6 Ran ( P C ) 142 စီရင်ထုံးပါအဆုံးအဖြတ်ကိစ္စ။[Part Six]
ဆရာကြီးဦးမြသင်ကြားပို့ချချက်များ
6 Ran ( P C ) 142
BHOGILAL BHIKACHAND AND OTHERS (Plaintiffs)
V.
ROYAL INSURANCE CO., LTD. (Defendants).
PRESENT: VISCOUNT HALDANE,LORD ATKINSON,LORD BLANESBURGH,LORD DARLING and LORD WARRINGTON OF CLYFFE.
စီရင်ထုံးပါအဆုံးအဖြတ်ကိစ္စ။[ Part Six ]
————————————————————————
6 Ran ( P C ) 142
BHOGILAL BHIKACHAND AND OTHERS (Plaintiffs)
V.
ROYAL INSURANCE CO., LTD. (Defendants).
PRESENT: VISCOUNT HALDANE,LORD ATKINSON,LORD BLANESBURGH,LORD DARLING and LORD WARRINGTON OF CLYFFE.
(On Appeal from the High Court at Rangoon.)
Appeal No. 103 of 1926 from a decree of the High Court in its Appellate Jurisdiction (June 15.1925) reversing a decree of the Court in its Original Jurisdiction (June 24.1924).
At the conclusion of the arguments their Lordships intimated that the appeal would be allowed, and that the reasons would be delivered later.
December 16. The judgment of their Lordships was delivered by LORD BLANESBURGH.
J.C.* 1927 ,Dec. 16.
အမှုတွင်ရုံးထိုင်သောပရီဗီကောင်စီဝင်ငါးဦးသည်၊နှစ်ဖက်ကိုကြားနာပြီးနောက်အဖြေထုတ်ပြနိုင်ခြင်းမှာ၊ပဟေဠိမဟုတ်တန်ရာ။
အမှုကိုသုံးရက်တိုင်ကြားနာသည်ဆိုခြင်းမှာယုံတမ်းစကားပေလား။
ဤပြဿနာနှစ်ရပ်၏အဖြေကို၊စာရေးသူကဆင်ခြင်ဖော်ထုတ်ပြလိုသည်။
စစ်ကြိုခေတ်ကမြန်မာနိုင်ငံအဆင့်မြင့်တရားရုံးအသီးသီးသည်[ The final Court of appeal ]မဟုတ်။
ပရီဗီကောင်စီကိုသာလျှင်၊နောက်ဆုံးအယူခံဝင်ရာတရားရုံးအဖြစ်သတ်မှတ်ထားသည်။
စစ်ကြိုခေတ်ဟိုက်ကုတ်လွှတ်တော်များတွင်၊တရားမအယူခံမှုများကိုကြားနာရာ၌၊တရက်ထက်ပို၍အချိန်ယူသောအမှုများရှိခဲ့သည်။
1940 RLR 831 ၌ထုံးပြုထားသောစီရင်ချက်တွင်အယူခံကိုခုံရုံးကသုံးရက်တိုင်ကြားနာရသည်ဟုဖော်ပြထားသည်ကိုတွေ့ရသည်။
သို့ဖြစ်ရာ 6 Ran ( P C ) 142 အယူခံကိုသုံးရက်ကြာ၊ကြားနာရသည်ဆိုခြင်းမှာအဆန်းမဟုတ်တော့ပါ။
စစ်ကြိုခေတ်ကပရီဗီကောင်စီတွင်အယူခံဝင်ခွင့်ရသောအမှုများ၌၊တရားရုံးအဆင့်ဆင့်၏အမှုတွဲအားလုံးကိုပုံနှိပ်ပေးရသည်ဟုကြားသိရပါသည်။
ဟိုက်ကုတ်လွှတ်တော်တွင်ထိုပုံနှိပ်လုပ်ငန်းကိုဆောင်ရွက်ပေးရန်ဌာနတခုသီးခြားဖွင့်ပေးထားရသည်ဟုဆိုပါသည်။
အယူခံတရားလိုများ၏စရိတ်ဖြင့်အစိုးရပုံနှိပ်တိုက်ကအမှုတွဲများကို(မူလတရားရုံး၏သက်သေခံများအပါအဝင်)အပြည့်အစုံပုံနှိပ်ပါသည်။
မှန်မှန်ကန်ကန်ရေးကူးပုံနှိပ်ခြင်းရှိမရှိ၊ဟိုက်ကုတ်လွှတ်တော်ရှိဌာနစုကကြီးကြပ်စစ်ဆေးပြီး၊မူရင်းအမှုတွဲများနှင့်အတူပုံနှိပ်သောအမှုတွဲများကိုပရီဗီကောင်စီသို့ပို့ပေးရသည်ဟုသိရပါသည်။
သို့ဖြစ်ရာ 6 Ran ( P C )142 အမှုကိုကြားနာရန်ဖွဲ့စည်းပေးသောပရီဗီကောင်စီဝင်များသည်မူလတရားရုံးနှင့်အယူခံမှုအမှုတွဲတို့ကိုကြိုတင်လေ့လာပြီးမှ၊နှစ်ဘက်ရှေ့နေများကိုကြားနာသောအခါအမှုအကြောင်းကောင်းစွာနားလည်ပြီးဖြစ်၍လျှောက်လဲချက်များကိုကောင်းစွာသဘောပေါက်မည်ဖြစ်သည်။
6 Ran ( P C )142 မူလမှုကိုစစ်ဆေးစီရင်သောဟိုက်ကုတ်လွှတ်တော်တရားဝန်ကြီးဦးမေအောင်သည်မြန်မာများအနက်ဒုတိယမြောက်မြန်မာတရားသူကြီးဖြစ်သည်။
6 Ran ( P C ) 142 စီရင်ထုံးတွင်မူလမှုကိုစီရင်သူဦးမေအောင်က၊စီရင်ချက်တွင်ကျွန်ုပ်သည်သက်သေများ၏ထွက်ဆိုချက်များကိုစိစစ်ရာ၌၊နာရီနှင့်ချီ၍ကြာခဲ့သည်။
[ I have spent my time ]စသည်ဖြင့်ဖော်ပြထားသည်ကို၊ပရီဗီကောင်စီကစီရင်ထုံးစာမျက်နှာ၁၅၅၌၊အောက်ပါအတိုင်းဖော်ထုတ်ပြခြင်းသည်အကြောင်းထူးရှိသည်။
[They have called witnesses who made the sales, and their account books have been put in; the translation of these account book entries and connected exhibits have taken much time, and I have spent many hours in checking the witnesses' statements.]
