6 Ran ( P C ) 142 စီရင်ထုံးပါအဆုံးအဖြတ်ကိစ္စ။[Part Seven]

 ဆရာကြီးဦးမြသင်ကြားပို့ချချက်များ


6 Ran ( P C ) 142 


BHOGILAL BHIKACHAND AND OTHERS (Plaintiffs)


                      V.


ROYAL INSURANCE CO., LTD. (Defendants).


PRESENT: VISCOUNT HALDANE,LORD ATKINSON,LORD BLANESBURGH,LORD DARLING and LORD WARRINGTON OF CLYFFE.


စီရင်ထုံးပါအဆုံးအဖြတ်ကိစ္စ။[ Part Seven ]

————————————————————————


6 Ran ( P C ) 142 


BHOGILAL BHIKACHAND AND OTHERS (Plaintiffs)


                      V.


ROYAL INSURANCE CO., LTD. (Defendants).


PRESENT: VISCOUNT HALDANE,LORD ATKINSON,LORD BLANESBURGH,LORD DARLING and LORD WARRINGTON OF CLYFFE.


(On Appeal from the High Court at Rangoon.)


Appeal No. 103 of 1926 from a decree of the High Court in its Appellate Jurisdiction (June 15.1925) reversing a decree of the Court in its Original Jurisdiction (June 24.1924).


At the conclusion of the arguments their Lordships intimated that the appeal would be allowed, and that the reasons would be delivered later.


December 16. The judgment of their Lordships was delivered by LORD BLANESBURGH.


J.C.* 1927 ,Dec. 16.


စီရင်ထုံးစာမျက်နှာ၁၅၅မှာပင်၊ထိုသို့ထုပ်ပိုးထားသည့်ပါဆယ်ထုပ်ကိုမှတ်ပုံတင်ခြင်း၊စာတိုက်၌ထည့်ခြင်းနှင့်အာမခံပြုလုပ်ခြင်းတို့ကိုနည်းလမ်းတကျထွက်ဆိုကြသည့်တရားလိုဘက်မှသက်သေခံချက်တို့ကိုတရားပြိုင်ဘက်မှပြန်လှန်စစ်မေးရာတွင်ဖြစ်စေ၊တန်ပြန်သက်သေခံတင်ပြခြင်းဖြင့်ဖြစ်စေ၊စောဒကတက်ခြင်း၊စိန်ခေါ်ခြင်းမရှိခဲ့ဟု၊ပရီဗီကောင်စီကအောက်ပါအတိုင်းဆက်လက်သုံးသပ်သည်-


[ Registration, posting and insurance of the percel so made up had been duly deposed to, and the evidence on the point had not been challenged either in cross-examination or by counter evidence.]


လိမ်လည်လှည့်ဖြားပူးပေါင်းကြံစည်သည်ဆိုသောပြဿနာကိုသာဆက်လက်ဆုံးဖြတ်ရန်ရှိတော့ပါလျက်၊ထိုသို့ကားမဟုတ်နိုင်[ But this was not to be ]ဟုအစချီကာ၊အယူခံတရားပြိုင်များဘက်မှစာတိုက်၌မှတ်ပုံတင်သည့်ပါဆယ်ထုပ်အမှတ်၂၁၇သည်၊ပထမအယူခံတရားလို၏ရုံးခန်းတွင်ထုပ်ပိုးခဲ့သောအချင်းဖြစ်စိန်ရတနာများပါသည့်အထုပ်မဟုတ်ပါ၊စာတိုက်၌မှတ်ပုံတင်သောအထုပ်မှာ၊ပထမအယူခံတရားလို၏ရုံးခန်းတွင်ထုပ်ပိုးသောစိန်ရတနာထုပ်ပင်ဖြစ်ကြောင်း၊ဒုတိယအယူခံတရားလိုနှင့်Mehta၏ထွက်ချက်ကိုပယ်ရန်ဖြစ်ကြောင်း၊ဒုတိယအယူခံတရားလို၏သက်သေခံချက်မှာလည်းလွတ်လပ်သောသက်သေခံချက်မျိုးမဟုတ်။


၎င်းသည်အမှုအနိုင်အရှုံးတွင်အကျိုးသက်ဆိုင်ခွင့်ရှိသူဖြစ်သည်။


၎င်း၏ထွက်ချက်ကိုထောက်ခံသည့်အထောက်အထားမရှိ။


လေးနက်သောအချင်းဖြစ်ကိစ္စတွင်၊ခိုင်လုံသည်ဟုလက်ခံရန်မသင့်ဟုအယူခံတရားပြိုင်ဘက်မှရှေ့နေ၏တင်ပြချက်တို့ကိုဖော်ပြကာ၊ပရီဗီကောင်စီကနောက်ကျမှမူလတရားရုံးတွင်ယင်းသို့တင်ပြခြင်းကိုမည်သို့မျှလက်ခံဆုံးဖြတ်ရန်မဟုတ်ဟု၊စီရင်ထုံးစာမျက်နှာ၁၅၅၊အောက်ဆုံးစာနှစ်ပိုဒ်တွင်အောက်ပါအတိုင်းသုံးသပ်သည်-


[But this was not to be, for in his address to the Judge on the whole case counsel for the respondents essayed the contention that it had not been satisfactorily proved that the postal packet 217 was the same packet as that made up at the premises of the first appellant; that there was only the evidence of the second appellant and of Mehta that it was the same; that, for reasons to be alluded to later, Mehta's evidence must be ignored; and that the evinence of the second appellant, interested and uncorroborated as it was, should not be accepted as sufficient on so serious an issue.


