6 Ran ( P C ) 142 စီရင်ထုံးပါအဆုံးအဖြတ်ကိစ္စ။[Part One]
ဆရာကြီးဦးမြသင်ကြားပို့ချချက်များ
6 Ran ( P C ) 142
BHOGILAL BHIKACHAND AND OTHERS (Plaintiffs)
. V.
ROYAL INSURANCE CO., LTD. (Defendants).
PRESENT: VISCOUNT HALDANE,LORD ATKINSON,LORD BLANESBURGH,LORD DARLING and LORD WARRINGTON OF CLYFFE.
စီရင်ထုံးပါအဆုံးအဖြတ်ကိစ္စ။[ Part One ]
————————————————————————
6 Ran ( P C ) 142
BHOGILAL BHIKACHAND AND OTHERS (Plaintiffs)
. V.
ROYAL INSURANCE CO., LTD. (Defendants).
PRESENT: VISCOUNT HALDANE,LORD ATKINSON,LORD BLANESBURGH,LORD DARLING and LORD WARRINGTON OF CLYFFE.
(On Appeal from the High Court at Rangoon.)
Appeal No. 103 of 1926 from a decree of the High Court in its Appellate Jurisdiction (June 15.1925) reversing a decree of the Court in its Original Jurisdiction (June 24.1924).
At the conclusion of the arguments their Lordships intimated that the appeal would be allowed, and that the reasons would be delivered later.
December 16. The judgment of their Lordships was delivered by LORD BLANESBURGH.
J.C.* 1927 ,Dec. 16.
အမှုတွင်ထုံးပြုသောအယူခံမှုကို၊အဖွဲ့ဝင်ငါးဦးပါသောပရီဗီကောင်စီကသုံးရက်တိုင်တိုင်ကြားနာပြီးနောက်၊အယူခံမှုကိုခွင့်ပြုမည်ဖြစ်ကြောင်း၊နှစ်ဘက်ရှေ့နေများကိုချက်ချင်းမဆိုင်းမတွအသိပေးခဲ့သည်ဟု၊စီရင်ထုံးစာမျက်နှာ၁၄၄တွင်အောက်ပါအတိုင်းမှတ်တမ်းတင်ထားသည်-
[ At the conclusion of the arguments their Lordships intimated that the appeal would be allowed, and that the reasons would be delivered later.]
အယူခံကိုပလပ်လျှင်ရေစုန်ဆုံးဖြတ်ခြင်းဖြစ်ပြီး၊အယူခံကိုခွင့်ပြုလျှင်ရေဆန်ဆုံးဖြတ်ရခြင်းဖြစ်သဖြင့်၊ထိုဆုံးဖြတ်ချက်နှစ်မျိုးကိုနှိုင်းယှဉ်ဖတ်ကြည့်ပါက၊ရေဆန်စီရင်ချက်ကကြောင်းကျိုးပို၍ပြရသဖြင့်အထိုက်အလျောက်ခက်ခဲသည်ဟုဆိုနိုင်သည်ဖြစ်ပါလျက်၊ပရီဗီကောင်စီကနှစ်ဖက်လျှောက်လဲချက်များကိုကြားနာပြီးသည်နှင့်တပြိုင်နက်၊အယူခံဝင်သောရန်ကုန်ဟိုက်ကုတ်လွှတ်တော်၏အဆုံးအဖြတ်ကိုပယ်ဖျက်မည်ဖြစ်ကြောင်း၊ချက်ချင်းဆုံးဖြတ်ချက်ချမှတ်နိုင်သည်မှာ၊ပရီဗီကောင်စီ၏ကျွမ်းကျင်မှုကိုညွှန်ပြသည်ဖြစ်၍၊မျက်မှောက်ခေတ်ဥပဒေပညာရှင်များလေ့လာသင်ခန်းစာယူသင့်သည်။
ထိုသို့အဆုံးအဖြတ်ချက်ချင်းချနိုင်သည်မှာဖြစ်နိုင်ပါ့မလား။
ပြီးစလွယ်ဆုံးဖြတ်ချက်ဖြစ်လေရော့သလားဟု၊သို့လောသို့လောတွေးစရာရှိပါသည်။
စီရင်ချက်သည်စာမျက်နှာ၁၄၄တွင်စ၍၁၆၈တွင်ဆုံးသည်။
စာမျက်နှာ(၂၄)မျက်နှာအပြည့်ရှိသည်။
ယခုထုတ်ဝေလျက်ရှိသောစီရင်ထုံးများ၏စာတမျက်နှာတွင်ပါသောစာကြောင်းရေအတိုင်း၊ပရီဗီကောင်စီ၏စီရင်ချက်ကိုဘာသာပြန်လျင်၊အနည်းဆုံးစာမျက်နှာ(၃၅)ကျော်မည်။
