို[ ဒုတိယအယူခံတရားလိုက ]နည်းလမ်းတကျထွက်ဆိုခဲ့ရာ၊ထိုအချက်နှင့်စပ်လျဉ်း၍ပြန်လှန်စစ်မေးရာ၌၊[ ထိုထွက်ဆိုချက်မမှန်ကြောင်းဖော်ညွှန်းကာပြန်လှန်စစ်မေးမှုမပြုခြင်း ]ကို[ unchallenged ][ စိန်မခေါ်၊စောဒကမတက် ]ဟုသုံးသပ်သည်။


6 Ran ( P C ) 142 အမှုတွင်၊အချင်းဖြစ်ပါဆယ်ထုပ်ကိုစာတိုက်ကြီး၌မှတ်ပုံတင်ကာ၊စာတိုက်မှပို့ကြောင်းဒုတိယအယူခံတရားလို၏ထွက်ဆိုချက်မမှန်ကြောင်းဖော်ညွှန်းကာ၊တရားပြိုင်ဘက်မှပြန်လှန်စစ်မေးခြင်းမပြုသည်ကိုဖော်ပြပြီးနောက်၊ယင်းထွက်ဆိုချက်မှန်မမှန်ဆက်လက်စိစစ်ဆုံးဖြတ်ခြင်းမပြုသည်ကိုတွေ့ရသည်။


သို့ဖြစ်ရာ 1952 BLR ( S C ) 44(52)(ဒေါက်တာဆီးဂရေ့ဖ်အမှု)နည်းတူ၊ဒုတိယအယူခံတရားလို၏ထွက်ဆိုချက်ကိုလက်ခံကြောင်းပေါ်လွင်သည်။


အဆင့်ဆင့်သောတရားရုံးများသည်၊အမြင့်ဆုံးတရားရုံးများဖြစ်ကြသောပရီဗီကောင်စီနှင့်ယခင်တရားလွှတ်တော်ချုပ်နှင့်တရားရုံးချုပ်(၁၉၈၈-၂၀၁၀)တို့ကညွှန်ပြသောအထက်ပါဥပဒေသကိုလိုက်နာပါက၊သက်သေတို့ကိုယုံသင့်မသင့်စိစစ်ရန်မလိုသည့်အမှုများတွင်၊တချိန်ကဟိုက်ကုတ်တရားဝန်ကြီးဦးမေအောင်ကဲ့သို့သက်သေထွက်ချက်များကိုမလိုအပ်ဘဲစိစစ်ဆုံးဖြတ်ရခြင်းမှလွတ်ကင်းနိုင်သည်ကိုသတိချပ်သင့်သည်။


6 Ran ( P C ) 142(155)အမှုတွင်၊စီရင်ထုံးစာမျက်နှာ၁၅၅၊တတိယအပိုဒ်၌၊အောက်ပါအတိုင်းပြဆိုထားသည်-


[Registration, posting and insurance of the percel so made up had been duly deposed to, and the evidence on the point had not been challenged either in cross-examination or by counter evidence.]


စောစောပိုင်းတွင်တကြိမ်မကဖော်ပြပြီးသော်လည်း၊ထပ်မံဖော်ပြဆွေးနွေးခြင်းကပို၍နည်းမှန်သည်ဟုယူဆသည်။


အချင်းဖြစ်ပါဆယ်ထုပ်ကိုစာတိုက်ကြီး၌မှတ်ပုံတင်ကာပေးပို့ကြောင်း၊ဒုတိယအယူခံတရားလို၏ထွက်ဆိုချက်မမှန်ကြောင်းဖော်ညွှန်းကာပြန်လှန်စစ်မေးခြင်းဖြင့်ဖြစ်စေ၊တန်ပြန်သက်သေခံတင်ပြခြင်းဖြင့်ဖြစ်စေ၊နှစ်နည်းငြင်းနိုင်သည့်သဘောသက်ရောက်လျက်ရှိသည်ကိုတွေ့ရသည်။


ပြန်လှန်စစ်မေးခြင်းမပြုခဲ့ဘဲတရားပြိုင်ဘက်မှတန်ပြန်သက်သေခံချက်တင်ပြခဲ့လျှင်၊နောက်မှအကြံရ၍တင်ပြသည်ဟု၊တရားရုံးချုပ်၏ 1971 BLR 166(173)(ဦးအောင်ဆိုင်အမှု)စီရင်ထုံးအရကောက်ယူရန်ဖြစ်ရာ၊ပရီဗီကောင်စီ၏မြွက်ဆိုချက်တွင်၊တစိတ်တပိုင်းစကားကျွံပုံပေါ်သဖြင့်၊တရားရုံးချုပ်စီရင်ထုံးကိုလိုက်နာရန်ဖြစ်ကြောင်းတပ်လှန့်လိုက်ပါသည်။


6 Ran ( P C ) 142 စီရင်ထုံးကိုဖတ်ရှုသောအယူခံတရားရုံးများက၊ပရီဗီကောင်စီနည်းတူအမှုတွဲကိုစေ့စေ့စပ်စပ်အားကြိုးမာန်တက်၊စိတ်ရောကိုယ်ပါထက်သန်စွာလေ့လာကာ၊အမှန်တရားကိုစီရင်တတ်သည့်ကောင်းမြတ်သောအလေ့အထပေါ်ထွန်းရေးကိုမျှော်မှန်းလျက်၊စာရေးသူက 6 Ran ( P C ) 142 စီရင်ထုံးကိုပွဲထုတ်ပြီးအကျယ်တဝင့်ဆွေးနွေးခြင်းဖြစ်သည်။

———————————————

Comments

Popular posts from this blog

လင်မယားအဖြစ်ပြတ်စဲနိုင်သည့်နည်းအမျိုးမျိုး

ဇာရီမှုကိုဆိုင်းငံ့ရန်ငြင်းပယ်သောအမိန့်သည်ပုဒ်မ၄၇တွင်အကျုံးမဝင်။ 1938 Rangoon Law Reports 580

ကာလစည်းကမ်းသတ်ဥပဒေ[ Part Five ]