Now, in their Lordships' view, this contention ought not, at the stage of the trial at which it was made, to have been entertained at all.]


သက်သေခံချက်ကိုစောဒကတက်ခြင်း၊စိန်ခေါ်ခြင်းမရှိဘဲအဆင့်ကျော်လွန်သွားပြီဖြစ်သည်ဟု၊စီရင်ထုံးစာမျက်နှာ၁၅၅နှင့်၁၅၆၌၊အောက်ပါအတိုင်းသုံးသပ်သည်-


[The evidence with regard to the posting of the parcel had passed quite unchallenged;]


အယူခံတရားပြိုင်များ၏တခုတည်းသောအမှု(ခုခံချေပချက်)မှာ၊ပါဆယ်ထုပ်တထုပ်သာရှိခဲ့ပြီး၊ထိုပါဆယ်ထုပ်တွင်စိန်များမပါဟူ၍ဖြစ်သည်၊မတတ်သာ၍နောက်ဆုံးအားကိုးအားထားပြုသည့်အနေဖြင့်ပါဆယ်နှစ်ထုပ်ရှိကြောင်းဖော်ညွှန်းချက်ကိုထောက်ခံသည့်အထောက်အထားတစုံတရာမရှိဟု၊စီရင်ထုံးစာမျက်နှာ၁၅၆၊ပထမအပိုဒ်တွင်ပရီဗီကောင်စီကအောက်ပါအတိုင်းသုံးသပ်သည်-


[ the respondents' sole case had been that there was only one packet and that it never contained diamonds; there was not a title of evidence to support the suggestion, made as a last resort, that there had been two.]


[ the respondents’ sole case had been that there was only one packet and that it never contained diamonds = အယူခံတရားပြိုင်များ၏တခုတည်းသောအမှု(ခုခံချေပချက်)မှာပါဆယ်ထုပ်တထုပ်သာရှိခဲ့ပြီးထိုပါဆယ်ထုပ်တွင်စိန်များမပါဟူ၍ဖြစ်သည်။ ]


[ as a last resort = မတတ်သာ၍နောက်ဆုံးအားကိုးအားထားပြုသည့်အနေဖြင့် ]


[ There was not a title of evidence to support the suggestion, made as a last resort, that there had been two = ပါဆယ်ထုပ်နှစ်ထုပ်ရှိကြောင်းဖော်ညွှန်းချက်ကိုထောက်ခံသည့်အထောက်အထားတစုံတရာမရှိ။ ]


မှတ်ချက်။   ။သက်သေခံချက်စိုးစိတဆံချည်မျှ၊တမြူ၊တစက်မျှမရှိဟုဆိုရာတွင်သုံးနှုန်းသောအခြားဝေါဟာရများမှာ[ iota, scintilla, shred ]စသည်တို့ဖြစ်သည်။


ထိုစကားလုံးများကိုတရားလွှတ်တော်နှင့်တရားရုံးချုပ်တရားသူကြီးဦးကျော်ဇံဦး၏စီရင်ထုံးများတွင်တွေ့မြင်နိုင်သည်။


ပရီဗီကောင်စီ၏ဖော်ပြချက်အရဆိုပါကပါဆယ်ထုပ်နှစ်ထုပ်ဇာတ်လမ်းကို 1991 BLR 46 စီရင်ထုံးအရပယ်ချရန်သာရှိတော့သည်ဖြစ်၍၊ပွဲပြီးသွားပြီဖြစ်သည်။


သို့ဖြစ်ရာပရီဗီကောင်စီကအယူခံကိုကြားနာပြီးနောက်၊ချက်ချင်းအဖြေထုတ်ပြနိုင်သည်မှာအဆန်းမဟုတ်တော့ပြီ။


ပရီဗီကောင်စီက၊၁၈၆၆ခုနှစ်တွင် 11 Moo I. A. 7 အမှု၌ထုံးဖွဲ့ခဲ့သည့်တရားစီရင်ရေးမူကိုအခြေခံကာအဖြေထုတ်ယူခြင်းဖြစ်သည်။


၁၈၆၆ခုနှစ်တွင်ပရီဗီကောင်စီကညွှန်ပြသောတရားစီရင်ရေးမူကို၊မြန်မာနိုင်ငံတွင်နောက်အကျဆုံး၁၉၀၉ခုနှစ်၌ဆုံးဖြတ်သော 5 LBR 76 စီရင်ထုံးမှစ၍၊စီရင်ထုံးများတွင်အခါအားလျော်စွာတစိုက်မတ်မတ်ဖော်ထုတ်ပြခဲ့သည်မှာ၊ 1997 BLR ( F B ) 1 အထိဖြစ်သည်။


သို့သော်အဆင့်မြင့်တရားရုံးများသည်ပင်လျှင်၊တခါတရံထိုတရားစီရင်ရေးမူကိုသွေဖီလျက်ရှိကြောင်းဆွေးနွေးထားသောအမှုများ၌တွေ့မြင်နိုင်သည်။


ဖြစ်သင့်ပါသလား။

—————————————————

Comments

Popular posts from this blog

လင်မယားအဖြစ်ပြတ်စဲနိုင်သည့်နည်းအမျိုးမျိုး

ဇာရီမှုကိုဆိုင်းငံ့ရန်ငြင်းပယ်သောအမိန့်သည်ပုဒ်မ၄၇တွင်အကျုံးမဝင်။ 1938 Rangoon Law Reports 580

ကာလစည်းကမ်းသတ်ဥပဒေ[ Part Five ]