၂၀၁၃ခုနှစ်၊စီရင်ထုံးစာမျက်နှာ၄၃(စာကြောင်းရေအများဆုံးပါသောစာမျက်နှာ)တွင်စာကြောင်းရေ(၂၂)ကြောင်းရှိပြီး၊ပရီဗီကောင်စီ၊စီရင်ချက်စာမျက်နှာ၁၆၇တွင်၊စာကြောင်းရေ(၃၆)ကြောင်းရှိသည်ကိုတွေ့ရသည်။
စာမျက်နှာ(၃၀)ကျော်သောစီရင်ထုံးမျိုး၊မျက်မှောက်ခေတ်စီရင်ထုံးများတွင်တွေ့ရခဲသည်။
ပရီဗီကောင်စီ၊စီရင်ထုံးသည်(၂၄)စာမျက်နှာရှိခြင်းကပင်ဖြစ်သလိုရေးထားသောစီရင်ချက်မဟုတ်နိုင်ကြောင်းသက်သေခံလျက်ရှိသည်။
အမေကျော်ဒွေးတော်လွမ်းကာပရီဗီကောင်စီ၊စီရင်ထုံးကိုသရုပ်ပြအမွန်းတင်နေခြင်းမဟုတ်။
ဗဟိုတရားရုံးလက်ထက်မှစ၍မြန်မာနိုင်ငံ၏အမြင့်ဆုံးတရားရုံးသည်၊တရားရုံးများကိုဦးဆောင်နိုင်ရန်အားထုတ်မှုသည်ကွာခြားခြင်းရှိမရှိ၊မျက်မှောက်ခေတ်ဥပဒေပညာရှင်များနှိုင်းယှဉ်လေ့လာပြီး၊ခေတ်မီတိုးတက်သောနိုင်ငံတနိုင်ငံထူထောင်ရေးကိုဦးတည်ဆောင်ရွက်ကြရာ၌၊အုတ်တချပ်သဲတပွင့်ပမာ၊ကျရာတာဝန်ကိုကျေပွန်စွာထမ်းဆောင်နိုင်ရေးကိုမျှော်မှန်းရေးပြခြင်းဖြစ်သည်။
6 Ran ( P C ) 142 စီရင်ထုံး၏ပထမစာပိုဒ်တွင်၊ပရီဗီကောင်စီသည်အယူခံမှုပေါ်ပေါက်လာပုံကိုရေးပါသည်။
ယခုခေတ်စီရင်ထုံးများပါရေးနည်းအတိုင်းရေးပါသည်။
အမှုမှာနှစ်မှုမပေါ်ပေါက်နိုင်လောက်အောင်အလွန်ထူးခြားပါသည်။
တရားလိုများကစိန်ရတနာများကိုရန်ကုန်မြို့မှပုသိမ်မြို့သို့၊ရန်ကုန်မြို့စာတိုက်ကြီးတွင်ပါဆယ်ထုပ်အပ်နှံကာပေးပို့ရာ၌၊တရားပြိုင်အာမခံကုမ္ပဏီထံတွင်အာမခံထားပါသည်။
ထိုပါဆယ်ထုပ်မှာခရီးလမ်းဆုံးသို့မရောက်ဘဲ၊လမ်းတွင်ပျောက်ဆုံးသွား၍စိန်ရတနာတန်ဖိုး(အတိုးနှင့်တကွ)ရလိုမှုစွဲဆိုခြင်းဖြစ်သည်။
မျက်မှောက်ခေတ်မှာကဲ့သို့၊အဆိုအချေတို့မှကောက်နုတ်သီးခြားရေးထားခြင်းမပြုဘဲ၊အမှုဖြစ်စဉ်ကိုစီရင်ထုံးစာမျက်နှာ၁၄၄မှ၁၄၅ရှိစာတပိုဒ်၌အောက်ပါအတိုင်းဖော်ပြသည်-
[The diamonds were insured partly under one policy, partly under another. Both policies, in terms identical, were in the name of the first appellant, but the diamonds were the property in part of the second and in part of the third appellant. The policies are in form policies of marine insurance covering goods transmitted from inter alia, places in Burma to places in Burma " in the ship or vessel called the registered post." They insure against theft or robbery or loss any parcel of jewels duly declared from the time of the issue of the postal registered receipt until that of the delivery of the parcel to the consignee and his signature to the Post Office. The delivery contemplated by the policies is delivery at the address of the consignee. The policy moneys are to be paid without abatement on the expiration of one month after first proper notice and proof of the loss have been given.]