ဦးမေအောင်၏စေ့စပ်သောလုပ်ရပ်ကိုဖော်ညွှန်းကာ၊၎င်း၏ကောက်ယူဆုံးဖြတ်ချက်တို့ကိုလွယ်လွယ်မပစ်ပယ်စကောင်း၊အလေးအနက်ထားအပ်၏ဟုအရိပ်ပြမြွက်ဆိုခြင်းဖြစ်သည်။
အချင်းဖြစ်စိန်ရတနာများပါသောပါဆယ်ထုပ်ပို့သည်ဆိုခြင်းနှင့်စပ်လျဉ်း၍၊ဦးမေအောင်၏ယေဘုယျဆုံးဖြတ်ချက်ကိုလက်ခံရမည်ဟု၊ပရီဗီကောင်စီကဆက်လက်ဝေဖန်ပြီးနောက်၊အယူခံရုံးကလည်းဤအတိုင်းပင်မြင်သည်[ And all this was the view of the Appellate Court as well. ]ဟုဖော်ပြပြီး၊ပရီဗီကောင်စီကအချင်းဖြစ်စိန်များတရားလိုတို့လက်ဝယ်၌ရှိခြင်းကိုအယူခံတရားပြိုင်များဘက်မှမဟုတ်မမှန်ကြောင်းပင်ခုခံပြောဆိုခြင်းမရှိတော့[ There the appellants’ possession of diamonds was no longer even contested by the respondents. ]ဟုစီရင်ထုံးစာမျက်နှာ၁၅၅၊ဒုတိယအပိုဒ်တွင်အောက်ပါအတိုင်းဆက်လက်ထောက်ပြသည်-
[And all this was the view of the Appellate Court as well.
There the appellants' possession of diamonds was no longer even contested by the respondents, and as to the making up of the parcel the learned Judges say, "We see no reason to doubt that a parcel was made up containing them."]
မှတ်ချက်။ ။ပရီဗီကောင်စီရှေ့တွင်အယူခံတရားပြိုင်ဘက်မှထိုပြဿနာကိုငြင်းခုံပုံမရ။
ပရီဗီကောင်စီကစီရင်ထုံးစာမျက်နှာ၁၅၅တွင်-
[and as to the making up of the parcel the learned Judges say, "We see no reason to doubt that a parcel was made up containing them."]
စသည်ဖြင့်အယူခံခုံရုံးစီရင်ချက်မှကောက်နုတ်ဖော်ပြသည်။
ဤအခြေအနေတွင်မူလတရားရုံးနှင့်အယူခံခုံရုံးတို့၏စီရင်ချက်နှစ်ရပ်ကိုနှိုင်းယှဉ်ပြီး၊ပရီဗီကောင်စီ၏ရှေ့၌၊နှစ်ဘက်လျှောက်လဲချက်များနှင့်ပေါင်းစပ်ဆင်ခြင်လိုက်သောအခါ၊ပါဆယ်ထုပ်တွင်အခင်းဖြစ်စိန်ရတနာများပါကြောင်းထင်ရှားပေါ်လွင်သည်ဖြစ်၍အဖြေမှန်ပေါ်လုနီးပါးဖြစ်သွားရာ၊လျှောက်လဲချက်များကြားနာပြီးနောက်၊ပရီဗီကောင်စီက၎င်းတို့၏အဆုံးအဖြတ်ကိုတရားခွင်မှမဆင်းမီနှစ်ဖက်ကိုပြောကြားနိုင်သည်မှာအဆန်းမဟုတ်တော့ပါ။
ရုံးမထိုင်မီအမှုတွဲကိုကောင်းစွာလေ့လာခြင်းနှင့်နှစ်ဘက်ရှင်းပြချက်ကိုအိပ်မပြဘဲ၊ငိုက်မပြဘဲ၊သမာဓိဖြင့်နားထောင်ခြင်း၏ရလဒ်ပင်ဖြစ်သည်ကိုတွေ့မြင်နိုင်သည်။
————————————————-
Comments
Post a Comment