ထို့နောက်တရားလိုများသည်မည်သည့်စီးပွါးရေးလုပ်ငန်းလုပ်ကိုင်သည်ကိုဆက်လက်ဖော်ပြရာ၌၊စီရင်ထုံးစာမျက်နှာ၁၄၅တွင်အောက်ပါအတိုင်းသုံးသပ်ပြသည်-
[The third appellant holds a public position of some prominence in that town.]
[The appellants were possessed of admirable insurance records.]
ဟုတဆက်တည်းဖော်ပြရာ၌၊တရားလိုများလက်ဝယ်၌၊အာမခံထားသည့်မှတ်တမ်းများရှိခြင်းကို”admirable “(ချီးမွမ်းဖွယ်)ဟူသောစကားလုံးသည်ပရီဗီကောင်စီ၏ဝေဖန်သုံးသပ်ချက်ဖြစ်သည်။
တရားလိုဘက်မှအချင်းဖြစ်အာမခံအဖြစ်၊အခြားအာမခံမှတ်တမ်းများကိုသက်သေခံအဖြစ်တင်ပြကာတရားလိုများ၏လုပ်ငန်းလုပ်ကိုင်ရာ၌စေ့စပ်သေချာမှုကို၊ပရီဗီကောင်စီကထုတ်ဖော်ချီးမွမ်းလောက်အောင်ဖော်ထုတ်သက်သေပြကြပုံကိုမျက်မှောက်ခေတ်ရှေ့နေရှေ့ရပ်များအတုယူသင့်သည်။
ထို့နောက်စီရင်ထုံးစာမျက်နှာ၁၄၅တွင်ပင်-
[They had for all their years in business been insuring their jewels in transit and never before had any claim for a loss been made by any of them.]
ဟုဖြစ်စဉ်အကြောင်းခြင်းရာကိုကောက်နုတ်ဖော်ပြခြင်းက၊အကြိမ်ကြိမ်အလားတူအာမခံပြုလုပ်သော်လည်း၊ယခင်ကပစ္စည်းပျောက်ဆုံးသည့်အတွက်အာမခံငွေမတောင်းဖူးခြင်းက၊တရားလိုတို့စွဲဆိုသောအမှုဖြစ်ရပ်မှန်ခြင်းကိုတစေ့တစောင်းညွှန်ပြရေးသားသည်။
ပရီဗီကောင်စီ၏အမှုဖြစ်စဉ်ဖော်ပြချက်ကိုမျက်မှောက်ခေတ်ဥပဒေပညာရှင်များလေ့လာမှတ်သားသင့်သည်။
ထို့နောက်ပရီဗီကောင်စီကစီရင်ထုံးစာမျက်နှာ၁၄၅မှာပင်အောက်ပါအတိုင်းဆက်လက်ရေးသည်-
[In the present case all three appellants are alleged to be parties to a fraudulent insurance conspiracy. The charge has been launched by the respondents in circumstances to which reference must later be made.The appellants in facing are entitled to have this record of theirs remembered.]
တရားပြိုင်အာမခံကုမ္ပဏီဘက်မှတရားလိုများ(အယူခံတရားလိုများသည်)လိမ်လည်လှည့်ဖျားကာအာမခံထားရာ၌ပူးပေါင်းကြံစည်ခဲ့သည်ဟူသောထုချေချက်နှင့်တရားလိုဘက်မှဇာတ်လမ်းတို့အားချိတ်ဆက်ပြသည်ကိုတွေ့ရသည်။
အဆိုပြုချက်များနှင့်ချေပချက်များကိုစီရင်ချက်၌သီးခြားဖော်ပြခြင်းသည်မကျွမ်းကျင်မှု၏သရုပ်ဖြစ်သည်။
————————————-
Comments
Post a Comment